အဂၤလန္အသင္းအေပၚ ျပဳျပင္ေျပာင္းလဲေနမႈမွာ ဖာဂူဆန္ရဲ႕ လႊမ္းမိုးမႈရွိတယ္ ဆိုတဲ့ ေဆာက္ဂိတ္

အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္က လူငယ္ၾကယ္ပြင့္ကစားသမားေတြကို အသင္းႀကီးဆီ ေခၚေဆာင္ႏိုင္မႈေတြမွာ မန္ခ်က္စတာယူႏိုက္တက္ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ပုံစံေတြဟာ သူ႔အေပၚ လႊမ္းမိုးမႈရွိေၾကာင္း ထုတ္ေဖၚေျပာၾကားလိုက္ပါတယ္။

ေဆာက္ဂိတ္ဟာ သူ႔လက္ထက္မွာ အဂၤလန္အသင္းရဲ႕ ကစားပုံေတြကို လုံး၀ ျပဳျပင္ေျပာင္းလဲေနသူတစ္ဦး ျဖစ္ပါတယ္။ သူ႔ရဲ႕ လမ္းစဥ္ေတြရဲ႕ အဓိက အခ်က္ကေတာ့ လူငယ္ကစားသမားေတြအေပၚ သူ႔ရဲ႕ ယုံၾကည္မႈနဲ႔ တည္ေဆာက္ထားတာ ျဖစ္ၿပီး ေဆာက္ဂိတ္ဟာ ဒီလို လူငယ္ကစားသမားေတြကို ေ႐ြးခ်ယ္ရာမွာ ပရီးမီးယားလိဂ္မွာ ဘယ္ေလာက္ထိ ကစားခြင့္ရထားတယ္ဆိုတဲ့ အခ်က္ကိုေတာ့ ထည့္သြင္းစဥ္းစားျခင္း သိပ္မရွိပါဘူး။

သူ႔အသင္းအတြက္ လုံေလာက္တဲ့ ေျခစြမ္းရွိတယ္လို႔ သူယုံၾကည္တဲ့ ကစားသမားတိုင္းကို သူဟာ လက္ေ႐ြးစဥ္အသင္းအတြက္ ေ႐ြးခ်ယ္ေနတာပါ။ ေသာၾကာေန႔က ကစားခဲ့တဲ့ ပြဲစဥ္မွာလည္း ေဆာက္ဂိတ္ဟာ အသက္ (၁၈) ႏွစ္အ႐ြယ္ လူငယ္ကစားသမား (၂) ဦးအထိ ထည့္သြင္း အသုံးျပဳသြားခဲ့တာ ျဖစ္ၿပီး ဒါဟာ ႏွစ္ေပါင္း (၁၃၈) ႏွစ္အတြင္း ဒီလို လူငယ္ကစားသမားေတြကို ပထမဆုံးအႀကိမ္ ျပန္လည္ေနရာေပးလာျခင္းလည္း ျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာ ယူ႐ို (၂၀၂၀) ေျခစစ္ပြဲမွာ လူငယ္ကစားသမား (၂) ဦးျဖစ္တဲ့ ဆန္ခ်ိဳ နဲ႔ အိုဒြိဳင္း တို႔ ကို ယုံယုံၾကည္ၾကည္ ထည့္သြင္းအသုံးျပဳသြား ခဲ့တာပါ။ အဆိုပါ ကစားသမားေတြကလည္း နည္းျပက ေပးအပ္လာတဲ့ အခြင့္အေရးကို အေကာင္းမြန္ဆုံး အသုံးခ်ကာ ေျခစြမ္းျပသြားႏိုင္ခဲ့ၿပီး Sancho ဟာ အဂၤလန္အသင္းအတြက္ အဖြင့္ဂိုးအျဖစ္ စတာလင္ ဂိုးသြင္းယူႏိုင္ဖို႔ အေကာင္းဆုံး ကူညီေထာက္ပံ့ ေပးသြားႏိုင္ခဲ့ပါတယ္။ အိုဒြိဳင္းဟာလည္း အဂၤလန္အသင္းအတြက္ (၅) ဂိုးေျမာက္ သြင္းဂိုး ရရွိဖို႔ ၿပိဳင္ဖက္အသင္းကို အေကာင္းဆုံး ဖိအားေပးသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

” ကြၽန္ေတာ္တို႔အတြက္ ယွဥ္ၿပိဳင္ကစားဖို႔ ၿပိဳင္ပြဲေတြက ရွိေနၿပီး ကြၽန္ေတာ္တို႔ရဲ႕ လူငယ္ တိုက္စစ္ကစားသမားေတြဟာ အသက္အ႐ြယ္ ငယ္႐ြယ္ေသးေပမယ့္ ဒီေလာက္အ႐ြယ္မွာပဲ သူတို႔ဟာ ရင့္က်က္မႈအျပည့္နဲ႔ ကစားႏိုင္ေနပါၿပီ။ ” လို႔ ေဆာက္ဂိတ္က ပြဲမကစားမီရက္ေတြက ေျပာၾကားခဲ့ဖူးပါေသးတယ္။ သူက သူ႔ရဲ႕ ဒီလိုေ႐ြးခ်ယ္မႈေတြအေပၚမွာ ယူႏိုက္တက္ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ သူ႔ရဲ႕ လူငယ္ကစားသမားေတြအေပၚ ယုံၾကည္မႈရွိရွိ ေနရာေပးခဲ့မႈေတြနဲ႔ ခိုင္းႏႈိင္းၿပီး ဥပမာ ေပးသြားခဲ့ပါေသးတယ္။

” ဒီလိုကေနပဲ အရာအားလုံး ျဖစ္ေပၚလာတာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီလူငယ္ ကစားသမားေလးေတြကလည္း သူတို႔ရရွိလိုက္တဲ့ အခိုက္အတန႔္ေလးမွာ တကယ့္ကို ေပ်ာ္႐ႊင္ၾကရတာေၾကာင့္ဒီလိုကိစၥရပ္ေတြအတြက္ ကြၽန္ေတာ္တို႔ စဥ္းစားေပးဖို႔ တကယ့္ကို လိုအပ္တာျဖစ္ပါတယ္။ ဒီလိုပုံစံေတြနဲ႔ပဲ ဆာအဲလက္စ္ဟာလည္း ႐ိုင္ယန္ဂစ္တို႔လို ကစားသမားေတြကို ယူႏိုက္တက္အတြက္ ေမြးထုတ္လာေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ ဘယ္လိုမ်ား လုပ္ခဲ့တာလဲဆိုတာကို ကြၽန္ေတာ္ အၿမဲတမ္း ေတြးေနမိတာပါ။ ဒီလိုယုံၾကည္ေပးခံရတာေၾကာင့္လည္း သူတို႔ေတြဟာ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၾကပါတယ္။ ” လို႔ ေဆာက္ဂိတ္က ေျပာၾကားသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ” ကြၽန္ေတာ္တို႔မွာ ဒီလို လူငယ္ကစားသမားေတြကို ေနရာေပးမႈေတြ လုပ္ႏိုင္သမွ် မ်ားမ်ားလုပ္ေပးဖို႔ တာဝန္ရွိတယ္လို႔လည္း ကြၽန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြဟာ ဒီလိုအခြင့္အေရး ေပးမႈေတြကေန သူတို႔အတြက္ ေနာက္ထပ္ တစ္ဆင့္ကို တက္လွမ္းႏိုင္မွာမလို႔ပါ။ ကြၽန္ေတာ္တို႔ဟာ သူတို႔ရဲ႕ ကလပ္အသင္းေတြအတြက္လည္း စဥ္းစားေပးဖို႔ လိုအပ္ေပမယ့္ တကယ္အေရးႀကီးတာကေတာ့ လူငယ္ကစားသမားေတြကို အခြင့္အေရးေကာင္းတစ္ခု ေပးအပ္ႏိုင္ဖို႔ပါ။ ” လို႔ ေဆာက္ဂိတ္က ေျပာၾကားသြားခဲ့ပါေသးတယ္။

Sports Home Time

[Unicode] အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က လူငယ်ကြယ်ပွင့်ကစားသမားတွေကို အသင်းကြီးဆီ ခေါ်ဆောင်နိုင်မှုတွေမှာ မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ပုံစံတွေဟာ သူ့အပေါ် လွှမ်းမိုးမှုရှိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဆောက်ဂိတ်ဟာ သူ့လက်ထက်မှာ အင်္ဂလန်အသင်းရဲ့ ကစားပုံတွေကို လုံး၀ ပြုပြင်ပြောင်းလဲနေသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ လမ်းစဉ်တွေရဲ့ အဓိက အချက်ကတော့ လူငယ်ကစားသမားတွေအပေါ် သူ့ရဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဆောက်ဂိတ်ဟာ ဒီလို လူငယ်ကစားသမားတွေကို ရွေးချယ်ရာမှာ ပရီးမီးယားလိဂ်မှာ ဘယ်လောက်ထိ ကစားခွင့်ရထားတယ်ဆိုတဲ့ အချက်ကိုတော့ ထည့်သွင်းစဉ်းစားခြင်း သိပ်မရှိပါဘူး။

သူ့အသင်းအတွက် လုံလောက်တဲ့ ခြေစွမ်းရှိတယ်လို့ သူယုံကြည်တဲ့ ကစားသမားတိုင်းကို သူဟာ လက်ရွေးစဉ်အသင်းအတွက် ရွေးချယ်နေတာပါ။ သောကြာနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဆောက်ဂိတ်ဟာ အသက် (၁၈) နှစ်အရွယ် လူငယ်ကစားသမား (၂) ဦးအထိ ထည့်သွင်း အသုံးပြုသွားခဲ့တာ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း (၁၃၈) နှစ်အတွင်း ဒီလို လူငယ်ကစားသမားတွေကို ပထမဆုံးအကြိမ် ပြန်လည်နေရာပေးလာခြင်းလည်း ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူရို (၂၀၂၀) ခြေစစ်ပွဲမှာ လူငယ်ကစားသမား (၂) ဦးဖြစ်တဲ့ ဆန်ချို နဲ့ အိုဒွိုင်း တို့ ကို ယုံယုံကြည်ကြည် ထည့်သွင်းအသုံးပြုသွား ခဲ့တာပါ။ အဆိုပါ ကစားသမားတွေကလည်း နည်းပြက ပေးအပ်လာတဲ့ အခွင့်အရေးကို အကောင်းမွန်ဆုံး အသုံးချကာ ခြေစွမ်းပြသွားနိုင်ခဲ့ပြီး Sancho ဟာ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးအဖြစ် စတာလင် ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံး ကူညီထောက်ပံ့ ပေးသွားနိုင်ခဲ့ပါတယ်။ အိုဒွိုင်းဟာလည်း အင်္ဂလန်အသင်းအတွက် (၅) ဂိုးမြောက် သွင်းဂိုး ရရှိဖို့ ပြိုင်ဖက်အသင်းကို အကောင်းဆုံး ဖိအားပေးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော်တို့အတွက် ယှဉ်ပြိုင်ကစားဖို့ ပြိုင်ပွဲတွေက ရှိနေပြီး ကျွန်တော်တို့ရဲ့ လူငယ် တိုက်စစ်ကစားသမားတွေဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် ဒီလောက်အရွယ်မှာပဲ သူတို့ဟာ ရင့်ကျက်မှုအပြည့်နဲ့ ကစားနိုင်နေပါပြီ။ ” လို့ ဆောက်ဂိတ်က ပွဲမကစားမီရက်တွေက ပြောကြားခဲ့ဖူးပါသေးတယ်။ သူက သူ့ရဲ့ ဒီလိုရွေးချယ်မှုတွေအပေါ်မှာ ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ သူ့ရဲ့ လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုရှိရှိ နေရာပေးခဲ့မှုတွေနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးသွားခဲ့ပါသေးတယ်။

” ဒီလိုကနေပဲ အရာအားလုံး ဖြစ်ပေါ်လာတာလို့ ကျွန်တော်ထင်ပါတယ်။ ဒီလူငယ် ကစားသမားလေးတွေကလည်း သူတို့ရရှိလိုက်တဲ့ အခိုက်အတန့်လေးမှာ တကယ့်ကို ပျော်ရွှင်ကြရတာကြောင့်ဒီလိုကိစ္စရပ်တွေအတွက် ကျွန်တော်တို့ စဉ်းစားပေးဖို့ တကယ့်ကို လိုအပ်တာဖြစ်ပါတယ်။ ဒီလိုပုံစံတွေနဲ့ပဲ ဆာအဲလက်စ်ဟာလည်း ရိုင်ယန်ဂစ်တို့လို ကစားသမားတွေကို ယူနိုက်တက်အတွက် မွေးထုတ်လာပေးနိုင်ခဲ့တာဖြစ်ပြီး သူ ဘယ်လိုများ လုပ်ခဲ့တာလဲဆိုတာကို ကျွန်တော် အမြဲတမ်း တွေးနေမိတာပါ။ ဒီလို ယုံကြည်ပေးခံရတာကြောင့်လည်း သူတို့တွေဟာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပါတယ်။ ” လို့ ဆောက်ဂိတ်က ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ” ကျွန်တော်တို့မှာ ဒီလို လူငယ်ကစားသမားတွေကို နေရာပေးမှုတွေ လုပ်နိုင်သမျှ များများလုပ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဒီလိုအခွင့်အရေး ပေးမှုတွေကနေ သူတို့အတွက် နောက်ထပ် တစ်ဆင့်ကို တက်လှမ်းနိုင်မှာမလို့ပါ။ ကျွန်တော်တို့ဟာ သူတို့ရဲ့ ကလပ်အသင်းတွေအတွက်လည်း စဉ်းစားပေးဖို့ လိုအပ်ပေမယ့် တကယ်အရေးကြီးတာကတော့ လူငယ်ကစားသမားတွေကို အခွင့်အရေးကောင်းတစ်ခု ပေးအပ်နိုင်ဖို့ပါ။ ” လို့ ဆောက်ဂိတ်က ပြောကြားသွားခဲ့ပါသေးတယ်။

Sports Home Time