ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲမယ့္ အသင္း ေရြးထုတ္ျပလိုက္တဲ့ ပီယာလို

[Zawgyi] အီတလီသား ဂႏၱ၀င္ကစားသမားၾကီး ပီယာလိုက ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲမယ့္ အသင္းက မန္စီးတီး ဒါမွမဟုတ္ ဂ်ဴဗင္တပ္အသင္း ျဖစ္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ မန္စီးတီးက စပါးနဲ႕ ေတြ႕ဆံုေနျပီး ဂ်ဴဗင္တပ္က ေအဂ်က္နဲ႕ ေတြ႕ဆံုေနတာပါ။

အျခား က်န္ရွိေသာ အသင္းေတြထဲမွာ ဘာစီလိုနာက ယူနိုက္တက္နဲ႕၊ လီဗာပူးက ေပၚတိုနဲ႕ ကစားရမွာ ျဖစ္ပါတယ္။ ပီယာလို စိတ္ၾကိဳက္ နွစ္သင္းက ဆီမီးဖိုင္နယ္ အဆင့္မွာတင္ ေတြ႕ဆံုဖြယ္ ရွိေနပါတယ္။ မန္စီးတီး – စပါးပြဲက တက္လာတဲ့အသင္းနဲ႕ ဂ်ဴဗင္တပ္ – ေအဂ်က္ပြဲက တက္လာတဲ့အသင္းတို႔ ဆီမီးမွာ ထိပ္တိုက္ ေတြ႔ဆံုမွာပါ။

ေအစီမီလန္နဲ႕အတူ ခ်န္ပီယံလိဂ္မွာ ၂ ၾကိမ္ ဗိုလ္စြဲဖူးတဲ့ ပီယာလိုက အျခားေသာ အသင္းေဟာင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္ကသာ လက္ရွိ လက္က်န္အသင္းထဲ ဗိုလ္စြဲဖို႔ အားအေကာင္းဆံုးအသင္းလို႔ ယူဆထားပါတယ္။

“ဂ်ဴဗီက အက္သလက္တီကို မက္ဒရစ္နဲ႕ ပြဲမွာ လံုး၀ ျပီးျပည့္စံုတဲ့ ပြဲ တစ္ပြဲ ကစားသြားတယ္။ ကလပ္အသင္းၾကီးေတြက ပြဲစဥ္တိုင္းအတြက္ အေသးစိတ္ အရာတိုင္းက စလို႔ ျပင္ဆင္ထားရမယ္။ မက္ဒရစ္မွာ ကစားခဲ့သလို မဟုတ္ဘဲ ေနာက္တေက်ာ့မွာ သူတို႔က နုိင္ပြဲရေလာက္ေအာင္ကို ေတာင့္တင္းစြာ ကစားသြားခဲ့တယ္။”

“က်ေနာ္ကေတာ့ ဂ်ဴဗင္တပ္က ဘာစီလိုနာထက္ ေတာင့္တင္းတဲ့ အသင္းလို႔ ယူဆပါတယ္။ ဘာစီလိုနာထက္ စာရင္ မန္စီးတီးကမွ စိန္ေခၚမႈ ပိုၾကီးမယ့္ အသင္း ျဖစ္ပါဦးမယ္။ လီဗာပူးက ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဖိုင္နယ္ထိ တက္ခဲ့ေပမယ့္ ဒီနွစ္မွာ ထပ္လုပ္နုိင္ဖို႔ဆိုတာ ခက္ခဲ့ပါတယ္။ ေပၚတိုကို နုိင္ျပီး တက္လာခဲ့ရင္ ဆီမီးဖိုင္နယ္မွာ ဘာစီလိုနာ ဒါမွမဟုတ္ ပရီးမီးယားလိဂ္က အစဥ္အလာျပိဳင္ဘက္ ယူနိုက္တက္နဲ႕ ေတြ႔ပါလိမ့္မယ္။ စီးတီးနဲ႕ ဂ်ဴဗင္တပ္လည္း တဖက္ ဆီမီးဖိုင္နယ္မွာ ရင္ဆိုင္ရဖြယ္ပါ။” လို႔ ပီယာလိုက သံုးသပ္သြားခဲ့ပါတယ္။

ကစားသမားေဟာင္းေတြ နည္းျပေဟာင္းေတြကေတာ့ ခ်န္ပီယံလိဂ္နဲ႕ ပတ္သတ္ျပီး အျမင္ အမ်ိဳးမ်ိဳး ရွိေနၾကဆဲ ျဖစ္ကာ တကယ့္ တကယ္ ဗို္လ္စြဲမယ့္ အသင္းကိုေတာ့ ဇြန္လ ၁ ရက္ေန႔ မ်က္၀ါးထင္ထင္ ျမင္ၾကရမွာပါ။

Sports Home Time

[Unicode] အီတလီသား ဂန္တဝင်ကစားသမားကြီး ပီယာလိုက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့် အသင်းက မန်စီးတီး ဒါမှမဟုတ် ဂျူဗင်တပ်အသင်း ဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးက စပါးနဲ့ တွေ့ဆုံနေပြီး ဂျူဗင်တပ်က အေဂျက်နဲ့ တွေ့ဆုံနေတာပါ။ အခြား ကျန်ရှိသော အသင်းတွေထဲမှာ ဘာစီလိုနာက ယူနိုက်တက်နဲ့၊ လီဗာပူးက ပေါ်တိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပီယာလို စိတ်ကြိုက် နှစ်သင်းက ဆီမီးဖိုင်နယ် အဆင့်မှာတင် တွေ့ဆုံဖွယ် ရှိနေပါတယ်။ မန်စီးတီး – စပါးပွဲက တက်လာတဲ့အသင်းနဲ့ ဂျူဗင်တပ် – အေဂျက်ပွဲက တက်လာတဲ့အသင်းတို့ ဆီမီးမှာ ထိပ်တိုက် တွေ့ဆုံမှာပါ။ အေစီမီလန်နဲ့အတူ ချန်ပီယံလိဂ်မှာ ၂ ကြိမ် ဗိုလ်စွဲဖူးတဲ့ ပီယာလိုက အခြားသော အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ်ကသာ လက်ရှိ လက်ကျန်အသင်းထဲ ဗိုလ်စွဲဖို့ အားအကောင်းဆုံးအသင်းလို့ ယူဆထားပါတယ်။

“ဂျူဗီက အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲမှာ လုံး၀ ပြီးပြည့်စုံတဲ့ ပွဲ တစ်ပွဲ ကစားသွားတယ်။ ကလပ်အသင်းကြီးတွေက ပွဲစဉ်တိုင်းအတွက် အသေးစိတ် အရာတိုင်းက စလို့ ပြင်ဆင်ထားရမယ်။ မက်ဒရစ်မှာ ကစားခဲ့သလို မဟုတ်ဘဲ နောက်တကျော့မှာ သူတို့က နိုင်ပွဲရလောက်အောင်ကို တောင့်တင်းစွာ ကစားသွားခဲ့တယ်။ ကျနော်ကတော့ ဂျူဗင်တပ်က ဘာစီလိုနာထက် တောင့်တင်းတဲ့ အသင်းလို့ ယူဆပါတယ်။ ဘာစီလိုနာထက် စာရင် မန်စီးတီးကမှ စိန်ခေါ်မှု ပိုကြီးမယ့် အသင်း ဖြစ်ပါဦးမယ်။ လီဗာပူးက ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်ခဲ့ပေမယ့် ဒီနှစ်မှာ ထပ်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ ပေါ်တိုကို နိုင်ပြီး တက်လာခဲ့ရင် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာ ဒါမှမဟုတ် ပရီးမီးယားလိဂ်က အစဉ်အလာပြိုင်ဘက် ယူနိုက်တက်နဲ့ တွေ့ပါလိမ့်မယ်။ စီးတီးနဲ့ ဂျူဗင်တပ်လည်း တဖက် ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရဖွယ်ပါ။” လို့ ပီယာလိုက သုံးသပ်သွားခဲ့ပါတယ်။

ကစားသမားဟောင်းတွေ နည်းပြဟောင်းတွေကတော့ ချန်ပီယံလိဂ်နဲ့ ပတ်သတ်ပြီး အမြင် အမျိုးမျိုး ရှိနေကြဆဲ ဖြစ်ကာ တကယ့် တကယ် ဗိုလ်စွဲမယ့် အသင်းကိုတော့ ဇွန်လ ၁ ရက်နေ့ မျက်ဝါးထင်ထင် မြင်ကြရမှာပါ။

Sports Home Time