ပြဲထြက္လူစာရင္းမွာ ေပါ့ဘာကို ျပန္သုံးမယ့္ အခ်ိန္ ေမာ္ရင္ညိဳ ေျပာၾကား

[Zawgyi] မန္ခ်က္စတာ ယူႏိုက္တက္ မန္ေနဂ်ာ ဟိုေဆးေမာ္ရင္ညိဳက ေပါလ္ေပါ့ဘာအေနနဲ႔ အသင္းမွာ ေနရာျပန္မရခင္ အသင္းသားေတြရဲ႕ စိတ္ဓာတ္ကို ၾကည့္ရမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ျပင္သစ္ႏိူင္ငံသား ေပါ့ဘာဟာ အာဆင္နယ္နဲ႔ပြဲမွာ အရန္ခုံကေန လူစားလဲ ပါဝင္ကစားခြင့္ ရခဲ့ကာ ေလးရက္အၾကာ အိုးလ္ထရက္ဖို႔ဒ္မွာ ဖူလ္ဟမ္ကို 4-1နဲ႔ ႏိူင္ခဲ့တဲ့ပြဲမွာေတာ့ အသုံးမျပဳတဲ့ အရန္လူသာ ျဖစ္ခဲ့ရပါတယ္။

အမွတ္ေပးဇယား ေအာက္ေျခက ဖူလ္ဟမ္အသင္းကို ဂိုးျပတ္ျဖဳတ္ခဲ့တဲ့ သူ႔အသင္းကို ၾကည့္ရႈၿပီးေနာက္ ဟိုေဆးေမာ္ရင္ညိဳက – “ကစားသမားေတြဟာ အသင္းမွာ စည္းလုံးညီၫြတ္မႈ ရွိတဲ့အခါ လူတိုင္းက အျမင့္ဆုံး ေပးဆပ္ကစားၾကတယ္။ ကိုယ္က ပိုၿပီး ေကာင္းေအာင္လုပ္ရမယ္ ဆိုတာကို ျပသခဲ့တယ္” လို႔ ဆိုပါတယ္။

ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေပါ့ဘာဟာ ေနာက္ဆုံးေလးပြဲရဲ႕ သုံးပြဲ ခ်န္ထားခံခဲ့ရၿပီး သူ႔ေနရာကို ျပန္ရဦးမလားလို႔ ေမးျမန္းရာမွာ ဟိုေဆးေမာ္ရင္ညိဳ က “အခု အသင္း ကစားေနသလိုမ်ိဴး စိတ္ဓာတ္နဲ႔ သူကစားဖို႔လိုပါတယ္။ ေပါလ္ဟာ ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ႏိူင္ပါတယ္။ အနာဂတ္မွာ အရမ္းေကာင္းတဲ့ ကစားသမားျဖစ္ဖို႔ အလားအလာရွိတယ္။ ဗုဒၶဟူးေန႔ ဗလန္စီယာ နဲ႔ ခ်န္ပီယံလိဂ္ မွာ သူ ပြဲထြက္ကစားမွာပါ။ သူ ဘယ္ေလာက္ေတာ္ဆိုတာ ျပသမွာျဖစ္ၿပီး အရမ္းေကာင္းတဲ့ ကစားပြဲ ျဖစ္လာမွာပါ.” လို႔ ေျပာပါတယ္။

ေပါ့ဘာကို အရန္ခုံမွာ ထိုင္ေစၿပီး နီမန္ဂ်ာ မာတစ္ နဲ႔ အန္ဒါဟာရဲရားတို႔ ပါဝင္တဲ့ ကြင္းလယ္ပိုင္းကို ေမာ္ရင္ညိဳက ယုံၾကည္မႈ ထားေနတာ ျဖစ္ပါတယ္။ အဆိုပါပြဲရဲ႕ ပထမပိုင္းမွာ အက္ရွ္ေလယန္း၊ ဟြမ္မာတာ၊ ႐ိုမီလူ လူကာကူတို႔ရဲ႕ ဂိုးေတြနဲ႔ ယူႏိုက္တက္ တို႔ ဦးေဆာင္ထားၿပီး ပြဲၿပီးဆုံးဖို႔ ၈မိနစ္အလိုမွာ မားကပ္ရက္ရွ္ဖို႔ဒ္က စတုတၳေျမာက္ ဂိုးကို သြင္းယူေပးခဲ့တာပါ။ ေနာက္ဆုံးငါးမိနစ္မွာ ေမာ္ရင္ညိဳက ကြင္းလယ္ တစ္ေယာက္ ကို ထည့္သြင္းေစခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီ့လူက ေပါလ္ေပါ့ဘာ မဟုတ္ပဲ စေကာ့မက္တိုမီေနးပါ။

“တခါတရံမွာ အသင္းဟာ ေနရာယူမႈ အေနအထား ေကာင္းမြန္ၿပီး ဖိကစားဖို႔ အဆင္သင့္ ျဖစ္ေနတတ္ပါတယ္။ မာတစ္နဲ႔ ဟာရဲရားတို႔ ႏွစ္ေယာက္ဟာ တကယ္ကို ႀကံ့ခိုင္တဲ့စိတ္ဓာတ္ရွိတယ္လို႔ က်ေနာ္ထင္တယ္။ ဒါက အျမင့္ဆုံးအဆင့္နဲ႔ ကစားဖို႔ သူတို႔ ကစားတဲ့ နည္းလမ္းပါပဲ။ ၿပီးေတာ့ သူတို႔ေရွ႕က လူေတြကလဲ ေကာင္းၾကပါတယ္။ ပထမပိုင္းက ေနရာတိုင္းမွာ ေကာင္းခဲ့ၾကပါတယ္။ ”

“အာဆင္နယ္နဲ႔ပြဲမွာ မာတစ္၊ ဟာရဲရားတို႔ ေျပးတာက ပုံမွန္ပဲ. ေကာင္းတယ္။ ဒီေန႔မွာပဲ အရွိန္နည္းနည္း ေလ်ာ့ေနသလားလို႔.. ဘာပဲ ျဖစ္ျဖစ္ ေကာင္းမြန္တဲ့ရလဒ္နဲ႔ ကစားပုံရွိၿပီး တစ္ေယာက္ခ်င္းစီကလဲ ေတာ္ၾကပါတယ္ “လို႔ ေမာ္ရင္ညိဳ က ေျပာခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဟိုဆေးမော်ရင်ညိုက ပေါလ်ပေါ့ဘာအနေနဲ့ အသင်းမှာ နေရာပြန်မရခင် အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ကြည့်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြင်သစ်နိူင်ငံသား ပေါ့ဘာဟာ အာဆင်နယ်နဲ့ပွဲမှာ အရန်ခုံကနေ လူစားလဲ ပါဝင်ကစားခွင့် ရခဲ့ကာ လေးရက်အကြာ အိုးလ်ထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို 4-1နဲ့ နိူင်ခဲ့တဲ့ပွဲမှာတော့ အသုံးမပြုတဲ့ အရန်လူသာ ဖြစ်ခဲ့ရပါတယ်။

အမှတ်ပေးဇယား အောက်ခြေက ဖူလ်ဟမ်အသင်းကို ဂိုးပြတ်ဖြုတ်ခဲ့တဲ့ သူ့အသင်းကို ကြည့်ရှုပြီးနောက် ဟိုဆေးမော်ရင်ညိုက – “ကစားသမားတွေဟာ အသင်းမှာ စည်းလုံးညီညွတ်မှု ရှိတဲ့အခါ လူတိုင်းက အမြင့်ဆုံး ပေးဆပ်ကစားကြတယ်။ ကိုယ်က ပိုပြီး ကောင်းအောင်လုပ်ရမယ် ဆိုတာကို ပြသခဲ့တယ်” လို့ ဆိုပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပေါ့ဘာဟာ နောက်ဆုံးလေးပွဲရဲ့ သုံးပွဲ ချန်ထားခံခဲ့ရပြီး သူ့နေရာကို ပြန်ရဦးမလားလို့ မေးမြန်းရာမှာ ဟိုဆေးမော်ရင်ညို က “အခု အသင်း ကစားနေသလိုမျိူး စိတ်ဓာတ်နဲ့ သူကစားဖို့လိုပါတယ်။ ပေါလ်ဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်နိူင်ပါတယ်။ အနာဂတ်မှာ အရမ်းကောင်းတဲ့ ကစားသမားဖြစ်ဖို့ အလားအလာရှိတယ်။ ဗုဒ္ဓဟူးနေ့ ဗလန်စီယာ နဲ့ ချန်ပီယံလိဂ် မှာ သူ ပွဲထွက်ကစားမှာပါ။ သူ ဘယ်လောက်တော်ဆိုတာ ပြသမှာဖြစ်ပြီး အရမ်းကောင်းတဲ့ ကစားပွဲ ဖြစ်လာမှာပါ.” လို့ ပြောပါတယ်။

ပေါ့ဘာကို အရန်ခုံမှာ ထိုင်စေပြီး နီမန်ဂျာ မာတစ် နဲ့ အန်ဒါဟာရဲရားတို့ ပါဝင်တဲ့ ကွင်းလယ်ပိုင်းကို မော်ရင်ညိုက ယုံကြည်မှု ထားနေတာ ဖြစ်ပါတယ်။ အဆိုပါပွဲရဲ့ ပထမပိုင်းမှာ အက်ရှ်လေယန်း၊ ဟွမ်မာတာ၊ ရိုမီလူ လူကာကူတို့ရဲ့ ဂိုးတွေနဲ့ ယူနိုက်တက် တို့ ဦးဆောင်ထားပြီး ပွဲပြီးဆုံးဖို့ ၈မိနစ်အလိုမှာ မားကပ်ရက်ရှ်ဖို့ဒ်က စတုတ္ထမြောက် ဂိုးကို သွင်းယူပေးခဲ့တာပါ။ နောက်ဆုံးငါးမိနစ်မှာ မော်ရင်ညိုက ကွင်းလယ် တစ်ယောက် ကို ထည့်သွင်းစေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လူက ပေါလ်ပေါ့ဘာ မဟုတ်ပဲ စကော့မက်တိုမီနေးပါ။

“တခါတရံမှာ အသင်းဟာ နေရာယူမှု အနေအထား ကောင်းမွန်ပြီး ဖိကစားဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ မာတစ်နဲ့ ဟာရဲရားတို့ နှစ်ယောက်ဟာ တကယ်ကို ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါက အမြင့်ဆုံးအဆင့်နဲ့ ကစားဖို့ သူတို့ ကစားတဲ့ နည်းလမ်းပါပဲ။ ပြီးတော့ သူတို့ရှေ့က လူတွေကလဲ ကောင်းကြပါတယ်။ ပထမပိုင်းက နေရာတိုင်းမှာ ကောင်းခဲ့ကြပါတယ်။ ”

“အာဆင်နယ်နဲ့ပွဲမှာ မာတစ်၊ ဟာရဲရားတို့ ပြေးတာက ပုံမှန်ပဲ. ကောင်းတယ်။ ဒီနေ့မှာပဲ အရှိန်နည်းနည်း လျော့နေသလားလို့.. ဘာပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ရလဒ်နဲ့ ကစားပုံရှိပြီး တစ်ယောက်ချင်းစီကလဲ တော်ကြပါတယ် “လို့ မော်ရင်ညို က ပြောခဲ့တာဖြစ်ပါတယ်။

Sports Home Time