အဂၤလန္ရဲ႕ ပံုစံေကာင္းျပေန ၁၁ ဦး နဲ႔ ေဆာက္ဂိတ္ ေရြးခ်ယ္ႏုိင္တဲ့ ပြဲထြက္ ၁၁ ဦး

[Zawgyi] အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ကေတာ့ သူဟာ လက္ေရြးစင္အသင္းအတြက္ လူေရြးရာမွာ ေက်ာ္ၾကားမႈနဲ႔ မဆုိင္ပဲ လက္ရွိ ပံုစံေကာင္းေတြအေပၚ မူတည္ျပီး ေရြးခ်ယ္မယ္လို႔ တယ္လီဂရပ္နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာပါတယ္။ အဆိုပါ သတင္းဌာနာကေတာ့ ေဆာက္ဂိတ္နဲ႔ အင္တာဗ်ဴးအျပီး ခ်က္နဲ႔ပြဲမွာ ပြဲထြက္လာဖြယ္ရွိတဲ့ အဂၤလန္ ပြဲထြက္လူစာရင္း 11 ဦးကို ေရြးထုတ္ျပခဲ့ပါတယ္။

တယ္လီဂရပ္ရဲ႕ ေရြးထုတ္မႈက 4-3-3 ကစားကြက္ကို အေျခခံပါတယ္။ ထပ္ျပီးလည္း ေနရာလိုက္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ ရေနသူေတြနဲ႔ ျဖစ္လာႏုိင္တဲ့ ေရြးခ်ယ္မႈကို ႏိႈင္းယွဥ္ျပမႈလည္း ပါဝင္ခဲ့တယ္။

Form XI: 4-3-3

Tom Heaton

ေဂ်ာ္ဒန္ပစ္ဖိုဒ့္ရဲ႕ လက္စြမ္းက စိတ္မခ်ရတဲ့ အေနအထားမွာ ဘန္ေလဂိုးသမား ဟက္တန္ကေတာ့ စိတ္ခ်ရတဲ့ လက္တစ္စံုအျဖစ္ ကလပ္အသင္းအေပၚ လႊမ္းမိုးမႈၾကီးမားေနျပီး ျခားနားတဲ့ စြမ္းေဆာင္ရည္ေတြ ျပသေနပါတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ အဲဗာတန္မွ ပစ္ဖိုဒ့္ပဲ ျဖစ္ႏုိင္ပါတယ္။

Trent Alexander-Arnold

ပဲေလစ့္မွ အာရြန္က ေျခစြမ္းေကာင္းေပမယ့္ ယူ-21 အတြက္ပဲ ေရြးခံခဲ့ရတယ္။ လီဗာပူးမွ ထရန္႔ကလည္း ေတာက္ပတဲ့ ေျခစြမ္းကို ပိုင္ဆိုင္ေနသူပါ။ အဂၤလန္အတြက္ ပြဲထြက္ခြင့္ရဖို႔ ထိုက္တန္တဲ့ ေျခစြမ္းေကာင္းကို ဥေရာပမွာေကာ ျပည္တြင္းလိဂ္မွာပါ ျပသေနပါတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ မန္စီးတီးမွ ေဝၚကာပဲ ျဖစ္ႏုိင္ပါတယ္။

Conor Coady

အဂၤလန္ဟာ ဂၽြန္စတုန္းမပါႏုိင္လို႔ ေဘာလံုးကိုင္ကစားႏုိင္တဲ့ ဗဟိုခံစစ္မွဴး လိုအပ္ေနပါတယ္။ အဲ့သည္အတြက္ကေတာ့ ဝုဗ္ရဲ႕အသင္းေခါင္းေဆာင္ျဖစ္ျပီး ဒီရာသီ ေတာက္ပတဲ့ေျခစြမ္းေတြ ျပသႏုိင္တဲ့ ကုဒ္ဒီကို ေရြးခ်ယ္လို႔ ရလာပါျပီ။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ အဲဗာတန္မွ မိုက္ကယ္ ကိန္းပဲ ျဖစ္ႏုိင္ပါတယ္။

Jamaal Lascelles

နယူးကာဆယ္ ဗဟိုခံစစ္သမားဟာ အဂၤလန္အတြက္ ပြဲထြက္ႏုိင္သူ တစ္ဦးျဖစ္ျပီး နယူးကာဆယ္ ေျခစြမ္း တိုးတက္လာမႈမွာ အဓိက က်သူျဖစ္တယ္။ ဒါေပမယ့္ ေဘာလံုးကိုင္မႈ မေကာင္းပါဘူး။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ လက္စတာမွ မက္ဂြဲရားပဲ ျဖစ္ႏုိင္ပါတယ္။

Ben Chilwell

လက္စတာ ဘယ္အစြန္လူဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ဆက္တိုက္ ျပသေနတာပါ။ သူ႔ရဲ႕ေနရာအတြက္ ရိုစ္၊ လုေရွာတုိ႔နဲ႔ ျပိဳင္ဆိုင္ရမွာ ျဖစ္ေပမယ့္ လုေရွာက အဂၤလန္လူစာရင္းက ႏုတ္ထြက္ထားပါတယ္။ ခ်ီးဝဲလ္ဟာ အစြန္သံုးေယာက္မွာ အေကာင္းဆံုးေျခစြမ္းကို ပိုင္ဆိုင္ေနတာပါ။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ ခ်ီးဝဲလ္ပဲ ျဖစ္ႏုိင္ပါတယ္။

James Ward-Prowse

ေဆာက္သမ္တန္ကြင္းလယ္လူဟာ အေစာပိုင္းတုန္းက အဂၤလန္လူစာရင္းမွာ မပါခဲ့ပါဘူး။ ပရိုဆီဟာ ဒဏ္ရာေၾကာင့္ အျခားေသာ ကစားသမားေတြ လူစာရင္း ႏုတ္ထြက္ခဲ့မႈ ေနာက္ဆက္တြဲအျဖစ္ ပါဝင္လာသူပါ။ သူဟာ တည္ကန္ေဘာေတြမွာ ထူးခၽြန္သူ ျဖစ္ပါတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ စပါးမွ အလီပဲ ျဖစ္ႏုိင္ပါတယ္။

Declan Rice

ရိုက္အေနနဲ႔ အဂၤလန္လူစာရင္းမွာ ပါဝင္ခြင့္ရရင္ အံ့ၾသစရာေတြ ျဖစ္လာႏုိင္ပါတယ္။ အသက္ 20 အရြယ္ ကြင္းလယ္ခံစစ္ေလးဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသလာႏုိင္သူ တစ္ဦးျဖစ္တယ္။ နည္းစနစ္ပိုင္းမွာ ထူးခၽြန္ျပီး အဆိုပါ ေနရာအတြက္ ဟန္ဒါဆန္လည္း ရွိေပမယ့္ လီဗာပူးအသင္းေခါင္းေဆာင္က လက္တေလာမွာ ေျခစြမ္း မတည္ျငိမ္ပါဘူး။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ စပါးမွ ဒိုင္ယာပဲ ျဖစ္ႏုိင္ပါတယ္။

James Maddison

အသက္ 21 ႏွစ္အရြယ္ ကြင္းလယ္လူဟာ လက္စတာမွာ ေျခစြမ္းေကာင္းေတြ ျပသေနခဲ့ျပီး အတိတ္ကလည္း လူစာရင္းမွာ ေရြးခ်ယ္ခံရမႈေတြ ရွိထားပါတယ္။ သြင္းဂိုးေတြကို ရွာေဖြႏုိင္စြမ္းရွိျပီး အခြင့္အေရး ဖန္တီးမႈနဲ႔ အေရးပါတဲ့ ေပးမႈေတြ လုပ္ႏုိင္ပါတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ ခ်ယ္ဆီးမွ ဘာကေလပဲ ျဖစ္ႏုိင္ပါတယ္။

Raheem Sterling

အဂၤလန္မွာ ေျခစြမ္း အေကာင္းဆံုးကို ပိုင္ဆိုင္ေနတဲ့ ကစားသမားျဖစ္ျပီး အသက္ 24 ႏွစ္အရြယ္ဟာ ဒီရာသီ မန္စီးတီးမွာ ကမၻာထိပ္တန္း ေျခစြမ္းမ်ိဳးကို ျပသေနကာ အဂၤလန္ရဲ႕ ဝါရင့္ကစားသမား တစ္ဦးအျဖစ္ အသက္ ငယ္ငယ္နဲ႔ မွတ္တမ္းေကာင္းေတြ ရေနပါတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ စတာလင္ပဲ ျဖစ္ႏုိင္ပါတယ္။

Harry Kane

စပါးနဲ႔ ပရီးမီးယားရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ဟာ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ သူ႔ရဲ႕ေနရာကို ျပန္ယူမယ္ဆိုတာက သံသယရွိစရာ မလိုပါဘူး။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ ဟယ္ရီကိန္းပဲ ျဖစ္ႏုိင္ပါတယ္။

Marcus Rashford

ရပ္ဖိုဒ့္အတြက္ ခက္ခဲတဲ့ ေဘာလံုးရာသီျဖစ္ျပီး ဆိုးရွားလက္ထက္မွာ ေျခစြမ္း ျပန္လည္ျပသေနပါတယ္။ သူနဲ႔ ဆန္ခ်ိဳဟာ လက္က်န္ တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမယ္ ယူဆထားရတယ္။

ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မႈကေတာ့ ရပ္ဖိုဒ့္ပဲ ျဖစ္ႏုိင္ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ သူဟာ လက်ရွေးစင်အသင်းအတွက် လူရွေးရာမှာ ကျော်ကြားမှုနဲ့ မဆိုင်ပဲ လက်ရှိ ပုံစံကောင်းတွေအပေါ် မူတည်ပြီး ရွေးချယ်မယ်လို့ တယ်လီဂရပ်နဲ့ အင်တာဗျူးမှာ ထုတ်ပြောပါတယ်။ အဆိုပါ သတင်းဌာနာကတော့ ဆောက်ဂိတ်နဲ့ အင်တာဗျူးအပြီး ချက်နဲ့ပွဲမှာ ပွဲထွက်လာဖွယ်ရှိတဲ့ အင်္ဂလန် ပွဲထွက်လူစာရင်း 11 ဦးကို ရွေးထုတ်ပြခဲ့ပါတယ်။

တယ်လီဂရပ်ရဲ့ ရွေးထုတ်မှုက 4-3-3 ကစားကွက်ကို အခြေခံပါတယ်။ ထပ်ပြီးလည်း နေရာလိုက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရနေသူတွေနဲ့ ဖြစ်လာနိုင်တဲ့ ရွေးချယ်မှုကို နှိုင်းယှဉ်ပြမှုလည်း ပါဝင်ခဲ့တယ်။

Form XI: 4-3-3

Tom Heaton

ဂျော်ဒန်ပစ်ဖိုဒ့်ရဲ့ လက်စွမ်းက စိတ်မချရတဲ့ အနေအထားမှာ ဘန်လေဂိုးသမား ဟက်တန်ကတော့ စိတ်ချရတဲ့ လက်တစ်စုံအဖြစ် ကလပ်အသင်းအပေါ် လွှမ်းမိုးမှုကြီးမားနေပြီး ခြားနားတဲ့ စွမ်းဆောင်ရည်တွေ ပြသနေပါတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ အဲဗာတန်မှ ပစ်ဖိုဒ့်ပဲ ဖြစ်နိုင်ပါတယ်။

Trent Alexander-Arnold

ပဲလေစ့်မှ အာရွန်က ခြေစွမ်းကောင်းပေမယ့် ယူ-21 အတွက်ပဲ ရွေးခံခဲ့ရတယ်။ လီဗာပူးမှ ထရန့်ကလည်း တောက်ပတဲ့ ခြေစွမ်းကို ပိုင်ဆိုင်နေသူပါ။ အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရဖို့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ဥရောပမှာကော ပြည်တွင်းလိဂ်မှာပါ ပြသနေပါတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ မန်စီးတီးမှ ဝေါ်ကာပဲ ဖြစ်နိုင်ပါတယ်။

Conor Coady

အင်္ဂလန်ဟာ ဂျွန်စတုန်းမပါနိုင်လို့ ဘောလုံးကိုင်ကစားနိုင်တဲ့ ဗဟိုခံစစ်မှူး လိုအပ်နေပါတယ်။ အဲ့သည်အတွက်ကတော့ ဝုဗ်ရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး ဒီရာသီ တောက်ပတဲ့ခြေစွမ်းတွေ ပြသနိုင်တဲ့ ကုဒ်ဒီကို ရွေးချယ်လို့ ရလာပါပြီ။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ အဲဗာတန်မှ မိုက်ကယ် ကိန်းပဲ ဖြစ်နိုင်ပါတယ်။

Jamaal Lascelles

နယူးကာဆယ် ဗဟိုခံစစ်သမားဟာ အင်္ဂလန်အတွက် ပွဲထွက်နိုင်သူ တစ်ဦးဖြစ်ပြီး နယူးကာဆယ် ခြေစွမ်း တိုးတက်လာမှုမှာ အဓိက ကျသူဖြစ်တယ်။ ဒါပေမယ့် ဘောလုံးကိုင်မှု မကောင်းပါဘူး။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ လက်စတာမှ မက်ဂွဲရားပဲ ဖြစ်နိုင်ပါတယ်။

Ben Chilwell

လက်စတာ ဘယ်အစွန်လူဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ဆက်တိုက် ပြသနေတာပါ။ သူ့ရဲ့နေရာအတွက် ရိုစ်၊ လုရှောတို့နဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် လုရှောက အင်္ဂလန်လူစာရင်းက နုတ်ထွက်ထားပါတယ်။ ချီးဝဲလ်ဟာ အစွန်သုံးယောက်မှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေတာပါ။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ ချီးဝဲလ်ပဲ ဖြစ်နိုင်ပါတယ်။

James Ward-Prowse

ဆောက်သမ်တန်ကွင်းလယ်လူဟာ အစောပိုင်းတုန်းက အင်္ဂလန်လူစာရင်းမှာ မပါခဲ့ပါဘူး။ ပရိုဆီဟာ ဒဏ်ရာကြောင့် အခြားသော ကစားသမားတွေ လူစာရင်း နုတ်ထွက်ခဲ့မှု နောက်ဆက်တွဲအဖြစ် ပါဝင်လာသူပါ။ သူဟာ တည်ကန်ဘောတွေမှာ ထူးချွန်သူ ဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ စပါးမှ အလီပဲ ဖြစ်နိုင်ပါတယ်။

Declan Rice

ရိုက်အနေနဲ့ အင်္ဂလန်လူစာရင်းမှာ ပါဝင်ခွင့်ရရင် အံ့သြစရာတွေ ဖြစ်လာနိုင်ပါတယ်။ အသက် 20 အရွယ် ကွင်းလယ်ခံစစ်လေးဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသလာနိုင်သူ တစ်ဦးဖြစ်တယ်။ နည်းစနစ်ပိုင်းမှာ ထူးချွန်ပြီး အဆိုပါ နေရာအတွက် ဟန်ဒါဆန်လည်း ရှိပေမယ့် လီဗာပူးအသင်းခေါင်းဆောင်က လက်တလောမှာ ခြေစွမ်း မတည်ငြိမ်ပါဘူး။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ စပါးမှ ဒိုင်ယာပဲ ဖြစ်နိုင်ပါတယ်။

James Maddison

အသက် 21 နှစ်အရွယ် ကွင်းလယ်လူဟာ လက်စတာမှာ ခြေစွမ်းကောင်းတွေ ပြသနေခဲ့ပြီး အတိတ်ကလည်း လူစာရင်းမှာ ရွေးချယ်ခံရမှုတွေ ရှိထားပါတယ်။ သွင်းဂိုးတွေကို ရှာဖွေနိုင်စွမ်းရှိပြီး အခွင့်အရေး ဖန်တီးမှုနဲ့ အရေးပါတဲ့ ပေးမှုတွေ လုပ်နိုင်ပါတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ ချယ်ဆီးမှ ဘာကလေပဲ ဖြစ်နိုင်ပါတယ်။

Raheem Sterling

အင်္ဂလန်မှာ ခြေစွမ်း အကောင်းဆုံးကို ပိုင်ဆိုင်နေတဲ့ ကစားသမားဖြစ်ပြီး အသက် 24 နှစ်အရွယ်ဟာ ဒီရာသီ မန်စီးတီးမှာ ကမ္ဘာထိပ်တန်း ခြေစွမ်းမျိုးကို ပြသနေကာ အင်္ဂလန်ရဲ့ ဝါရင့်ကစားသမား တစ်ဦးအဖြစ် အသက် ငယ်ငယ်နဲ့ မှတ်တမ်းကောင်းတွေ ရနေပါတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ စတာလင်ပဲ ဖြစ်နိုင်ပါတယ်။

Harry Kane

စပါးနဲ့ ပရီးမီးယားရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် သူ့ရဲ့နေရာကို ပြန်ယူမယ်ဆိုတာက သံသယရှိစရာ မလိုပါဘူး။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ ဟယ်ရီကိန်းပဲ ဖြစ်နိုင်ပါတယ်။

Marcus Rashford

ရပ်ဖိုဒ့်အတွက် ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်ပြီး ဆိုးရှားလက်ထက်မှာ ခြေစွမ်း ပြန်လည်ပြသနေပါတယ်။ သူနဲ့ ဆန်ချိုဟာ လက်ကျန် တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ် ယူဆထားရတယ်။

ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကတော့ ရပ်ဖိုဒ့်ပဲ ဖြစ်နိုင်ပါတယ်။

Sports Home Time