ကိုဘီဘာလီ ယူႏုိက္တက္ကို ေျပာင္းပါဆိုတဲ့ ဆီနီေဂါပရိသတ္ေတြ ေတာင္းဆိုမႈကို မာေနး တုန္႔ျပန္

[Zawgyi] မာေနးဟာ ဒီလထဲမွာ မီဒီယာေတြက အေလးတယူလုပ္လာရတဲ့ ကစားသမားတစ္ဦးပါ။ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲအျဖစ္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ကမၻာေက်ာ္ဂိုးသမားၾကီး ႏူအာနဲ႔ ဘိုင္ယန္ခံစစ္သမားေတြကို လွလွပပ ေက်ာ္ျဖတ္ကာ သြင္းယူခဲ့မႈက လီဗာပူးကို ကြာတားအဆင့္ေရာက္ဖုိ႔ တြန္းအားၾကီး ျဖစ္ေစခဲ့တယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့သလို အႏုိင္ဂိုးအတြက္ ပင္နယ္တီ အႏုိင္ရေအာင္ ၾကိဳးစားေပးခဲ့တဲ့ မာေနးဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ 11 ပြဲမွာ 11 ဂိုး သြင္းယူျပီး ဥေရာပ ထိပ္တန္းတိုက္စစ္သမားေတြထဲ တစ္ဦးျဖစ္ေၾကာင္း သက္ေသျပလာခဲ့ျပီးပါျပီ။

မာေနးရဲ႕ ေတာက္ပလာမႈမွာ သက္ေသျပခ်က္ တစ္ခုကေတာ့ ကမၻာထိပ္တန္း တိုက္စစ္သမားေတြကိုမွ ခ်ိန္ရြယ္ေလ့ရွိတဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဟာဇက္၊ အမ္ဘတ္ပီ၊ ေနမာ၊ ဆာလက္တုိ႔အျပင္ မာေနးကိုပါ သူတို႔ေခၚယူလိုတဲ့ ထိပ္တန္းကစားသမားမ်ား စာရင္းထဲ ထည့္သြင္းမႈ လုပ္လာခဲ့ျပီျဖစ္တယ္။ ဒါဟာ မာေနးရဲ႕ လက္တေလာ ထြန္းေတာက္လာမႈျဖစ္ေပမယ့္ လီဗာပူးပရိသတ္ေတြ သူ႔ကို အခ်စ္ပိုရမယ့္ အျပဳအမႈကေတာ့ ဆီနီေဂါမွာ ျဖစ္ခဲ့တာပါ။

ႏုိင္ငံတကာသီတင္းပတ္အတြင္း အာဖရိကဖလားအတြက္ ဆီနီေဂါလက္ေရြးစင္အသင္းထံ မာေနး ျပန္ေရာက္ေနတာပါ။ ဒီအပတ္မွာေတာ့ ဆီနီေဂါဟာ ရံွဴးထြက္အဆင့္ကို ေရာက္ဖုိ႔ရာ အုပ္စုတြင္း ေနာက္ဆံုးပြဲအျဖစ္ မာဒါဂါစကာကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဆီနီေဂါကို ေရာက္လာတဲ့ လက္ေရြးစင္အသင္းကို အသင္းပရိသတ္ေတြက ကြင္းထဲ လာေရာက္အားေပးမႈလည္း လုပ္ခဲ့ၾကပါတယ္။

ဆီနီေဂါ ပရိသတ္ေတြက ကြင္းထဲမွာ ‘ယူႏုိက္တက္ကို ေျပာင္းပါ ကိုလီဘာလီ’ ဆိုတဲ့ စာတန္းၾကီးကို ကိုင္ေဆာင္ျပီး အားေပးမႈ ျပဳလုပ္ခဲ့တယ္။ မာေနးက အသင္းပရိသတ္ေတြကို သူ႔ထံုးစံအတိုင္း ျပံဳးရႊင္စြာနဲ႔ ႏုတ္ဆက္ခ်ိန္ အဆိုပါ စာတန္းကိုင္ေဆာင္ထားသူေတြနား ေရာက္ရွိခ်ိန္မွာ ဆီနီေဂါ ယူႏုိက္တက္ ပရိသတ္ေတြက Banner ကုိ ပုပ္ျပီး မာေနးကို စေနာက္ ေအာ္ဟစ္ခဲ့သလို မာေနးကလည္း လက္ေရြးစင္အသင္းေဖာ္ကို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ထံ ေျပာင္းဖို႔ တိုက္တြန္းမႈကို လက္မကို ေအာက္စိုက္ျပီးေတာ့ သေဘာမတူေၾကာင္း အျပဳအမႈကို ျပသခဲ့တာပါ။

ယူႏုိက္တက္ဟာ ဗဟိုခံစစ္မွဴးေနရာ အားျဖည့္ဖို႔ ထိပ္တန္းခံစစ္သမားေတြကို ခ်ိတ္ဆက္ေနျပီး ကိုလီဘာလီကို ႏွစ္သက္ေၾကာင္း သတင္းေတြ ထြက္ေနတာျဖစ္တယ္။ ပရီးမီးယားလိဂ္ ထိပ္တန္းတိုက္စစ္မွဴးျဖစ္တဲ့ မာေနးကေတာ့ သူ႔ရဲ႕ အသင္းေဖာ္ကို ကလပ္အဆင့္မွာ ျပိဳင္ဘက္အျဖစ္ ျပန္လည္ရင္ဆိုင္ျခင္း မရွိဘူးလို႔လည္း ယူဆရပါတယ္။

ဆီနီေဂါဖန္းေပ့ျဖစ္တဲ့ Orange Sénégal ကအဆိုပါ ျဖစ္ရပ္ ဗီဒီယိုအတိုကို အြန္လိုင္းေပၚ တင္ေပးခဲ့ျပီး ‘The moment LOL of the day’ ဆိုျပီး ေဖာ္ျပသြားပါတယ္။ ႏုိင္ငံအသင္းေဖာ္ႏွစ္ဦး ပရီးမီးယားလိဂ္မွာ ျပိဳင္ဘက္အျဖစ္ ျပန္လည္ရင္ဆိုင္ရမလားကေတာ့ လာမယ့္ ေႏြမွာ ေစာင့္ၾကည့္သြားရဖို႔ ရွိေနပါတယ္။

Sports Home Time

[Unicode] မာနေးဟာ ဒီလထဲမှာ မီဒီယာတွေက အလေးတယူလုပ်လာရတဲ့ ကစားသမားတစ်ဦးပါ။ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကမ္ဘာကျော်ဂိုးသမားကြီး နူအာနဲ့ ဘိုင်ယန်ခံစစ်သမားတွေကို လှလှပပ ကျော်ဖြတ်ကာ သွင်းယူခဲ့မှုက လီဗာပူးကို ကွာတားအဆင့်ရောက်ဖို့ တွန်းအားကြီး ဖြစ်စေခဲ့တယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို အနိုင်ဂိုးအတွက် ပင်နယ်တီ အနိုင်ရအောင် ကြိုးစားပေးခဲ့တဲ့ မာနေးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ 11 ပွဲမှာ 11 ဂိုး သွင်းယူပြီး ဥရောပ ထိပ်တန်းတိုက်စစ်သမားတွေထဲ တစ်ဦးဖြစ်ကြောင်း သက်သေပြလာခဲ့ပြီးပါပြီ။

မာနေးရဲ့ တောက်ပလာမှုမှာ သက်သေပြချက် တစ်ခုကတော့ ကမ္ဘာထိပ်တန်း တိုက်စစ်သမားတွေကိုမှ ချိန်ရွယ်လေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်၊ အမ်ဘတ်ပီ၊ နေမာ၊ ဆာလက်တို့အပြင် မာနေးကိုပါ သူတို့ခေါ်ယူလိုတဲ့ ထိပ်တန်းကစားသမားများ စာရင်းထဲ ထည့်သွင်းမှု လုပ်လာခဲ့ပြီဖြစ်တယ်။ ဒါဟာ မာနေးရဲ့ လက်တလော ထွန်းတောက်လာမှုဖြစ်ပေမယ့် လီဗာပူးပရိသတ်တွေ သူ့ကို အချစ်ပိုရမယ့် အပြုအမှုကတော့ ဆီနီဂေါမှာ ဖြစ်ခဲ့တာပါ။

နိုင်ငံတကာသီတင်းပတ်အတွင်း အာဖရိကဖလားအတွက် ဆီနီဂေါလက်ရွေးစင်အသင်းထံ မာနေး ပြန်ရောက်နေတာပါ။ ဒီအပတ်မှာတော့ ဆီနီဂေါဟာ ရံှူးထွက်အဆင့်ကို ရောက်ဖို့ရာ အုပ်စုတွင်း နောက်ဆုံးပွဲအဖြစ် မာဒါဂါစကာကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဆီနီဂေါကို ရောက်လာတဲ့ လက်ရွေးစင်အသင်းကို အသင်းပရိသတ်တွေက ကွင်းထဲ လာရောက်အားပေးမှုလည်း လုပ်ခဲ့ကြပါတယ်။

ဆီနီဂေါ ပရိသတ်တွေက ကွင်းထဲမှာ ‘ယူနိုက်တက်ကို ပြောင်းပါ ကိုလီဘာလီ’ ဆိုတဲ့ စာတန်းကြီးကို ကိုင်ဆောင်ပြီး အားပေးမှု ပြုလုပ်ခဲ့တယ်။ မာနေးက အသင်းပရိသတ်တွေကို သူ့ထုံးစံအတိုင်း ပြုံးရွှင်စွာနဲ့ နုတ်ဆက်ချိန် အဆိုပါ စာတန်းကိုင်ဆောင်ထားသူတွေနား ရောက်ရှိချိန်မှာ ဆီနီဂေါ ယူနိုက်တက် ပရိသတ်တွေက Banner ကို ပုပ်ပြီး မာနေးကို စနောက် အော်ဟစ်ခဲ့သလို မာနေးကလည်း လက်ရွေးစင်အသင်းဖော်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်ထံ ပြောင်းဖို့ တိုက်တွန်းမှုကို လက်မကို အောက်စိုက်ပြီးတော့ သဘောမတူကြောင်း အပြုအမှုကို ပြသခဲ့တာပါ။

ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးနေရာ အားဖြည့်ဖို့ ထိပ်တန်းခံစစ်သမားတွေကို ချိတ်ဆက်နေပြီး ကိုလီဘာလီကို နှစ်သက်ကြောင်း သတင်းတွေ ထွက်နေတာဖြစ်တယ်။ ပရီးမီးယားလိဂ် ထိပ်တန်းတိုက်စစ်မှူးဖြစ်တဲ့ မာနေးကတော့ သူ့ရဲ့ အသင်းဖော်ကို ကလပ်အဆင့်မှာ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ခြင်း မရှိဘူးလို့လည်း ယူဆရပါတယ်။

ဆီနီဂေါဖန်းပေ့ဖြစ်တဲ့ Orange Sénégal ကအဆိုပါ ဖြစ်ရပ် ဗီဒီယိုအတိုကို အွန်လိုင်းပေါ် တင်ပေးခဲ့ပြီး ‘The moment LOL of the day’ ဆိုပြီး ဖော်ပြသွားပါတယ်။ နိုင်ငံအသင်းဖော်နှစ်ဦး ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမလားကတော့ လာမယ့် နွေမှာ စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

Sports Home Time