ဝင်ဘာလေမှာ ချက်နဲ့ ယှဉ်ပြိုင်ပြီး အင်္ဂလန်အသင်း ဘယ်လောက်ကောင်းကောင်း ကစားခဲ့လဲ

ဝင်ဘာလေမှာ ချက်နဲ့ ယှဉ်ပြိုင်ပြီး အင်္ဂလန်အသင်းက 5-0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တယ်။ စတာလင် hat-trick ရခဲ့ပြီး ကိန်းရဲ့ ပင်နယ်တီဂိုး၊ ချက်ဘက်က ကိုယ်ဂိုးကို တစ်ကြိမ် သွင်းယူမှုတွေနဲ့အတူ ဂိုးပြတ်ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်တယ်။

ယူရို 2020 ခြေစစ်ပွဲဖြစ်တဲ့ အဆိုပါပွဲမှာ အင်္ဂလန်အသင်း ဘယ်လောက်ကောင်းကောင်း ကစားခဲ့လဲဆိုတာအတွက် The Times သတင်းက ဖော်ပြတဲ့ အမှတ်ပေးမှုဖြစ်ပါတယ်။

Formation: 4-3-3

JORDAN PICKFORD – 6
EVERTON, AGE 25, CAPS 16

ချက်ဘက်က ထိုးဖောက်မှုကို အကြိမ်နည်းနည်း ကာကွယ်ရတာကလွဲလို့ ဖိအား သိပ်မရှိခဲ့ဘူး။ Pavelka ရဲ့ ထိုးဖောက်မှုကို ဟန့်တားဖို့ကတော့ နေရာမှန်မှာ ရှိခဲ့ပါတယ်။ မွန်တီနီဂရိုးပွဲမှာလည်း ပွဲထွက်ခွင့် ရမှာပါ။

KYLE WALKER – 7
MANCHESTER CITY, AGE 28, CAPS 45

အင်္ဂလန်ရဲ့ ညာခြမ်းမှာ အတက်အဆင်း ကောင်းကောင်း ကစားပြနိုင်ခဲ့တယ်။ ဝေါ်ကာဟာ ညာခြမ်းအတွက် ထရစ်ပီယာ၊ ထရန့်၊ အာရွန်တို့နဲ့ ပြိုင်ဆိုင်နေရတာဖြစ်တယ်။ ခံစစ်အတွက် ပြဿနာတွေ အနည်းငယ် ရှိခဲ့ပေမယ့် တိုက်စစ်အတွက် ကောင်းမွန်တဲ့ ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

HARRY MAGUIRE – 6
LEICESTER CITY, AGE 26, CAPS 17

ချက်ဘက်က မက်ဂွဲရားကို အားနည်းချက်လို့ ယုံကြည်ခဲ့ပြီး အာရုံစိုက် ထိုးဖောက်မှု လုပ်ခဲ့တယ်။ စတုန်းနဲ့ ဂိုးမက်စ်တို့ မပါဝင်နိုင်ချိန်မှာ မက်ဂွဲရားဟာ ဖိအားတွေကို ကိုင်တွယ်နိုင်ပေမယ့် ခံစစ်ကနေ ဘောလုံးထုတ်နိုင်ဖို့ အခက်တွေ့ခဲ့တယ်။ အဝေးဘောတွေ ဘောလုံးပေးမှုတွေနဲ့ အသင်းကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။

MICHAEL KEANE – 6
EVERTON, AGE 26, CAPS 6

ကိန်းနဲ့ မက်ဂွဲရား ခံစစ်အတွဲဟာ ပြီးခဲ့တဲ့ 5 ပွဲအတွင်း ဆောက်ဂိတ်ရဲ့ မတူညီတဲ့ 5 တွဲမြောက် ခံစစ်အတွဲဖြစ်တယ်။ အဲဗာတန်ခံစစ်မှူးဟာ မက်ဂွဲရားနဲ့ ပူးပေါင်းပြီး ချက်ရဲ့ ထိုးဖောက်မှုကို အကန့်အသတ် ဖြစ်စေခဲ့တယ်။

BEN CHILWELL – 6
LEICESTER CITY, AGE 22, CAPS 6

ကျစ်လစ်တဲ့ ခံစစ်ကစားဟန်ကို ပြသနိုင်ခဲ့တဲ့ ချီဝဲလ်ဟာ ဘောလုံးလုယူမှု၊ ဟန့်တားမှုတွေမှာ ကောင်းသလို သူ့ရဲ့တောင်ပံမှာ စတာလင်ရှိတာက သက်သာရရခဲ့ပါတယ်။ ဒါပေမယ့်လို့ အင်္ဂလန်ဘယ်ခြမ်းကို အပိုင်စားယူဖို့ဆိုရင် သူအနေနဲ့ ပိုကောင်းထဲ ကစားဟန်နဲ့ ပွဲအပေါ် ပံ့ပိုးမှုတွေ လုပ်ပြနိုင်ရပါမယ်။

JORDAN HENDERSON – 7
LIVERPOOL, AGE 28, CAPS 49

အင်္ဂလန် ကျောနံပါတ် 8 ဟာ ပွဲစ၊ ပွဲဆုံး ပါဝင်သွားခဲ့ပြီး ဒိုင်ယာ ဒဏ်ရာရခဲ့လို့ အင်္ဂလန်ရဲ့ ကွင်းလယ်ခံစစ်ကို တာဝန်ယူခဲ့တယ်။ တိုက်စစ်ကို ဘောလုံးပေးမှုနဲ့ ဘာကလေနဲ့ ကစားကွက်တည်ဆောက်မှုတွေမှာ ကောင်းမွန်မှုတွေ မြင်ခဲ့ရတယ်။ သူပါဝင်တဲ့ ကွင်းလယ်ဟာ တောင်ပံတွေအတွက်ကော တိုက်စစ်အတွက်ပါ ဘောလုံးထောက်ပံ့နိုင်စွမ်း ကောင်းခဲ့ပါတယ်။ မွန်တီနီဂရိုးနဲ့ပွဲမှာ ပါဝင်ခွင့်ရရင်တော့ အင်္ဂလန်ကစားသမားဘဝ ပွဲ 50 ပြည့်သွားမှာဖြစ်တယ်။

ERIC DIER
TOTTENHAM HOTSPUR, AGE 25, CAPS 39

အစောပိုင်းမှာ ကံမကောင်းစွာနဲ့ အဝါကဒ်ပြခံရမှာကို ရှောင်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အစောပိုင်းမှာတင် ဘာကလေနဲ့ လူစားလဲခဲ့ရပါတယ်။

DELE ALLI – 6
TOTTENHAM HOTSPUR, AGE 22, CAPS 34

ဒုတိယပိုင်းမှာ လူစားလဲခံရပြီး 2016 ခုနှစ် အောက်တိုဘာမှာ ဆောက်ဂိတ် တာဝန်ယူကတည်းက သွင်းဂိုး 1 ဂိုးပဲ သွင်းနိုင်ပါတယ်။ ကွင်းလယ် သုံးယောက်တန်းမှာ ဘယ်ခြမ်းနေရာက တာဝန်ယူပြီး စပါးမှာ သူကစားနေရတဲ့ နေရာထက် အတွင်းကို ပိုဆင်းကစားခဲ့ရတာပါ။ ကလပ်အသင်းမှာ ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်တဲ့ အလီဟာ လက်ရွေးစင်မှာ ပွဲထွက်ရတဲ့ နေရာကနေ အသားမကျခဲ့ပါဘူး။

JADON SANCHO – 7
BORUSSIA DORTMUND, AGE 18, CAPS 4

အင်္ဂလန် ဆယ်ကျော်သက်လေးဟာ ပွဲအစတုန်းကတော့ ပုံမှန်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် စတာလင် ဂိုးရဖို့ ဟယ်ရီကိန်းရဲ့ ထူးချွန်တဲ့ ပေးမှုကို ကောင်းမွန်တဲ့ ဖြတ်တင်ဘောအဖြစ် အသွင်ပြောင်းပေးနိုင်ခဲ့တယ်။ ဆန်ချိုဟာ ဟယ်ရီကိန်းရဲ့ ပံ့ပိုးပေးမှုကနေ ဂိုးရဖို့ ထပ်မံ နီးစပ်ခဲ့ပေမယ့် ချက်ခံစစ်သမားက ဟန့်တားသွားနိုင်ခဲ့တယ်။

HARRY KANE – 8
TOTTENHAM HOTSPUR, AGE 25, CAPS 36

အားကောင်းတဲ့ ကန်ချက်တွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး စတာလင်ရဲ့ အဖွင့်ဂိုးအတွက် ဆန်ချိုကို ထူးချွန်တဲ့ ပေးမှု လုပ်နိုင်ခဲ့တယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ ဘောလုံးအမြင်ဟာ အသင်းကို စုစည်းနိုင်မှုမှာ အားကောင်းခဲ့တယ်။ ကမ္ဘာဖလားကတည်းကစပြီး အင်္ဂလန်အသင်းမှာ တိုက်စစ်အတွက် ပါဝင်မှု အမြင့်ဆုံး တိုက်စစ်သမားလည်း ဖြစ်ပါတယ်။

RAHEEM STERLING – 9
MANCHESTER CITY, AGE 24, CAPS 48

အင်္ဂလန်ရဲ့ Hat-trick ရှင်ဟာ ထူးချွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ အဆုံးသတ်ပိုင်းမှာ သူ့ရဲ့ တိုးတက်လာမှုကို ပြသခဲ့တယ်။ ကိန်း ပင်နယ်တီရဖို့ ချက်ခံစစ်သမားတွေကို ဖောက်ထွက်ပြမှုက သူဟာ ဘယ်လို ကစားသမား ဖြစ်လာသလဲဆိုတာရဲ့ သက်သေပြပါတယ်။ တိုက်စစ်သမားကို လူကပ်ကစားရသူတွေအတွက် အိပ်မက်ဆိုး ဖြစ်ခဲ့ပါတယ်။

Total 74

England substitutes
Ross Barkley Chelsea (for Dier, 17min) 7

ပွဲအစောမှာတင် ဒိုင်ယာနေရာ အစားဝင်လာခဲ့ပြီး အင်္ဂလန်ရဲ့ ထိုးဖောက်မှုတွေအတွက် အားကောင်းတဲ့ ပြေးနှုန်း၊ ပေးမှုတွေနဲ့ ကူညီခဲ့တယ်။

Declan Rice West Ham United (for Alli, 63) 6

အင်္ဂလန်အတွက် ပထမဆုံး ပါဝင်ကစားရတဲ့ ဝက်ဟမ်း ကွင်းလယ်လူဟာ 25 မိနစ်လောက်မှာ ဘောလုံးပေးမှု 25 ကြိမ် လုပ်ခဲ့ပြီး ပေးပို့မှု 93% တိကျခဲ့ပါတယ်။

Callum Hudson-Odoi Chelsea (for Sterling, 70) 6

စတာလင်နေရာမှာ အစားဝင်ပြီး အင်္ဂလန် စီနီယာကစားသမားဘဝ စတင်ခဲ့ရတဲ့ အိုဒွိုင်းဟာ သွင်းဂိုးတစ်ဂိုး မရယူနိုင်ပေမယ့် သူ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ချက်ခံစစ်က ကိုယ်ဂိုးကို ပြန်သွင်းမိခဲ့တယ်။

Czech Republic (4-2-3-1): J Pavlenka 6 — P Kaderabek 5, O Celustka 5, T Kalas 5, F Novak 5 — T Soucek 6, D Pavelka 5 — T Gebre Selassie 5, V Darida 5 (sub: L Masopust 67, 5), J Jankto 5 (sub: M Vydra 46, 5) — P Schick 5 (sub: M Skoda 82).

Referee A Dias (Portugal).

Sports Home Time