ဆန္ခ်ိဳကို မန္စီးတီးျပန္လာဖို႔ စည္းရံုးေရးဆင္းေနေၾကာင္း ထုတ္ေဖာ္လိုက္တဲ့ စတာလင္

[Zawgyi] အဂၤလန္လက္ေရြးစင္နဲ႔ ပူးေပါင္းဖို႔ ႏုိင္ငံအသင္းထံ ေရာက္ေနတဲ့ စတာလင္ဟာ သူ႔ရဲ႕ေနာက္ဆံုး တြစ္တာစာသားကို ခပ္ျမန္ျမန္ဖ်က္လိုက္လို႔ ေဘာလံုးပရိသတ္ အမ်ားအျပား မသိခဲ့တာ ျဖစ္ႏုိင္ေပမယ့္ စတာလင္ဟာ ဆန္ခ်ိဳကို စည္းရံုးေနေၾကာင္း ပိုစ္တစ္ခုနဲ႔ ထုတ္ေဖာ္ခဲ့ပါတယ္။

2020 ယူရိုျပိဳင္ပြဲအတြက္ မန္စီးတီး တိုက္စစ္သမား စတာလင္နဲ႔ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳတို႔ကလည္း အဂၤလန္လူစာရင္းမွာ ေရြးခ်ယ္ျခင္း ခံထားရတာျဖစ္တယ္။ အဂၤလန္ဟာ ခ်က္၊ မြန္တီနီဂရိုးတို႔နဲ႔ ေျခစစ္ပြဲ ကစားရမွာျဖစ္ျပီး ဒီတစ္ၾကိမ္ လူစာရင္းမွာေတာ့ လူငယ္ ကစားသမားေတြ အမ်ားအျပား ပါဝင္လာခဲ့ပါတယ္။

စတာလင္က တြစ္တာမွာ ” ဒီေတာ့ မင္းမွာ စာခ်ဳပ္ပါ ျပန္လည္ေခၚယူခြင့္ တကယ္ကို ရွိထားတာေပါ့?” လို႔ အဓိပၸာယ္ရတဲ့ ေမးျမန္းမႈနဲ႔အတူ မန္စီးတီးအတြက္ ေအးဂ်န္႔တာဝန္ ထမ္းေဆာင္ေနတယ္လို႔ ေဖာ္ျပခဲ့တာပါ။ ဒါဟာ ဆန္ခ်ိဳပံုနဲ႔ တြဲတင္ခဲ့တာျဖစ္ျပီး မၾကာခင္မွာပဲ စတာလင္က သူ႔ရဲ႕ ပိုစ့္ကို ျပန္ဖ်က္သြားခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳက မန္စီးတီးအသင္းၾကီးအတြက္ ပြဲထြက္ကစားခြင့္ မရခဲ့ေသာ္လည္း ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္ထံ ေျပာင္းေရႊ႕သြားျပီးေနာက္ ေျခစြမ္းပိုမိုေတာက္ပလာကာ အဂၤလန္လက္ေရြးစင္ အသင္းမွာပါ ေရြးခ်ယ္ခံေနရျပီ ျဖစ္ပါတယ္။ ဆန္ခ်ိဳကို ၀က္ဖို႔ဒ္က အသက္ 7 နွစ္သားတည္းက လက္မွတ္ထိုးေခၚယူခဲ့တာ ျဖစ္ျပီး အဲဒီေနာက္ မန္စီးတီးအသင္းဆီ ေျပာင္းေရႊ႕ခဲ့တာပါ။

မန္ခ်က္စတာအေျခစိုက္ မန္စီးတီးရဲ႕ တစ္ပတ္လုပ္ခ 30,000 တန္ စာခ်ဳပ္ကို ပယ္ခ်ျပီး လြန္ခဲ့တဲ့ 18 လက ေဒါ့မြန္ကို ေျပာင္းေရႊ႔သြားတဲ့ ဆန္ခ်ိဳဟာ ဥေရာပရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး တိုက္စစ္သမားတစ္ဦးအျဖစ္ ထြန္းေတာက္လာသူပါ။ အဲ့သည္ေနာက္ပိုင္း ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသလာခဲ့တဲ့ ဆန္ခ်ိဳကို ယူႏိုက္တက္က ေႏြမွာ ေခၚယူမယ္လို႔ သတင္းေတြ ထြက္လာေနပါတယ္။

ေဒါ့မြန္က ဆန္ခ်ိဳကို ေပါင္ 8 သန္းနဲ႔ ေခၚယူခဲ့စဥ္က အနာဂတ္ အေျပာင္းအေရႊ႔ကေန ရရွိမယ့္ 15% ကို အသင္းေဟာင္း မန္စီးတီးကို ေပးေခ်မယ္လို႔ သေဘာတူညီမႈ ရယူထားခဲ့တယ္။ ဒါေၾကာင့္ ယူႏုိက္တက္နဲ႔ ေပါင္ သန္း 70 တန္ သေဘာတူညီမႈ အမွန္ကတယ္ျဖစ္လာခဲ့ရင္ မန္စီးတီးက ေျပာင္းေရႊ႔ေၾကး 10 သန္းအထက္ကို ခံစားခြင့္ရွိမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ စတာလင္ရဲ႕ အေၾကာင္းၾကားမႈအရ မန္စီးတီးနဲ႔ ေဒါ့မြန္ၾကားမွာ ဆန္ခ်ိဳကို အလိုရွိက ျပန္လည္ေခၚယူခြင့္ သေဘာတူညီမႈမ်ား ထည့္သြင္းခဲ့သလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာျပီး မန္ခ်က္စတာျမိဳ႕ခံ ျပိဳင္ဘက္အသင္းထံ ေျပာင္းဖို႔ ျဖစ္လာခဲ့ရင္ မန္စီးတီးက ခပ္လြယ္လြယ္ အခြင့္အေရး ေပးပါ့မလားလို႔ ေမးခြန္းထုတ္စရာလည္း ျဖစ္လာခဲ့ပါတယ္။

လက္တေလာမွာေတာ့ မန္စီးတီးအသင္းဟာ ေျခစြမ္းထက္ လူငယ္ ေဂ်ာ္ဒန္ ဆန္ခ်ိဳကို ေခၚယူစဥ္က တရားမ၀င္နည္းလမ္းမ်ား သံုးစြဲခဲ့တယ္ဆိုတဲ့ သတင္းမ်ား ထြက္ေပၚလာျပီး ယူအီးအက္ဖ္ေအရဲ႕ တရားဝင္ စစ္ေဆးမႈကို ခံယူရမွာပါ။ အဆိုပါ ကိစၥရပ္ဟာ ခ်ယ္ဆီး အေျပာင္းအေရႊ႕ ပိတ္ပင္ခံရျပီးေနာက္ ေနာက္ထပ္ လူမ်ား စိတ္၀င္စားတဲ့ ေခါင္းစီး ျဖစ္လာေနပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်လက်ရွေးစင်နဲ့ ပူးပေါင်းဖို့ နိုင်ငံအသင်းထံ ရောက်နေတဲ့ စတာလင်ဟာ သူ့ရဲ့နောက်ဆုံး တွစ်တာစာသားကို ခပ်မြန်မြန်ဖျက်လိုက်လို့ ဘောလုံးပရိသတ် အများအပြား မသိခဲ့တာ ဖြစ်နိုင်ပေမယ့် စတာလင်ဟာ ဆန်ချိုကို စည်းရုံးနေကြောင်း ပိုစ်တစ်ခုနဲ့ ထုတ်ဖော်ခဲ့ပါတယ်။

2020 ယူရိုပြိုင်ပွဲအတွက် မန်စီးတီး တိုက်စစ်သမား စတာလင်နဲ့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုတို့ကလည်း အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရတာဖြစ်တယ်။ အင်္ဂလန်ဟာ ချက်၊ မွန်တီနီဂရိုးတို့နဲ့ ခြေစစ်ပွဲ ကစားရမှာဖြစ်ပြီး ဒီတစ်ကြိမ် လူစာရင်းမှာတော့ လူငယ် ကစားသမားတွေ အများအပြား ပါဝင်လာခဲ့ပါတယ်။

စတာလင်က တွစ်တာမှာ ” ဒီတော့ မင်းမှာ စာချုပ်ပါ ပြန်လည်ခေါ်ယူခွင့် တကယ်ကို ရှိထားတာပေါ့?” လို့ အဓိပ္ပာယ်ရတဲ့ မေးမြန်းမှုနဲ့အတူ မန်စီးတီးအတွက် အေးဂျန့်တာဝန် ထမ်းဆောင်နေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါဟာ ဆန်ချိုပုံနဲ့ တွဲတင်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ စတာလင်က သူ့ရဲ့ ပိုစ့်ကို ပြန်ဖျက်သွားခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက မန်စီးတီးအသင်းကြီးအတွက် ပွဲထွက်ကစားခွင့် မရခဲ့သော်လည်း ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်ထံ ပြောင်းရွှေ့သွားပြီးနောက် ခြေစွမ်းပိုမိုတောက်ပလာကာ အင်္ဂလန်လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံနေရပြီ ဖြစ်ပါတယ်။ ဆန်ချိုကို ဝက်ဖို့ဒ်က အသက် 7 နှစ်သားတည်းက လက်မှတ်ထိုးခေါ်ယူခဲ့တာ ဖြစ်ပြီး အဲဒီနောက် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

မန်ချက်စတာအခြေစိုက် မန်စီးတီးရဲ့ တစ်ပတ်လုပ်ခ 30,000 တန် စာချုပ်ကို ပယ်ချပြီး လွန်ခဲ့တဲ့ 18 လက ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ဆန်ချိုဟာ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်စစ်သမားတစ်ဦးအဖြစ် ထွန်းတောက်လာသူပါ။ အဲ့သည်နောက်ပိုင်း တောက်ပတဲ့ ခြေစွမ်းတွေ ပြသလာခဲ့တဲ့ ဆန်ချိုကို ယူနိုက်တက်က နွေမှာ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။

ဒေါ့မွန်က ဆန်ချိုကို ပေါင် 8 သန်းနဲ့ ခေါ်ယူခဲ့စဉ်က အနာဂတ် အပြောင်းအရွှေ့ကနေ ရရှိမယ့် 15% ကို အသင်းဟောင်း မန်စီးတီးကို ပေးချေမယ်လို့ သဘောတူညီမှု ရယူထားခဲ့တယ်။ ဒါကြောင့် ယူနိုက်တက်နဲ့ ပေါင် သန်း 70 တန် သဘောတူညီမှု အမှန်ကတယ်ဖြစ်လာခဲ့ရင် မန်စီးတီးက ပြောင်းရွှေ့ကြေး 10 သန်းအထက်ကို ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ စတာလင်ရဲ့ အကြောင်းကြားမှုအရ မန်စီးတီးနဲ့ ဒေါ့မွန်ကြားမှာ ဆန်ချိုကို အလိုရှိက ပြန်လည်ခေါ်ယူခွင့် သဘောတူညီမှုများ ထည့်သွင်းခဲ့သလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပြီး မန်ချက်စတာမြို့ခံ ပြိုင်ဘက်အသင်းထံ ပြောင်းဖို့ ဖြစ်လာခဲ့ရင် မန်စီးတီးက ခပ်လွယ်လွယ် အခွင့်အရေး ပေးပါ့မလားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့ပါတယ်။

လက်တလောမှာတော့ မန်စီးတီးအသင်းဟာ ခြေစွမ်းထက် လူငယ် ဂျော်ဒန် ဆန်ချိုကို ခေါ်ယူစဉ်က တရားမဝင်နည်းလမ်းများ သုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပြီး ယူအီးအက်ဖ်အေရဲ့ တရားဝင် စစ်ဆေးမှုကို ခံယူရမှာပါ။ အဆိုပါ ကိစ္စရပ်ဟာ ချယ်ဆီး အပြောင်းအရွှေ့ ပိတ်ပင်ခံရပြီးနောက် နောက်ထပ် လူများ စိတ်ဝင်စားတဲ့ ခေါင်းစီး ဖြစ်လာနေပါတယ်။

Sports Home Time