ပရီးမီးယားလိဂ္ ထပ္သီးေဟာင္းေတြ ပါဝင္တဲ့ အဂၤလန္မန္ေနဂ်ာ လ်ာထားစာရင္းနဲ႔ အက္ဖ္ေအရဲ႕ အနာဂတ္ပလန္

[Zawgyi] အဂၤလန္အသင္းဟာ လက္ရွိ လက္ေရြးစင္ မန္ေနဂ်ာျဖစ္သူ ေဆာက္ဂိတ္ သက္တမ္းကုန္လို႔ စာခ်ဳပ္ ထပ္မတိုးတဲ့အခါ လက္ေရြးစင္ကို ကိုင္တြယ္ဖို႔ လ်ာထားစာရင္းကို ျပဳလုပ္ေနျပီး အဆိုပါ စာရင္းမွာ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ ကစားသမားေဟာင္း အမ်ားအျပား ပါဝင္လာပါတယ္။

The Times သတင္းကေနျပီး အဂၤလန္အသင္း နည္းစနစ္ဒါရိုက္တာေဟာင္း Dan Ashworth နဲ႔ အင္တာဗ်ဴး ျပဳလုပ္ရာကေန အဆိုပါ သတင္းကို သိခဲ့ရတာပါ။ သူဟာ ဘရိုက္တန္အသင္းမွာ ကစားသမား ေခၚယူမႈနဲ႔ တိုးတက္မႈဆိုင္ရာ အၾကီးအကဲအျဖစ္ တာဝန္ယူဖို႔ရာ အဂၤလန္အသင္းကေန ႏုတ္ထြက္ခဲ့သူလည္း ျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ကြင္းတြင္းကြင္းျပင္ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ေနျပီး လူငယ္မ်ိဳးဆက္ကို အေျခခံကာ 2018 ကမၻာဖလားမွာ မန္ေနဂ်ာေဆာက္ဂိတ္ ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏုိက္တဲ့ ေအာင္ျမင္မႈေတြ ရခဲ့တာကို အက္ဖ္ေအက ႏွစ္သက္မႈ ရွိေနပါတယ္။ ဒါေၾကာင့္ အနာဂတ္ကိုလည္း လူငယ္အစုအဖြဲ႔ အေျခခံျပီး တည္ေဆာက္မွာ ျဖစ္သလို မန္ေနဂ်ာေတြကိုလည္း ငယ္ရြယ္ျပီး အလားအလာရွိတဲ့ သူေတြကို ေရြးခ်ယ္ စာရင္းျပဳလာခဲ့တယ္။

Dan Ashworth ရဲ႕ သတင္းေပးမႈကို အေျခခံျပီး The Times က ေဖာ္ျပမႈအရေတာ့ ေဆာက္ဂိတ္ေနာက္ပိုင္း အဂၤလန္ လက္ေရြးစင္အသင္းကို ဆက္ခံႏုိင္ဖြယ္ရွိတဲ့ မန္ေနဂ်ာေတြက ဘန္ေလမန္ေနဂ်ာ Sean Dyche, ဘုန္းေမာက္မန္ေနဂ်ာ Eddie Howe, ဒါဘီမန္ေနဂ်ာ Frank Lampard, ရိန္းဂ်ားမန္ေနဂ်ာ Steven Gerrard, အဂၤလန္အမ်ိဳးသမီးအသင္း မန္ေနဂ်ာ Phil Neville နဲ႔ အဂၤလန္ ယူ-21 အသင္း မန္ေနဂ်ာ Aidy Boothroyd တို႔ပဲျဖစ္ေၾကာင္း သိရပါတယ္။

အဂၤလန္လူငယ္ေတြ ဂ်ာမနီေျမမွာ ေအာင္ျမင္လာျခင္းနဲ႔ ဘြန္ဒက္လီဂါ ထိပ္တန္းအသင္းေတြဟာ အဂၤလန္လူငယ္ေတြကို စိတ္ဝင္စားလာျခင္းက အက္ဖ္ေအကို လူငယ္ပိုင္းဆိုင္ရာ ပ်ိဳးေထာက္မႈေတြမွာ မ်က္စိပြင့္လာေစခဲ့ျပီး ယူ-15 ႏွစ္ေအာက္အသင္းအတြက္ ေရြးခ်ယ္ဖို႔ေတာင္မွ ကစားသမား 75 ဦးထိ ၾကိဳတင္ေျခရာေကာက္ေနတယ္လို႔ Dan Ashworth က ဆက္လက္ျပီး ရွင္းျပပါတယ္။

ပရီးမီးယားလိဂ္ လူငယ္ေတြရဲ႕ တိုးတက္မႈေတြဟာ အျခားေသာ လိဂ္ေတြထံ လႊမ္းမိုးႏုိင္စြမ္း ရွိလာတဲ့ေနာက္ အဂၤလန္ဟာ ျဗိတိန္ကၽြန္းစုေတြမွာ အျခားေသာ လက္ေရြးစင္ေတြျဖစ္တဲ့ အိုင္ယာလန္၊ စေကာ့တလန္၊ ေဝလ္း အစရွိတဲ့ အသင္းေတြနဲ႔အျပိဳင္ လက္ေရြးစင္ေရြးခ်ယ္မႈေတြမွာ တစ္ပန္းသာဖို႔လည္း ၾကိဳးစားမွာပါ။ ဥပမာအားျဖင့္ အိုက္ယာလန္ကြင္းလယ္လူ ရိုက္ဟာ မၾကာေသးခင္ကပဲ အဂၤလန္ကို ေျပာင္းလဲ ကိုယ္စားျပဳခဲ့ျပီျဖစ္တယ္။

ဒါေပမယ့္လို႔ အဂၤလန္အသင္း ျပိဳင္ဆိုင္ရမွာက ေဒသတြင္း လက္ေရြးစင္ေတြထက္ အျခားေသာ ႏုိင္ငံေတြျဖစ္လာမွာျဖစ္တယ္။ စတုတ္ကြင္းလယ္လူေဟာင္း အန္ဇြန္နီဟာ အဂၤလန္မွာ ကစားခဲ့ေပမယ့္ ျပင္သစ္ကို ကိုယ္စားျပဳဖို႔ ေရြးခ်ယ္ခဲ့တယ္။ ယူႏုိက္တက္ ကစားသမားေဟာင္း ဂ်ာႏုဇက္က ဘယ္ဂ်ီယံကို ကိုယ္စားျပဳဖို႔ ေရြးခ်ယ္ခဲ့တယ္။ အနာဂတ္မွာ ပရီးမီးယားလိဂ္ ကစားသမားေတြထဲက ေျခစြမ္းေတာက္ပသူေတြကို အဂၤလန္အား ေရြးခ်ယ္ကိုယ္စားျပဳဖို႔ အက္ဖ္ေအက ၾကိဳးစားမွာျဖစ္တယ္လို႔ သိရပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်အသင်းဟာ လက်ရှိ လက်ရွေးစင် မန်နေဂျာဖြစ်သူ ဆောက်ဂိတ် သက်တမ်းကုန်လို့ စာချုပ် ထပ်မတိုးတဲ့အခါ လက်ရွေးစင်ကို ကိုင်တွယ်ဖို့ လျာထားစာရင်းကို ပြုလုပ်နေပြီး အဆိုပါ စာရင်းမှာ ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားဟောင်း အများအပြား ပါဝင်လာပါတယ်။

The Times သတင်းကနေပြီး အင်္ဂလန်အသင်း နည်းစနစ်ဒါရိုက်တာဟောင်း Dan Ashworth နဲ့ အင်တာဗျူး ပြုလုပ်ရာကနေ အဆိုပါ သတင်းကို သိခဲ့ရတာပါ။ သူဟာ ဘရိုက်တန်အသင်းမှာ ကစားသမား ခေါ်ယူမှုနဲ့ တိုးတက်မှုဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူဖို့ရာ အင်္ဂလန်အသင်းကနေ နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကွင်းတွင်းကွင်းပြင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး လူငယ်မျိုးဆက်ကို အခြေခံကာ 2018 ကမ္ဘာဖလားမှာ မန်နေဂျာဆောက်ဂိတ် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုက်တဲ့ အောင်မြင်မှုတွေ ရခဲ့တာကို အက်ဖ်အေက နှစ်သက်မှု ရှိနေပါတယ်။ ဒါကြောင့် အနာဂတ်ကိုလည်း လူငယ်အစုအဖွဲ့ အခြေခံပြီး တည်ဆောက်မှာ ဖြစ်သလို မန်နေဂျာတွေကိုလည်း ငယ်ရွယ်ပြီး အလားအလာရှိတဲ့ သူတွေကို ရွေးချယ် စာရင်းပြုလာခဲ့တယ်။

Dan Ashworth ရဲ့ သတင်းပေးမှုကို အခြေခံပြီး The Times က ဖော်ပြမှုအရတော့ ဆောက်ဂိတ်နောက်ပိုင်း အင်္ဂလန် လက်ရွေးစင်အသင်းကို ဆက်ခံနိုင်ဖွယ်ရှိတဲ့ မန်နေဂျာတွေက ဘန်လေမန်နေဂျာ Sean Dyche, ဘုန်းမောက်မန်နေဂျာ Eddie Howe, ဒါဘီမန်နေဂျာ Frank Lampard, ရိန်းဂျားမန်နေဂျာ Steven Gerrard, အင်္ဂလန်အမျိုးသမီးအသင်း မန်နေဂျာ Phil Neville နဲ့ အင်္ဂလန် ယူ-21 အသင်း မန်နေဂျာ Aidy Boothroyd တို့ပဲဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်လူငယ်တွေ ဂျာမနီမြေမှာ အောင်မြင်လာခြင်းနဲ့ ဘွန်ဒက်လီဂါ ထိပ်တန်းအသင်းတွေဟာ အင်္ဂလန်လူငယ်တွေကို စိတ်ဝင်စားလာခြင်းက အက်ဖ်အေကို လူငယ်ပိုင်းဆိုင်ရာ ပျိုးထောက်မှုတွေမှာ မျက်စိပွင့်လာစေခဲ့ပြီး ယူ-15 နှစ်အောက်အသင်းအတွက် ရွေးချယ်ဖို့တောင်မှ ကစားသမား 75 ဦးထိ ကြိုတင်ခြေရာကောက်နေတယ်လို့ Dan Ashworth က ဆက်လက်ပြီး ရှင်းပြပါတယ်။

ပရီးမီးယားလိဂ် လူငယ်တွေရဲ့ တိုးတက်မှုတွေဟာ အခြားသော လိဂ်တွေထံ လွှမ်းမိုးနိုင်စွမ်း ရှိလာတဲ့နောက် အင်္ဂလန်ဟာ ဗြိတိန်ကျွန်းစုတွေမှာ အခြားသော လက်ရွေးစင်တွေဖြစ်တဲ့ အိုင်ယာလန်၊ စကော့တလန်၊ ဝေလ်း အစရှိတဲ့ အသင်းတွေနဲ့အပြိုင် လက်ရွေးစင်ရွေးချယ်မှုတွေမှာ တစ်ပန်းသာဖို့လည်း ကြိုးစားမှာပါ။ ဥပမာအားဖြင့် အိုက်ယာလန်ကွင်းလယ်လူ ရိုက်ဟာ မကြာသေးခင်ကပဲ အင်္ဂလန်ကို ပြောင်းလဲ ကိုယ်စားပြုခဲ့ပြီဖြစ်တယ်။

ဒါပေမယ့်လို့ အင်္ဂလန်အသင်း ပြိုင်ဆိုင်ရမှာက ဒေသတွင်း လက်ရွေးစင်တွေထက် အခြားသော နိုင်ငံတွေဖြစ်လာမှာဖြစ်တယ်။ စတုတ်ကွင်းလယ်လူဟောင်း အန်ဇွန်နီဟာ အင်္ဂလန်မှာ ကစားခဲ့ပေမယ့် ပြင်သစ်ကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့တယ်။ ယူနိုက်တက် ကစားသမားဟောင်း ဂျာနုဇက်က ဘယ်ဂျီယံကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့တယ်။ အနာဂတ်မှာ ပရီးမီးယားလိဂ် ကစားသမားတွေထဲက ခြေစွမ်းတောက်ပသူတွေကို အင်္ဂလန်အား ရွေးချယ်ကိုယ်စားပြုဖို့ အက်ဖ်အေက ကြိုးစားမှာဖြစ်တယ်လို့ သိရပါတယ်။

Sports Home Time