[Zawgyi] ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ယူႏုိက္တက္ဟာ ဘာစီလိုနာနဲ႔ အတြဲက်ခဲ့ျပီး မန္ေနဂ်ာဆိုးရွားကေတာ့ ဒီအတြဲျဖစ္လာမယ္လို႔ ၾကိဳတင္ခံစားခဲ့ရေၾကာင္းကို မန္ခ်က္စတာယူႏုိက္တက္ အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ယူႏုိက္တက္ ယာယီမန္ေနဂ်ာဟာ လြန္ခဲ့တဲ့ ႏွစ္ 20 ျဖစ္တဲ့ 1999 ခုႏွစ္က ႏ်ဴးကမ့္ကြင္းမွာပဲ ဘိုင္ယန္ျမဴးနစ္ကို ဂိုးသြင္းယူျပီး ယူႏုိက္တက္အတြက္ သမိုင္းဝင္ ေအာင္ျမင္မႈကို ရရွိဖို႔ရာ အဓိက က်ေစခဲ့သူျဖစ္ပါတယ္။ သမိုင္းတစ္ပတ္ ျပန္လည္လာခဲ့တဲ့ေနာက္ ဒီတစ္ၾကိမ္ ယူႏုိက္တက္တို႔ ကက္တလန္ကြင္းကို သြားေရာက္ရမွာက ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ဖုိ႔ ျဖစ္ပါတယ္။
ဆိုးရွားက ေျပာရာမွာ ” ဟုတ္ပါတယ္။ ဒါက ကံၾကမၼာကို ပါလာတာပါ။ က်ေနာ္ သူငယ္ခ်င္းေတြထံက စာတိုေတြ အမ်ားၾကီးကို ရရွိခဲ့ျပီး ဒီရာသီကေတာ့ ငါတို႔ ျဖတ္သန္းရမယ့္ ႏွစ္ျဖစ္လိမ့္မယ္လို႔ ေျပာျဖစ္ခဲ့တယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ရဲ႕ နံပါတ္က 20 ျဖစ္ျပီး ဒီႏွစ္က ႏွစ္ 20 ေျမာက္လည္းျဖစ္တယ္။ က်ေနာ္တုိ႔က ႏ်ဴးကပ္ကို ထပ္သြားရမယ္ ” လို႔ ျဖစ္တယ္။
မဲမခြဲခင္ကတည္းက ဘာစီလိုနာနဲ႔ အတြဲက်မယ္လို႔ ခံစားမိေနတဲ့ ဆိုးရွားဟာ 1999 ခုႏွစ္က ဥေရာပညအေၾကာင္း အမွတ္ရစကားကို ျပန္ေျပာင္းေျပာပါေသးတယ္။ အဲ့သည္ႏွစ္ ခ်န္ပီယံလိဂ္မွာ ယူႏုိက္တက္နဲ႔ ဘာစီလိုနာဟာ ႏွစ္ေက်ာ့လံုး ရလဒ္တူညီခဲ့ျပီး အုပ္စု တတိယအျဖစ္ ဘာစီလိုနာက က်န္ရစ္ခဲ့ကာ ယူႏုိက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္က ေနာက္တစ္ဆင့္ကို ေရာက္ခဲ့တာျဖစ္တယ္။
“ က်ေနာ္ ေဘာလံုးကစားခဲ့တဲ့အထဲမွာ အၾကီးက်ယ္ဆံုး ညပါပဲ။ က်ေန္ာတုိ႔ ယူႏုိက္တက္ တစ္သင္းလံုးအတြက္ အံ့မခန္းတဲ့ ညလည္းျဖစ္ခဲ့တယ္။ သိပ္ျပည့္စံုးတဲ့ ေဘာလံုးကြင္းပါပဲ။ အုပ္စုအဆင့္မွာ က်ေန္ာတို႔ ဘာစီလိုနာနဲ႔ ေတြ႔ဆံုခဲ့ျပီး ႏွစ္ေက်ာ့လံုးမွာ 3-3 ရလဒ္ ထြက္ေပးခဲ့တယ္။ သိပ္ေကာင္းတဲ့ ပြဲျဖစ္လာပါလိမ့္မယ္။
ကြာတားဖိုင္နယ္အဆင့္ ပြဲေတြမွာ က်ေန္ာတို႔က အၾကီးက်ယ္ဆံုး အသင္းေတြနဲ႔ပဲ ရင္ဆိုင္လိုပါတယ္။ 2009 နဲ႔ 2011 ေဘာလံုးရာသီေတြမွာ ဘာစီလိုနာနဲ႔ ဗိုလ္လုပြဲ ကစားခဲ့ရတယ္။ 2008 မွာ ဘာစီလိုနာနဲ႔ ေတြ႔ခဲ့တာက ဆီမီးဖိုင္နယ္ျဖစ္ျပီး ေပါလ္စခိုး ဂိုးသြင္းခဲ့ေသးတယ္။ ဒီလိုပြဲကပဲ ကလပ္အသင္းပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ပြဲ ျဖစ္ပါတယ္။
က်ေန္ာတို႔ ဘာစီလိုနာနဲ႔ပြဲအတြက္ မေစာင့္ႏုိင္ေအာင္ပါပဲ ” လို႔ ဆိုးရွားက ဆိုခဲ့ပါတယ္။
ဆိုးရွား ေျပာခဲ့တဲ့ ခုႏွစ္ေတြက ယူႏုိက္တက္အသင္းရဲ႕ သမိုင္းဝင္ႏွစ္ေတြျဖစ္ပါတယ္။ 2009 နဲ႔ 2011 မွာ ယူႏုိက္တက္နဲ႔ ဘာစီလိုနာတို႔ ဗိုလ္လုပြဲ ကစားခဲ့ရျပီး ႏွစ္ၾကိမ္လံုး ယူႏုိင္တက္ အေရးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္ 2008 မွာေတာ့ ယူႏုိက္တက္က ဘာစီလိုနာကို ဆီမီးမွာ အႏုိင္ရခဲ့ျပီး ဗိုလ္လုပြဲကို တက္ေရာက္ခဲ့ကာ အဆိုပါႏွစ္မွာ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ႏ်ဴးကမ့္နဲ႔ ဘာစီလိုနာဟာ ယူႏုိက္တက္အတြက္ အဟန္အတားျဖစ္သလို ေအာင္ေျမလည္းျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ဧပရယ္လ 10 ရက္ေန႔မွာ ဘာစီလိုနာကို အိုထရတ္ဖိုဒ့္မွာ ပထမအေက်ာ့အျဖစ္ ဧည့္ခံရမွာျဖစ္ျပီး ဧပရယ္လ 16 ရက္ေန႔မွာေတာ့ ႏ်ဴးကမ့္မွာ ဒုတိယအေက်ာ့ သြားကစားရမွာျဖစ္ပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ အတွဲကျခဲ့ပြီး မန်နေဂျာဆိုးရှားကတော့ ဒီအတွဲဖြစ်လာမယ်လို့ ကြိုတင်ခံစားခဲ့ရကြောင်းကို မန်ချက်စတာယူနိုက်တက် အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် ယာယီမန်နေဂျာဟာ လွန်ခဲ့တဲ့ နှစ် 20 ဖြစ်တဲ့ 1999 ခုနှစ်က နျူးကမ့်ကွင်းမှာပဲ ဘိုင်ယန်မြူးနစ်ကို ဂိုးသွင်းယူပြီး ယူနိုက်တက်အတွက် သမိုင်းဝင် အောင်မြင်မှုကို ရရှိဖို့ရာ အဓိက ကျစေခဲ့သူဖြစ်ပါတယ်။ သမိုင်းတစ်ပတ် ပြန်လည်လာခဲ့တဲ့နောက် ဒီတစ်ကြိမ် ယူနိုက်တက်တို့ ကက်တလန်ကွင်းကို သွားရောက်ရမှာက ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။
ဆိုးရှားက ပြောရာမှာ ” ဟုတ်ပါတယ်။ ဒါက ကံကြမ္မာကို ပါလာတာပါ။ ကျနော် သူငယ်ချင်းတွေထံက စာတိုတွေ အများကြီးကို ရရှိခဲ့ပြီး ဒီရာသီကတော့ ငါတို့ ဖြတ်သန်းရမယ့် နှစ်ဖြစ်လိမ့်မယ်လို့ ပြောဖြစ်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကျနော်ရဲ့ နံပါတ်က 20 ဖြစ်ပြီး ဒီနှစ်က နှစ် 20 မြောက်လည်းဖြစ်တယ်။ ကျနော်တို့က နျူးကပ်ကို ထပ်သွားရမယ် ” လို့ ဖြစ်တယ်။
မဲမခွဲခင်ကတည်းက ဘာစီလိုနာနဲ့ အတွဲကျမယ်လို့ ခံစားမိနေတဲ့ ဆိုးရှားဟာ 1999 ခုနှစ်က ဥရောပညအကြောင်း အမှတ်ရစကားကို ပြန်ပြောင်းပြောပါသေးတယ်။ အဲ့သည်နှစ် ချန်ပီယံလိဂ်မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာဟာ နှစ်ကျော့လုံး ရလဒ်တူညီခဲ့ပြီး အုပ်စု တတိယအဖြစ် ဘာစီလိုနာက ကျန်ရစ်ခဲ့ကာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်က နောက်တစ်ဆင့်ကို ရောက်ခဲ့တာဖြစ်တယ်။
“ ကျနော် ဘောလုံးကစားခဲ့တဲ့အထဲမှာ အကြီးကျယ်ဆုံး ညပါပဲ။ ကျနေ်ာတို့ ယူနိုက်တက် တစ်သင်းလုံးအတွက် အံ့မခန်းတဲ့ ညလည်းဖြစ်ခဲ့တယ်။ သိပ်ပြည့်စုံးတဲ့ ဘောလုံးကွင်းပါပဲ။ အုပ်စုအဆင့်မှာ ကျနေ်ာတို့ ဘာစီလိုနာနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကျော့လုံးမှာ 3-3 ရလဒ် ထွက်ပေးခဲ့တယ်။ သိပ်ကောင်းတဲ့ ပွဲဖြစ်လာပါလိမ့်မယ်။
ကွာတားဖိုင်နယ်အဆင့် ပွဲတွေမှာ ကျနေ်ာတို့က အကြီးကျယ်ဆုံး အသင်းတွေနဲ့ပဲ ရင်ဆိုင်လိုပါတယ်။ 2009 နဲ့ 2011 ဘောလုံးရာသီတွေမှာ ဘာစီလိုနာနဲ့ ဗိုလ်လုပွဲ ကစားခဲ့ရတယ်။ 2008 မှာ ဘာစီလိုနာနဲ့ တွေ့ခဲ့တာက ဆီမီးဖိုင်နယ်ဖြစ်ပြီး ပေါလ်စခိုး ဂိုးသွင်းခဲ့သေးတယ်။ ဒီလိုပွဲကပဲ ကလပ်အသင်းပရိသတ်တွေ မျှော်လင့်နေကြတဲ့ပွဲ ဖြစ်ပါတယ်။
ကျနေ်ာတို့ ဘာစီလိုနာနဲ့ပွဲအတွက် မစောင့်နိုင်အောင်ပါပဲ ” လို့ ဆိုးရှားက ဆိုခဲ့ပါတယ်။
ဆိုးရှား ပြောခဲ့တဲ့ ခုနှစ်တွေက ယူနိုက်တက်အသင်းရဲ့ သမိုင်းဝင်နှစ်တွေဖြစ်ပါတယ်။ 2009 နဲ့ 2011 မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ဗိုလ်လုပွဲ ကစားခဲ့ရပြီး နှစ်ကြိမ်လုံး ယူနိုင်တက် အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် 2008 မှာတော့ ယူနိုက်တက်က ဘာစီလိုနာကို ဆီမီးမှာ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ကာ အဆိုပါနှစ်မှာ ချန်ပီယံဖြစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် နျူးကမ့်နဲ့ ဘာစီလိုနာဟာ ယူနိုက်တက်အတွက် အဟန်အတားဖြစ်သလို အောင်မြေလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဧပရယ်လ 10 ရက်နေ့မှာ ဘာစီလိုနာကို အိုထရတ်ဖိုဒ့်မှာ ပထမအကျော့အဖြစ် ဧည့်ခံရမှာဖြစ်ပြီး ဧပရယ်လ 16 ရက်နေ့မှာတော့ နျူးကမ့်မှာ ဒုတိယအကျော့ သွားကစားရမှာဖြစ်ပါတယ်။
Sports Home Time
