လီဗာပူးအဝတ္လဲခန္းထဲက ေမနာကို အထင္ၾကီးၾကမႈေတြအေၾကာင္း ေရာ္ဘတ္ဆန္ ဖြင့္ဟ

[Zawgyi] လီဗာပူး ဘယ္ျခမ္းခံစစ္မွဴး အန္ဒီေရာ္ဘတ္ဆန္က အသင္းေဖာ္ ၀ါရင့္ကစားသမားၾကီး ဂ်ိမ္းစ္ေမနာကို ဘုန္းေမာက္နဲ႕ပြဲအျပီးမွာ အမႊမ္းတင္ ခ်ီးက်ဴးသြားပါတယ္။ ထိုပြဲစဥ္က ေမနာရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၅၀၀ ေျမာက္ ျဖစ္ျပီး ထူးထူးျခားျခား ညာျခမ္းခံစစ္ကို ဆင္းျပီး တာ၀န္ယူကစားက သူ႔ရဲ႕ ေနရာစံု အသံုးတည့္မႈ သမၻာကို ျပသြားပါတယ္။

“တကယ့္ ေဘာလံုးသမားေကာင္းတစ္ေယာက္ပဲ။ အသင္းေကာင္းေတြ ထိပ္သီးကလပ္အသင္းေတြမွာ ကစားခဲ့ျပီး ဒီလို မွတ္တိုင္တစ္္ခုဆီ သူေရာက္ခဲ့ျပီ။ ခုထိလည္း သူက အသင္းမွာဆို ၾကံ႕ခိုင္မႈ အေကာင္းဆံုး ကစားသမား ျဖစ္တယ္.. အဲ့လို ျဖစ္ေအာင္လည္း ေန႕တိုင္း အားသြန္ခြန္စိုက္ သူက ေလ့က်င့္ေနခဲ့တာ။ သူ ဒီလို ဆက္သြားျပီး မွတ္တမ္းသစ္ေတြ ထပ္ယူဦးမွာ ေသခ်ာပါတယ္။” လို႔ ေရာ္ဘတ္ဆန္က လီဗာပူးအသင္း ၀က္ဘ္ဆိုဒ္က တဆင့္ ေျပာၾကားသြားပါတယ္။

“သိပ္ေကာင္းတဲ့ မွတ္တိုင္တစ္ခုပါပဲ ပြဲ ၅၀၀ ျပည့္ဆိုတာ။ က်ေနာ္တို႔လို ေကာင္ေလးေတြ အိပ္မက္ မက္ေနရံု ရွိေသးတဲ့ ခရီးကို သူ ေရာက္ခဲ့ျပီ.. သိပ္အဆင့္ျမင့္တဲ့ အသင္းေတြ ေနရာေတြကေန ဆုဖလားေတြ တေလ်ာက္လံုး ယူခဲ့ရင္း ေရာက္ရွိသြားတာပါ။ ဒိထက္လည္း အသင္းနဲ႕ အတူ ဆက္ကစားဖို႔ သူ ေမွ်ာ္လင့္ထားပါတယ္.. က်ေနာ္တို႔လဲ အတူေပါ့ ေမွ်ာ္လင့္တယ္။”

“ဒီေန႔က သူ႔အတြက္ပါပဲ။ အသင္း စြမ္းေဆာင္ရည္ေကာ အနုိင္သံုးမွတ္ေကာ သူ႔အတြက္ ရည္ရြယ္တယ္.. ဒီေန႔က ေမနာအတြက္ အထူးေန႔ေလ.. သူ႔အတြက္ သူ႔မိသားစုနဲ႕ မိတ္ေဆြေတြ ေအာင္ပြဲခံရမွာပါ.. ဒီေတာ့ သူ႔ကို ဦးစားေပးၾကတယ္။” လို႔ ေရာ္ဘတ္ဆန္ကို အသင္းေဖာ္ ေမနာအေပၚ ခ်စ္ခင္ေလးစားတဲ့ သူ႔သေဘာထားကို လွစ္ဟသြားပါတယ္။

ေရာ္ဘတ္ဆန္တင္မက တိုက္စစ္မွဴး မိုဆာလက္ကလည္း ဘုန္းေမာက္နဲ႕ပြဲမွာ ဟက္ထရစ္သြင္း ေျခစြမ္းျပျပီး အေကာင္းဆံုး ကစားသမားဆု ရခဲ့ေပမယ့္ လက္မခံဘဲ ျငင္းပယ္ခဲ့ျပီး အသင္းေဖာ္ ေမနာဆီ ေပးအပ္ခဲ့ပါတယ္။

Sports Home Time

[Unicode] လီဗာပူး ဘယ်ခြမ်းခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က အသင်းဖော် ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မေနာကို ဘုန်းမောက်နဲ့ပွဲအပြီးမှာ အမွှမ်းတင် ချီးကျူးသွားပါတယ်။ ထိုပွဲစဉ်က မေနာရဲ့ ပရီးမီးယားလိဂ် ပွဲ ၅၀၀ မြောက် ဖြစ်ပြီး ထူးထူးခြားခြား ညာခြမ်းခံစစ်ကို ဆင်းပြီး တာဝန်ယူကစားက သူ့ရဲ့ နေရာစုံ အသုံးတည့်မှု သမ္ဘာကို ပြသွားပါတယ်။

“တကယ့် ဘောလုံးသမားကောင်းတစ်ယောက်ပဲ။ အသင်းကောင်းတွေ ထိပ်သီးကလပ်အသင်းတွေမှာ ကစားခဲ့ပြီး ဒီလို မှတ်တိုင်တစ်ခုဆီ သူရောက်ခဲ့ပြီ။ ခုထိလည်း သူက အသင်းမှာဆို ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမား ဖြစ်တယ်.. အဲ့လို ဖြစ်အောင်လည်း နေ့တိုင်း အားသွန်ခွန်စိုက် သူက လေ့ကျင့်နေခဲ့တာ။ သူ ဒီလို ဆက်သွားပြီး မှတ်တမ်းသစ်တွေ ထပ်ယူဦးမှာ သေချာပါတယ်။” လို့ ရော်ဘတ်ဆန်က လီဗာပူးအသင်း ဝက်ဘ်ဆိုဒ်က တဆင့် ပြောကြားသွားပါတယ်။

“သိပ်ကောင်းတဲ့ မှတ်တိုင်တစ်ခုပါပဲ ပွဲ ၅၀၀ ပြည့်ဆိုတာ။ ကျနော်တို့လို ကောင်လေးတွေ အိပ်မက် မက်နေရုံ ရှိသေးတဲ့ ခရီးကို သူ ရောက်ခဲ့ပြီ.. သိပ်အဆင့်မြင့်တဲ့ အသင်းတွေ နေရာတွေကနေ ဆုဖလားတွေ တလျောက်လုံး ယူခဲ့ရင်း ရောက်ရှိသွားတာပါ။ ဒိထက်လည်း အသင်းနဲ့ အတူ ဆက်ကစားဖို့ သူ မျှော်လင့်ထားပါတယ်.. ကျနော်တို့လဲ အတူပေါ့ မျှော်လင့်တယ်။”

“ဒီနေ့က သူ့အတွက်ပါပဲ။ အသင်း စွမ်းဆောင်ရည်ကော အနိုင်သုံးမှတ်ကော သူ့အတွက် ရည်ရွယ်တယ်.. ဒီနေ့က မေနာအတွက် အထူးနေ့လေ.. သူ့အတွက် သူ့မိသားစုနဲ့ မိတ်ဆွေတွေ အောင်ပွဲခံရမှာပါ.. ဒီတော့ သူ့ကို ဦးစားပေးကြတယ်။” လို့ ရော်ဘတ်ဆန်ကို အသင်းဖော် မေနာအပေါ် ချစ်ခင်လေးစားတဲ့ သူ့သဘောထားကို လှစ်ဟသွားပါတယ်။

ရော်ဘတ်ဆန်တင်မက တိုက်စစ်မှူး မိုဆာလက်ကလည်း ဘုန်းမောက်နဲ့ပွဲမှာ ဟက်ထရစ်သွင်း ခြေစွမ်းပြပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့ပေမယ့် လက်မခံဘဲ ငြင်းပယ်ခဲ့ပြီး အသင်းဖော် မေနာဆီ ပေးအပ်ခဲ့ပါတယ်။

Sports Home Time