အမ္မရီရဲ႕ ေလ်ာ့ေစ်းနဲ႔ အစြံထုတ္လိုမႈမွာ အိုေဇးရဲ႕တန္ဖိုး က်ဆင္းလာ

[Zawgyi] ဟက္ဒါဖီးကို အမ္းမရိတ္မွာ 1-0 နဲ႔ အႏိုင္ယူခဲ့ျပီးေနာက္ ပြဲထြက္လူစာရင္းမွာ မပါဝင္ခဲ့တဲ့ အိုေဇးကို ဇန္နဝါရီမွာ ေရာင္းထုတ္ေတာ့မယ္ဆိုတဲ့ သတင္းေတြက ပိုမိုက်ယ္ျပန္႔လာေနပါတယ္။ အမ္မရီရဲ႕ လူစာရင္းမွာ ပါဝင္ဖို႔ ရုန္းကန္ေနရတဲ့ အိုေဇးဟာ လန္ဒန္ကလပ္မွာ မေပ်ာ္ပိုက္ေတာ့ဘူးလို႔လည္း သတင္းေတြ ထြက္ထားခဲ့တာပါ။

အာဆင္နယ္ဟာ အိုေဇးကို တစ္ပတ္လုပ္ခ ေပါင္ 350,000 ထိ ေပးေခ်ေနရတာျဖစ္ျပီး ကစားသမားကို ေခၚယူဖို႔က စီးရီးေအကလပ္ အင္တာမီလန္က ေရပန္းစားေနတာပါ။ ဂန္းနားတို႔ဘက္က ဂ်ာမနီကြင္းလယ္ဖန္တီးရွင္းကို ဇန္နဝါရီမွာပဲ ေပါင္ 25 သန္းနဲ႔ ေရာင္းထုတ္လိုေနတယ္လို႔ သိလာရတာျဖစ္တယ္။ အကယ္လို႔ အိုေဇးကို ေရာင္းထုတ္ခဲ့မယ္ဆိုရင္ အမ္မရီဟာ အသံုးစရိတ္ ရမွာျဖစ္သလို လုပ္ခလစာ အမ်ားအျပားကိုလည္း ေလ်ာခ်လိုက္ႏိုင္မွာျဖစ္ပါတယ္။

အသက္ 30 အရြယ္ ကစားသမားရဲ႕ ကိုယ္စားလွယ္ျဖစ္ျပီး သူ႔ရဲ႕ အကိုေတာ္တဲ့ Mutlu နဲ႔ စီးရီးေအကလပ္အသင္းၾကား ဒီအပတ္ထဲမွာပဲ ေဆြးေႏြးမႈေတြ စတင္လာခဲ့ပါတယ္။ ဂန္းနားတို႔ဘက္ကေတာ့ အသင္းေနာက္ဆံုး ယွဥ္ျပိဳင္ကစားထားတဲ့ 5 ပြဲမွာ အိုေဇး မပါဝင္ခဲ့တာက ေနာက္ေက်ာဒဏ္ရာေၾကာင့္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အမ္မရီကေတာ့ အိုေဇးနဲ႔ သူ႔ၾကားမွာ ဘာျပႆနာမွ မရွိပဲ ျငင္းဆန္ထားဆဲျဖစ္တယ္။ အမ္မရီလက္ထက္ 21 ပြဲေျမာက္ အရံွဴးမရွိ ရလဒ္ေကာင္းအျဖစ္ ဟက္ဒါဖီးကို အႏိုင္ယူတဲ့ပြဲမွာလည္း အိုေဇးကို မျမင္ေတြ႔ခဲ့ရပါဘူး။ ဒါေပမယ့္လို႔ အိုေဇးဟာ တြစ္တာလူမႈကြန္ယက္ကေနပဲ ‘ အႏိုင္သံုးမွတ္ရျပီး စံခ်ိန္ေကာင္းကို ဆက္ထိန္းႏိုင္ခဲ့တယ္။ အေကာင္းဆံုးလုပ္ႏိုင္ခဲ့တယ္ ဂန္းနားတို႔ေရ’ ဆိုျပီး ေဖာ္ျပသြားပါတယ္။

ရီးရဲမက္ဒရစ္ကြင္းလယ္လူေဟာင္းဟာ ဒီရက္ပိုင္း ထြက္ေပၚလာတဲ့ ႏိုက္ကလပ္မွာ nitrous oxide အသံုးျပဳခဲ့တဲ့ အာဆင္နယ္အသင္းသားေတြထဲ ပါဝင္သူတစ္ဦးပါ။ ရာသီမစတင္ခင္ 3 ရက္အလိုမွာ အဆိုပါကိစၥ ျဖစ္ပြားခဲ့တာျဖစ္ျပီး ကလပ္အသင္းကေတာ့ ကစားသမားေတြရဲ႕ အျပဳအမႈပိုင္းကို မႏွစ္သက္ခဲ့ပဲ ဒီအပတ္ေတြအတြင္း ကြင္းထဲက အိုေဇးရဲ႕ စြမ္းေဆာင္ရည္ကိုလည္း အားမရပါဘူး။

လာမယ့္ ေႏြမွာ ကြင္းလယ္လူျဖစ္တဲ့ ရမ္ေဆးကို လက္လြတ္ရမွာျဖစ္ျပီး အိုေဇးကိုပါ ေရာင္းထုတ္မယ္ဆိုရင္ အမ္မရီအေနနဲ႔ ကြင္းလယ္ပိုင္းကို အာရံုစိုက္ ျပင္ဆင္လာရမွာပါ။ ဂန္းနားပရိသတ္ေတြၾကားမွာေတာ့ ရမ္ေဆးကို သက္တမ္းတိုးစာခ်ဳပ္သစ္ ေပးပို႔ဖို႔ ေတာင္းဆိုမႈေတြရွိျပီး ေတာ္တင္ဟမ္နဲ႔ပြဲမွာ ရမ္ေဆးရဲ႕ စြမ္းေဆာင္ရည္နဲ႔ အျပဳအမႈဟာ ဂန္းနားစစ္စစ္တစ္ေယာက္ရဲ႕ ပံုစံကို ျမင္ေတြ႔ရတယ္လို႔ မွတ္ခ်က္ေကာင္း ရခဲ့ပါတယ္။

Sports Home Time

[Unicode] ဟက်ဒါဖီးကို အမ်းမရိတ်မှာ 1-0 နဲ့ အနိုင်ယူခဲ့ပြီးနောက် ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ အိုဇေးကို ဇန်နဝါရီမှာ ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေက ပိုမိုကျယ်ပြန့်လာနေပါတယ်။ အမ်မရီရဲ့ လူစာရင်းမှာ ပါဝင်ဖို့ ရုန်းကန်နေရတဲ့ အိုဇေးဟာ လန်ဒန်ကလပ်မှာ မပျော်ပိုက်တော့ဘူးလို့လည်း သတင်းတွေ ထွက်ထားခဲ့တာပါ။

အာဆင်နယ်ဟာ အိုဇေးကို တစ်ပတ်လုပ်ခ ပေါင် 350,000 ထိ ပေးချေနေရတာဖြစ်ပြီး ကစားသမားကို ခေါ်ယူဖို့က စီးရီးအေကလပ် အင်တာမီလန်က ရေပန်းစားနေတာပါ။ ဂန်းနားတို့ဘက်က ဂျာမနီကွင်းလယ်ဖန်တီးရှင်းကို ဇန်နဝါရီမှာပဲ ပေါင် 25 သန်းနဲ့ ရောင်းထုတ်လိုနေတယ်လို့ သိလာရတာဖြစ်တယ်။ အကယ်လို့ အိုဇေးကို ရောင်းထုတ်ခဲ့မယ်ဆိုရင် အမ်မရီဟာ အသုံးစရိတ် ရမှာဖြစ်သလို လုပ်ခလစာ အများအပြားကိုလည်း လျောချလိုက်နိုင်မှာဖြစ်ပါတယ်။

အသက် 30 အရွယ် ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး သူ့ရဲ့ အကိုတော်တဲ့ Mutlu နဲ့ စီးရီးအေကလပ်အသင်းကြား ဒီအပတ်ထဲမှာပဲ ဆွေးနွေးမှုတွေ စတင်လာခဲ့ပါတယ်။ ဂန်းနားတို့ဘက်ကတော့ အသင်းနောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ 5 ပွဲမှာ အိုဇေး မပါဝင်ခဲ့တာက နောက်ကျောဒဏ်ရာကြောင့်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမ်မရီကတော့ အိုဇေးနဲ့ သူ့ကြားမှာ ဘာပြဿနာမှ မရှိပဲ ငြင်းဆန်ထားဆဲဖြစ်တယ်။ အမ်မရီလက်ထက် 21 ပွဲမြောက် အရံှူးမရှိ ရလဒ်ကောင်းအဖြစ် ဟက်ဒါဖီးကို အနိုင်ယူတဲ့ပွဲမှာလည်း အိုဇေးကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့်လို့ အိုဇေးဟာ တွစ်တာလူမှုကွန်ယက်ကနေပဲ ‘ အနိုင်သုံးမှတ်ရပြီး စံချိန်ကောင်းကို ဆက်ထိန်းနိုင်ခဲ့တယ်။ အကောင်းဆုံးလုပ်နိုင်ခဲ့တယ် ဂန်းနားတို့ရေ’ ဆိုပြီး ဖော်ပြသွားပါတယ်။

ရီးရဲမက်ဒရစ်ကွင်းလယ်လူဟောင်းဟာ ဒီရက်ပိုင်း ထွက်ပေါ်လာတဲ့ နိုက်ကလပ်မှာ nitrous oxide အသုံးပြုခဲ့တဲ့ အာဆင်နယ်အသင်းသားတွေထဲ ပါဝင်သူတစ်ဦးပါ။ ရာသီမစတင်ခင် 3 ရက်အလိုမှာ အဆိုပါကိစ္စ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလပ်အသင်းကတော့ ကစားသမားတွေရဲ့ အပြုအမှုပိုင်းကို မနှစ်သက်ခဲ့ပဲ ဒီအပတ်တွေအတွင်း ကွင်းထဲက အိုဇေးရဲ့ စွမ်းဆောင်ရည်ကိုလည်း အားမရပါဘူး။

လာမယ့် နွေမှာ ကွင်းလယ်လူဖြစ်တဲ့ ရမ်ဆေးကို လက်လွတ်ရမှာဖြစ်ပြီး အိုဇေးကိုပါ ရောင်းထုတ်မယ်ဆိုရင် အမ်မရီအနေနဲ့ ကွင်းလယ်ပိုင်းကို အာရုံစိုက် ပြင်ဆင်လာရမှာပါ။ ဂန်းနားပရိသတ်တွေကြားမှာတော့ ရမ်ဆေးကို သက်တမ်းတိုးစာချုပ်သစ် ပေးပို့ဖို့ တောင်းဆိုမှုတွေရှိပြီး တော်တင်ဟမ်နဲ့ပွဲမှာ ရမ်ဆေးရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမှုဟာ ဂန်းနားစစ်စစ်တစ်ယောက်ရဲ့ ပုံစံကို မြင်တွေ့ရတယ်လို့ မှတ်ချက်ကောင်း ရခဲ့ပါတယ်။

Sports Home Time