အဂၤလန္လူငယ္ေတြအား ျပင္ပကို ထြက္ကစားၾကဖို႔ တိုက္တြန္းလိုက္တဲ့ ဆန္ခ်ိဳ

[Zawgyi] အဂၤလန္ၾကယ္ပြင့္ ဆန္ခ်ိဳက သူဟာ ဘရာဇီးစတား ေနမာကို ႏွစ္သက္သူတစ္ဦးျဖစ္ျပီး အဂၤလန္ကေန ထြက္ခြာဖို႔ ဆံုးျဖတ္လိုက္တာက အနာဂတ္ေကာင္းေတြ ရလာဖို႔အတြက္ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ခဲ့ေၾကာင္း ထုတ္ေျပာလာပါတယ္။

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းမွာ ေတာက္ပလာေနတဲ့ ဆန္ခ်ိဳဟာ ဥေရာပရဲ႕ အေကာင္းဆံုး လူငယ္ေတြထဲက တစ္ဦးအျဖစ္ ေတာက္ပလာသူပါ။ သူဟာ ေဒါ့မြန္အသင္းက ေရွာ္ေကးအသင္းကို 2-1 နဲ႔ အႏိုင္ရတဲ့ပြဲမွာလည္း သြင္းဂိုးတစ္ဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။ ဆန္ခ်ိဳကေတာ့ သူ႔ရဲ႕ကစားသမားဘဝ တိုးတက္မႈကို ဥပမာယူဖို႔ အျခားေသာ လူငယ္ကစားသမားေတြကို တိုက္တြန္းလိုက္ပါတယ္။

‘ လူငယ္ေတြအတြက္ က်ေနာ္က ဥပမာေကာင္းျဖစ္လာႏိုင္တယ္လို႔ ထင္တယ္။ ဟုတ္ျပီ က်ေနာ္က အခုမွ အသက္ 18 ႏွစ္ပဲရွိေသးတယ္။ ဒါေပမယ့္ အသက္အရြယ္ဆိုတာက နံပါတ္သပ္သပ္ပါ။ ကိုယ္က ေကာင္းတယ္ဆိုရင္ ဘာလို႔ ဥပမာေကာင္း မျဖစ္ႏိုင္ရမလဲ။ အထူးသျဖင့္ အဂၤလန္မွာက ကစားသမားေတြက အနည္းဆံုး အသက္ 22 ႏွစ္ မျပည့္တဲ့အခ်ိန္ထိ ထြက္ခြာလိုစိတ္မရွိပါဘူး။

လူတိုင္းကို က်ေနာ္ေျပာခ်င္ပါတယ္။ က်ေနာ္ရဲ႕ေနာက္ကိုလိုက္ဖို႔ မေၾကာက္ၾကပါနဲ႔ အဂၤလန္ျပင္ပကို ထြက္ကစားၾကပါ။ က်ေနာ္တို႔က ေဘာလံုးသမားျဖစ္ခ်င္ၾကသူေတြပါ။ ဒီေတာ့ အခြင့္အေရးေတြရလာရင္ ရယူႏိုင္ဖို႔လိုပါတယ္။ မဟုတ္ရင္ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ အခြင့္အေရးကို မရယူဘူးဆိုရင္ အေကာင္းဆံုးေတြ ရမွာမဟုတ္ပါဘူး ‘ လို႔ ဆန္ခ်ိဳက တိုက္တြန္းပါတယ္။

အထက္က ေျပာခဲ့တဲ့အတိုင္း ဆန္ခ်ိဳက သူ႔ရဲ႕စံျပအျဖစ္ေတာ့ ေနမာကို အထင္ၾကီးပါတယ္။ ေနမာဟာ ကစားသမားဘဝမွာ မယံုႏိုင္ေလာက္တဲ့ ေဝဖန္မႈေတြကို ပိုင္ဆိုင္ထားေပမယ့္ ကြင္းအတြင္းမွာေတာ့ တစ္ဦးခ်င္း အရည္အခ်င္းေကာင္းေတြကို ျပသထားႏုိင္သူလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳကပဲ ‘ က်ေနာ္ရဲ႕ အၾကိဳက္ဆံုးကစားသမားက ေနမာပါ။ သူက တကယ္ကို ျခားနားတဲ့ ကစားသမားပါ။ လူေတြက သူ႔အေပၚ ေဝဖန္ေပမယ့္ သူက ကစားသမားေကာင္းပါ။ သူ႔ဘာသာ အထင္ၾကီးျပီး အဲ့တာကိုလည္း က်ေနာ္ သေဘာက်ပါတယ္။ လူေတြက သူ႔လိုလုပ္ဖို႔ေတာ့ မေၾကာက္ပါဘူး။ ဒါေပမယ့္ သူလုပ္သလိုေတာ့ မလုပ္ႏိုင္ၾကဘူး ‘ လို႔ ေနမာကို ခ်ီးက်ဴးပါတယ္။

ဆန္ခ်ိဳဟာ ဂ်ာမနီေျမမွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ ေအာင္ျမင္မႈလမ္းေၾကာင္းကို စေဖာက္ေနပါျပီ။ ေရွာ္ေကးနဲ႔ ယွဥ္ျပိဳ္င္တဲ့ပြဲမွာ ေဒါ့မြန္ကို အႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ေနာက္ အမွတ္ေပးဇယားထိပ္ ေရာက္လာခဲ့ျပီျဖစ္တယ္။ ေဒါ့မြန္က ျပိဳင္ဘက္ ဘိုင္ယန္ျမဴနစ္ကို 9 မွတ္ထိ ျဖတ္ထားႏိုင္တာျဖစ္ပါတယ္။ ဆန္ခ်ိဳက ဆက္ျပီး တိုးတက္လာေနဆဲျဖစ္ျပီး ခံစစ္ပိုင္းမွာပါ ဒီထက္ပိုတိုးတက္လာရင္ေတာ့ သူဟာ အျမင့္ဆံုးအဆင့္ေတြကို ေရာက္မယ့္ ကစားသမားျဖစ္ဖို႔ ေသခ်ာေနပါျပီ။

Sports Home Time

[Unicode] အင်္ဂလန်ကြယ်ပွင့် ဆန်ချိုက သူဟာ ဘရာဇီးစတား နေမာကို နှစ်သက်သူတစ်ဦးဖြစ်ပြီး အင်္ဂလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာက အနာဂတ်ကောင်းတွေ ရလာဖို့အတွက် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှာ တောက်ပလာနေတဲ့ ဆန်ချိုဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်တွေထဲက တစ်ဦးအဖြစ် တောက်ပလာသူပါ။ သူဟာ ဒေါ့မွန်အသင်းက ရှော်ကေးအသင်းကို 2-1 နဲ့ အနိုင်ရတဲ့ပွဲမှာလည်း သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဆန်ချိုကတော့ သူ့ရဲ့ကစားသမားဘဝ တိုးတက်မှုကို ဥပမာယူဖို့ အခြားသော လူငယ်ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

‘ လူငယ်တွေအတွက် ကျနော်က ဥပမာကောင်းဖြစ်လာနိုင်တယ်လို့ ထင်တယ်။ ဟုတ်ပြီ ကျနော်က အခုမှ အသက် 18 နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် အသက်အရွယ်ဆိုတာက နံပါတ်သပ်သပ်ပါ။ ကိုယ်က ကောင်းတယ်ဆိုရင် ဘာလို့ ဥပမာကောင်း မဖြစ်နိုင်ရမလဲ။ အထူးသဖြင့် အင်္ဂလန်မှာက ကစားသမားတွေက အနည်းဆုံး အသက် 22 နှစ် မပြည့်တဲ့အချိန်ထိ ထွက်ခွာလိုစိတ်မရှိပါဘူး။

လူတိုင်းကို ကျနော်ပြောချင်ပါတယ်။ ကျနော်ရဲ့နောက်ကိုလိုက်ဖို့ မကြောက်ကြပါနဲ့ အင်္ဂလန်ပြင်ပကို ထွက်ကစားကြပါ။ ကျနော်တို့က ဘောလုံးသမားဖြစ်ချင်ကြသူတွေပါ။ ဒီတော့ အခွင့်အရေးတွေရလာရင် ရယူနိုင်ဖို့လိုပါတယ်။ မဟုတ်ရင် အောင်မြင်မှာ မဟုတ်ပါဘူး။ အခွင့်အရေးကို မရယူဘူးဆိုရင် အကောင်းဆုံးတွေ ရမှာမဟုတ်ပါဘူး ‘ လို့ ဆန်ချိုက တိုက်တွန်းပါတယ်။

အထက်က ပြောခဲ့တဲ့အတိုင်း ဆန်ချိုက သူ့ရဲ့စံပြအဖြစ်တော့ နေမာကို အထင်ကြီးပါတယ်။ နေမာဟာ ကစားသမားဘဝမှာ မယုံနိုင်လောက်တဲ့ ဝေဖန်မှုတွေကို ပိုင်ဆိုင်ထားပေမယ့် ကွင်းအတွင်းမှာတော့ တစ်ဦးချင်း အရည်အချင်းကောင်းတွေကို ပြသထားနိုင်သူလည်းဖြစ်ပါတယ်။

ဆန်ချိုကပဲ ‘ ကျနော်ရဲ့ အကြိုက်ဆုံးကစားသမားက နေမာပါ။ သူက တကယ်ကို ခြားနားတဲ့ ကစားသမားပါ။ လူတွေက သူ့အပေါ် ဝေဖန်ပေမယ့် သူက ကစားသမားကောင်းပါ။ သူ့ဘာသာ အထင်ကြီးပြီး အဲ့တာကိုလည်း ကျနော် သဘောကျပါတယ်။ လူတွေက သူ့လိုလုပ်ဖို့တော့ မကြောက်ပါဘူး။ ဒါပေမယ့် သူလုပ်သလိုတော့ မလုပ်နိုင်ကြဘူး ‘ လို့ နေမာကို ချီးကျူးပါတယ်။

ဆန်ချိုဟာ ဂျာမနီမြေမှာတော့ သူ့ရဲ့ကိုယ်ပိုင် အောင်မြင်မှုလမ်းကြောင်းကို စဖောက်နေပါပြီ။ ရှော်ကေးနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ဒေါ့မွန်ကို အနိုင်ရအောင် ကူညီပေးနိုင်ခဲ့တဲ့နောက် အမှတ်ပေးဇယားထိပ် ရောက်လာခဲ့ပြီဖြစ်တယ်။ ဒေါ့မွန်က ပြိုင်ဘက် ဘိုင်ယန်မြူနစ်ကို 9 မှတ်ထိ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။ ဆန်ချိုက ဆက်ပြီး တိုးတက်လာနေဆဲဖြစ်ပြီး ခံစစ်ပိုင်းမှာပါ ဒီထက်ပိုတိုးတက်လာရင်တော့ သူဟာ အမြင့်ဆုံးအဆင့်တွေကို ရောက်မယ့် ကစားသမားဖြစ်ဖို့ သေချာနေပါပြီ။

Sports Home Time