ခ်ယ္ဆီးကို ရွံဳးတာက သင္ခန္းစာေကာင္းပဲလို႔ ဂြာဒီယိုလာ ေျပာ

[Zawgyi] မန္စီးတီးအသင္းရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္ ရွံဳးပြဲဟာ သင္ခန္းစာေကာင္း ျဖစ္ခဲ့တယ္လို႔ မန္ေနဂ်ာ ပက္ ဂြာဒီယိုလာက ေျပာၾကားလိုက္ျပီး အသင္းသားေတြ အေနနဲ႕ ခ်န္ပီယံဆုကို ကာကြယ္နုိင္ဖို႔ ဆိုရင္ အရွံဳးကေန ျပန္လာနိုင္ဖို႔ လိုအပ္ေၾကာင္း သတိေပးလိုက္ပါတယ္။ မန္စီးတီးအသင္းက ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆက္ထိန္းဖို႔ အျပင္ ခ်န္ပီယံလိဂ္မွာပါ ေအာင္ျမင္မႈရဖို႔ ပစ္မွတ္ထားေနတာပါ။

ခ်ယ္ဆီးအသင္းက ဒီရာသီ ပရီးမီးယားလိဂ္မွာ ရွံဳးပြဲ မရွိေသးတဲ့ မန္စီးတီးကို ကန္ေတ၊ လူး၀စ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႕ နွစ္ဂိုးျပတ္ အနုိင္ရခဲ့ပါတယ္။ စီးတီးကေတာ့ ဒီပြဲရွံဳးသြားတဲ့အတြက္ အမွတ္ေပးဇယား ဦးေဆာင္သူေနရာမွ ဆင္းေပးလိုက္ရျပီး လီဗာပူးအသင္းေနာက္ ဒုတိယေနရာ ေရာက္သြားပါတယ္။

“ဒုတိယပိုင္း အစ ၁၀ မိနစ္ေလာက္ ခ်ယ္ဆီး က်ေနာ္တို႔ထက္ ေကာင္းခဲ့ျပီး အဲဒါက လြဲလို႔ ပထမပိုင္းတစ္ပိုင္းလုံးနဲ႕ က်န္တဲ့ ဒုတိယပိုင္း အခ်ိန္ေတြ က်ေနာ္တို႔ ကစားပံု ေကာင္းခဲ့ပါတယ္။ ကိုုယ့္ကစားသမားေတြ ေကာင္းမြန္တဲ့ ပံုစံနဲ႕ ကစားေနတာ ျမင္ရရင္ မန္ေနဂ်ာေတြ ေက်နပ္ ေပ်ာ္ရႊင္ရတယ္။ က်ေန္ာတို႔ ပြဲကို လႊမ္းမိုးခဲ့တယ္.. ေဘာလံုး အမ်ားအျပား ျပန္ဆယ္နုိင္ခဲ့တယ္… တိုက္စစ္ဆင္တယ္ အခြင့္အေရးေတြ အမ်ားၾကီး ဖန္တီးတယ္ .. ပထမပိုင္းမွာတင္ ဂိုး၀င္မယ့္ အခြင့္အေရး တစ္ၾကိမ္ နွစ္ၾကိမ္ရခဲ့ေပမယ့္ ဂိုး ျဖစ္မသြားခဲ့ဘူး.. ဒါက သင္ခန္းစာေကာင္းပါ။”

“ဒါက ဥေရာပ ခ်န္ပီယံလိဂ္တန္း ပြဲစဥ္ပဲ။ မန္စီးတီးက ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔ အလားအလာ အေကာင္းဆံုးလို႔ လူေတြက ေျပာၾကတယ္.. ခ်န္ပီယံလိဂ္ အဆင့္အတန္းမ်ိဳး ရွိတဲ့ ဒီလိုပြဲမွာ ခ်ယ္ဆီးက တစ္ၾကိမ္ အခြင့္အေရးရတာနဲ႕ တစ္ဂိုး သြင္းတယ္။ ျပိဳင္ဘက္က သိပ္ပါးနပ္ျပီး သိပ္ေတာ္ေနတဲ့အခါ ဒါမ်ိဳး ျဖစ္သြားနုိင္တယ္။ ေရွ႕မွာ ဒီထက္ ျမင့္မားတဲ့ အဆင့္ပြဲေတြမွာ ဒါမ်ိဳး ျဖစ္တတ္တယ္ဆိုတာ သိရပါမယ္။” လို႔ ဂြာဒီယိုလာက ဆိုပါတယ္။

ခ်ယ္ဆီး မန္ေနဂ်ာ ဆာရီကလည္း သူတို႔အသင္း ကံနည္းနည္းပိုေကာင္းခဲ့ေၾကာင္း ပြဲအျပီးမွာ ၀န္ခံခဲ့ပါတယ္။ အသင္း ကစားသမားေတြရဲ႕ သေဘာထားနဲ႕ ကစားပံုကိုလည္း ဆာရီက ေက်နပ္ေနခဲ့ပါတယ္။ အဆံုးမွာ က်ေနာ္တို႔က နုိင္ဖို႔ ထိုက္တန္ခဲ့ပါတယ္လို႔ အီတလီသားၾကီးကလည္း ဆိုခဲ့တာပါ။

ဥေရာပတခြင္ အေကာင္းဆံုး အသင္းလို႔ ယူဆထားရျပီး ရပ္တန္႔လို႔ မရဘူး ေတြးထင္ထားရတဲ့ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ ရွံဳးပြဲ မရွိေသး ဆိုတဲ့ မွတ္တမ္းကေတာ့ စတန္းဖို႔ ဘရစ္မွာ ရပ္တန္႕သြားခဲ့ကာ သင္ခန္းစာ ရသြားပါျပီ။ ဒီရာသီ ပရီးမီးယားလိဂ္ ရွံဳးပြဲ မရွိေသးတဲ့ အသင္းက လီဗာပူးတစ္သင္းသာ က်န္ေတာ့ျပီး လီဗာပူးက ေနာက္တစ္ပတ္မွာ မန္ခ်က္စတာယူနိုက္တက္ကို အန္းဖီးလ္မွာ ဧည့္ခံကစားရင္း မွတ္တမ္းေကာင္း ဆက္ထိန္းနိုင္မလား အားေပးၾကရဦးမွာပါ။

Sports Home Time

[Unicode] မန်စီးတီးအသင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲဟာ သင်ခန်းစာကောင်း ဖြစ်ခဲ့တယ်လို့ မန်နေဂျာ ပက် ဂွာဒီယိုလာက ပြောကြားလိုက်ပြီး အသင်းသားတွေ အနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ဆိုရင် အရှုံးကနေ ပြန်လာနိုင်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။ မန်စီးတီးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်ထိန်းဖို့ အပြင် ချန်ပီယံလိဂ်မှာပါ အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေတာပါ။

ချယ်ဆီးအသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ မန်စီးတီးကို ကန်တေ၊ လူးဝစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ စီးတီးကတော့ ဒီပွဲရှုံးသွားတဲ့အတွက် အမှတ်ပေးဇယား ဦးဆောင်သူနေရာမှ ဆင်းပေးလိုက်ရပြီး လီဗာပူးအသင်းနောက် ဒုတိယနေရာ ရောက်သွားပါတယ်။

“ဒုတိယပိုင်း အစ ၁၀ မိနစ်လောက် ချယ်ဆီး ကျနော်တို့ထက် ကောင်းခဲ့ပြီး အဲဒါက လွဲလို့ ပထမပိုင်းတစ်ပိုင်းလုံးနဲ့ ကျန်တဲ့ ဒုတိယပိုင်း အချိန်တွေ ကျနော်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ ကိုယ့်ကစားသမားတွေ ကောင်းမွန်တဲ့ ပုံစံနဲ့ ကစားနေတာ မြင်ရရင် မန်နေဂျာတွေ ကျေနပ် ပျော်ရွှင်ရတယ်။ ကျနေ်ာတို့ ပွဲကို လွှမ်းမိုးခဲ့တယ်.. ဘောလုံး အများအပြား ပြန်ဆယ်နိုင်ခဲ့တယ်… တိုက်စစ်ဆင်တယ် အခွင့်အရေးတွေ အများကြီး ဖန်တီးတယ် .. ပထမပိုင်းမှာတင် ဂိုးဝင်မယ့် အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်ရခဲ့ပေမယ့် ဂိုး ဖြစ်မသွားခဲ့ဘူး.. ဒါက သင်ခန်းစာကောင်းပါ။”

“ဒါက ဥရောပ ချန်ပီယံလိဂ်တန်း ပွဲစဉ်ပဲ။ မန်စီးတီးက ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးလို့ လူတွေက ပြောကြတယ်.. ချန်ပီယံလိဂ် အဆင့်အတန်းမျိုး ရှိတဲ့ ဒီလိုပွဲမှာ ချယ်ဆီးက တစ်ကြိမ် အခွင့်အရေးရတာနဲ့ တစ်ဂိုး သွင်းတယ်။ ပြိုင်ဘက်က သိပ်ပါးနပ်ပြီး သိပ်တော်နေတဲ့အခါ ဒါမျိုး ဖြစ်သွားနိုင်တယ်။ ရှေ့မှာ ဒီထက် မြင့်မားတဲ့ အဆင့်ပွဲတွေမှာ ဒါမျိုး ဖြစ်တတ်တယ်ဆိုတာ သိရပါမယ်။” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ချယ်ဆီး မန်နေဂျာ ဆာရီကလည်း သူတို့အသင်း ကံနည်းနည်းပိုကောင်းခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။ အသင်း ကစားသမားတွေရဲ့ သဘောထားနဲ့ ကစားပုံကိုလည်း ဆာရီက ကျေနပ်နေခဲ့ပါတယ်။ အဆုံးမှာ ကျနော်တို့က နိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်လို့ အီတလီသားကြီးကလည်း ဆိုခဲ့တာပါ။

ဥရောပတခွင် အကောင်းဆုံး အသင်းလို့ ယူဆထားရပြီး ရပ်တန့်လို့ မရဘူး တွေးထင်ထားရတဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေး ဆိုတဲ့ မှတ်တမ်းကတော့ စတန်းဖို့ ဘရစ်မှာ ရပ်တန့်သွားခဲ့ကာ သင်ခန်းစာ ရသွားပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးတဲ့ အသင်းက လီဗာပူးတစ်သင်းသာ ကျန်တော့ပြီး လီဗာပူးက နောက်တစ်ပတ်မှာ မန်ချက်စတာယူနိုက်တက်ကို အန်းဖီးလ်မှာ ဧည့်ခံကစားရင်း မှတ်တမ်းကောင်း ဆက်ထိန်းနိုင်မလား အားပေးကြရဦးမှာပါ။

Sports Home Time