ႏိုင္ပြဲရေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ အသင္းသားေတြ သိသြားျပီ ဆိုလာတဲ့ ေမာ္ရင္ညိဳ

[Zawgyi] အိုထရတ္ဖိုဒ္မွာ အာဆင္နယ္ကို ရင္ဆိုင္ကစားျပီး သေရတစ္မွတ္ ခြဲယူႏိုင္ေအာင္ စြမ္းရည္ေကာင္းေတြ ျပသခဲ့တဲ့ ယူႏိုက္တက္ဟာ ဇယားေအာက္ေျခက ကလပ္အသင္းျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ အႏိုင္ရခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ဖူလ္ဟမ္ကို ရင္ဆိုင္ကစားခ်ိန္မွာ အထေႏွးမေနပဲ ပြဲစကတည္းက သြက္သြက္လက္လက္ ကစားေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ အေရးၾကီးတာက ရလဒ္ပိုင္းမဟုတ္ပဲ မန္ခ်က္စတာယူႏိုက္တက္ကို ေပးဆပ္ကစားမယ္ဆိုရင္ ဘာျဖစ္ႏိုင္မလဲဆိုတဲ့ စိတ္ဓါတ္ခံယူခ်က္ပိုင္းျဖစ္ေၾကာင္း ေမာ္ရင္ညိဳက ေျပာဆိုပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ ယူႏုိက္တက္အသင္းသားေတြက ရလဒ္ဆိုးကေန ရုန္းထြက္လိုစိတ္ရွိေၾကာင္း ျပသခဲ့သလို ပြဲစကတည္းက ၾကိဳးစားအားထုတ္မႈေတြ ရွိထားခဲ့တယ္။ ဒါေၾကာင့္လည္း ပြဲအစ 10 မိနစ္ေက်ာ္မွာတင္ အဖြင့္ဂိုး ရခဲ့ျပီး ပထမပိုင္း အျပီးမွာပဲ 3 ဂိုးျပတ္နဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ကာလရွည္ ေပ်ာက္ကြယ္ေနတဲ့ ယူႏိုက္တက္ အသင္းသားေတြရဲ႔ တိုက္ပြဲဝင္လိုစိတ္ကိုေတာ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ျပန္ေတြ႔ခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္မန္ေနဂ်ာ ေမာ္ရင္ညိဳက “ ဖူလ္ဟမ္နဲ႔ပြဲမွာ အဖြင့္ဂိုးကို ခပ္ေစာေစာ သြင္းႏိုင္ခဲ့ျပီး ပထမပိုင္းကို အေကာင္းဆံုး စတင္ႏိုင္ဖုိ႔ ဆက္ၾကိဳးစားႏိုင္ခဲ့တယ္။ အသင္းသားေတြက ပြဲထြက္အသင္းသား 11 ေယာက္ အတူတကြ ၾကိဳးစားကစားမယ္ဆိုရင္ ရလဒ္ပိုင္း ပိုေကာင္းတဲ့အသင္းျဖစ္လာႏိုင္တယ္ဆိုတာ နားလည္လာၾကပါျပီ။

ရလဒ္ဆိုးျဖစ္ရင္ေတာင္ ေပ်ာ္ရႊင္ႏုိင္တာကို အာဆင္နယ္ပြဲအျပီးမွာ အသင္းသားေတြက နားလည္သြားၾကပါျပီ။ တူညီတဲ့ စိတ္ဓါတ္ပိုင္းေတြကို ဖူလ္ဟမ္နဲ႔ပြဲမွာလည္း သယ္ေဆာင္လိုလာၾကတယ္။ ကစားသမားေတြက အစြမ္းကုန္ ေပးဆပ္ကစားျပီး အေကာင္းျမင္စိတ္ေတြ ရွိေနၾကဆဲပါ။ မန္ခ်က္စတာယူႏိုက္တက္အတြက္ အသင္းသားေတြက အစြမ္းကုန္ ေပးဆပ္တဲ့အခါမွာ က်ေနာ္တို႔က ပိုေကာင္းတဲ့အသင္း (အႏိုင္ရမယ့္အသင္း) ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

အဖြင့္ဂိုးကိုေတာ့ ပြဲအစ 13 မိနစ္မွာပဲ ဘယ္အစြန္လူ ယန္းက စတင္သြင္းယူေပးခဲ့တာျဖစ္တယ္။ မာတာနဲ႔ ရပ္ဖိုဒ့္တို႔ ေျခစြမ္းျပခဲ့ျပီး ႏွစ္ဦးလံုးကလည္း သြင္းဂိုးေတြ ကိုယ္စီ ရရွိခဲ့ပါတယ္။ တိုက္စစ္မွဴး လူကာကူကေတာ့ မတ္လေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ အိုထရတ္ဖိုဒ့္မွာ သြင္းဂိုးတစ္ဂိုး ျပန္ရသြားခဲ့ပါတယ္။

ဖူလ္ဟမ္နဲ႔ပြဲမွာ မန္ေနဂ်ာေမာ္ရင္ညိဳအတြက္ ယူႏုိက္တက္မန္ေနဂ်ာဘဝ ႏိုင္ပြဲ ပြဲ 50 ျပည့္တာလည္း ျဖစ္ပါတယ္။ ဒါအတြက္ ပြဲေပါင္း 92 ပြဲထိ ကိုင္တြယ္ခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ မန္ေနဂ်ာဘဝ မွတ္တမ္းေဟာင္းေတြနဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ခ်ယ္ဆီးမန္ေနဂ်ာဘဝ ပထမဆံုးအၾကိမ္မွာ ႏုိင္ပြဲ 50 ရဖို႔ 63 ပြဲ ကိုင္တြယ္ခဲ့ရျပီး ဒုတိယအၾကိမ္မွာေတာ့ ႏိုင္ပြဲ 50 ၇ဖို႔ 73 ပြဲထိ ကိုင္တြယ္ခဲ့ရပါတယ္။

Sports Home Time

[Unicode] အိုထရတ်ဖိုဒ်မှာ အာဆင်နယ်ကို ရင်ဆိုင်ကစားပြီး သရေတစ်မှတ် ခွဲယူနိုင်အောင် စွမ်းရည်ကောင်းတွေ ပြသခဲ့တဲ့ ယူနိုက်တက်ဟာ ဇယားအောက်ခြေက ကလပ်အသင်းဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ရင်ဆိုင်ကစားချိန်မှာ အထနှေးမနေပဲ ပွဲစကတည်းက သွက်သွက်လက်လက် ကစားနေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ အရေးကြီးတာက ရလဒ်ပိုင်းမဟုတ်ပဲ မန်ချက်စတာယူနိုက်တက်ကို ပေးဆပ်ကစားမယ်ဆိုရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စိတ်ဓါတ်ခံယူချက်ပိုင်းဖြစ်ကြောင်း မော်ရင်ညိုက ပြောဆိုပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းသားတွေက ရလဒ်ဆိုးကနေ ရုန်းထွက်လိုစိတ်ရှိကြောင်း ပြသခဲ့သလို ပွဲစကတည်းက ကြိုးစားအားထုတ်မှုတွေ ရှိထားခဲ့တယ်။ ဒါကြောင့်လည်း ပွဲအစ 10 မိနစ်ကျော်မှာတင် အဖွင့်ဂိုး ရခဲ့ပြီး ပထမပိုင်း အပြီးမှာပဲ 3 ဂိုးပြတ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ကာလရှည် ပျောက်ကွယ်နေတဲ့ ယူနိုက်တက် အသင်းသားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်ကိုတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုက “ ဖူလ်ဟမ်နဲ့ပွဲမှာ အဖွင့်ဂိုးကို ခပ်စောစော သွင်းနိုင်ခဲ့ပြီး ပထမပိုင်းကို အကောင်းဆုံး စတင်နိုင်ဖို့ ဆက်ကြိုးစားနိုင်ခဲ့တယ်။ အသင်းသားတွေက ပွဲထွက်အသင်းသား 11 ယောက် အတူတကွ ကြိုးစားကစားမယ်ဆိုရင် ရလဒ်ပိုင်း ပိုကောင်းတဲ့အသင်းဖြစ်လာနိုင်တယ်ဆိုတာ နားလည်လာကြပါပြီ။

ရလဒ်ဆိုးဖြစ်ရင်တောင် ပျော်ရွှင်နိုင်တာကို အာဆင်နယ်ပွဲအပြီးမှာ အသင်းသားတွေက နားလည်သွားကြပါပြီ။ တူညီတဲ့ စိတ်ဓါတ်ပိုင်းတွေကို ဖူလ်ဟမ်နဲ့ပွဲမှာလည်း သယ်ဆောင်လိုလာကြတယ်။ ကစားသမားတွေက အစွမ်းကုန် ပေးဆပ်ကစားပြီး အကောင်းမြင်စိတ်တွေ ရှိနေကြဆဲပါ။ မန်ချက်စတာယူနိုက်တက်အတွက် အသင်းသားတွေက အစွမ်းကုန် ပေးဆပ်တဲ့အခါမှာ ကျနော်တို့က ပိုကောင်းတဲ့အသင်း (အနိုင်ရမယ့်အသင်း) ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

အဖွင့်ဂိုးကိုတော့ ပွဲအစ 13 မိနစ်မှာပဲ ဘယ်အစွန်လူ ယန်းက စတင်သွင်းယူပေးခဲ့တာဖြစ်တယ်။ မာတာနဲ့ ရပ်ဖိုဒ့်တို့ ခြေစွမ်းပြခဲ့ပြီး နှစ်ဦးလုံးကလည်း သွင်းဂိုးတွေ ကိုယ်စီ ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး လူကာကူကတော့ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိုထရတ်ဖိုဒ့်မှာ သွင်းဂိုးတစ်ဂိုး ပြန်ရသွားခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ မန်နေဂျာမော်ရင်ညိုအတွက် ယူနိုက်တက်မန်နေဂျာဘဝ နိုင်ပွဲ ပွဲ 50 ပြည့်တာလည်း ဖြစ်ပါတယ်။ ဒါအတွက် ပွဲပေါင်း 92 ပွဲထိ ကိုင်တွယ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် မန်နေဂျာဘဝ မှတ်တမ်းဟောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးအကြိမ်မှာ နိုင်ပွဲ 50 ရဖို့ 63 ပွဲ ကိုင်တွယ်ခဲ့ရပြီး ဒုတိယအကြိမ်မှာတော့ နိုင်ပွဲ 50 ၇ဖို့ 73 ပွဲထိ ကိုင်တွယ်ခဲ့ရပါတယ်။

Sports Home Time