ပရီးမီးယားလိဂ္ပြဲ တစ္ပြဲမွ မကစားရေသးပဲ အဂၤလန္လူစာရင္းထဲ ပါဝင္ခြင့္ရလိုက္တဲ့ အိုဒိြဳင္း

[Zawgyi] အဂၤလန္တစ္ဝန္း မိုင္ေပါင္း 280 ကြာေဝးတဲ့ ခရီးကေန စီနီယာအသင္းကို လာေရာက္ ပူးေပါင္းဖုိ႔အတြက္ ခ်ယ္ဆီး လူငယ္ေတာင္ပံသမား အိုဒိြဳင္းဟာ မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရျပီျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ 2020 ယူရို ေျခစစ္ပြဲအတြက္ ခ်က္၊ မြန္တီနီဂရိုး အသင္းတို႔နဲ႔ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။

အသက္ 18 ႏွစ္အရြယ္ ေတာင္ပံသမားဟာ ခ်ယ္ဆီးအတြက္ ပရီးမီးယားလိဂ္ ပြဲထြက္လူစာရင္းကေန မကစားေပးရေသးပါဘူး။ သူဟာ အဂၤလန္ ယူ-18 အသင္းမွာ အဓိက ကစားသူျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္ မန္ေနဂ်ာေဆာက္ဂိတ္က လက္ေရြးစင္အဆင့္ကို တုိးျမွင့္ေခၚယူခဲ့တာျဖစ္တယ္။

2017-2018 ေဘာလံုးရာသီမွာ မန္ေနဂ်ာကြန္တီရဲ႕ ပြဲထုတ္မႈနဲ႔ လူစားဝင္ ကစားသမားအျဖစ္ ပရီးမီးယားလိဂ္ ကစားသမားဘဝကို စတင္ခဲ့တယ္။ ဒီရာသီမွာေတာ့ မန္ေနဂ်ာဆာရီဟာ အျခားေသာ ဖလားပြဲေတြမွာ အသံုးျပဳေပမယ့္ ပရီးမီးယားလိဂ္မွာ တစ္ၾကိမ္မွ ပြဲထြက္လူစာရင္းကေန မပါဖူးပါဘူး။

အိုဒိြဳင္းဟာ ယူ-21 အသင္းနဲ႔ ပူးေပါင္းဖို႔ မိုင္ရာေက်ာ္ေဝးတဲ့ ဘရစ္စတိုအရပ္ကို ေရာက္ေနတာပါ။ အဲ့သည္ကို ေရာက္ျပီး ေန႔လည္ပိုင္းမွာေတာ့ ေဆာက္ဂိတ္ထံက အေခၚစာရလာလို႔ စီနီယာအသင္းနဲ႔ ပူးေပါင္းဖို႔ ေနာက္ထပ္ မိုင္ရာေက်ာ္ခရီးကို ကားနဲ႔ လာခဲ့ရတာျဖစ္တယ္။

“ တကယ္ကို ထူးျခားလွတဲ့ ေန႔ရက္ျဖစ္ေပမယ့္ က်ေန္ာရဲ႕ ပထမဆံုးအျဖစ္ လက္ေရြးစင္အသင္းက ေခၚယူတာကို ခံရတာကို အရမ္း ေပ်ာ္ရႊင္မိပါတယ္။ ဒီေန႔ကေတာ့ က်ေန္ာအတြက္ အရမ္းကို ရွည္ၾကာတဲ့ ေန႔ရက္ ျဖစ္လာေတာ့မွာပါ။ ယူ-21 အသင္းနဲ႔ ပူးေပါင္းဖို႔ ေရာက္လာခဲ့ျပီးမွ လက္ေရြးစင္အသင္းက ေခၚယူခံရတာအတြက္ အရမ္းေပ်ာ္ပါတယ္။

က်ေန္ာက ယူ-21 မန္ေနဂ်ာက ေနာက္ေနတယ္ ထင္တာပါ။ ကိုယ္ၾကားရတာအတြက္ အရမ္းအံ့ၾသခဲ့ျပီး ယံုေတာင္ မယံုႏုိင္ပါဘူး။ အရမ္းေပ်ာ္မိပါတယ္။ ဒါက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာတာပါ။ အခု က်ေန္ာ ၾကိဳးစားျပီး အခြင့္အေရးတိုင္းမွာ အလုပ္ေကာင္းေကာင္းလုပ္ဖုိ႔နဲ႔ အခြင့္အေရး ရလာခ်ိန္မွာ အက်ိဳးျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒီမွာရွိတဲ့ လူတိုင္းက အရမ္းေဖာ္ေရႊတယ္။ အဲ့တာက အရမ္းေကာင္းပါတယ္။ သူတို႔က ကိုယ္ကို သက္ေသာင့္သက္သာ ရွိေစျပီး ဒီမွာရွိတဲ့ အသင္းသားေတြအေၾကာင္း ေကာင္းေကာင္းသိလာဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ အိုဒိြဳင္းက သူ႔ရဲ႕ပီတိစကားကို ေျပာဆိုခဲ့ပါတယ္။

အိုဒိြဳင္းနည္းတူပဲ စိန္႔ကြင္းလယ္လူ ပရိုဆီကလည္း အဂၤလန္လူစာရင္းကေန ေခၚယူျခင္း ခံခဲ့ရတယ္။ အဂၤလန္အသင္းဟာ ေလာ့တပ္ခ်ိစ္၊ ဒဖ္ဘ္၊ ဂၽြန္စတုန္း၊ လုေရွာတို႔ ဒဏ္ရာေတြေၾကာင့္ ႏုတ္ထြက္ခဲ့လုိ႔ အျခားေသာ အဂၤလန္သားေတြကို လက္ေရြးစင္အတြက္ အစားထိုး ေခၚယူခဲ့တာျဖစ္တယ္။ အေစာပိုင္းမွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က မပါခဲ့ေပမယ့္ ဒဏ္ရာက ျပန္သက္သာလာဖို႔ အဂၤလန္လူစာရင္းမွာ လာေရာက္ ပူးေပါင္းခဲ့ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်တစ်ဝန်း မိုင်ပေါင်း 280 ကွာဝေးတဲ့ ခရီးကနေ စီနီယာအသင်းကို လာရောက် ပူးပေါင်းဖို့အတွက် ချယ်ဆီး လူငယ်တောင်ပံသမား အိုဒွိုင်းဟာ မန်နေဂျာဆောက်ဂိတ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ 2020 ယူရို ခြေစစ်ပွဲအတွက် ချက်၊ မွန်တီနီဂရိုး အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

အသက် 18 နှစ်အရွယ် တောင်ပံသမားဟာ ချယ်ဆီးအတွက် ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းကနေ မကစားပေးရသေးပါဘူး။ သူဟာ အင်္ဂလန် ယူ-18 အသင်းမှာ အဓိက ကစားသူဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် မန်နေဂျာဆောက်ဂိတ်က လက်ရွေးစင်အဆင့်ကို တိုးမြှင့်ခေါ်ယူခဲ့တာဖြစ်တယ်။

2017-2018 ဘောလုံးရာသီမှာ မန်နေဂျာကွန်တီရဲ့ ပွဲထုတ်မှုနဲ့ လူစားဝင် ကစားသမားအဖြစ် ပရီးမီးယားလိဂ် ကစားသမားဘဝကို စတင်ခဲ့တယ်။ ဒီရာသီမှာတော့ မန်နေဂျာဆာရီဟာ အခြားသော ဖလားပွဲတွေမှာ အသုံးပြုပေမယ့် ပရီးမီးယားလိဂ်မှာ တစ်ကြိမ်မှ ပွဲထွက်လူစာရင်းကနေ မပါဖူးပါဘူး။

အိုဒွိုင်းဟာ ယူ-21 အသင်းနဲ့ ပူးပေါင်းဖို့ မိုင်ရာကျော်ဝေးတဲ့ ဘရစ်စတိုအရပ်ကို ရောက်နေတာပါ။ အဲ့သည်ကို ရောက်ပြီး နေ့လည်ပိုင်းမှာတော့ ဆောက်ဂိတ်ထံက အခေါ်စာရလာလို့ စီနီယာအသင်းနဲ့ ပူးပေါင်းဖို့ နောက်ထပ် မိုင်ရာကျော်ခရီးကို ကားနဲ့ လာခဲ့ရတာဖြစ်တယ်။

“ တကယ်ကို ထူးခြားလှတဲ့ နေ့ရက်ဖြစ်ပေမယ့် ကျနေ်ာရဲ့ ပထမဆုံးအဖြစ် လက်ရွေးစင်အသင်းက ခေါ်ယူတာကို ခံရတာကို အရမ်း ပျော်ရွှင်မိပါတယ်။ ဒီနေ့ကတော့ ကျနေ်ာအတွက် အရမ်းကို ရှည်ကြာတဲ့ နေ့ရက် ဖြစ်လာတော့မှာပါ။ ယူ-21 အသင်းနဲ့ ပူးပေါင်းဖို့ ရောက်လာခဲ့ပြီးမှ လက်ရွေးစင်အသင်းက ခေါ်ယူခံရတာအတွက် အရမ်းပျော်ပါတယ်။

ကျနေ်ာက ယူ-21 မန်နေဂျာက နောက်နေတယ် ထင်တာပါ။ ကိုယ်ကြားရတာအတွက် အရမ်းအံ့သြခဲ့ပြီး ယုံတောင် မယုံနိုင်ပါဘူး။ အရမ်းပျော်မိပါတယ်။ ဒါက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ အခု ကျနေ်ာ ကြိုးစားပြီး အခွင့်အရေးတိုင်းမှာ အလုပ်ကောင်းကောင်းလုပ်ဖို့နဲ့ အခွင့်အရေး ရလာချိန်မှာ အကျိုးဖြစ်စေဖို့ မျှော်လင့်ပါတယ်။

ဒီမှာရှိတဲ့ လူတိုင်းက အရမ်းဖော်ရွှေတယ်။ အဲ့တာက အရမ်းကောင်းပါတယ်။ သူတို့က ကိုယ်ကို သက်သောင့်သက်သာ ရှိစေပြီး ဒီမှာရှိတဲ့ အသင်းသားတွေအကြောင်း ကောင်းကောင်းသိလာဖို့ မျှော်လင့်ပါတယ် ” လို့ အိုဒွိုင်းက သူ့ရဲ့ပီတိစကားကို ပြောဆိုခဲ့ပါတယ်။

အိုဒွိုင်းနည်းတူပဲ စိန့်ကွင်းလယ်လူ ပရိုဆီကလည်း အင်္ဂလန်လူစာရင်းကနေ ခေါ်ယူခြင်း ခံခဲ့ရတယ်။ အင်္ဂလန်အသင်းဟာ လော့တပ်ချိစ်၊ ဒဖ်ဘ်၊ ဂျွန်စတုန်း၊ လုရှောတို့ ဒဏ်ရာတွေကြောင့် နုတ်ထွက်ခဲ့လို့ အခြားသော အင်္ဂလန်သားတွေကို လက်ရွေးစင်အတွက် အစားထိုး ခေါ်ယူခဲ့တာဖြစ်တယ်။ အစောပိုင်းမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က မပါခဲ့ပေမယ့် ဒဏ်ရာက ပြန်သက်သာလာဖို့ အင်္ဂလန်လူစာရင်းမှာ လာရောက် ပူးပေါင်းခဲ့ပါတယ်။

Sports Home Time