စပါးရဲ႕ အိမ္ကြင္းသစ္မွာ ပထမဆံုး ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ လက္မွတ္ခ ေစ်းသက္မွတ္

[Zawgyi] စပါးအသင္းဟာ ၄င္းတို႔ရဲ႕ အိမ္ကြင္းသစ္မွာ ပထမဆံုး ယွဥ္ျပိဳင္ရမယ့္ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ လက္မွတ္ႏႈန္းထားကို တရားဝင္ ထုတ္ျပန္လုိက္ပါျပီ။ မန္စီးတီးပရိသတ္ေတြဟာ အဂၤလန္ျမိဳ႕ေတာ္ကို သြားေရာက္အားေပးရမယ့္ အေဝးကြင္းလက္မွတ္အတြက္ ေပါင္ 60 က်သင့္မွာ ျဖစ္ပါတယ္။

မန္စီးတီးေပးရမယ့္ အေဝးကြင္းလက္မွတ္ ေစ်းႏႈန္းဟာ ဒီရာသီ ပံုမွန္ေပးေနရတဲ့ ပရီးမီးယားလိဂ္ ေစ်းႏႈန္းရဲ႕ ႏွစ္ဆျဖစ္တယ္။ ခ်န္ပီယံလိဂ္ အေ၀းကြင္း ပရိသတ္ေတြအတြက္ ပြဲလက္မွတ္ေတြဟာ ပရီးမီးယားလိဂ္လို ပံုေသ သတ္မွတ္ထားျခင္း မရွိဘဲ အိမ္ကြင္းစိတ္တိုင္းက် အေျပာင္းအလဲ လုပ္နုိင္တာမ်ိဳး ျဖစ္ပါတယ္။

မန္စီးတီးဟာ ဧပရာ္လ 9 ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ စပါးနဲ႔ ခ်န္ပီယံလိဂ္ပြဲအတြက္ လက္မွတ္ေစာင္ေရ 3,003 ရရွိပါမယ္။ အသက္ 65 ႏွစ္အထက္နဲ႔ အသက္ 18 ႏွစ္ေအာက္ ပရိသတ္ေတြက ေပါင္ 30 ႏႈန္း၊ အရြယ္ေရာက္ျပီးသား ပရိသတ္ေတြက ေပါင္ 60 ႏႈန္း ေပးေခ်ရမွာပါ။

စပါးအိမ္ကြင္း အဖြင့္ပြဲကို ပထမဆံုး တက္ေရာက္အားေပးခြင့္ရမယ့္ အေဝးကြင္းပရိသတ္ေတြကေတာ့ ပဲေလစ့္ ပရိသတ္ေတြျဖစ္ျပီး ေပါင္ 30 ပဲ က်သင့္မွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ပြဲေတြအား တိုက္ရိုက္ထုတ္လႊင့္ခြင့္ ပိုင္ဆုိင္ထားတဲ့ ရုပ္သံလိုင္း ႏွစ္လိုင္းဟာ စပါးရဲ႕ကြင္းဖြင့္ပြဲကို တိုက္ရိုက္ျပသမွာ မဟုတ္လို႔ စပါးနဲ႔ပြဲကို ရုပ္သံကေန ၾကည့္ရဖို႔ မရွိေတာ့ပါဘူး။

ေနာက္ထပ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ ဘာစီလိုနာအသင္းဟာ ေနာက္လထဲ နူးကမ့္ကို လာကစားမယ့္ ယူနိုက္တက္နဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္အတြက္ အေ၀းကြင္းလက္မွတ္ေစ်းႏႈန္းကို 102 ေပါင္ လို႔ သတ္မွတ္ထားျပီး ဒါဟာ ယူနိုက္တက္သမိုင္းနဲ႕ခ်ီျပီး ဥေရာပပြဲစဥ္ေတြမွာ ေစ်းအၾကီးဆံုး လက္မွတ္ ျဖစ္လာပါတယ္။

ယူနိုက္တက္ဘက္ကေတာ့ ဘာစီလိုနာအသင္း အိုးထရက္ဖို႔ဒ္ကို လာကန္တဲ့ပြဲအတြက္ အေ၀းကြင္းလက္မွတ္ကို ဘာစီလိုနာ သတ္မွတ္တဲ့ အေ၀းကြင္းလက္မွတ္ေစ်းနႈန္းနဲ႕ အတူ သတ္မွတ္သြားမယ္လို႔ အတည္ျပဳထားပါတယ္။ ေစ်းပိုတင္ထားတဲ့ ပမာဏကို အေ၀းကြင္းလိုက္ပါ အားေပးမယ့္ ပရိသတ္ေတြထံ ေငြျပန္အမ္းေပးဖို႔ပါ ယူနိုက္တက္က စီစဥ္ထားတာပါ။

မန္ခ်က္စတာယူနို္က္တက္ အသင္း ပရိသတ္ေတြဟာ စပိန္မွာ ကန္မယ့္ ပြဲအတြက္ လက္မွတ္ခြဲတမ္း 4,610 ရရွိထားပါတယ္။

Sports Home Time

[Unicode] စပါးအသင်းဟာ ၎င်းတို့ရဲ့ အိမ်ကွင်းသစ်မှာ ပထမဆုံး ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လက်မှတ်နှုန်းထားကို တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ မန်စီးတီးပရိသတ်တွေဟာ အင်္ဂလန်မြို့တော်ကို သွားရောက်အားပေးရမယ့် အဝေးကွင်းလက်မှတ်အတွက် ပေါင် 60 ကျသင့်မှာ ဖြစ်ပါတယ်။

မန်စီးတီးပေးရမယ့် အဝေးကွင်းလက်မှတ် ဈေးနှုန်းဟာ ဒီရာသီ ပုံမှန်ပေးနေရတဲ့ ပရီးမီးယားလိဂ် ဈေးနှုန်းရဲ့ နှစ်ဆဖြစ်တယ်။ ချန်ပီယံလိဂ် အဝေးကွင်း ပရိသတ်တွေအတွက် ပွဲလက်မှတ်တွေဟာ ပရီးမီးယားလိဂ်လို ပုံသေ သတ်မှတ်ထားခြင်း မရှိဘဲ အိမ်ကွင်းစိတ်တိုင်းကျ အပြောင်းအလဲ လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။

မန်စီးတီးဟာ ဧပရာ်လ 9 ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် စပါးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လက်မှတ်စောင်ရေ 3,003 ရရှိပါမယ်။ အသက် 65 နှစ်အထက်နဲ့ အသက် 18 နှစ်အောက် ပရိသတ်တွေက ပေါင် 30 နှုန်း၊ အရွယ်ရောက်ပြီးသား ပရိသတ်တွေက ပေါင် 60 နှုန်း ပေးချေရမှာပါ။

စပါးအိမ်ကွင်း အဖွင့်ပွဲကို ပထမဆုံး တက်ရောက်အားပေးခွင့်ရမယ့် အဝေးကွင်းပရိသတ်တွေကတော့ ပဲလေစ့် ပရိသတ်တွေဖြစ်ပြီး ပေါင် 30 ပဲ ကျသင့်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေအား တိုက်ရိုက်ထုတ်လွှင့်ခွင့် ပိုင်ဆိုင်ထားတဲ့ ရုပ်သံလိုင်း နှစ်လိုင်းဟာ စပါးရဲ့ကွင်းဖွင့်ပွဲကို တိုက်ရိုက်ပြသမှာ မဟုတ်လို့ စပါးနဲ့ပွဲကို ရုပ်သံကနေ ကြည့်ရဖို့ မရှိတော့ပါဘူး။

နောက်ထပ် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဘာစီလိုနာအသင်းဟာ နောက်လထဲ နူးကမ့်ကို လာကစားမယ့် ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် အဝေးကွင်းလက်မှတ်ဈေးနှုန်းကို 102 ပေါင် လို့ သတ်မှတ်ထားပြီး ဒါဟာ ယူနိုက်တက်သမိုင်းနဲ့ချီပြီး ဥရောပပွဲစဉ်တွေမှာ ဈေးအကြီးဆုံး လက်မှတ် ဖြစ်လာပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဘာစီလိုနာအသင်း အိုးထရက်ဖို့ဒ်ကို လာကန်တဲ့ပွဲအတွက် အဝေးကွင်းလက်မှတ်ကို ဘာစီလိုနာ သတ်မှတ်တဲ့ အဝေးကွင်းလက်မှတ်ဈေးနှုန်းနဲ့ အတူ သတ်မှတ်သွားမယ်လို့ အတည်ပြုထားပါတယ်။ ဈေးပိုတင်ထားတဲ့ ပမာဏကို အဝေးကွင်းလိုက်ပါ အားပေးမယ့် ပရိသတ်တွေထံ ငွေပြန်အမ်းပေးဖို့ပါ ယူနိုက်တက်က စီစဉ်ထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်တွေဟာ စပိန်မှာ ကန်မယ့် ပွဲအတွက် လက်မှတ်ခွဲတမ်း 4,610 ရရှိထားပါတယ်။

Sports Home Time