မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ နွစ္ဦးလံုး ထင္တိုင္း မေပါက္ခဲ့တဲ့ နုိင္ငံအသင္း ပြဲစဥ္မ်ား

[Zawgyi] ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႕ လီယြန္နယ္ မက္ဆီတို႔ နွစ္ဦးလံုး ဒီတစ္ပတ္ နုိင္ငံလက္ေရြးစင္အသင္း ကိုယ္စီနဲ႕ ျပန္ ပါ၀င္ကစားခဲ့ၾကေသာ္လည္း ေသာၾကာေန႔ညက ပြဲစဥ္မ်ားမွာ ထင္တုိင္း မေပါက္ခဲ့ၾကဘဲ နွစ္သင္းလံုး နုိင္ပြဲမရ၊ နွစ္ေယာက္လံုး ဂိုးမသြင္းနုိင္ ျဖစ္ခဲ့ၾကပါတယ္။ မက္ဆီကေတာ့ ပိုအထိနာတဲ့အေနနဲ႕ ဒဏ္ရာပါ ရသြားခဲ့တာပါ။

ထိပ္သီး အေက်ာ္အေမာ္ နွစ္ဦးလံုးက ကမၻာ့ဖလားက စိတ္ပ်က္ပြဲ ရွံဳးပြဲေတြ အျပီး နုိင္ငံအသင္းေတြရဲ႕ ေနာက္ဆံုး ၆ ပြဲလံုး မပါ၀င္ဘဲ ရွိခဲ့တာလည္း တူပါတယ္။ ဒီတပတ္မွာေတာ့ ေရာ္နယ္ဒိုက ေပၚတူဂီနဲ႕ ယူရိုေျခစစ္ပြဲစဥ္ေတြ ျပန္ ကစားျပီး မက္ဆီကလည္း အာဂ်င္တီးနားနဲ႕ ေျခစမ္းပြဲေတြ ကစားဖို႔ လာခဲ့ၾကတာပါ။

ေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီလက္ေရြးစင္အသင္းဟာ သူတို႔ ယူရိုေျခစစ္ပြဲ အုပ္စု အဖြင့္ပြဲစဥ္မွာ ယူကရိန္းကို ဂိုးမရွိ သေရက်သြားခဲ့ပါတယ္။ ယူကရိန္း ဂိုးသမား Andriy Pyatov ရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္ ဂ်ဴဗင္တပ္စတား ေရာ္နယ္ဒို ဂိုးေပါက္ မေတြ႔ခဲ့ပါဘူး။ တဖက္မွာလည္း လာလီဂါၾကယ္ပြင့္ မက္ဆီက ပို စိတ္ပ်က္ဖြယ္ ညတစ္ည ပိုင္ဆိုင္ခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ဗင္နီဇြဲလားကို ၃ဂိုး ၁ ဂိုးနဲ႕ ရွံဳးနိမ့္သြားတဲ့ အျပင္ မက္ဆီလည္း ေပါင္ျခံ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္ ကလပ္အသင္းထံ ေစာေစာစီးစီး ျပန္သြားရဖြယ္ ရွိပါတယ္။

ဒဏ္ရာရသြားတာေၾကာင့္ မက္ဆီဟာ အဂၤါေန႔ မိုရိုကိုနဲ႕ ေျခစမ္းပြဲကိုလည္း လြဲေခ်ာ္ေတာ့မွာပါ။ ဒဏ္ရာက ေနရာေဟာင္းကို ျပန္သြားဆြမိရံုလို႔သာ သိရျပီး နာက်င္မႈ ရွိေနေပမယ့္ ျပင္းထန္ပံုေတာ့ မရေၾကာင္း သိရပါတယ္။ မက္ဆီရဲ႕ ကလပ္အသင္း ဘာစီလိုနာက ခ်န္ပီယံလိဂ္မွာ မန္ခ်က္စတာယူနိုက္တက္နဲ႕ ေတြ႔ဆံုေနျပီး ေနာက္လထဲမွာ ကစားရမွာ ျဖစ္လို႔ သူတို႔ ၾကယ္ပြင့္ကစာသမား ျပင္းထန္တဲ့ ထိခိုက္မႈျဖစ္မွာ စိုးရိမ္မႈေတြေတာ့ ရွိေနပါတယ္။

Sports Home Time

[Unicode] ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးလုံး ဒီတစ်ပတ် နိုင်ငံလက်ရွေးစင်အသင်း ကိုယ်စီနဲ့ ပြန် ပါဝင်ကစားခဲ့ကြသော်လည်း သောကြာနေ့ညက ပွဲစဉ်များမှာ ထင်တိုင်း မပေါက်ခဲ့ကြဘဲ နှစ်သင်းလုံး နိုင်ပွဲမရ၊ နှစ်ယောက်လုံး ဂိုးမသွင်းနိုင် ဖြစ်ခဲ့ကြပါတယ်။ မက်ဆီကတော့ ပိုအထိနာတဲ့အနေနဲ့ ဒဏ်ရာပါ ရသွားခဲ့တာပါ။

ထိပ်သီး အကျော်အမော် နှစ်ဦးလုံးက ကမ္ဘာ့ဖလားက စိတ်ပျက်ပွဲ ရှုံးပွဲတွေ အပြီး နိုင်ငံအသင်းတွေရဲ့ နောက်ဆုံး ၆ ပွဲလုံး မပါဝင်ဘဲ ရှိခဲ့တာလည်း တူပါတယ်။ ဒီတပတ်မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီနဲ့ ယူရိုခြေစစ်ပွဲစဉ်တွေ ပြန် ကစားပြီး မက်ဆီကလည်း အာဂျင်တီးနားနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ လာခဲ့ကြတာပါ။

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ သူတို့ ယူရိုခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲစဉ်မှာ ယူကရိန်းကို ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ ယူကရိန်း ဂိုးသမား Andriy Pyatov ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂျူဗင်တပ်စတား ရော်နယ်ဒို ဂိုးပေါက် မတွေ့ခဲ့ပါဘူး။ တဖက်မှာလည်း လာလီဂါကြယ်ပွင့် မက်ဆီက ပို စိတ်ပျက်ဖွယ် ညတစ်ည ပိုင်ဆိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားကို ၃ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့ အပြင် မက်ဆီလည်း ပေါင်ခြံ ဒဏ်ရာ ရသွားခဲ့တာကြောင့် ကလပ်အသင်းထံ စောစောစီးစီး ပြန်သွားရဖွယ် ရှိပါတယ်။

ဒဏ်ရာရသွားတာကြောင့် မက်ဆီဟာ အင်္ဂါနေ့ မိုရိုကိုနဲ့ ခြေစမ်းပွဲကိုလည်း လွဲချော်တော့မှာပါ။ ဒဏ်ရာက နေရာဟောင်းကို ပြန်သွားဆွမိရုံလို့သာ သိရပြီး နာကျင်မှု ရှိနေပေမယ့် ပြင်းထန်ပုံတော့ မရကြောင်း သိရပါတယ်။ မက်ဆီရဲ့ ကလပ်အသင်း ဘာစီလိုနာက ချန်ပီယံလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး နောက်လထဲမှာ ကစားရမှာ ဖြစ်လို့ သူတို့ ကြယ်ပွင့်ကစာသမား ပြင်းထန်တဲ့ ထိခိုက်မှုဖြစ်မှာ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။

Sports Home Time