ဆန္ခ်ိဳ အပါအဝင္ မြန္တီနီဂရိုးပြဲကို ဒဏ္ရာေၾကာင့္ လြဲဖြယ္ရွိတဲ့ အဂၤလန္သား သံုးဦး

ယူရိုေျခစစ္ပြဲအျဖစ္ မြန္တီနီဂရိုးအသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရတဲ့ပြဲကို အဂၤလန္ ကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ဆန္ခ်ိဳနဲ႔ အလီတို႔ ၾကံ႕ခိုင္မႈပိုင္းဆုိင္ရာ ျပႆနာေတြေၾကာင့္ ပါဝင္ကစားႏုိင္ဖို႔ မေသခ်ာပါဘူး။

ယူရိုေျခစစ္ပြဲ ပထမဆံုးပြဲအျဖစ္ ခ်က္ကို ရင္ဆိုင္ကစားျပီး 5-0 နဲ႔ အႏိုင္ရတဲ့ပြဲမွာ အဆိုပါ ကစားသမား သံုးဦးက အထူး ေျခစြမ္းျပခဲ့ျပီး လက္ေရြးစင္နဲ႔ မပူးေပါင္းခင္ကတည္းက ရခဲ့ၾကတဲ့ ဒဏ္ရာေတြဟာ ဒီအဆင့္မွာ ျပန္ေပၚလာတယ္လို႔ ယူဆရတယ္။ အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ဟာ ပြဲထြြက္လူစာရင္းမွာ ဘယ္ကစားသမားကို အသံုးျပဳရမလဲ ဆိုတာကို ျပန္ေစာင့္ၾကည့္ရဖြယ္ရွိတယ္။

ခ်က္နဲ႔ပြဲအျပီး အဂၤလန္လူစာရင္းမွာ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ ကစားသမား 17 ဦးပဲ က်န္ေပမယ့္ ယူ-21 အသင္းမွ ကစားသမားေတြကို ေရြးခ်ယ္ဖြယ္ေတာ့ မရွိပါဘူး။ ရိုက္၊ အိုဒိြဳင္း၊ ဝတ္ပေရာက္တို႔က စီနီယာပြဲထြက္ခြင့္ကို တိုးျမွင့္ရရွိဖြယ္ရွိတယ္။ မြန္တီနီဂရိုးနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရမယ္ဆိုရင္ေတာ့ လီဗာပူးအသင္းေခါင္း ဟန္ဒါဆန္ဟာ လက္ေရြးစင္ ကစားသမားဘဝ ပြဲ 50 ျပည့္ကို ကစားရမွာျဖစ္တယ္။

ခ်က္နဲ႔ပြဲမွာ စတာလင္ ဂိုးရဖို႔ ကူညီေပးႏိုင္ခဲ့တဲ့ ဆန္ခ်ိဳဟာ အသက္ 19 ႏွစ္ ျပည့္ျပီျဖစ္ျပီး လက္ေရြးစင္အဆင့္မွာေတာ့ သူဟာ အဂၤလန္အတြက္ တတိယ အသက္အငယ္ဆံုး ကစားသမားအျဖစ္ ပြဲထြက္ေပးႏုိင္သူ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ဟာ မြန္တီနီဂရိုးနဲ႔ပြဲကိုေတာ့ လြဲေခ်ာ္သြားမွာပါ။

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္က ” ပြဲအျပီးမွာ ဆန္ခ်ိဳက ဒဏ္ရာရခဲ့တယ္။ ၾကီးၾကီးမားမားေတာ့ မဟုတ္ေပမယ့္ ဒဏ္ရာျပႆနာကို ေသခ်ာေအာင္ က်ေန္ာတို႔ လုပ္ရပါမယ္။ အေတြ႔အၾကံဳေတြ လိုအပ္တယ္ဆိုေပမယ့္ ဒီလူငယ္ကစားသမားေလးေတြက လက္ေရြးစင္ပြဲေတြကေန သင္ယူဖို႔လိုတယ္။

ေနာက္ထပ္ 12 လအတြက္ က်ေန္ာတို႔ သူငယ္ခ်င္းေတြ ျဖစ္ေနစရာမလိုပဲ အသင္းထဲမွာ တိုက္ခိုက္ၾကရမွာပါ။ အဲ့တာက ေျခစစ္ပြဲေအာင္ဖို႔ အကူအညီျဖစ္ပါတယ္။ သူတုိ႔ထံကေန က်ေန္ာတို႔ သင္ယူျပီး သူတို႔ကလည္း လက္ေရြးစင္အေၾကာင္းကို သင္ယူရလိမ့္မယ္။ ေသာၾကာေန႔မွာ သူတို႔ အေတြ႔အၾကံဳေတြ ရခဲ့ပါတယ္။ အခုေတာ့ က်ေနာ္တို႔ ေနာက္ထပ္ စိန္ေခၚမႈေတြအတြက္ အဆင္သင့္ ျဖစ္ေနရပါမယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ယူရိုခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတဲ့ပွဲကို အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဆန်ချိုနဲ့ အလီတို့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။

ယူရိုခြေစစ်ပွဲ ပထမဆုံးပွဲအဖြစ် ချက်ကို ရင်ဆိုင်ကစားပြီး 5-0 နဲ့ အနိုင်ရတဲ့ပွဲမှာ အဆိုပါ ကစားသမား သုံးဦးက အထူး ခြေစွမ်းပြခဲ့ပြီး လက်ရွေးစင်နဲ့ မပူးပေါင်းခင်ကတည်းက ရခဲ့ကြတဲ့ ဒဏ်ရာတွေဟာ ဒီအဆင့်မှာ ပြန်ပေါ်လာတယ်လို့ ယူဆရတယ်။ အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ဟာ ပွဲထွက်လူစာရင်းမှာ ဘယ်ကစားသမားကို အသုံးပြုရမလဲ ဆိုတာကို ပြန်စောင့်ကြည့်ရဖွယ်ရှိတယ်။

ချက်နဲ့ပွဲအပြီး အင်္ဂလန်လူစာရင်းမှာ ကြံ့ခိုင်မှုကောင်းနေတဲ့ ကစားသမား 17 ဦးပဲ ကျန်ပေမယ့် ယူ-21 အသင်းမှ ကစားသမားတွေကို ရွေးချယ်ဖွယ်တော့ မရှိပါဘူး။ ရိုက်၊ အိုဒွိုင်း၊ ဝတ်ပရောက်တို့က စီနီယာပွဲထွက်ခွင့်ကို တိုးမြှင့်ရရှိဖွယ်ရှိတယ်။ မွန်တီနီဂရိုးနဲ့ပွဲမှာ ပွဲထွက်ခွင့်ရမယ်ဆိုရင်တော့ လီဗာပူးအသင်းခေါင်း ဟန်ဒါဆန်ဟာ လက်ရွေးစင် ကစားသမားဘဝ ပွဲ 50 ပြည့်ကို ကစားရမှာဖြစ်တယ်။

ချက်နဲ့ပွဲမှာ စတာလင် ဂိုးရဖို့ ကူညီပေးနိုင်ခဲ့တဲ့ ဆန်ချိုဟာ အသက် 19 နှစ် ပြည့်ပြီဖြစ်ပြီး လက်ရွေးစင်အဆင့်မှာတော့ သူဟာ အင်္ဂလန်အတွက် တတိယ အသက်အငယ်ဆုံး ကစားသမားအဖြစ် ပွဲထွက်ပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ဟာ မွန်တီနီဂရိုးနဲ့ပွဲကိုတော့ လွဲချော်သွားမှာပါ။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က ” ပွဲအပြီးမှာ ဆန်ချိုက ဒဏ်ရာရခဲ့တယ်။ ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် ဒဏ်ရာပြဿနာကို သေချာအောင် ကျနေ်ာတို့ လုပ်ရပါမယ်။ အတွေ့အကြုံတွေ လိုအပ်တယ်ဆိုပေမယ့် ဒီလူငယ်ကစားသမားလေးတွေက လက်ရွေးစင်ပွဲတွေကနေ သင်ယူဖို့လိုတယ်။

နောက်ထပ် 12 လအတွက် ကျနေ်ာတို့ သူငယ်ချင်းတွေ ဖြစ်နေစရာမလိုပဲ အသင်းထဲမှာ တိုက်ခိုက်ကြရမှာပါ။ အဲ့တာက ခြေစစ်ပွဲအောင်ဖို့ အကူအညီဖြစ်ပါတယ်။ သူတို့ထံကနေ ကျနေ်ာတို့ သင်ယူပြီး သူတို့ကလည်း လက်ရွေးစင်အကြောင်းကို သင်ယူရလိမ့်မယ်။ သောကြာနေ့မှာ သူတို့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ အခုတော့ ကျနော်တို့ နောက်ထပ် စိန်ခေါ်မှုတွေအတွက် အဆင်သင့် ဖြစ်နေရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time