မန္ေနဂ်ာ ေဆာက္ဂိတ္ ဖြင့္ေျပာလိုက္တဲ့ အဂၤလန္အသင္းရဲ႕ အနာဂတ္ အသင္းေခါင္းေဆာင္

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ကေတာ့ အသင္းကစားသမား စတာလင္ဟာ ေခါင္းေဆာင္မႈ စြမ္းရည္ေကာင္းေတြရွိျပီး အနာဂတ္မွာ အဂၤလန္အသင္းေခါင္းေဆာင္ ျဖစ္လာႏုိင္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေဆာက္ဂိတ္ကေတာ့ ” သူမွာ အဲ့သည္လို အရည္အခ်င္း ရွိပါတယ္။ ညစာသြားဖို႔အတြက္ အသင္းေခါင္းေဆာင္က ဟိုတယ္မွာေစာင့္ေနခ်ိန္မွာ အနာဂတ္ အသင္းေခါင္းေဆာင္အေၾကာင္း ေျပာရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ ပုဂၢိဳလ္ေရးဆိုင္ရာ အရည္အခ်င္းမွာ စတာလင္က အရည္အခ်င္းေကာင္းေတြ ျပသထားႏုိင္ပါတယ္ ” လို႔ ေျပာပါတယ္။

ဟယ္ရီကိန္း ဦးေဆာင္တဲ့ အဂၤလန္အသင္းဟာ 2020 ယူရိုျပိဳင္ပြဲအျဖစ္ မြန္တီနီဂရိုးနဲ႔ ယွဥ္ျပိဳင္ဖုိ႔ ဟိုတယ္မွာ ေစာင့္ဆိုင္းေနတာပါ။ အဂၤလန္ရဲ႕ ေခါင္းေဆာင္ပိုင္းမွာေတာ့ ကိန္း၊ ဟန္ဒါဆန္၊ ဒိုင္ယာ၊ ဒပ္ဖ္၊ ယန္းတို႔ ပါဝင္ထားတာျဖစ္တယ္။ စီနီယာေတြမွာ ပြဲကစားႏုိင္မႈ အေျခအေနအရ ေဆာက္ဂိတ္က စတာလင္ကိုပါ အဆိုပါ စာရင္းထဲ ထည့္ခဲ့ျပီလို႔ အတည္ျပဳပါတယ္။

” ယန္းက လူစာရင္းကေန ထြက္သြားေတာ့ အဂၤလန္ ေခါင္းေဆာင္ေတြ စာရင္းထဲ စတာလင္ ဝင္လာပါတယ္။ ႏိုဝင္ဘာလကေန မတ္လအတြင္းမွာ သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ လႊမ္းမိုးမႈက တိုးတက္လာတယ္။ သူ႔ထံက ေျခလွမ္းေကာင္းေတြ လုပ္ထားတာကို ခံစားမိတယ္။ အျခားေသာ လူငယ္ကစားသမားေတြနဲ႔ စကားေျပာတဲ့အခါ စတာလင္က သူတို႔ကို သက္ေသာင့္သက္သာ ခံစားရေစတဲ့ အသင္းသားတစ္ဦးပါ။ သူ႔အတြက္ေတာ့ အဲ့တာက အရမ္း အေရးၾကီးပါတယ္ ” လို႔ ေျပာပါတယ္။

စတာလင္ဟာ ဆန္ခ်ိဳ၊ အိုဒိြဳင္းတို႔လို လူငယ္ကစားသမားေတြကို သူကစားေနတဲ့ ေနရာကေန လႊမ္းမိုးထားႏုိင္သူပါ။ သူဟာ တြဲဘက္ တိုက္စစ္မွဴး ဟယ္ရီကိန္း၊ ကလပ္ အသင္းေဖာ္ေဟာင္း ဟန္ဒါဆန္တို႔နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိျပီး လီဗာပူးကေန ထြက္ခြာခဲ့တဲ့ စတာလင္နဲ႔ ပက္သက္ျပီး ဟန္ဒါဆန္က မွတ္ခ်က္ေကာင္း ေပးခဲ့ပါတယ္။

“ သူက ထိပ္တန္းကစားသမားအျဖစ္ တိုးတက္လိုတယ္။ ကမၻာအေကာင္းဆံုး ျဖစ္လိုတယ္။ အနာဂတ္အတြက္ အဲ့သည္ ရည္မွန္းခ်က္ေတြ ထားခဲ့တယ္။ က်ေနာ္ကေတာ့ သူက မွန္ကန္တဲ့ ဦးတည္ခ်က္နဲ႔ သြားေနတယ္လို႔ ျမင္ပါတယ္။ သူက ကစားသမားေကာင္းျဖစ္ျပီး မွန္ကန္တဲ့ စိတ္ထားရွိသူဆိုတာ အားလံုး သိၾကတယ္။လီဗာပူးမွာကတည္းက သူ ထူးခၽြန္တာကို က်ေန္ာတို႔ သိပါတယ္။ ေကာင္းမြန္တဲ့ အက်င့္စရိုက္လည္း ရွိျပီး အဂၤလန္ရဲ႕ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္ ” လို႔ ေထာက္ခံေပးခဲ့ပါတယ္။

မန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ မန္စီးတီးမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနတဲ့ စတာလင္ဟာ ျပီးခဲ့တဲ့ ခ်က္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာ အဂၤလန္ကစားသမားဘဝ ပထမဆံုးအၾကိမ္အျဖစ္ Hat-trick သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ အသင်းကစားသမား စတာလင်ဟာ ခေါင်းဆောင်မှု စွမ်းရည်ကောင်းတွေရှိပြီး အနာဂတ်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆောက်ဂိတ်ကတော့ ” သူမှာ အဲ့သည်လို အရည်အချင်း ရှိပါတယ်။ ညစာသွားဖို့အတွက် အသင်းခေါင်းဆောင်က ဟိုတယ်မှာစောင့်နေချိန်မှာ အနာဂတ် အသင်းခေါင်းဆောင်အကြောင်း ပြောရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းမှာ စတာလင်က အရည်အချင်းကောင်းတွေ ပြသထားနိုင်ပါတယ် ” လို့ ပြောပါတယ်။

ဟယ်ရီကိန်း ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ 2020 ယူရိုပြိုင်ပွဲအဖြစ် မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်ဖို့ ဟိုတယ်မှာ စောင့်ဆိုင်းနေတာပါ။ အင်္ဂလန်ရဲ့ ခေါင်းဆောင်ပိုင်းမှာတော့ ကိန်း၊ ဟန်ဒါဆန်၊ ဒိုင်ယာ၊ ဒပ်ဖ်၊ ယန်းတို့ ပါဝင်ထားတာဖြစ်တယ်။ စီနီယာတွေမှာ ပွဲကစားနိုင်မှု အခြေအနေအရ ဆောက်ဂိတ်က စတာလင်ကိုပါ အဆိုပါ စာရင်းထဲ ထည့်ခဲ့ပြီလို့ အတည်ပြုပါတယ်။

” ယန်းက လူစာရင်းကနေ ထွက်သွားတော့ အင်္ဂလန် ခေါင်းဆောင်တွေ စာရင်းထဲ စတာလင် ဝင်လာပါတယ်။ နိုဝင်ဘာလကနေ မတ်လအတွင်းမှာ သူ့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ လွှမ်းမိုးမှုက တိုးတက်လာတယ်။ သူ့ထံက ခြေလှမ်းကောင်းတွေ လုပ်ထားတာကို ခံစားမိတယ်။ အခြားသော လူငယ်ကစားသမားတွေနဲ့ စကားပြောတဲ့အခါ စတာလင်က သူတို့ကို သက်သောင့်သက်သာ ခံစားရစေတဲ့ အသင်းသားတစ်ဦးပါ။ သူ့အတွက်တော့ အဲ့တာက အရမ်း အရေးကြီးပါတယ် ” လို့ ပြောပါတယ်။

စတာလင်ဟာ ဆန်ချို၊ အိုဒွိုင်းတို့လို လူငယ်ကစားသမားတွေကို သူကစားနေတဲ့ နေရာကနေ လွှမ်းမိုးထားနိုင်သူပါ။ သူဟာ တွဲဘက် တိုက်စစ်မှူး ဟယ်ရီကိန်း၊ ကလပ် အသင်းဖော်ဟောင်း ဟန်ဒါဆန်တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပြီး လီဗာပူးကနေ ထွက်ခွာခဲ့တဲ့ စတာလင်နဲ့ ပက်သက်ပြီး ဟန်ဒါဆန်က မှတ်ချက်ကောင်း ပေးခဲ့ပါတယ်။

“ သူက ထိပ်တန်းကစားသမားအဖြစ် တိုးတက်လိုတယ်။ ကမ္ဘာအကောင်းဆုံး ဖြစ်လိုတယ်။ အနာဂတ်အတွက် အဲ့သည် ရည်မှန်းချက်တွေ ထားခဲ့တယ်။ ကျနော်ကတော့ သူက မှန်ကန်တဲ့ ဦးတည်ချက်နဲ့ သွားနေတယ်လို့ မြင်ပါတယ်။ သူက ကစားသမားကောင်းဖြစ်ပြီး မှန်ကန်တဲ့ စိတ်ထားရှိသူဆိုတာ အားလုံး သိကြတယ်။လီဗာပူးမှာကတည်းက သူ ထူးချွန်တာကို ကျနေ်ာတို့ သိပါတယ်။ ကောင်းမွန်တဲ့ အကျင့်စရိုက်လည်း ရှိပြီး အင်္ဂလန်ရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ် ” လို့ ထောက်ခံပေးခဲ့ပါတယ်။

မန်နေဂျာ ဂွာဒီယိုလာရဲ့ မန်စီးတီးမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ စတာလင်ဟာ ပြီးခဲ့တဲ့ ချက်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ အင်္ဂလန်ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် Hat-trick သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Sports Home Time