[Zawgyi] အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ယူႏိုက္တက္နဲ႔ ဖူလ္ဟမ္ပြဲမွာေတာ့ အိမ္ရွင္ ယူႏိုက္တက္က ယန္း၊ မာတာ၊ လူကာကူ၊ ရပ္ဖိုဒ့္တို႔ရဲ႕ သြင္းဂိုေတြနဲ႔ ဂိုးျပတ္ အႏိုင္ရခဲ့ပါတယ္။ ဖူလ္ဟမ္ဘက္က ကာမာရာက ေျခပဂိုး ျပန္သြင္းႏိုင္လုိ႔ clean sheet မရခဲ့ေပမယ့္ ရလဒ္ပိုင္းက ေမာ္ရင္ညိဳကို ေက်နပ္မႈေတြ ေပးႏိုင္ခဲ့မွာပါ။ ဒီႏိုင္ပြဲေၾကာင့္ အဆင့္ 6 ေနရာကိုလည္း ယာယီ တက္လွမ္းႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္အတြက္ ပြဲ 150 ျပည့္မွာ ပရီးမီးယားလိဂ္ဂိုး 50 ျပည့္ခဲ့တဲ့ မာတာက ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္ ဂိုးေထာက္ပံ့မႈမွာလည္း အၾကိမ္ 50 ျပည့္ခဲ့ပါတယ္။ မာတာက အသင္းရဲ႕ စြမ္းေဆာင္ရည္ကို အားရေက်နပ္ေပမယ့္ ရလဒ္ေတြ ထပ္မံဆံုးရွံဴးခြင့္ မရွိေတာ့ဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးလိုက္ပါတယ္။
မာတာက ” က်ေနာ္တို႔ လိုအပ္ေနတဲ့ စတင္ျခင္းကို ရခဲ့ပါတယ္။ က်ေနာ္တို႔ အစေကာင္းဖို႔ လိုတယ္ဆိုတာ သိပါတယ္။ အျမဲတမ္း ပြဲကို ေနာက္ကေနပဲ လိုက္ကစားေနတာက မမွန္ပါဘူး။ ဒီေန႔ပြဲမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြ လိုအပ္ပါတယ္။ ဒါက က်ေနာ္တုိ႔အားလံုး ျမင္လိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ပါ။ ဒီကေန႔မွာ အသင္းပရိသတ္ေတြကလည္း ေပ်ာ္ရႊင္ၾကမွာပါ။
ဒုတိယပိုင္းမွာ ဖူလ္ဟမ္က က်ေနာ္တုိ႔ကို ခက္ခဲေစခဲ့ပါတယ္။ သူတို႔ ေျခပဂိုးသြင္းယူျပီး က်ေနာ္တို႔ကို အံ့ၾသသင့္ေစခဲ့တယ္။ ဒီေတာ့ က်ေနာ္တုိ႔ ဂိုးျပန္သြင္းဖို႔လည္း လိုလာပါတယ္။ အားလံုးကို ျခံဳၾကည့္မယ္ဆိုရင္ အေတာ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြ ျပခဲ့ပါတယ္။ က်ေနာ္ကေတာ့ ပြဲေကာင္းလို႔ ခံစားရတယ္။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့။ က်ေနာ္တို႔ စိတ္ဓါတ္ေကာင္းေကာင္းနဲ႔ ကစားခဲ့တယ္လို႔ ထင္ပါတယ္။
ပြဲတိုင္းက အရမ္း၊ အရမ္း အေရးၾကီးပါတယ္။ အခုခ်ိန္ကေနစျပီး ရာသီကုန္ထိ က်ေနာ္တို႔ ရမွတ္ေတြ အမ်ားၾကီး ဆက္လက္ ဆံုးရံွဴးေနလို႔ မရပါဘူး။ က်ေနာ္တို႔ ဒီအတြက္ ခက္ခဲတဲ့ တာဝန္ေတြကို လုပ္ေဆာင္ရဖို႔ ရွိပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေနာက္တစ္ၾကိမ္ ပရီးမီးယားလိဂ္ပြဲအျဖစ္ေတာ့ ခါးသီးျပိဳင္ဘက္ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔မွာပါ။ ဒီဇင္ဘာလ 16 ရက္ေန႔ ည (10း30) နာရီမွာ မန္စီးတီးနဲ႔အျပိဳင္ အမွတ္ေပးဇယား ထိပ္ပိုင္းေနရာအတြက္ ယွဥ္ျပိဳင္ေနတဲ့ လီဗာပူးအသင္း အိမ္ကြင္း အန္ဖီးမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ ဖူလ်ဟမ်ပွဲမှာတော့ အိမ်ရှင် ယူနိုက်တက်က ယန်း၊ မာတာ၊ လူကာကူ၊ ရပ်ဖိုဒ့်တို့ရဲ့ သွင်းဂိုတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဖူလ်ဟမ်ဘက်က ကာမာရာက ခြေပဂိုး ပြန်သွင်းနိုင်လို့ clean sheet မရခဲ့ပေမယ့် ရလဒ်ပိုင်းက မော်ရင်ညိုကို ကျေနပ်မှုတွေ ပေးနိုင်ခဲ့မှာပါ။ ဒီနိုင်ပွဲကြောင့် အဆင့် 6 နေရာကိုလည်း ယာယီ တက်လှမ်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ပွဲ 150 ပြည့်မှာ ပရီးမီးယားလိဂ်ဂိုး 50 ပြည့်ခဲ့တဲ့ မာတာက ဂိုးထောက်ပံ့မှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့လို့ ပရီးမီးယားလိဂ် ဂိုးထောက်ပံ့မှုမှာလည်း အကြိမ် 50 ပြည့်ခဲ့ပါတယ်။ မာတာက အသင်းရဲ့ စွမ်းဆောင်ရည်ကို အားရကျေနပ်ပေမယ့် ရလဒ်တွေ ထပ်မံဆုံးရှူံးခွင့် မရှိတော့ဘူးလို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။
မာတာက ” ကျနော်တို့ လိုအပ်နေတဲ့ စတင်ခြင်းကို ရခဲ့ပါတယ်။ ကျနော်တို့ အစကောင်းဖို့ လိုတယ်ဆိုတာ သိပါတယ်။ အမြဲတမ်း ပွဲကို နောက်ကနေပဲ လိုက်ကစားနေတာက မမှန်ပါဘူး။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေ လိုအပ်ပါတယ်။ ဒါက ကျနော်တို့အားလုံး မြင်လိုနေတဲ့ မန်ချက်စတာယူနိုက်တက်ပါ။ ဒီကနေ့မှာ အသင်းပရိသတ်တွေကလည်း ပျော်ရွှင်ကြမှာပါ။
ဒုတိယပိုင်းမှာ ဖူလ်ဟမ်က ကျနော်တို့ကို ခက်ခဲစေခဲ့ပါတယ်။ သူတို့ ခြေပဂိုးသွင်းယူပြီး ကျနော်တို့ကို အံ့သြသင့်စေခဲ့တယ်။ ဒီတော့ ကျနော်တို့ ဂိုးပြန်သွင်းဖို့လည်း လိုလာပါတယ်။ အားလုံးကို ခြုံကြည့်မယ်ဆိုရင် အတော်ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြခဲ့ပါတယ်။ ကျနော်ကတော့ ပွဲကောင်းလို့ ခံစားရတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ကျနော်တို့ စိတ်ဓါတ်ကောင်းကောင်းနဲ့ ကစားခဲ့တယ်လို့ ထင်ပါတယ်။
ပွဲတိုင်းက အရမ်း၊ အရမ်း အရေးကြီးပါတယ်။ အခုချိန်ကနေစပြီး ရာသီကုန်ထိ ကျနော်တို့ ရမှတ်တွေ အများကြီး ဆက်လက် ဆုံးရံှူးနေလို့ မရပါဘူး။ ကျနော်တို့ ဒီအတွက် ခက်ခဲတဲ့ တာဝန်တွေကို လုပ်ဆောင်ရဖို့ ရှိပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ပွဲအဖြစ်တော့ ခါးသီးပြိုင်ဘက် လီဗာပူးနဲ့ ထိပ်တိုက်တွေ့မှာပါ။ ဒီဇင်ဘာလ 16 ရက်နေ့ ည (10း30) နာရီမှာ မန်စီးတီးနဲ့အပြိုင် အမှတ်ပေးဇယား ထိပ်ပိုင်းနေရာအတွက် ယှဉ်ပြိုင်နေတဲ့ လီဗာပူးအသင်း အိမ်ကွင်း အန်ဖီးမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Sports Home Time
