[Zawgyi] ဖူလ္ဟမ္နဲ႔ပြဲမွာ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူ သြင္းဂိုး ျပန္ရခဲ့တဲ့ေနာက္ မန္ခ်က္စတာ တိုက္စစ္သမားဟာ ေၾကာင္ေပါက္လို ကစားေနမႈကို ရပ္တန္႔ဖို႔ အခ်ိန္က်ပါျပီလို႔ အားကစား ကေလာင္ရွင္ မာတင္ကီယြန္းက မွတ္ခ်က္ေပးပါတယ္။
ယူႏိုက္တက္က 4 ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ လူကာကူက တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာပါ။ ပြဲအျပီးမွာ ယူႏိုက္တက္က 4-1 နဲ႔ အႏိုင္ရခဲ့ျပီး အဆိုပါပြဲအတြက္ Match of the Day ပရိုဂရမ္မွာ ကီယြန္က မွတ္ခ်က္ေပးရာမွာ ေမာ္ရင္ညိဳရဲ႕ အဓိက စိန္ေခၚမႈက လူကာကူကို က်ားရိုင္းတစ္ေကာင္လို ကစားႏိုင္ေအာင္ အသြင္ေျပာင္းဖို႔ျဖစ္တယ္လို႔ ထုတ္ေျပာပါတယ္။
‘ လူကာကူဟာ ဒီရာသီမွာ မ်ားေသာအားျဖင့္ ေၾကာက္ေပါက္လို ကစားေနပါတယ္။ အကယ္လို သူသာ က်ားတစ္ေကာင္လို အားထုတ္ကစားမယ္ဆိုရင္ က်ေနာ္ သူနဲ႔ ရင္ဆိုင္ကစားခ်င္မွာ မဟုတ္ဘူး။ ဒါက ေမာ္ရင္ညိဳ လုပ္ရမွာပါ။ ဒါက စိန္ေခၚမႈပါ။ လူကာကူဟာ က်ားရိုင္းတစ္ေကာင္လို အပတ္တိုင္း ေဘာလံုးကစားႏိုင္ပါတယ္ ‘ လို႔ ကီယြန္က ေဝဖန္ခဲ့တာပါ။
လူကာကူဟာ မႏွစ္ကရာသီ ယူႏိုက္တက္အတြက္ လိဂ္ပြဲ 34 ပြဲမွာ 16 ဂိုး သြင္းယူႏိုင္ခဲ့ျပီး သြင္းဂိုးတစ္ဂိုးအတြက္ 179 မိနစ္ပဲ ၾကာျမင့္ခဲ့တာပါ။ ဒီရာသီစကတည္းက ျခားနားတဲ့ အေနအထားအျဖစ္ သြင္းဂိုးေတြမွာ ရုန္းကန္ေနရတဲ့ လူကာကူဟာ ပံုစံေကာင္းေတြ ေပ်ာက္ဆံုးေနျပီး ယူႏုိက္တက္ကေန ထြက္ခြာေတာ့မယ္လို႔ေတာင္ သတင္းၾကီးေတြ ထြက္လာေနသူလည္းျဖစ္ပါတယ္။
ဒါေပမယ့္ အာဆင္နယ္ပြဲမွာ အရန္ခံုမွာပဲ ထိုင္ေနခဲ့ရတဲ့ လူကာကူကို ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ ေမာ္ရင္ညိဳက တိုက္စစ္ကို ျပန္ဦးေဆာင္ေစခဲ့တယ္။ လူကာကူဟာ ပထမပိုင္းမွာ သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ပါတယ္။ ဒါဟာ 2018 မတ္လ 31 ရက္ေနာက္ပိုင္း အိမ္ကြင္းမွာ သြင္းဂိုး တစ္ဂိုးျပန္ရခဲ့တာပါ။ ရက္ေပါင္း 252 ရက္နဲ႔ ပြဲေပါင္း 14 ပြဲထိ ေစာင့္ခဲ့ရတဲ့ အိမ္ကြင္းသြင္းဂိုးေခါင္ေနမႈက အဆံုးသတ္သြားပါျပီ။
လာမယ့္အပတ္မွာေတာ့ ယူႏိုက္တက္ဟာ အန္ဖီးကြင္းထံသြားျပီး အမွတ္ေပးဇယားကို ဦးေဆာင္သူ လီဗာပူးနဲ႔ အေဝးကြင္းပြဲ သြားေရာက္ယွဥ္ျပိဳင္ရမွာပါ။ အဆိုပါပြဲမွာ ယူႏိုက္တက္တုိက္စစ္ကို လူကာကူကပဲ ဦးေဆာင္လာမယ္လို႔ ယံုၾကည္ထားရတယ္။ ဒါ့အျပင္ မာရွယ္နဲ႔ ရပ္ဖိုဒ့္တို႔ ပံုစံေကာင္းေတြ ျပန္ရလာတာကလည္း ေမာ္ရင္ညိဳအတြက္ သတင္းေကာင္းပဲျဖစ္တယ္။
2018-2019 ေဘာလံုးရာသီ ပရီးမီးယားလိဂ္ရံွဴးပြဲ မရွိေသးသလို အိမ္ကြင္းအားေကာင္းလွတဲ့ လီဗာပူးကို ရင္ဆိုင္ဖုိ႔ရာေတာ့ ေမာ္ရင္ညိဳအေနနဲ႔ က်ားရိုင္းလို တိုက္စစ္မွဴးေတြရွိရင္ေတာင္မွ အယ္လီဆန္နဲ႔ ဗန္ဒိုက္တို႔ရဲ႕ ခံစစ္ေၾကာင္းကို ခ်ိဳးဖ်က္ႏိုင္ဖုိ႔က ခက္ခဲမႈေတြ ရွိေနဦးမွာျဖစ္ပါတယ္။
Sports Home Time

[Unicode] ဖူလ်ဟမ်နဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး လူကာကူ သွင်းဂိုး ပြန်ရခဲ့တဲ့နောက် မန်ချက်စတာ တိုက်စစ်သမားဟာ ကြောင်ပေါက်လို ကစားနေမှုကို ရပ်တန့်ဖို့ အချိန်ကျပါပြီလို့ အားကစား ကလောင်ရှင် မာတင်ကီယွန်းက မှတ်ချက်ပေးပါတယ်။
ယူနိုက်တက်က 4 ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လူကာကူက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ ယူနိုက်တက်က 4-1 နဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲအတွက် Match of the Day ပရိုဂရမ်မှာ ကီယွန်က မှတ်ချက်ပေးရာမှာ မော်ရင်ညိုရဲ့ အဓိက စိန်ခေါ်မှုက လူကာကူကို ကျားရိုင်းတစ်ကောင်လို ကစားနိုင်အောင် အသွင်ပြောင်းဖို့ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။
‘ လူကာကူဟာ ဒီရာသီမှာ များသောအားဖြင့် ကြောက်ပေါက်လို ကစားနေပါတယ်။ အကယ်လို သူသာ ကျားတစ်ကောင်လို အားထုတ်ကစားမယ်ဆိုရင် ကျနော် သူနဲ့ ရင်ဆိုင်ကစားချင်မှာ မဟုတ်ဘူး။ ဒါက မော်ရင်ညို လုပ်ရမှာပါ။ ဒါက စိန်ခေါ်မှုပါ။ လူကာကူဟာ ကျားရိုင်းတစ်ကောင်လို အပတ်တိုင်း ဘောလုံးကစားနိုင်ပါတယ် ‘ လို့ ကီယွန်က ဝေဖန်ခဲ့တာပါ။
လူကာကူဟာ မနှစ်ကရာသီ ယူနိုက်တက်အတွက် လိဂ်ပွဲ 34 ပွဲမှာ 16 ဂိုး သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးအတွက် 179 မိနစ်ပဲ ကြာမြင့်ခဲ့တာပါ။ ဒီရာသီစကတည်းက ခြားနားတဲ့ အနေအထားအဖြစ် သွင်းဂိုးတွေမှာ ရုန်းကန်နေရတဲ့ လူကာကူဟာ ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီး ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့တောင် သတင်းကြီးတွေ ထွက်လာနေသူလည်းဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ပွဲမှာ အရန်ခုံမှာပဲ ထိုင်နေခဲ့ရတဲ့ လူကာကူကို ဖူလ်ဟမ်နဲ့ပွဲမှာတော့ မော်ရင်ညိုက တိုက်စစ်ကို ပြန်ဦးဆောင်စေခဲ့တယ်။ လူကာကူဟာ ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒါဟာ 2018 မတ်လ 31 ရက်နောက်ပိုင်း အိမ်ကွင်းမှာ သွင်းဂိုး တစ်ဂိုးပြန်ရခဲ့တာပါ။ ရက်ပေါင်း 252 ရက်နဲ့ ပွဲပေါင်း 14 ပွဲထိ စောင့်ခဲ့ရတဲ့ အိမ်ကွင်းသွင်းဂိုးခေါင်နေမှုက အဆုံးသတ်သွားပါပြီ။
လာမယ့်အပတ်မှာတော့ ယူနိုက်တက်ဟာ အန်ဖီးကွင်းထံသွားပြီး အမှတ်ပေးဇယားကို ဦးဆောင်သူ လီဗာပူးနဲ့ အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အဆိုပါပွဲမှာ ယူနိုက်တက်တိုက်စစ်ကို လူကာကူကပဲ ဦးဆောင်လာမယ်လို့ ယုံကြည်ထားရတယ်။ ဒါ့အပြင် မာရှယ်နဲ့ ရပ်ဖိုဒ့်တို့ ပုံစံကောင်းတွေ ပြန်ရလာတာကလည်း မော်ရင်ညိုအတွက် သတင်းကောင်းပဲဖြစ်တယ်။
2018-2019 ဘောလုံးရာသီ ပရီးမီးယားလိဂ်ရံှူးပွဲ မရှိသေးသလို အိမ်ကွင်းအားကောင်းလှတဲ့ လီဗာပူးကို ရင်ဆိုင်ဖို့ရာတော့ မော်ရင်ညိုအနေနဲ့ ကျားရိုင်းလို တိုက်စစ်မှူးတွေရှိရင်တောင်မှ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ရဲ့ ခံစစ်ကြောင်းကို ချိုးဖျက်နိုင်ဖို့က ခက်ခဲမှုတွေ ရှိနေဦးမှာဖြစ်ပါတယ်။
Sports Home Time
