ေနာက္ေက်ာဒဏ္ရာေၾကာင့္ အဂၤလန္လူစာရင္းက ႏုတ္ထြက္ျပီး လီဗာပူး ျပန္လာရတဲ့ ထရန္႔

[Zawgyi] 2020 ယူရိုေျခစစ္ပြဲအျဖစ္ ခ်က္၊ မြန္တီနီဂရိုးတို႔နဲ႔ ကစားမယ့္ အဂၤလန္လူစာရင္းကေန ႏုတ္ထြက္ျပီး လီဗာပူး ညာအစြန္လူ ထရန္႔ကို အိမ္ျပန္ခြင့္အား ေဆာက္ဂိတ္က ခြင့္ျပဳလိုက္ပါျပီ။ ကစားသမား ေနာက္ေက်ာဒဏ္ရာ ကုသမႈခံယူဖို႔ မဲဝုဒ္ကို ျပန္ရတာျဖစ္ပါတယ္။

လီဗာပူး ညာအစြန္လူဟာ မတ္လ 10 ရက္ေန႔က ယွဥ္ျပိဳင္ကစားတဲ့ ဘန္ေလနဲ႔ပြဲကတည္းက အဆိုပါ ဒဏ္ရာကို ရရွိထားတာပါ။ အဆိုပါ တုန္းကလည္း ပြဲခ်ိန္ 86 မိနစ္မွာတင္ လူစားလဲခဲ့ရပါတယ္။ ဆက္လက္ျပီး ဘိုင္ယန္၊ ဖူလ္ဟမ္ပြဲေတြမွာ ပါဝင္ကစားခဲ့ေသးေပမယ့္ အဂၤလန္အသင္းထံ သြားေရာက္ပူးေပါင္းတဲ့ သတင္းပို႔မႈမွာ သူဟာ ေနာက္ေက်ာဒဏ္ရာ ခံစားေနရတယ္ ဆိုတဲ့အေၾကာင္း ထည့္သြင္းခဲ့တာပါ။

ထရန္႔ထံကေတာ့ အျခားေသာ ဒဏ္ရာသစ္ ရရွိတာမ်ိဳး မျမင္ရေပမယ့္ ေလ့က်င့္ေရး ဆက္ခ်ိန္ေတြမွာ ေနာက္ေက်ာက နာက်င္မႈကို ခံစားေနရဆဲျဖစ္တယ္။ ထရန္႔က လက္ေရြးစင္အသင္းအတြက္ မပါဝင္တာမ်ိဳးကို မျဖစ္လိုပဲ မန္ေနဂ်ာ အလိုရွိရင္ ပါဝင္မယ္လို႔ ဆိုေပမယ့္ သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အေျခအေနအရ စစ္ေဆးမႈေတြေတာ့ ခံယူခဲ့တာျဖစ္တယ္။

အက္ဖ္ေအဘက္က သတင္းထုတ္ျပန္ရာမွာ “ ထရန္႔ အလက္ဇႏၵား အာႏိုးဟာ အဂၤလန္လူစာရင္းကေန ႏုတ္ထြက္ျပီး လီဗာပူးကို ျပန္သြားခဲ့ပါျပီ။ ညာအစြန္လူဟာ ေနာက္ေက်ာဒဏ္ရာနဲ႔အတူ လက္ေရြးစင္အသင္းထံ လာေရာက္ ပူးေပါင္းခဲ့တာျဖစ္တယ္။

ဒီရက္ေတြထဲမွာ ထရန္႔ရဲ႕ ဒဏ္ရာက တိုးတက္လာေပမယ့္ ယူရို ေျခစစ္ပြဲမွာ ပါဝင္ကစားႏုိင္ဖို႔ အေျခအေနမ်ိဳး မရွိပါဘူး။ အသက္ 20 အရြယ္ ကစားသမားဟာ မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ 22 ဦး စာရင္းကေန ႏုတ္ထြက္သြားခဲ့ျပီျဖစ္ျပီး သူ႔ရဲ႕ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြကို ကလပ္အသင္းမွာ ျပန္လုပ္ပါလိမ့္မယ္ ” လို႔ သတင္းထုတ္ျပန္ပါတယ္။

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ကေတာ့ ညာအစြန္အတြက္ မန္စီးတီးမွ ေဝၚကာ၊ စပါးမွ ထရစ္ပီယာ ႏွစ္ဦးအနက္ တစ္ဦးကိုပဲ အသံုးျပဳရမွာပါ။ အစြန္လူ 6 ဦးလံုးကို အျပည့္ ေခၚယူခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ လူစာရင္းကေနေတာ့ ထရန္႔မတိုင္ခင္ ယူႏုိက္တက္ ဘယ္အစြန္လူ လုေရွာကလည္း ႏုတ္ထြက္ထားခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] 2020 ယူရိုခြေစစ်ပွဲအဖြစ် ချက်၊ မွန်တီနီဂရိုးတို့နဲ့ ကစားမယ့် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ပြီး လီဗာပူး ညာအစွန်လူ ထရန့်ကို အိမ်ပြန်ခွင့်အား ဆောက်ဂိတ်က ခွင့်ပြုလိုက်ပါပြီ။ ကစားသမား နောက်ကျောဒဏ်ရာ ကုသမှုခံယူဖို့ မဲဝုဒ်ကို ပြန်ရတာဖြစ်ပါတယ်။

လီဗာပူး ညာအစွန်လူဟာ မတ်လ 10 ရက်နေ့က ယှဉ်ပြိုင်ကစားတဲ့ ဘန်လေနဲ့ပွဲကတည်းက အဆိုပါ ဒဏ်ရာကို ရရှိထားတာပါ။ အဆိုပါ တုန်းကလည်း ပွဲချိန် 86 မိနစ်မှာတင် လူစားလဲခဲ့ရပါတယ်။ ဆက်လက်ပြီး ဘိုင်ယန်၊ ဖူလ်ဟမ်ပွဲတွေမှာ ပါဝင်ကစားခဲ့သေးပေမယ့် အင်္ဂလန်အသင်းထံ သွားရောက်ပူးပေါင်းတဲ့ သတင်းပို့မှုမှာ သူဟာ နောက်ကျောဒဏ်ရာ ခံစားနေရတယ် ဆိုတဲ့အကြောင်း ထည့်သွင်းခဲ့တာပါ။

ထရန့်ထံကတော့ အခြားသော ဒဏ်ရာသစ် ရရှိတာမျိုး မမြင်ရပေမယ့် လေ့ကျင့်ရေး ဆက်ချိန်တွေမှာ နောက်ကျောက နာကျင်မှုကို ခံစားနေရဆဲဖြစ်တယ်။ ထရန့်က လက်ရွေးစင်အသင်းအတွက် မပါဝင်တာမျိုးကို မဖြစ်လိုပဲ မန်နေဂျာ အလိုရှိရင် ပါဝင်မယ်လို့ ဆိုပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ စစ်ဆေးမှုတွေတော့ ခံယူခဲ့တာဖြစ်တယ်။

အက်ဖ်အေဘက်က သတင်းထုတ်ပြန်ရာမှာ “ ထရန့် အလက်ဇန္ဒား အာနိုးဟာ အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ပြီး လီဗာပူးကို ပြန်သွားခဲ့ပါပြီ။ ညာအစွန်လူဟာ နောက်ကျောဒဏ်ရာနဲ့အတူ လက်ရွေးစင်အသင်းထံ လာရောက် ပူးပေါင်းခဲ့တာဖြစ်တယ်။

ဒီရက်တွေထဲမှာ ထရန့်ရဲ့ ဒဏ်ရာက တိုးတက်လာပေမယ့် ယူရို ခြေစစ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အခြေအနေမျိုး မရှိပါဘူး။ အသက် 20 အရွယ် ကစားသမားဟာ မန်နေဂျာဆောက်ဂိတ်ရဲ့ 22 ဦး စာရင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ကလပ်အသင်းမှာ ပြန်လုပ်ပါလိမ့်မယ် ” လို့ သတင်းထုတ်ပြန်ပါတယ်။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ ညာအစွန်အတွက် မန်စီးတီးမှ ဝေါ်ကာ၊ စပါးမှ ထရစ်ပီယာ နှစ်ဦးအနက် တစ်ဦးကိုပဲ အသုံးပြုရမှာပါ။ အစွန်လူ 6 ဦးလုံးကို အပြည့် ခေါ်ယူခဲ့တဲ့ ဆောက်ဂိတ်ရဲ့ လူစာရင်းကနေတော့ ထရန့်မတိုင်ခင် ယူနိုက်တက် ဘယ်အစွန်လူ လုရှောကလည်း နုတ်ထွက်ထားခဲ့တာဖြစ်ပါတယ်။

Sports Home Time