[Zawgyi] စတမ္းဖိုဒ့္ဘရစ္ခ်္မွာ ခ်ယ္ဆီးအသင္းကို အေရးနိမ့္ခဲ့လို႔ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ လက္ရွိခ်န္ပီယံ မန္စီးတီးဟာ ဒီရာသီ ပထမဆံုး လိဂ္ရံွဴးပြဲကို ရင္ဆိုင္လိုက္ရပါတယ္။ မန္ေနဂ်ာဆာရီအတြက္ကေတာ့ ဝုဗ္ကို အေရးနိမ့္တဲ့ပြဲကို အေကာင္းဆံုး တုန္႔ျပန္ျပႏိုင္ခဲ့တာပါ။
ပရီးမီးယားလိဂ္ ပြဲစဥ္ 16 ရဲ႕ အေကာင္းဆံုးပြဲအေပၚ ႏွစ္သင္း မန္ေနဂ်ာေတြရဲ႕ ထင္ျမင္ခ်က္နဲ႔ ပြဲျပီး သံုးသပ္ခ်က္ေတြကို ေလ့လာၾကည့္ရေအာင္ပါ။
ဂြာဒီယိုလာက ” ခ်ယ္ဆီးက က်ေနာ္တုိ႔ရဲ႕ ဘယ္ျခမ္းကို အလုပ္မျဖစ္ေအာင္ ထိန္းခ်ဳပ္ခဲ့ပါတယ္။ က်ေနာ္တုိ႔ မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။ က်ေနာ္တုိ႔ အႏုိင္ရတဲ့ ပြဲေတြထက္ေတာင္ ဒီေန႔မွာ ကစားပံု ပိုေကာင္းခဲ့တာပါ။ ပထမပိုင္းမွာ သူတို႔ ကစားသြားတာက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အခြင့္အေရး နည္းနည္းပဲရေပမယ့္ ဂိုးသြင္းႏိုင္ခဲ့တယ္။ က်ေနာ္ အသင္း ကစားသမားေတြ ကစားတာကို 3 ရက္တစ္ပြဲ ျမင္ေနရတဲ့ က်ေနာ္အဖို႔ကေတာ့ ခံစားရစရာပါပဲ။ တစ္ပြဲလံုးမွာ မိနစ္အနည္းငယ္ကလြဲလို႔ က်ေနာ္တုိ႔ အေတာ္ေလး ေကာင္းခဲ့ပါတယ္။
က်ေနာ္တို႔ ခ်န္ပီယံျဖစ္ဖုိ႔ ၾကိဳးစားခဲ့တယ္။ လူတိုင္းက က်ေနာ္တုိ႔ကို အႏိုင္ရခ်င္ခဲ့တယ္။ အခုခ်ိန္မွာေတာ့ ခ်န္ပီယံလိဂ္မွာ ႏုိင္ပြဲျပန္ရဖို႔ပဲ အာရံုစိုက္ရပါမယ္။ က်ေနာ္တို႔ အမွတ္ေတြရစရာ ပြဲေတြအမ်ားၾကီး ရွိပါေသးတယ္။ ပြဲေတြ အမ်ားၾကီးလည္း ကစားရဖို႔ ရွိပါတယ္။ က်ေနာ္တုိ႔ စြမ္းေဆာင္ရည္ တည္ျငိမ္ဖုိ႔လိုျပီး ဒီေန႔ပြဲ စြမ္းေဆာင္ရည္အတြက္ေတာ့ ျပႆနာ မရွိပါဘူး ” လို႔ ဆိုတယ္။
ဆာရီက ” မန္စီးတီး နဲ႔ ဂြာဒီယိုလာက ရင္ဆိုင္ဖို႔ မလြယ္ကူတဲ့အသင္းေတြျဖစ္လို႔ ဒီပြဲကို အႏုိင္ရတာကို ေပ်ာ္ပါတယ္။ ဒီပြဲမွာ ျပသခဲ့တဲ့ ကလပ္အသင္းရဲ႕ စိတ္ဓါတ္ပိုင္းကိုလည္း ေပ်ာ္ရႊင္မိတယ္။ က်ေနာ္တို႔အတြက္ ဒီတြန္းအားေတြ ရဖို႔က ခက္ခဲေနေပမယ့္ က်ေနာ္တုိ႔ အေကာင္းဆံုးပံုစံမွာ ရွိေနခ်ိန္မွာေတာ့ က်ေနာ္တို႔က ေတာင့္တင္းတဲ့ အသင္းပါ။ ဒီကေန႔မွာ တိုက္ခိုက္လိုစိတ္၊ စိတ္ဓါတ္ၾကံ႕ခိုင္မႈ၊ ပြဲကို ခ်ည္းကပ္ကစားမႈေတြက အေကာင္းဆံုးအဆင့္မွာ ရွိေနခဲ့ပါတယ္။
က်ေနာ္ရဲ႕ ကစားသမားေတြက ဒီအတိုင္း ဆက္ကစားဖို႔လိုပါတယ္။ ဟာဇက္က တိုက္စစ္သမားအျဖစ္ ပထမဆံုးအၾကိမ္ ကစားခဲ့တာျဖစ္လို႔ ပထမပိုင္း မိနစ္ 30 ေလာက္မွာ အသင္းက ျပႆနာေတြ ရွိေနခဲ့တယ္။ ခံစစ္ပိုင္းကလည္း ရာႏႈန္းျပည့္ မေကာင္းေနခဲ့ဘူး။ ဒုတိယပိုင္းမွာေတာ့ ပိုေကာင္းေကာင္း စတင္လာခဲ့ျပီး အႏုိင္ရဖို႔ ထိုက္တန္ခဲ့ပါတယ္။
ပြဲရဲ႕ေနာက္ဆံုး မိနစ္ 20 ေလာက္မွာ ဟာဇက္ ျပႆနာ နည္းနည္းရွိေနခဲ့တယ္။ သူကစားတာေကာင္းျပီး ဂိုးလည္းရခဲ့သင့္ပါတယ္။ တိုက္စစ္သမားေနရာက ဟာဇက္ရဲ႕ ပထမဆံုးပြဲအေပၚ က်ေန္ာ ေက်နပ္မိပါတယ္။ အလုပ္မျဖစ္တဲ့ အခ်ိန္ေတြမွာ ခံစစ္လိုင္း ကစားဖို႔က ခက္ခဲခဲ့တာေပါ့။ ဒီကေန႔မွာေတာ့ အေကာင္းဆံုး ကစားႏိုင္ျပီး ဗဟိုခံစစ္မွဴးေတြအတြက္ ပိုမိုလြယ္ကူလာပါတယ္ ” ဆိုခဲ့ပါတယ္။
လာမယ့္အပတ္မွာေတာ့ မန္စီးတီးအသင္းဟာ ခ်ယ္ဆီးကို အေရးနိမ့္မႈကေန ျပန္လာဖို႔လိုသလို ခ်ယ္ဆီးကလည္း ရလဒ္ေကာင္း ဆက္ယူႏိုင္ဖုိ႔လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တုိ႔ဟာ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ၾကတဲ့ပြဲ ပါဝင္လာမွာျဖစ္လို႔ပါပဲ။
Sports Hoem Time

[Unicode] စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီးအသင်းကို အရေးနိမ့်ခဲ့လို့ မန်နေဂျာဂွာဒီယိုလာရဲ့ လက်ရှိချန်ပီယံ မန်စီးတီးဟာ ဒီရာသီ ပထမဆုံး လိဂ်ရံှူးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။ မန်နေဂျာဆာရီအတွက်ကတော့ ဝုဗ်ကို အရေးနိမ့်တဲ့ပွဲကို အကောင်းဆုံး တုန့်ပြန်ပြနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် ပွဲစဉ် 16 ရဲ့ အကောင်းဆုံးပွဲအပေါ် နှစ်သင်း မန်နေဂျာတွေရဲ့ ထင်မြင်ချက်နဲ့ ပွဲပြီး သုံးသပ်ချက်တွေကို လေ့လာကြည့်ရအောင်ပါ။
ဂွာဒီယိုလာက ” ချယ်ဆီးက ကျနော်တို့ရဲ့ ဘယ်ခြမ်းကို အလုပ်မဖြစ်အောင် ထိန်းချုပ်ခဲ့ပါတယ်။ ကျနော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ အနိုင်ရတဲ့ ပွဲတွေထက်တောင် ဒီနေ့မှာ ကစားပုံ ပိုကောင်းခဲ့တာပါ။ ပထမပိုင်းမှာ သူတို့ ကစားသွားတာက မယုံနိုင်လောက်အောင်ပါပဲ။ အခွင့်အရေး နည်းနည်းပဲရပေမယ့် ဂိုးသွင်းနိုင်ခဲ့တယ်။ ကျနော် အသင်း ကစားသမားတွေ ကစားတာကို 3 ရက်တစ်ပွဲ မြင်နေရတဲ့ ကျနော်အဖို့ကတော့ ခံစားရစရာပါပဲ။ တစ်ပွဲလုံးမှာ မိနစ်အနည်းငယ်ကလွဲလို့ ကျနော်တို့ အတော်လေး ကောင်းခဲ့ပါတယ်။
ကျနော်တို့ ချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့တယ်။ လူတိုင်းက ကျနော်တို့ကို အနိုင်ရချင်ခဲ့တယ်။ အခုချိန်မှာတော့ ချန်ပီယံလိဂ်မှာ နိုင်ပွဲပြန်ရဖို့ပဲ အာရုံစိုက်ရပါမယ်။ ကျနော်တို့ အမှတ်တွေရစရာ ပွဲတွေအများကြီး ရှိပါသေးတယ်။ ပွဲတွေ အများကြီးလည်း ကစားရဖို့ ရှိပါတယ်။ ကျနော်တို့ စွမ်းဆောင်ရည် တည်ငြိမ်ဖို့လိုပြီး ဒီနေ့ပွဲ စွမ်းဆောင်ရည်အတွက်တော့ ပြဿနာ မရှိပါဘူး ” လို့ ဆိုတယ်။
ဆာရီက ” မန်စီးတီး နဲ့ ဂွာဒီယိုလာက ရင်ဆိုင်ဖို့ မလွယ်ကူတဲ့အသင်းတွေဖြစ်လို့ ဒီပွဲကို အနိုင်ရတာကို ပျော်ပါတယ်။ ဒီပွဲမှာ ပြသခဲ့တဲ့ ကလပ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းကိုလည်း ပျော်ရွှင်မိတယ်။ ကျနော်တို့အတွက် ဒီတွန်းအားတွေ ရဖို့က ခက်ခဲနေပေမယ့် ကျနော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေချိန်မှာတော့ ကျနော်တို့က တောင့်တင်းတဲ့ အသင်းပါ။ ဒီကနေ့မှာ တိုက်ခိုက်လိုစိတ်၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ပွဲကို ချည်းကပ်ကစားမှုတွေက အကောင်းဆုံးအဆင့်မှာ ရှိနေခဲ့ပါတယ်။
ကျနော်ရဲ့ ကစားသမားတွေက ဒီအတိုင်း ဆက်ကစားဖို့လိုပါတယ်။ ဟာဇက်က တိုက်စစ်သမားအဖြစ် ပထမဆုံးအကြိမ် ကစားခဲ့တာဖြစ်လို့ ပထမပိုင်း မိနစ် 30 လောက်မှာ အသင်းက ပြဿနာတွေ ရှိနေခဲ့တယ်။ ခံစစ်ပိုင်းကလည်း ရာနှုန်းပြည့် မကောင်းနေခဲ့ဘူး။ ဒုတိယပိုင်းမှာတော့ ပိုကောင်းကောင်း စတင်လာခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။
ပွဲရဲ့နောက်ဆုံး မိနစ် 20 လောက်မှာ ဟာဇက် ပြဿနာ နည်းနည်းရှိနေခဲ့တယ်။ သူကစားတာကောင်းပြီး ဂိုးလည်းရခဲ့သင့်ပါတယ်။ တိုက်စစ်သမားနေရာက ဟာဇက်ရဲ့ ပထမဆုံးပွဲအပေါ် ကျနေ်ာ ကျေနပ်မိပါတယ်။ အလုပ်မဖြစ်တဲ့ အချိန်တွေမှာ ခံစစ်လိုင်း ကစားဖို့က ခက်ခဲခဲ့တာပေါ့။ ဒီကနေ့မှာတော့ အကောင်းဆုံး ကစားနိုင်ပြီး ဗဟိုခံစစ်မှူးတွေအတွက် ပိုမိုလွယ်ကူလာပါတယ် ” ဆိုခဲ့ပါတယ်။
လာမယ့်အပတ်မှာတော့ မန်စီးတီးအသင်းဟာ ချယ်ဆီးကို အရေးနိမ့်မှုကနေ ပြန်လာဖို့လိုသလို ချယ်ဆီးကလည်း ရလဒ်ကောင်း ဆက်ယူနိုင်ဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြတဲ့ပွဲ ပါဝင်လာမှာဖြစ်လို့ပါပဲ။
Sports Hoem Time
