[Zawgyi] ခ်ယ္ဆီးအမွတ္အသားပါ အျပာေရာင္အလံတို႔ လြင့္ထူႏိုင္ခဲ့ျပီး အိမ္ရွင္အသင္း 2-0 နဲ႔ အႏိုင္ရခဲ့လို႔ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ 21 ပြဲဆက္ အရံွဴးမရွိ စံခ်ိန္ေကာင္းဟာ ပ်က္ျပယ္ခဲ့ရပါျပီ။ ဒါ့အျပင္ ဂြာဒီယိုလာရဲ႕အသင္းဟာ အမွတ္ေပးဇယား ဦးေဆာင္သူဆိုတဲ့ ေနရာကေန ဆင္းေပးခဲ့ရျပီျဖစ္ပါတယ္။
ကန္ေတနဲ႔ လူးဝစ္တို႔ဟာ ခ်ယ္ဆီးအသင္းအတြက္ သြင္းဂိုးေတြ ရယူေပးခဲ့ျပီး ေနာက္ဆံုး သံုးပြဲမွာ 2 ပြဲ အေရးနိမ့္ထားတဲ့ ပံုစံဆိုးကေန ျပန္လာေစခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ 8 မွတ္အကြာေနရာကို ျပန္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။
ခ်ယ္ဆီး နဲ႔ မန္စီးတီးပြဲမွ ပြဲထြက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ အဆင့္သက္မွတ္ခ်က္ကို တယ္လီဂရပ္သတင္းဌာနက ေအာက္ပါအတိုင္း ေဖာ္ျပအမွတ္ေပးပါတယ္။
Chelsea
Kepa Arrizabalaga
ခ်ယ္ဆီးအသင္းရဲ႕ ကလပ္စံခ်ိန္တင္ ဂိုးသမားေလးဟာ ဝုဗ္နဲ႔ပြဲမွာ အမွားေတြ က်ဴးလြန္ခဲ့ေပမယ့္ မန္စီးတီးကို ရင္ဆိုင္ကစားရာမွာ အေကာင္းဆံုး တုန္႔ျပန္ႏိုင္ခဲ့တယ္။ ေဝၚကာရဲ႕ ဖရီးကစ္ကို အေကာင္းဆံုး ကာကြယ္ႏိုင္ခဲ့ပါတယ္။ 7/10
Cesar Azpilicueta
ခ်ယ္ဆီးကစားသမားဘဝ ပြဲ 300 ျပည့္ပြဲမွာ ကီြတာရဲ႕ စြမ္းေဆာင္ရည္က စပယ္ရွယ္ပါပဲ။ ဆာေနးကို အေကာင္းဆံုး ဟန္႔တားမႈ တစ္ၾကိမ္ လုပ္ျပခဲ့ျပီး စတာလင္ကိုလည္း ထူးခၽြန္တဲ့ ဖ်က္ထုတ္မႈနဲ႔ တားဆီးႏိုင္ခဲ့တယ္။ 8/10
Antonio Rudiger
ခ်ယ္ဆီးပရိသတ္ေတြ ႏွစ္သက္ျခင္းခံေနရတဲ့ ခံစစ္သမားဟာ မန္ေနဂ်ာဆာရီရဲ႕ ခံစစ္ႏွလံုးသားအတြက္ အဓိက က်သူဆိုတာကို ထပ္မံျပသခဲ့ပါတယ္။ 7/10
David Luiz
အျမဲတမ္း ယံုၾကည္လက္ခံႏိုင္စရာ ခံစစ္မွဴးမဟုတ္ရင္ေတာင္ မန္စီးတီးကို ရင္ဆိုင္ကစားခ်ိန္မွာ သူ႔ရဲ႕ ခ်ိန္သားကိုက္ ကာကြယ္မႈ၊ ဖ်က္ထုတ္မႈနဲ႔ ခ်ယ္ဆီးအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို အေကာင္းဆံုး အဆံုးသတ္ႏိုင္ခဲ့ပါတယ္။ 7/10
Marcos Alonso

မားရက္စ္နဲ႔ စတာလင္တို႔ကို ထိန္းဖို႔ရာ ခ်ယ္ဆီး ဘယ္အစြန္လူအတြက္ ခက္ခဲတဲ့ ညတစ္ညျဖစ္ခဲ့ပါတယ္။ မွ်မွ်တတေျပာရရင္ မန္စီးတီးက ပံုစံေကာင္းေပ်ာက္ဆံုးေနတာ မဟုတ္သလို သူတို႔ရဲ႕ၾကယ္ပြင့္ေတြကို ထိန္းရခက္ခဲ့တာက အလြန္ဆိုတစ္ဦးတည္း ရွိဖူးတာ မဟုတ္ပါဘူး။ 5/10
Jorginho
ဂြာဒီယိုလာကိုယ္တိုင္ အလိုရွိတဲ့ ဒီကြင္းလယ္လူဟာ ဧည့္သည္အသင္းကို ဒုကၡျဖစ္ေစခဲ့တာမ်ိဳး သိပ္မရွိပါဘူး။ သူ႔ရဲ႕ေပးပို႔မႈေတြက ေနာက္ဘက္မွာပဲ ပိုမ်ားခဲ့တယ္။ 6/10
Mateo Kovacic
ကိုဗာဆစ္က အျမဲတမ္း သူလုပ္ေနက် ပံုစံအတိုင္းပဲ ၾကိဳးစားတယ္၊ သပ္သပ္ရပ္ရပ္ ကစားတယ္။ ဒါေပမယ့္ တုိက္စစ္ပိုင္း ေတာင္းဆိုခံရမႈမွာေတာ့ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ 5/10
N’Golo Kante

သိပ္ကိုထူးခၽြန္လြန္းတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တယ္။ ဧရိယာထဲ ေျပးဝင္လာျပီး ပိတ္သြင္းခဲ့တဲ့ သူ႔ရဲ႕ပံုရိပ္က ေမ့ေဖ်ာက္ရ ခက္ေလာက္ေအာင္ပါပဲ။ မန္ေနဂ်ာဆာရီရဲ႕ ကြင္းလယ္တာဝန္ခ်မႈမွာ အလုပ္ျဖစ္ခဲ့ျပီး အခြင့္အေရးတိုင္းကို ရွာေဖြေဖာ္ထုတ္ႏိုင္စြမ္း ျပသခဲ့ပါတယ္။ 8/10
Pedro
ကန္ေတးရဲ႕ဂိုးအတြက္ ပက္ဒရိုရဲ႕ ပါဝင္ေပးမႈကို ေမ့ထားလိုက္လို႔ မရပါဘူး။ တကယ္ကို ပင္ပန္းစြာ အားထုတ္ခဲ့ျပီး ခံစစ္ပိုင္းအတြက္ေကာ၊ တိုက္စစ္ပိုင္းအတြက္ပါ ၾကိဳးစားအားထုတ္ေပးခဲ့ပါတယ္။ 7/10
Eden Hazard
အေထာင္တုိက္စစ္သမားေနရာက ဘယ္ဂ်ီယံတိုက္စစ္သမား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားႏုိင္တဲ့ ေနရာမဟုတ္ဘူး။ ဒါေပမယ့္လည္း သူက ဂိုးေထာက္ပံ့မႈ 2 ၾကိမ္ကိုေတာ့ အဲ့သည္ေနရာကေနပဲ လုပ္ေပးသြားခဲ့တယ္။ အျခားထက္စာရင္ သူ႔ရဲ႕ၾကိဳးစားမႈက အကန္႔အသတ္ခံခဲ့ရေပမယ့္ အႏိုင္ရဖို႔ ဦးေဆာင္ေပးခဲ့ပါတယ္။ 7/10
Willian
တိုက္စစ္ပိုင္းအတြက္ ဘရာဇီးသားဟာ အခြင့္အေရးေတြ အမ်ားၾကီးမရသလို အဆံုးသတ္ပိုင္းေတြမွာလည္း ညံ့ဖ်င္းခဲ့တယ္။ ဒါေပမယ့္ ဒုတိယပိုင္း အေစာပိုင္းမွာ သူ႔ရဲ႕ ဖရီးကစ္ကေတာ့ ေကာင္းမြန္ပါတယ္။ 6/10
Substitutes: Ross Barkley (on for Kovacic, 65) 6; Ruben Loftus-Cheek (on for Willian 75) 6; Olivier Giroud (on for Hazard, 90).
Manchester City
Ederson
ကန္ေတရဲ႕ အဖြင့္ဂိုးကို ကာကြယ္ဖို႔ဆိုတာ ဂိုးသမားအတြက္ ခက္ခဲမွာပါ။ ဒါေပမယ့္လို႔ လူးဝစ္ရဲ႕ သြင္းဂိုးကို ကာကြယ္ဖို႔ေတာ့ အနည္းငယ္ ပိုေကာင္းသင့္ပါတယ္။ 6/10
Kyle Walker
အေတာ္ေကာင္းတဲ့ ဖရီးကစ္ကို ကန္သြင္းခဲ့ေပမယ့္ ကီပါက ကာကြယ္သြားႏိုင္ခဲ့တယ္။ စီးတီးတိုက္စစ္အတြက္ အေကာင္းဆံုး ေထာက္ပံ့ေပးခဲ့ျပီး အလြန္ဆိုကို ဖိအားေတြ ဝင္ေစခဲ့ပါတယ္။ 7/10
John Stones
ေအးေဆးတည္ျငိမ္မႈရွိတယ္။ မန္စီးတီးရဲ႕ တုိက္စစ္လမ္းေၾကာင္း စတင္ဖို႔ရာ သူ႔ရဲ႕ေပးမႈကေန အၾကိမ္အမ်ားၾကီး စတင္ခဲ့ရတယ္။ ခံစစ္ကေန ေဘာလံုးထုတ္ႏိုင္စြမ္း ေကာင္းမြန္ပါတယ္။ 7/10
Aymeric Laporte
ဟာဇက္ကို ရုပ္ပိုင္းဆိုင္ရာနဲ႔ လႊမ္းမိုးခဲ့ျပီး မန္စီးတီးအသင္း ခံစစ္ပိုင္းက သြင္းဂိုး 2 ဂိုး ေပးရေပမယ့္ သူက အသင္းကို သက္ေသာင့္သက္သာရွိေစဖို႔ ကူညီေပးမႈေတြ လုပ္ခဲ့တယ္။ 7/10
Fabian Delph

ညာျခမ္းက ပက္ဒရိုရဲ႕ ဖိအားေပးျခင္းကို ခံခဲ့ရတယ္။ ေပးမႈေတြကလည္း တည္ျငိမ္မႈ မရွိပါဘူး။ ဒါေပမယ့္လို႔ ျပင္းျပင္းထန္ထန္ ၾကိဳးစားမႈေတြ လုပ္ခဲ့တယ္။ 5/10
Bernardo Silva
မန္စီးတီးကြင္းလယ္မွာ ေပ်ာက္ကြက္ေနခဲ့ပါတယ္။ ဂြာဒီယိုလာဟာ ဘာနာတိုထံက ဖန္တီးမႈေကာ၊ ဂိုးေပါက္ ျခိမ္းေျခာက္ႏိုင္စြမ္းကိုပါ မရခဲ့ပါဘူး။ 5/10
Fernandinho
လူးဝစ္ရဲ႕ သြင္းဂိုးမွာ တာဝန္ရွိတဲ့ ကစားသမားေတြထဲက တစ္ဦးပါ။ ေထာင့္ကန္ေဘာကေန ေပးပို႔လာတဲ့ ေဘာလံုးကို ေခါင္းတိုက္သြင္းခဲ့မႈမွာ ဖာနန္ဒင္ဟိုဟာ လူးဝစ္ကို မကိုင္တြယ္ႏိုင္ခဲ့ပါဘူး။
David Silva

မန္စီးတီးကြင္းလယ္မွာ ထိေရာက္မႈအရွိဆံုး ကစားသမားျဖစ္ခဲ့ေပမယ့္ ေျခပဂိုးရဖို႔ နည္းလမ္းေတြ ျပန္မရွာေပးႏိုင္ခင္မွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတယ္။ 7/10
Riyad Mahrez
အလြန္ဆိုဟာ မားရက္စ္ရဲ႕ အရွိန္နဲ႔ လွည့္ဖ်ားႏိုင္စြမ္းေတြမွာ ဖိအားမ်ားခဲ့ရတယ္။ ဒါေပမယ့္လို႔ ေတာင္ပံသမားဟာ သူ႔ရဲ႕စြမ္းရည္ေတြနဲ႔ ပြဲကို အလဲအေျပာင္းျဖစ္ေစဖို႔ေတာ့ စီစဥ္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ 6/10
Raheem Sterling
24 ႏွစ္ျပည့္ေမြးေန႔မွာ false nine ေနရာက ပြဲထြက္လာခဲ့တယ္။ ပြဲအေစာပိုင္းမွာတင္ ဂိုးရခဲ့သင့္ေပမယ့္ ေကာင္းမြန္တဲ့ ကန္သြင္းမႈကို မလုပ္ႏိုင္ခဲ့ပါဘူး။ 6/10
Leroy Sane
ပထမပိုင္း မိနစ္ 30 မွာ ဂ်ာမာန္သားဟာ ျပင္းျပမႈပိုင္း ပိုရွိခဲ့ရင္ ရလဒ္ပိုင္း အေျပာင္းအလဲျဖစ္ေလာက္မွာပါ။ သူက ဂ်ီဆုနဲ႔ လူစားလဲခံခဲ့ရပါတယ္။ 6/10
Substitutes: Gabriel Jesus (on for Sane, 53) 6; Ilkay Gundogan (on for David Silva, 68) 6; Phil Foden (on for Mahrez, 84) 6.
Sports Home Time

[Unicode] ချယ်ဆီးအမှတ်အသားပါ အပြာရောင်အလံတို့ လွင့်ထူနိုင်ခဲ့ပြီး အိမ်ရှင်အသင်း 2-0 နဲ့ အနိုင်ရခဲ့လို့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် 21 ပွဲဆက် အရံှူးမရှိ စံချိန်ကောင်းဟာ ပျက်ပြယ်ခဲ့ရပါပြီ။ ဒါ့အပြင် ဂွာဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယား ဦးဆောင်သူဆိုတဲ့ နေရာကနေ ဆင်းပေးခဲ့ရပြီဖြစ်ပါတယ်။
ကန်တေနဲ့ လူးဝစ်တို့ဟာ ချယ်ဆီးအသင်းအတွက် သွင်းဂိုးတွေ ရယူပေးခဲ့ပြီး နောက်ဆုံး သုံးပွဲမှာ 2 ပွဲ အရေးနိမ့်ထားတဲ့ ပုံစံဆိုးကနေ ပြန်လာစေခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ 8 မှတ်အကွာနေရာကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ချယ်ဆီး နဲ့ မန်စီးတီးပွဲမှ ပွဲထွက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အဆင့်သက်မှတ်ချက်ကို တယ်လီဂရပ်သတင်းဌာနက အောက်ပါအတိုင်း ဖော်ပြအမှတ်ပေးပါတယ်။
Chelsea
Kepa Arrizabalaga
ချယ်ဆီးအသင်းရဲ့ ကလပ်စံချိန်တင် ဂိုးသမားလေးဟာ ဝုဗ်နဲ့ပွဲမှာ အမှားတွေ ကျူးလွန်ခဲ့ပေမယ့် မန်စီးတီးကို ရင်ဆိုင်ကစားရာမှာ အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တယ်။ ဝေါ်ကာရဲ့ ဖရီးကစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ 7/10
Cesar Azpilicueta
ချယ်ဆီးကစားသမားဘဝ ပွဲ 300 ပြည့်ပွဲမှာ ကွီတာရဲ့ စွမ်းဆောင်ရည်က စပယ်ရှယ်ပါပဲ။ ဆာနေးကို အကောင်းဆုံး ဟန့်တားမှု တစ်ကြိမ် လုပ်ပြခဲ့ပြီး စတာလင်ကိုလည်း ထူးချွန်တဲ့ ဖျက်ထုတ်မှုနဲ့ တားဆီးနိုင်ခဲ့တယ်။ 8/10
Antonio Rudiger
ချယ်ဆီးပရိသတ်တွေ နှစ်သက်ခြင်းခံနေရတဲ့ ခံစစ်သမားဟာ မန်နေဂျာဆာရီရဲ့ ခံစစ်နှလုံးသားအတွက် အဓိက ကျသူဆိုတာကို ထပ်မံပြသခဲ့ပါတယ်။ 7/10
David Luiz
အမြဲတမ်း ယုံကြည်လက်ခံနိုင်စရာ ခံစစ်မှူးမဟုတ်ရင်တောင် မန်စီးတီးကို ရင်ဆိုင်ကစားချိန်မှာ သူ့ရဲ့ ချိန်သားကိုက် ကာကွယ်မှု၊ ဖျက်ထုတ်မှုနဲ့ ချယ်ဆီးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ 7/10
Marcos Alonso

မားရက်စ်နဲ့ စတာလင်တို့ကို ထိန်းဖို့ရာ ချယ်ဆီး ဘယ်အစွန်လူအတွက် ခက်ခဲတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ မျှမျှတတပြောရရင် မန်စီးတီးက ပုံစံကောင်းပျောက်ဆုံးနေတာ မဟုတ်သလို သူတို့ရဲ့ကြယ်ပွင့်တွေကို ထိန်းရခက်ခဲ့တာက အလွန်ဆိုတစ်ဦးတည်း ရှိဖူးတာ မဟုတ်ပါဘူး။ 5/10
Jorginho
ဂွာဒီယိုလာကိုယ်တိုင် အလိုရှိတဲ့ ဒီကွင်းလယ်လူဟာ ဧည့်သည်အသင်းကို ဒုက္ခဖြစ်စေခဲ့တာမျိုး သိပ်မရှိပါဘူး။ သူ့ရဲ့ပေးပို့မှုတွေက နောက်ဘက်မှာပဲ ပိုများခဲ့တယ်။ 6/10
Mateo Kovacic
ကိုဗာဆစ်က အမြဲတမ်း သူလုပ်နေကျ ပုံစံအတိုင်းပဲ ကြိုးစားတယ်၊ သပ်သပ်ရပ်ရပ် ကစားတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်း တောင်းဆိုခံရမှုမှာတော့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ 5/10
N’Golo Kante

သိပ်ကိုထူးချွန်လွန်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ်။ ဧရိယာထဲ ပြေးဝင်လာပြီး ပိတ်သွင်းခဲ့တဲ့ သူ့ရဲ့ပုံရိပ်က မေ့ဖျောက်ရ ခက်လောက်အောင်ပါပဲ။ မန်နေဂျာဆာရီရဲ့ ကွင်းလယ်တာဝန်ချမှုမှာ အလုပ်ဖြစ်ခဲ့ပြီး အခွင့်အရေးတိုင်းကို ရှာဖွေဖော်ထုတ်နိုင်စွမ်း ပြသခဲ့ပါတယ်။ 8/10
Pedro
ကန်တေးရဲ့ဂိုးအတွက် ပက်ဒရိုရဲ့ ပါဝင်ပေးမှုကို မေ့ထားလိုက်လို့ မရပါဘူး။ တကယ်ကို ပင်ပန်းစွာ အားထုတ်ခဲ့ပြီး ခံစစ်ပိုင်းအတွက်ကော၊ တိုက်စစ်ပိုင်းအတွက်ပါ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ 7/10
Eden Hazard
အထောင်တိုက်စစ်သမားနေရာက ဘယ်ဂျီယံတိုက်စစ်သမား ပျော်ပျော်ရွှင်ရွှင် ကစားနိုင်တဲ့ နေရာမဟုတ်ဘူး။ ဒါပေမယ့်လည်း သူက ဂိုးထောက်ပံ့မှု 2 ကြိမ်ကိုတော့ အဲ့သည်နေရာကနေပဲ လုပ်ပေးသွားခဲ့တယ်။ အခြားထက်စာရင် သူ့ရဲ့ကြိုးစားမှုက အကန့်အသတ်ခံခဲ့ရပေမယ့် အနိုင်ရဖို့ ဦးဆောင်ပေးခဲ့ပါတယ်။ 7/10
Willian
တိုက်စစ်ပိုင်းအတွက် ဘရာဇီးသားဟာ အခွင့်အရေးတွေ အများကြီးမရသလို အဆုံးသတ်ပိုင်းတွေမှာလည်း ညံ့ဖျင်းခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်း အစောပိုင်းမှာ သူ့ရဲ့ ဖရီးကစ်ကတော့ ကောင်းမွန်ပါတယ်။ 6/10
Substitutes: Ross Barkley (on for Kovacic, 65) 6; Ruben Loftus-Cheek (on for Willian 75) 6; Olivier Giroud (on for Hazard, 90).
Manchester City
Ederson
ကန်တေရဲ့ အဖွင့်ဂိုးကို ကာကွယ်ဖို့ဆိုတာ ဂိုးသမားအတွက် ခက်ခဲမှာပါ။ ဒါပေမယ့်လို့ လူးဝစ်ရဲ့ သွင်းဂိုးကို ကာကွယ်ဖို့တော့ အနည်းငယ် ပိုကောင်းသင့်ပါတယ်။ 6/10
Kyle Walker
အတော်ကောင်းတဲ့ ဖရီးကစ်ကို ကန်သွင်းခဲ့ပေမယ့် ကီပါက ကာကွယ်သွားနိုင်ခဲ့တယ်။ စီးတီးတိုက်စစ်အတွက် အကောင်းဆုံး ထောက်ပံ့ပေးခဲ့ပြီး အလွန်ဆိုကို ဖိအားတွေ ဝင်စေခဲ့ပါတယ်။ 7/10
John Stones
အေးဆေးတည်ငြိမ်မှုရှိတယ်။ မန်စီးတီးရဲ့ တိုက်စစ်လမ်းကြောင်း စတင်ဖို့ရာ သူ့ရဲ့ပေးမှုကနေ အကြိမ်အများကြီး စတင်ခဲ့ရတယ်။ ခံစစ်ကနေ ဘောလုံးထုတ်နိုင်စွမ်း ကောင်းမွန်ပါတယ်။ 7/10
Aymeric Laporte
ဟာဇက်ကို ရုပ်ပိုင်းဆိုင်ရာနဲ့ လွှမ်းမိုးခဲ့ပြီး မန်စီးတီးအသင်း ခံစစ်ပိုင်းက သွင်းဂိုး 2 ဂိုး ပေးရပေမယ့် သူက အသင်းကို သက်သောင့်သက်သာရှိစေဖို့ ကူညီပေးမှုတွေ လုပ်ခဲ့တယ်။ 7/10
Fabian Delph

ညာခြမ်းက ပက်ဒရိုရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရတယ်။ ပေးမှုတွေကလည်း တည်ငြိမ်မှု မရှိပါဘူး။ ဒါပေမယ့်လို့ ပြင်းပြင်းထန်ထန် ကြိုးစားမှုတွေ လုပ်ခဲ့တယ်။ 5/10
Bernardo Silva
မန်စီးတီးကွင်းလယ်မှာ ပျောက်ကွက်နေခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ဘာနာတိုထံက ဖန်တီးမှုကော၊ ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်းကိုပါ မရခဲ့ပါဘူး။ 5/10
Fernandinho
လူးဝစ်ရဲ့ သွင်းဂိုးမှာ တာဝန်ရှိတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ ထောင့်ကန်ဘောကနေ ပေးပို့လာတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းခဲ့မှုမှာ ဖာနန်ဒင်ဟိုဟာ လူးဝစ်ကို မကိုင်တွယ်နိုင်ခဲ့ပါဘူး။
David Silva

မန်စီးတီးကွင်းလယ်မှာ ထိရောက်မှုအရှိဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် ခြေပဂိုးရဖို့ နည်းလမ်းတွေ ပြန်မရှာပေးနိုင်ခင်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတယ်။ 7/10
Riyad Mahrez
အလွန်ဆိုဟာ မားရက်စ်ရဲ့ အရှိန်နဲ့ လှည့်ဖျားနိုင်စွမ်းတွေမှာ ဖိအားများခဲ့ရတယ်။ ဒါပေမယ့်လို့ တောင်ပံသမားဟာ သူ့ရဲ့စွမ်းရည်တွေနဲ့ ပွဲကို အလဲအပြောင်းဖြစ်စေဖို့တော့ စီစဉ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ 6/10
Raheem Sterling
24 နှစ်ပြည့်မွေးနေ့မှာ false nine နေရာက ပွဲထွက်လာခဲ့တယ်။ ပွဲအစောပိုင်းမှာတင် ဂိုးရခဲ့သင့်ပေမယ့် ကောင်းမွန်တဲ့ ကန်သွင်းမှုကို မလုပ်နိုင်ခဲ့ပါဘူး။ 6/10
Leroy Sane
ပထမပိုင်း မိနစ် 30 မှာ ဂျာမာန်သားဟာ ပြင်းပြမှုပိုင်း ပိုရှိခဲ့ရင် ရလဒ်ပိုင်း အပြောင်းအလဲဖြစ်လောက်မှာပါ။ သူက ဂျီဆုနဲ့ လူစားလဲခံခဲ့ရပါတယ်။ 6/10
Substitutes: Gabriel Jesus (on for Sane, 53) 6; Ilkay Gundogan (on for David Silva, 68) 6; Phil Foden (on for Mahrez, 84) 6.
Sports Home Time
