ရီးရဲလ္မက္ဒရစ္နဲ႔ ၅ ႏွစ္ စာခ်ဳပ္ သေဘာတူညီမႈ ရရွိခဲ့ျပီဆိုတဲ့ သတင္းအား ဟာဇက္ တုန္႔ျပန္

ခ်ယ္ဆီးတိုက္စစ္သမား ဟာဇက္က သူနဲ႔ ရီးရဲလ္မက္ဒရစ္ၾကား 5 ႏွစ္စာခ်ဳပ္အတြက္ အၾကိဳသေဘာတူညီမႈ ရယူထားျပီလို႔ ထြက္ေပၚေနတဲ့ သတင္းေတြကို ကိုယ္တုိင္ပဲ ပယ္ခ်သြားပါတယ္။

လာမယ့္ ေဘာလံုးရာသီဆိုရင္ ဟာဇက္နဲ႔ ခ်ယ္ဆီးၾကား စာခ်ဳပ္က ကုန္ဆံုးေတာ့မွာပါ။ ဒီအပတ္ထဲမွာေတာ့ ရီးရဲလ္မန္ေနဂ်ာ ဇီဒန္းနဲ႔ တိုက္ရိုက္ စကားေျပာဆိုမႈေတြ ျပဳလုပ္ခဲ့အျပီး သူဟာ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းဖို႔ သေဘာတူညီမႈ ရယူထားျပီဆိုတဲ့ သတင္းေတြ ေပၚထြက္လာတယ္။

လက္ေရြးစင္တာဝန္ေၾကာင့္ ဘယ္ဂ်ီယံအသင္းကို ေရာက္ေနတဲ့ ဟာဇက္က အဆိုပါ သတင္းေတြကို ျပံဳးျပံဳးေလးနဲ႔ ျငင္းဆန္သြားပါတယ္။

ဟာဇက္က ” သတင္းေတြ ထြက္ေနသလို သေဘာတူညီမႈေတြ ရထားတာ မရွိေသးပါဘူး။ က်ေန္ာက မနက္ျဖန္မွာ ယွဥ္ျပိဳင္ရမယ့္ ဆုိက္ပရပ္စ္နဲ႔ပြဲကိုပဲ အာရံုစိုက္ေနပါတယ္။ က်ေန္ာ စဥ္းစားေနတာ အဲ့ပြဲအတြက္ပါပဲ ” လို႔ ေျဖဆိုပါတယ္။

ဒီလထဲမွာေတာ့ ရီးရဲလ္မက္ဒရစ္ဟာ ခ်ယ္ဆီးတိုက္စစ္သမား ဟာဇက္ကို ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူႏုိင္ဖုိ႔ အၾကိဳ ခ်ည္းကပ္မႈအျဖစ္ ေပါင္ သန္း 60 ပမာဏနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ျပီး လန္ဒန္ကလပ္ဘက္က ခ်က္ျခင္းပဲ ျငင္းပယ္ခဲ့ျခင္းကို ရင္ဆိုင္ခဲ့ရတယ္။ လန္ဒန္ကလပ္ဟာ ဟာဇက္အတြက္ ကမ္းလွမ္းလာမယ့္ ေျပာင္းေရႊ႔ေၾကးေတြကို အဆိုပါရဲ႕ ႏွစ္ဆေလာက္ထိ အလိုရွိေနတာပါ။

ဟာဇက္ဟာ ရာသီကုန္မွာ ခ်ယ္ဆီးနဲ႔ 12 လစာခ်ဳပ္ပဲ က်န္ရွိေတာ့မွာျဖစ္ျပီး ကလပ္အသင္းရဲ႕ သက္တမ္းတိုး စာခ်ဳပ္ကို သေဘာတူညီမႈ မရွိထားပါဘူး။ သူဟာ ခ်ယ္ဆီးက ေပးပို႔တဲ့ စာခ်ဳပ္သစ္ကို ျငင္းဆန္ထားပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔ ပိတ္ခံထားရလို႔ ဟာဇက္နဲ႔ ပက္သက္ျပီး ေျပာင္းေရႊ႔ေၾကးရတိုင္း ခပ္လြယ္လြယ္ ေရာင္းထုတ္ဖို႔ေတာ့ မရွိပါဘူး။

ရီးရဲလ္မက္ဒရစ္ဟာ ဟာဇက္ကို ေခၚယူဖို႔ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့ရင္ဆိုတဲ့ ခၽြင္းခ်က္အတြက္ ဝက္ဟမ္းမွ ဖီးလစ္ပ္ အန္ဒါဆန္ကို ေႏြရာသီ ကစားသမားေခၚယူမႈ စာရင္းထဲ စတင္ထည့္သြင္းလာပါျပီ။ မန္ေနဂ်ာဇီဒန္းရဲ႕ အသင္းဟာ အန္ဒါဆန္ကို ေခၚယူဖို႔ေတာ့ ေပါင္ 65 သန္း ဝန္းက်င္ အသံုးျပဳမွာျဖစ္တယ္။

Sports Home Time

[Unicode] ချယ်ဆီးတိုက်စစ်သမား ဟာဇက်က သူနဲ့ ရီးရဲလ်မက်ဒရစ်ကြား 5 နှစ်စာချုပ်အတွက် အကြိုသဘောတူညီမှု ရယူထားပြီလို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ကိုယ်တိုင်ပဲ ပယ်ချသွားပါတယ်။ လာမယ့် ဘောလုံးရာသီဆိုရင် ဟာဇက်နဲ့ ချယ်ဆီးကြား စာချုပ်က ကုန်ဆုံးတော့မှာပါ။ ဒီအပတ်ထဲမှာတော့ ရီးရဲလ်မန်နေဂျာ ဇီဒန်းနဲ့ တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့အပြီး သူဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ သဘောတူညီမှု ရယူထားပြီဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတယ်။

လက်ရွေးစင်တာဝန်ကြောင့် ဘယ်ဂျီယံအသင်းကို ရောက်နေတဲ့ ဟာဇက်က အဆိုပါ သတင်းတွေကို ပြုံးပြုံးလေးနဲ့ ငြင်းဆန်သွားပါတယ်။ ဟာဇက်က ” သတင်းတွေ ထွက်နေသလို သဘောတူညီမှုတွေ ရထားတာ မရှိသေးပါဘူး။ ကျနေ်ာက မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် ဆိုက်ပရပ်စ်နဲ့ပွဲကိုပဲ အာရုံစိုက်နေပါတယ်။ ကျနေ်ာ စဉ်းစားနေတာ အဲ့ပွဲအတွက်ပါပဲ ” လို့ ဖြေဆိုပါတယ်။

ဒီလထဲမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးတိုက်စစ်သမား ဟာဇက်ကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အကြို ချည်းကပ်မှုအဖြစ် ပေါင် သန်း 60 ပမာဏနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး လန်ဒန်ကလပ်ဘက်က ချက်ခြင်းပဲ ငြင်းပယ်ခဲ့ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ လန်ဒန်ကလပ်ဟာ ဟာဇက်အတွက် ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေးတွေကို အဆိုပါရဲ့ နှစ်ဆလောက်ထိ အလိုရှိနေတာပါ။

ဟာဇက်ဟာ ရာသီကုန်မှာ ချယ်ဆီးနဲ့ 12 လစာချုပ်ပဲ ကျန်ရှိတော့မှာဖြစ်ပြီး ကလပ်အသင်းရဲ့ သက်တမ်းတိုး စာချုပ်ကို သဘောတူညီမှု မရှိထားပါဘူး။ သူဟာ ချယ်ဆီးက ပေးပို့တဲ့ စာချုပ်သစ်ကို ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် ချယ်ဆီးဟာ အပြောင်းအရွှေ့ ပိတ်ခံထားရလို့ ဟာဇက်နဲ့ ပက်သက်ပြီး ပြောင်းရွှေ့ကြေးရတိုင်း ခပ်လွယ်လွယ် ရောင်းထုတ်ဖို့တော့ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင်ဆိုတဲ့ ချွင်းချက်အတွက် ဝက်ဟမ်းမှ ဖီးလစ်ပ် အန်ဒါဆန်ကို နွေရာသီ ကစားသမားခေါ်ယူမှု စာရင်းထဲ စတင်ထည့်သွင်းလာပါပြီ။ မန်နေဂျာဇီဒန်းရဲ့ အသင်းဟာ အန်ဒါဆန်ကို ခေါ်ယူဖို့တော့ ပေါင် 65 သန်း ဝန်းကျင် အသုံးပြုမှာဖြစ်တယ်။

Sports Home Time