အိုးလ်ထရက်ဖို့ဒ်ကို တိုဘီအယ်ဒါဝီရယ် ရောက်မလာခြင်း အကြောင်းရင်း

[Zawgyi] ယူနိုက်တက်ဟာ ပြီးခဲတဲ့ နွေရာသီမှာ ဗဟိုခံစစ်တစ်ယောက် ခေါ်ယူဖို့ပျက်ကွက်ခဲ့တာကြောင့် နည်းပြ ဟိုဆေးမော်ရင်ညို ကို အတော်လေး စိတ်ပျက်စေခဲ့ပါတယ်။ မော်ရင်ညိုက ဗဟိုခံစစ်မှူး တစ်ဦးကို ခေါ်ယူပြီး အသင်းရဲ့ ခံစစ်ကြောင်းအတွက် အဆင့်မြှင့်တင်ဖို့ ဦးစားပေးဆောင်ရွက်ခဲ့ပေမယ့်လဲ ကလပ်ဘက်က သူအလိုရှိတဲ့ ကစားသမားကို ခေါ်ယူမပေးနိုင်ခဲ့တာပါ။






Sports Home Time

[Unicode] ယူနိုက်တက်ဟာ ပြီးခဲတဲ့ နွေရာသီမှာ ဗဟိုခံစစ်တစ်ယောက် ခေါ်ယူဖို့ပျက်ကွက်ခဲ့တာကြောင့် နည်းပြ ဟိုဆေးမော်ရင်ညို ကို အတော်လေး စိတ်ပျက်စေခဲ့ပါတယ်။ မော်ရင်ညိုက ဗဟိုခံစစ်မှူး တစ်ဦးကို ခေါ်ယူပြီး အသင်းရဲ့ ခံစစ်ကြောင်းအတွက် အဆင့်မြှင့်တင်ဖို့ ဦးစားပေးဆောင်ရွက်ခဲ့ပေမယ့်လဲ ကလပ်ဘက်က သူအလိုရှိတဲ့ ကစားသမားကို ခေါ်ယူမပေးနိူင်ခဲ့တာပါ။

ဒီယေဂို ဂိုဒင်၊ ဟယ်ရီမက်ဂွဲရား၊ ရာရီ မီနာ နဲ့ တိုဘီအယ်ဒါဝီရယ် တို့ကို အိုးလ်ထရက်ဖို့ဒ် ထံခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီနည်းပြကြီးဟာ တစ်ယောက်ကိုမှ မခေါ်ယူနိုင်ခဲ့ပါဘူး။ ဘယ်လ်ဂျီယမ် စတား အယ်ဒါဝီရယ်က မြောက်လန်ဒန်အသင်းကနေ ဘာကြောင့် မပြောင်းခဲ့လဲဆိုတာ အခုသိရပါပြီ။ အကြောင်းကတော့ ယူနိုက်တက်ဘက် ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

“မြက်ခင်းစိမ်းရဲ့နောက်ကွယ်” အစီအစဉ် ရဲ့ ယခုနောက်ဆုံးအပိုင်းမှာ အစီအစဉ် တင်ဆက်သူ ဖီးလ်ဘရောင်းက နွေရာသီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

” အယ်ဒါဝီရယ်ကို ခေါ်ယူဖို့ ယူနိုက်တက်က ပေါင်သန်း ၃၀ နဲ့ကမ်းလှမ်းပါတယ်။ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့ပဲ ယူနိုက်တက်ဘက်က ” ဟင့်အင်း။ နောက်ရာသီမှ မင်းဆီပြန်လာခဲ့မယ်” ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကို ကျနော် နားမလည်ပါဘူး။ တကယ်လို့ အဒ်ဝုဒ်ဝဒ်က ” အယ်ဒါဝီရယ်က ပိုကောင်းပေမယ့် ကျနော်တို့ ခရစ်စမောလင်းကိုပဲ အသင်းမှာ ဆက်ထိန်းထားပြီး အယ်ဒါဝီရယ်ကို စာချုပ်မချုပ်တော့ဘူးလို့ ပြောတယ်ဆိုရင် ယူနိုက်တက်ရဲ့ ကစားသမား ရှာဖွေရေး ကင်းထောက် ၅၆ ယောက်က ဘာလုပ်ဖို့လဲ ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

အယ်ဒါဝီရယ်ရဲ့ လက်ရှိစာချုပ်ဟာ နွေရာသီမှာ သက်တမ်းကုန်မှာပါ။ ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအနေနဲ့ ဒီစာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်း တိုးလို့ရပါတယ်။ ဒါပေမယ့်လဲ စပါးတို့အနေနနဲ့ နောက်တရာသီ သူ့ကိုအသင်းမှာ ဆက်ထိန်းထားဖို့ ရွေးချယ်သင့်တဲ့ စာချုပ်မှာ ဘယ်လ်ဂျီယမ်သားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၂၅ သန်း ဆိုတာကို ထည့်သွင်းထားတာနဲ့အတူ အပြောင်းအရွှေ့ ဇာတ်လမ်းက အဆုံးသတ်ဦးမှာ မဟုတ်ပါဘူး။

ဒီရာသီ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြေကို ဘွတ်ကီဒိုင်အချို့က 750-1 လောက်သာ ခန့်မှန်းထားခဲ့တာကို တွေ့ရပါတယ်။ ခံစစ်ကြောင်းက ယိမ်းယိုင်နေပြီး တိုက်စစ်ကလဲ မကြာမကြာ ရုန်းကန်နေရတာတွေဟာ အနည်းငယ်တော့ အံ့သြစရာကောင်းပါတယ်။

Sports Home Time