ပြဲအျပီးမွာ မန္စီးတီးကို အံ့ၾသေလာက္စရာ ခ်ီးက်ဴးခဲ့ၾကတဲ့ ခ်ယ္ဆီး ဂိုးသြင္းရွင္မ်ား

[Zawgyi] ခ်ယ္ဆီးအသင္းက အရင္အပတ္မွာတုန္းက ဝုဗ္ကို အေရးနိမ့္ခဲ့ျပီး ဖိအားေတြေအာက္ ေရာက္ေနခဲ့တာပါ။ ေဘာလံုးပရိသတ္ အေတာ္မ်ားမ်ားက အေကာင္းဆံုးအေနအထားမွာ ရွိမေနတဲ့ ခ်ယ္ဆီးဟာ မန္စီးတီးကို ခုခံႏိုင္မွာ မဟုတ္ဘူးလို႔ ယံုၾကည္ထားၾကတယ္။ ခ်ယ္ဆီးဘက္က အႏိုင္ရသြားမယ္လို႔ ယံုၾကည္သူေတြက လန္ဒန္အသင္း ပရိသတ္ေတြကလြဲလို႔ နည္းပါးပါလိမ့္မယ္။

ဒါေပမယ့္ ေလးစားစရာျဖစ္လာတာက ခ်ယ္ဆီးရဲ႕ တုန္႔ျပန္မႈပါ။ ဝုဗ္နဲ႔ပြဲ အရံွဴးကို ေမ့ေလာက္ေအာင္ပဲ အေကာင္းဆံုး တံု႔ျပန္ကစားျပခဲ့တယ္။ ခ်ယ္ဆီးက မန္စီးတီးကို အႏိုင္ရလိုက္တာက အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈအတြက္ေကာ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ပါ ပိုမိုစိတ္ဝင္စားစရာေကာင္းတဲ့ အေနအထားကို ေရာက္ရွိလာေစခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းက စတမ္းဖိုစ္ဘရစ္ခ်္မွာ မန္စီးတီးကို အေကာင္းဆံုး တုန္႔ျပန္ျပခဲ့ျပီး မန္စီးတီးဟာ ဒီရာသီမွာ ဂိုးေပါက္ ျခိမ္းေျခာက္မႈ အနည္းဆံုး ပြဲတစ္ပြဲကိုေတာင္ ရင္ဆိုင္သြားရတာပါ။ မန္စီးတီးရဲ႕ တိုက္စစ္ပိုင္းက ခ်ယ္ဆီးရဲ႕ ခံစစ္သမားေတြကို ေက်ာ္ျဖတ္ဖို႔ရာ ခက္ခဲခဲ့ျပီး အလုပ္အျဖစ္ခဲ့ဘူးလို႔ ဆိုရမွာပါ။ ဒီရံွဴးပြဲေၾကာင့္ မန္စီးတီးဟာ အမွတ္ေပးဇယား ဦးေဆာင္ခြင့္အား လီဗာပူးအသင္းထံ လြဲေျပာင္းေပးခဲ့ရပါတယ္။

ခ်ယ္ဆီးအသင္းက အႏိုင္ရခဲ့သည့္တိုင္း ဂိုးသြင္းရွင္ေတြျဖစ္တဲ့ ကန္ေနနဲ႔ လူးဝစ္ကေတာ့ မန္စီးတီးရဲ႕ အရည္အခ်င္းကို ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ မန္စီးတီးဟာ ဥေရာပရဲ႕ အေကာင္းဆံုးအသင္း အဆင့္မွာေတာင္ ရွိေနပါတယ္လို႔ ခ်ီးက်းခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္လူးဝစ္က ” ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါတယ္။ က်ေနာ္တို႔က ဥေရာပရဲ႕ အေကာင္းဆံုးအသင္းနဲ႔ ယွဥ္ျပိဳင္ခဲ့ရတယ္လို႔ေတာင္ ထင္မိပါတယ္။ သူတို႔မွာ ကစားသမားေကာင္းေတြရွိျပီး ကစားပံုကလည္း အေတာ္ေလး ေကာင္းပါတယ္။ က်ေန္ာတို႔ ရုန္းကန္ခဲ့ရေပမယ့္ ဂိုးသြင္းဖို႔ အခြင့္အေရးေတြ ျပန္ရခဲ့တယ္။ က်ေနာ္တို႔ အစီအစဥ္က အလုပ္ျဖစ္ခဲ့ပါတယ္။ က်ေနာ္တို႔မွာ ရလဒ္ဆိုးေတြ ပိုင္ဆိုင္ထားခဲ့ျပီး တိုးတက္လာေအာင္ ၾကိဳးစားရမွာပါ။ အသင္းက အေကာင္းဆံုး ၾကိဳးစားႏိုင္ခဲ့တယ္။ ဆက္ျပီး ၾကိဳးစားရမွာျဖစ္သလို ပြဲေတြကိုလည္း အာရံုစိုက္ရမွာပါ ” လို႔ ပြဲအျပီးမွာ ေျပာဆိုတယ္။

အသင္းေဖာ္ ကန္ေတကလည္း ” မန္စီးတီးက သိပ္ေကာင္းတဲ့အသင္းပါ။ အသင္းက အတူတကြ ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ျပီး အရံွဴးမေပးလို႔ သြင္းဂိုးႏွစ္ဂိုး ရခဲ့ပါတယ္။ အႏိုင္ရလဒ္အတြက္ အရမ္းေပ်ာ္ပါတယ္။ အေရးၾကီးဆံုးကေတာ့ ကြင္းထဲမွာ အစြမး္ကုန္ေပးဆပ္ဖို႔ပါ။ ဂိုးသြင္းႏိုင္ခဲ့တာအတြက္လည္း ေပ်ာ္ပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။

မန္ေနဂ်ာဆာရီဟာ တိုက္စစ္မွဴးစစ္စစ္ မပါဝင္ပဲ ဟာဇက္၊ ဝီလီယမ္၊ ပက္ဒရိုတို႔ကိုပဲ တိုက္စစ္မွာ ကစားေစခဲ့လို႔ လာမယ့္ပြဲေတြမွာေကာ အေထာင္တုိက္စစ္မွဴး မပါဝင္တဲ့ ကစားကြက္ကို က်င့္သံုးလာဦးမလားက စိတ္ဝင္စားစရာ ေစာင့္ၾကည့္သြားရဦးေတာ့မွာပါ။

Sports Home Time

[Unicode] ချယ်ဆီးအသင်းက အရင်အပတ်မှာတုန်းက ဝုဗ်ကို အရေးနိမ့်ခဲ့ပြီး ဖိအားတွေအောက် ရောက်နေခဲ့တာပါ။ ဘောလုံးပရိသတ် အတော်များများက အကောင်းဆုံးအနေအထားမှာ ရှိမနေတဲ့ ချယ်ဆီးဟာ မန်စီးတီးကို ခုခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြတယ်။ ချယ်ဆီးဘက်က အနိုင်ရသွားမယ်လို့ ယုံကြည်သူတွေက လန်ဒန်အသင်း ပရိသတ်တွေကလွဲလို့ နည်းပါးပါလိမ့်မယ်။

ဒါပေမယ့် လေးစားစရာဖြစ်လာတာက ချယ်ဆီးရဲ့ တုန့်ပြန်မှုပါ။ ဝုဗ်နဲ့ပွဲ အရံှူးကို မေ့လောက်အောင်ပဲ အကောင်းဆုံး တုံ့ပြန်ကစားပြခဲ့တယ်။ ချယ်ဆီးက မန်စီးတီးကို အနိုင်ရလိုက်တာက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက်ကော ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ အနေအထားကို ရောက်ရှိလာစေခဲ့ပါတယ်။

ချယ်ဆီးအသင်းက စတမ်းဖိုစ်ဘရစ်ချ်မှာ မန်စီးတီးကို အကောင်းဆုံး တုန့်ပြန်ပြခဲ့ပြီး မန်စီးတီးဟာ ဒီရာသီမှာ ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းဆုံး ပွဲတစ်ပွဲကိုတောင် ရင်ဆိုင်သွားရတာပါ။ မန်စီးတီးရဲ့ တိုက်စစ်ပိုင်းက ချယ်ဆီးရဲ့ ခံစစ်သမားတွေကို ကျော်ဖြတ်ဖို့ရာ ခက်ခဲခဲ့ပြီး အလုပ်အဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။ ဒီရံှူးပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယား ဦးဆောင်ခွင့်အား လီဗာပူးအသင်းထံ လွဲပြောင်းပေးခဲ့ရပါတယ်။

ချယ်ဆီးအသင်းက အနိုင်ရခဲ့သည့်တိုင်း ဂိုးသွင်းရှင်တွေဖြစ်တဲ့ ကန်နေနဲ့ လူးဝစ်ကတော့ မန်စီးတီးရဲ့ အရည်အချင်းကို ထုတ်ဖော်ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ မန်စီးတီးဟာ ဥရောပရဲ့ အကောင်းဆုံးအသင်း အဆင့်မှာတောင် ရှိနေပါတယ်လို့ ချီးကျးခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်လူးဝစ်က ” ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့က ဥရောပရဲ့ အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်လို့တောင် ထင်မိပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေရှိပြီး ကစားပုံကလည်း အတော်လေး ကောင်းပါတယ်။ ကျနေ်ာတို့ ရုန်းကန်ခဲ့ရပေမယ့် ဂိုးသွင်းဖို့ အခွင့်အရေးတွေ ပြန်ရခဲ့တယ်။ ကျနော်တို့ အစီအစဉ်က အလုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ထားခဲ့ပြီး တိုးတက်လာအောင် ကြိုးစားရမှာပါ။ အသင်းက အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်။ ဆက်ပြီး ကြိုးစားရမှာဖြစ်သလို ပွဲတွေကိုလည်း အာရုံစိုက်ရမှာပါ ” လို့ ပွဲအပြီးမှာ ပြောဆိုတယ်။

အသင်းဖော် ကန်တေကလည်း ” မန်စီးတီးက သိပ်ကောင်းတဲ့အသင်းပါ။ အသင်းက အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး အရံှူးမပေးလို့ သွင်းဂိုးနှစ်ဂိုး ရခဲ့ပါတယ်။ အနိုင်ရလဒ်အတွက် အရမ်းပျော်ပါတယ်။ အရေးကြီးဆုံးကတော့ ကွင်းထဲမှာ အစွမ်းကုန်ပေးဆပ်ဖို့ပါ။ ဂိုးသွင်းနိုင်ခဲ့တာအတွက်လည်း ပျော်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

မန်နေဂျာဆာရီဟာ တိုက်စစ်မှူးစစ်စစ် မပါဝင်ပဲ ဟာဇက်၊ ဝီလီယမ်၊ ပက်ဒရိုတို့ကိုပဲ တိုက်စစ်မှာ ကစားစေခဲ့လို့ လာမယ့်ပွဲတွေမှာကော အထောင်တိုက်စစ်မှူး မပါဝင်တဲ့ ကစားကွက်ကို ကျင့်သုံးလာဦးမလားက စိတ်ဝင်စားစရာ စောင့်ကြည့်သွားရဦးတော့မှာပါ။

Sports Home Time