အဂၤလန္ရဲ႕ ေတာက္ပတဲ့ အနာဂတ္ေတြ ျဖစ္လာတဲ့ စတားလင္း၊ ဆန္္ခ်ိဳ၊ အိုဒြိဳင္း

[Zawgyi] အဂၤလန္ကေတာ့ ၂၀၂၀ ယူရို ေျခစစ္ပြဲ အုပ္စုပြဲစဥ္ကိုေတာ့ ေသာၾကာည ခ်က္ကို ၅ဂိုးျပတ္ နုိင္တဲ့ပြဲနဲ႕ လွပစြာ စတင္လိုက္ပါတယ္။ စတားလင္းရဲ႕ ထူူးျခားေျပာင္ေျမာက္တဲ့ ပံုစံေကာင္းေတြက ဆက္လက္ ျပသေနဆဲျဖစ္ျပီး သူ႔ရဲ႕ ဟက္ထရစ္ဂိုး၊ ကိန္းရဲ႕ပင္နယ္တီဂိုးနဲ႕ တိုမတ္စ္ကလပ္ရဲ႕ Own Goal ေတြနဲ႕ အဂၤလန္ ဂိုးျပတ္ နို္င္ပြဲရသြားခဲ့တာပါ။

ေဒါ့မြန္စတား ဆန္ခ်ိဳကလည္း အဂၤလန္နဲ႕ ပြဲထြက္ခြင့္ရတဲ့ အခိုက္မွာ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ျပဳလုပ္သြားခဲ့တယ္။ ခ်ယ္ဆီးလူငယ္တိုက္စစ္ အိုဒြိဳင္းကလည္း အဂၤလန္ လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုးပါ၀င္ ကစားခြင့္ ရခဲ့ျပီး ဒုတိယပိုင္းမွ စတားလင္းနဲ႕ လူစားလဲ ၀င္ကစားခဲ့တာပါ။

အိုဒြိဳင္းရဲ႕ တြန္းတြန္းတိုက္တိုက္ ကစားဟန္၊ အလိမ္အေခါက္ေတြနဲ႕ ဂိုးကန္ခ်က္ေတြက ပြဲျပီးခါနီးမွာ သတိျပဳမိေလာက္ဖြယ္ ရွိခဲ့ျပီး သူ႔ရဲ႕ အားထုတ္မႈကပဲ တိုမတ္စ္ကလပ္ ကိုယ့္ဂိုးကိုယ္ သြင္းတဲ့ တစ္လံံုး ရခဲ့တာပါ။ ဒီပြဲစဥ္က အဂၤလန္အတြက္ ျပီးျပည့္စံုတဲ့ နုိင္ပြဲ ျဖစ္ျပီး ၀င္ဘာေလမွာ ေရႊေရာင္မ်ိဳးဆက္ အဂၤလန္လူငယ္ေတြ ေတာက္ပခဲ့တဲ့ ညပဲ ျဖစ္ပါတယ္။

အခုဆို အဂၤလန္ရဲ႕ လက္နက္ေတြက ေၾကာက္မက္ဖြယ္ ျဖစ္ေနပါျပီ။ တကယ္လုိ႕ အဂၤလန္သာ လူငယ္ေတြရဲ႕ အေကာင္းဆံုး စြမ္းရည္ေတြ ခြန္အားေတြကို ထုတ္ယူနုိင္ခဲ့ရင္ ဒီျပိဳင္ပြဲ ေအာင္ျမင္မႈက အဂၤလန္လက္ထဲ ေရာက္လာနုိင္ပါတယ္။ ဆန္ခ်ိဳကလည္း နိုင္ငံအသင္းအတြက္ ပြဲထြက္ခြင့္ရတဲ့ အခိုက္မွာ ပရိသတ္ေတြကုိ စိတ္မပ်က္ေစခဲ့ပါဘူး။ ေဒါ့မြန္ ေတာင္ပံကစားသမားဟာ ကမၻာ့အေကာင္းဆံုး ကစားသမားေတြထဲ တခ်ိန္ ပါ၀င္လာဖို႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။

ဆန္ခ်ိဳက စတားလင္းအတြက္ ပထမဂိုးဂို စတင္ဖန္တီးေပးခဲ့ျပီး ၆ကိုက္စည္းထဲကေန လွလွပပ ေဘာလံုးကို ျဖတ္တင္ေပးလုိက္တာကို စီးတီးၾကယ္ပြင့္က ျပည့္စံုစြာ အဆံုးသတ္ေပးခဲ့တာပါ။ အဂၤလန္ရဲ႕ ပထမဂိုးက ေဆာက္ဂိတ္တာ၀န္ယူျပီးေနာက္ အဂၤလန္ဟာ နည္းစနစ္ပိုင္း ဘယ္ေလာက္ ေၾကညက္စြာ တိုးတက္လာျပီလဲ ျမင္သာေစခဲ့ပါတယ္။

ကိန္း၊ စတားလင္း၊ ဆန္ခ်ိဳ တိုက္စစ္အတြဲက ဂါရတ္ေဆာက္ဂိတ္ရဲ႕ အဂၤလန္တိုက္စစ္အတြက္ ျပီးျပည့္စံုတဲ့ အတြဲအဖက္ ျဖစ္လာေနပါတယ္။ ျပီးခဲ့တဲ့ နွစ္ႏွစ္အတြင္း အဂၤလိပ္ေဘာလံုးမွာ ၄-၃-၃ ပံုစံ အေတြ႔မ်ားလာျပီး လက္ေရြးစင္အသင္းအတြက္ ကြက္တိက်တဲ့ ကစားကြက္လည္း ျဖစ္လာပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်ကတော့ ၂၀၂၀ ယူရို ခြေစစ်ပွဲ အုပ်စုပွဲစဉ်ကိုတော့ သောကြာည ချက်ကို ၅ဂိုးပြတ် နိုင်တဲ့ပွဲနဲ့ လှပစွာ စတင်လိုက်ပါတယ်။ စတားလင်းရဲ့ ထူူးခြားပြောင်မြောက်တဲ့ ပုံစံကောင်းတွေက ဆက်လက် ပြသနေဆဲဖြစ်ပြီး သူ့ရဲ့ ဟက်ထရစ်ဂိုး၊ ကိန်းရဲ့ပင်နယ်တီဂိုးနဲ့ တိုမတ်စ်ကလပ်ရဲ့ Own Goal တွေနဲ့ အင်္ဂလန် ဂိုးပြတ် နိုင်ပွဲရသွားခဲ့တာပါ။

ဒေါ့မွန်စတား ဆန်ချိုကလည်း အင်္ဂလန်နဲ့ ပွဲထွက်ခွင့်ရတဲ့ အခိုက်မှာ ဂိုးထောက်ပံ့မှု တစ်ကြိမ်ပြုလုပ်သွားခဲ့တယ်။ ချယ်ဆီးလူငယ်တိုက်စစ် အိုဒွိုင်းကလည်း အင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးပါဝင် ကစားခွင့် ရခဲ့ပြီး ဒုတိယပိုင်းမှ စတားလင်းနဲ့ လူစားလဲ ဝင်ကစားခဲ့တာပါ။

အိုဒွိုင်းရဲ့ တွန်းတွန်းတိုက်တိုက် ကစားဟန်၊ အလိမ်အခေါက်တွေနဲ့ ဂိုးကန်ချက်တွေက ပွဲပြီးခါနီးမှာ သတိပြုမိလောက်ဖွယ် ရှိခဲ့ပြီး သူ့ရဲ့ အားထုတ်မှုကပဲ တိုမတ်စ်ကလပ် ကိုယ့်ဂိုးကိုယ် သွင်းတဲ့ တစ်လံုံး ရခဲ့တာပါ။ ဒီပွဲစဉ်က အင်္ဂလန်အတွက် ပြီးပြည့်စုံတဲ့ နိုင်ပွဲ ဖြစ်ပြီး ဝင်ဘာလေမှာ ရွှေရောင်မျိုးဆက် အင်္ဂလန်လူငယ်တွေ တောက်ပခဲ့တဲ့ ညပဲ ဖြစ်ပါတယ်။

အခုဆို အင်္ဂလန်ရဲ့ လက်နက်တွေက ကြောက်မက်ဖွယ် ဖြစ်နေပါပြီ။ တကယ်လို့ အင်္ဂလန်သာ လူငယ်တွေရဲ့ အကောင်းဆုံး စွမ်းရည်တွေ ခွန်အားတွေကို ထုတ်ယူနိုင်ခဲ့ရင် ဒီပြိုင်ပွဲ အောင်မြင်မှုက အင်္ဂလန်လက်ထဲ ရောက်လာနိုင်ပါတယ်။ ဆန်ချိုကလည်း နိုင်ငံအသင်းအတွက် ပွဲထွက်ခွင့်ရတဲ့ အခိုက်မှာ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ ဒေါ့မွန် တောင်ပံကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ တချိန် ပါဝင်လာဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

ဆန်ချိုက စတားလင်းအတွက် ပထမဂိုးဂို စတင်ဖန်တီးပေးခဲ့ပြီး ၆ကိုက်စည်းထဲကနေ လှလှပပ ဘောလုံးကို ဖြတ်တင်ပေးလိုက်တာကို စီးတီးကြယ်ပွင့်က ပြည့်စုံစွာ အဆုံးသတ်ပေးခဲ့တာပါ။ အင်္ဂလန်ရဲ့ ပထမဂိုးက ဆောက်ဂိတ်တာဝန်ယူပြီးနောက် အင်္ဂလန်ဟာ နည်းစနစ်ပိုင်း ဘယ်လောက် ကြေညက်စွာ တိုးတက်လာပြီလဲ မြင်သာစေခဲ့ပါတယ်။

ကိန်း၊ စတားလင်း၊ ဆန်ချို တိုက်စစ်အတွဲက ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်တိုက်စစ်အတွက် ပြီးပြည့်စုံတဲ့ အတွဲအဖက် ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အင်္ဂလိပ်ဘောလုံးမှာ ၄-၃-၃ ပုံစံ အတွေ့များလာပြီး လက်ရွေးစင်အသင်းအတွက် ကွက်တိကျတဲ့ ကစားကွက်လည်း ဖြစ်လာပါတယ်။

Sports Home Time