လီယြန္နယ္ မက္ဆီနဲ႕ ရိုနယ္ဒိုကို ေမ့လိုက္ပါ.. ေမနာက ကမၻာေပၚမွာ အေကာင္းဆံုး ကစားသမားပဲ

[Zawgyi] “လီယြန္နယ္မက္ဆီ တို႔ စီရိုနယ္ဒိုတို႔ေရာ လူကာမိုဒရစ္ကိုပါ ေမ့လိုက္ပါ။ ေမနာက ကမၻာေပၚမွာ အေကာင္းဆံုး ကစားသမားပဲ”

ေဟာ္လန္သား ကြင္းလယ္ကစားသမား ၀ိုက္နယ္ဒန္က ၄င္းရဲ႕ အသင္းေဖာ္ ေမနာရဲ႕ အသက္ ၃၂ နွစ္နဲ႕ မလိုက္ ျဖတ္လတ္စြာ ေနရာစံု ထူးခၽြန္စြာ ကစားေနတဲ့ ဂ်ိမ္းစ္ေမနာကို ခ်ီးက်ဴးစကားဆိုလိုက္တာပါ။

“ကမၻာေပၚမွာ ဘယ္ကစားသမားကေကာ အသင္းအတြက္ က်ရာ ေနရာစံုကစားျပီး ေကာင္းမြန္စြာ ေနရာတိုင္းလို ကစားျပနိုင္မလဲ။ ဘယ္သူမွ မလုပ္နုိင္ဘူး.. ေမနာကလြဲလို႕ေပါ့..သူ ေနရာ အမ်ိဳးမ်ိဳးကေန ကစားခဲ့ဖူးျပီ .. အျမဲတမ္း ေကာင္းမြန္စြာ ေျခစြမ္းျပနိုင္ခဲ့တာခ်ည္း.. ဒါေၾကာင့္ အားလံုး အားလံုးထက္ သူက အေတာ္ဆံုးလို႔ က်ေနာ္ေျပာရတာ.. အတည္ေျပာေနတာပါ။”

“ေဘာ့စ္ (ကေလာ့ပ္) က ဘယ္ေနရာထားထား ကြင္းထဲမွာ သူ ရေအာင္ ကစားတယ္။ ျပိဳင္ဘက္ထက္ သူက အျမဲသာေအာင္ ကစားျပလိုက္မယ္.. အသင္းအတြက္ အျမဲ အားကိုးရတဲ့ သူ.. အံ့ၾသေလာက္ဖြယ္ အရည္အေသြးရွိသူပါ။”

“ဒီလို အသက္အရြယ္တန္းမွာ ေမနာလုပ္ျပသလိုသမ်ိဳး တျခားကစားသမား ကစားနုိင္တာ က်ေနာ္ မျမင္ဖူးပါဘူး.. ေမနာက အျမဲလို အမွတ္ေကာင္း အမွတ္ျပည့္ပဲ.. မန္ေနဂ်ာက ဘယ္ေနရာထားထား သူက အဆင္ေျပတယ္။” လို႔ ၀ိုက္နယ္ဒန္က ေမနာကို ခ်ီးမြမ္းခန္း ဖြင့္သြားပါတယ္။

ေမနာက မန္စီးတီးကေန လီဗာပူးအသင္းသို႔ စတင္ေျပာင္းလာစဥ္က သူ႔ရဲ႕ အၾကိဳက္ ကြင္းလယ္ဗဟိုေနရာကေန ကစားဖို႔ စိတ္အား ထက္သန္ခဲ့တာပါ။ ဒါေပမယ့္ ကေလာ့ပ္ အေရးေပၚ လိုအပ္တဲ့အခ်ိန္တိုင္း ေမနာက လိုအပ္တဲ့ေနရာ ၀င္ကစားဖို႔ အသင့္ ရွိေနခဲ့တာပါ။ အသင္းမွာ မိုရီနို ေျခစြမ္းမေကာင္းခ်ိန္မွာ ဘယ္ျခမ္းခံစစ္သမားအျဖစ္ ပံုမွန္ ပြဲထြက္ ပါ၀င္ကစားေပးခဲ့ပါတယ္။ ေရာ္ဘတ္ဆန္ေရာက္လာျပီး ဘယ္ျခမ္း တည္ျငိမ္သြားလို႕ ကြင္းလယ္မွာ အားျဖည့္ ပါ၀င္လာတဲ့ ေမနာက ညက ဘုန္းေမာက္နဲ႕ပြဲမွာ ညာျခမ္း ခံစစ္ပါ ကစားေနက် မဟုတ္ေပမယ့္ အေကာင္းဆံုး ၀င္ ကစားေပးသြားပါတယ္။

“တခ်ိဳ႕ကစားသမားေတြက ေနရာေတြ ေျပာင္းကစားရရင္ စိတ္တိုၾကတယ္.. ေမနာဆီမွာ ဒီလို လႈပ္ခတ္မႈမ်ိဳး ဘယ္ေတာ့မွ မျမင္ရဘူး.. သူ႔သေဘာထားက အျမဲတမ္း တသတ္မွတ္တည္း တူတူပဲ။ ရိုးရိုးသားသား ေျပာရရင္ က်ေနာ္သာ က်ေနာ္ မကစားခ်င္တဲ့ ေနရာမ်ိဳးမွာ ကစားရရင္ နည္းနည္း ဘုမိမွာပဲ။” လို႔ ၄င္းက ဆိုပါတယ္။

ဂ်ိမး္စ္ေမနာဟာ ညက ဘုန္းေမာက္နဲ႕ပြဲမွာ ၄င္းရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၅၀၀ ျပည့္သြားခဲ့ျပီ ျဖစ္ပါတယ္။

Sports Home Time

[Unicode] “လီယွန်နယ်မက်ဆီ တို့ စီရိုနယ်ဒိုတို့ရော လူကာမိုဒရစ်ကိုပါ မေ့လိုက်ပါ။ မေနာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပဲ”

ဟော်လန်သား ကွင်းလယ်ကစားသမား ဝိုက်နယ်ဒန်က ၎င်းရဲ့ အသင်းဖော် မေနာရဲ့ အသက် ၃၂ နှစ်နဲ့ မလိုက် ဖြတ်လတ်စွာ နေရာစုံ ထူးချွန်စွာ ကစားနေတဲ့ ဂျိမ်းစ်မေနာကို ချီးကျူးစကားဆိုလိုက်တာပါ။

“ကမ္ဘာပေါ်မှာ ဘယ်ကစားသမားကကော အသင်းအတွက် ကျရာ နေရာစုံကစားပြီး ကောင်းမွန်စွာ နေရာတိုင်းလို ကစားပြနိုင်မလဲ။ ဘယ်သူမှ မလုပ်နိုင်ဘူး.. မေနာကလွဲလို့ပေါ့..သူ နေရာ အမျိုးမျိုးကနေ ကစားခဲ့ဖူးပြီ .. အမြဲတမ်း ကောင်းမွန်စွာ ခြေစွမ်းပြနိုင်ခဲ့တာချည်း.. ဒါကြောင့် အားလုံး အားလုံးထက် သူက အတော်ဆုံးလို့ ကျနော်ပြောရတာ.. အတည်ပြောနေတာပါ။”

“ဘော့စ် (ကလော့ပ်) က ဘယ်နေရာထားထား ကွင်းထဲမှာ သူ ရအောင် ကစားတယ်။ ပြိုင်ဘက်ထက် သူက အမြဲသာအောင် ကစားပြလိုက်မယ်.. အသင်းအတွက် အမြဲ အားကိုးရတဲ့ သူ.. အံ့သြလောက်ဖွယ် အရည်အသွေးရှိသူပါ။”

“ဒီလို အသက်အရွယ်တန်းမှာ မေနာလုပ်ပြသလိုသမျိုး တခြားကစားသမား ကစားနိုင်တာ ကျနော် မမြင်ဖူးပါဘူး.. မေနာက အမြဲလို အမှတ်ကောင်း အမှတ်ပြည့်ပဲ.. မန်နေဂျာက ဘယ်နေရာထားထား သူက အဆင်ပြေတယ်။” လို့ ဝိုက်နယ်ဒန်က မေနာကို ချီးမွမ်းခန်း ဖွင့်သွားပါတယ်။

မေနာက မန်စီးတီးကနေ လီဗာပူးအသင်းသို့ စတင်ပြောင်းလာစဉ်က သူ့ရဲ့ အကြိုက် ကွင်းလယ်ဗဟိုနေရာကနေ ကစားဖို့ စိတ်အား ထက်သန်ခဲ့တာပါ။ ဒါပေမယ့် ကလော့ပ် အရေးပေါ် လိုအပ်တဲ့အချိန်တိုင်း မေနာက လိုအပ်တဲ့နေရာ ဝင်ကစားဖို့ အသင့် ရှိနေခဲ့တာပါ။ အသင်းမှာ မိုရီနို ခြေစွမ်းမကောင်းချိန်မှာ ဘယ်ခြမ်းခံစစ်သမားအဖြစ် ပုံမှန် ပွဲထွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ရော်ဘတ်ဆန်ရောက်လာပြီး ဘယ်ခြမ်း တည်ငြိမ်သွားလို့ ကွင်းလယ်မှာ အားဖြည့် ပါဝင်လာတဲ့ မေနာက ညက ဘုန်းမောက်နဲ့ပွဲမှာ ညာခြမ်း ခံစစ်ပါ ကစားနေကျ မဟုတ်ပေမယ့် အကောင်းဆုံး ဝင် ကစားပေးသွားပါတယ်။

“တချို့ကစားသမားတွေက နေရာတွေ ပြောင်းကစားရရင် စိတ်တိုကြတယ်.. မေနာဆီမှာ ဒီလို လှုပ်ခတ်မှုမျိုး ဘယ်တော့မှ မမြင်ရဘူး.. သူ့သဘောထားက အမြဲတမ်း တသတ်မှတ်တည်း တူတူပဲ။ ရိုးရိုးသားသား ပြောရရင် ကျနော်သာ ကျနော် မကစားချင်တဲ့ နေရာမျိုးမှာ ကစားရရင် နည်းနည်း ဘုမိမှာပဲ။” လို့ ၎င်းက ဆိုပါတယ်။

ဂျိမ်းစ်မေနာဟာ ညက ဘုန်းမောက်နဲ့ပွဲမှာ ၎င်းရဲ့ ပရီးမီးယားလိဂ် ပွဲ ၅၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Sports Home Time