ဆန်ချို၊ ဖိုဒန်နောက်ပိုင်း မန်စီးတီးရဲ့ ရွှေရောင် အနာဂတ်ရှိသူ မျိုးဆက်သစ် (၁၀) ဦး
1, Ian Carlo Poveda
2, Tom Scott
3, Felix Nmecha
4, Keyendrah Simmonds
5, Tommy Doyle
6, Phil Foden
7, Joel Latibeaudiere
8, Nathaniel Ogbeta
9, Curtis Anderson
10, Luke Bolton
Sports Home Time
[Unicode] ဒီရက်ပိုင်းထဲမှာ မန်စီးတီးဟာ အပြောင်းအရွှေ့ဈေးကွက် နှစ်ခုစာ ပိတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်လာပါတယ်။ လူငယ်ကစားသမား ခေါ်ယူမှုမှာ စည်းမျဉ်းချိုးဖောက်မှုကြောင့်ဖြစ်ပြီး နောက်ထပ် စွပ်စွဲခံရမှုမှာ FFP ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေမှာ စီနီယာအဆင့်ကို ခေါ်ယူအသုံးပြုနိုင်တဲ့ မန်စီးတီးမှာ ရွှေရောင် အနာဂတ်ရှိသူ မျိုးဆက်သစ် 10 ဦးကို ဖော်ပြမှာဖြစ်ပါတယ်။
2017 တုန်းက စီးတီးလူငယ်ကစားသမား ဖီးဖိုဒင်ဟာ ယူ-17 ကမ္ဘာ့ဖလားမှာ အိန္ဒိယအသင်းကို အနိုင်ရဖို့ အင်္ဂလန်အသင်းကို အထင်ကြီးလောက်စရာ ခြေစွမ်းနဲ့ ကူညီခဲ့ပါတယ်။ စပိန်ကို 5-2 နဲ့ နိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲမှာလဲ ဖိုဒင်ဟာ နှစ်ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ နောက်ရာသီမှာ ဖိုဒင်က စီးတီးအသင်းကြီးထံ ရောက်ရှိခဲ့ပါတယ်။
စီနီယာအသင်းထံ ရောက်ပြီး 18 လအကြာ ဖိုဒင်ဟာ ချန်ပီယံလိဂ် မှာ ဂိုးသွင်းနိုင်ခဲ့ပြီး ပထမအသင်းကြီးနဲ့အတူ ဖလားလေးလုံး ရရှိခဲ့ပြီးဖြစ်ပါတယ်။ အခု စီးတီးရဲ့ နောက်ထပ် မျိူးဆက်သစ် လူငယ်ကစားသမားလေးတွေဟာ သူ့ခြေရာကို လိုက်နင်းဖို့ ကြိုးစားနေကြပြီး ယူ 18 အသင်းက လူငယ်အချို့ဟာ အတော်လေး တောက်ပနေပါတယ်။
လူငယ်အသင်းနဲ့ ခြေစွမ်းပြပြီး နာမည်ထွက်လာသူကတော့ တွန်မီဒွိုင်းပါ။ ဒွိုင်းဟာ စီးတီးဂန္တဝင်တွေဖြစ်တဲ့ မိုက်ဒွိုင်းနဲ့ ဂလန်းပါဒိုးတို့ရဲ့ မြေးဖြစ်သလို ဖိုဒင်ခြေရာနင်းပြီး ပထမအသင်းကြီးဆီရောက်ဖို့ နောက်ခံကောင်းတဲ့သူဖြစ်ပါတယ်။ သူဟာ ဘောလုံးမျိုးရိုးကောင်း ရှိသလို တကယ်လဲ အရည်အချင်းရှိတဲ့သူပါ။
ကွင်းလယ်တစ်ယောက် အနေနဲ့ သူ့ရဲ့စွမ်းရည်က လူငယ်အသင်းအတွက် အဓိကကျနေပါတယ်။ ဒွိုင်းဟာ အသင်းဖော်တွေနဲ့ ပေးပို့မှုတွေ အဆက်မပြတ် လုပ်နိုင်ပြီး ပြိုင်ဘက်က ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အချိန် ပါးပါးနပ်နပ်၊ နေရာယူမှန်မှန်နဲ့ ဖိအားတွေ လျော့စေသူဖြစ်တယ်။ တချို့ ပေးပို့မှုတွေက လမ်းကြောင်းလွှဲပေမယ့် သူ့ကစားပုံက ပွဲတွေမှာ ကွင်းလယ် လွှမ်းမိုးနိုင်စွမ်းရှိသူအဖြစ် ချီးကျူးခံရလေ့ရှိတယ်။
လူငယ်အသင်းမှာ သူလုပ်ပြနေတာဟာ ယူ 17 ကမ္ဘာ့ဖလားမှာ ဖိုဒင်လုပ်ခဲ့တာတွေနဲ့ ယှဉ်လို့မရပါဘူး။ ဒါပေမယ့် ဒွိုင်းရဲ့ ကစားပုံကို စီးတီးဘောလုံးအကယ်ဒမီက သတိမပြုမိပဲ နေမှာမဟုတ်ပါဘူး။ သူဟာ ဖိုဒင်ရဲ့ မြန်မြန်တိုးတက်လာမှုအတိုင်း လုပ်နိုင်မလား ဒါမှမဟုတ် တချို့ပရိသတ်တွေ ပြောနေကြသလို ဖာနန်ဒင်ဟိုအတွက် အနာဂတ်မှာ အစားထိုးနိုင်မယ့်သူလားဆိုတာ ပြောဖို့ စောလွန်းနေပါသေးတယ်။
ဒါပေမယ့် ဒွိုင်းဟာ ပက်ရဲ့ ပထမအသင်းကြီးဆီ ပူးပေါင်းခွင့်ရတဲ့ နောက်ဆုံး လူငယ်ကစားသမား မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ သူ့အနေနဲ့ ဆက်လက်တိုးတက်လာမယ်ဆိုရင် မကြာခင်အချိန်တိုအတွင်း ဒါက ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် တောက်ပလာမယ့် မန်စီးတီးရဲ့ နောက်ထပ် လူငယ်အဖြစ် ရေပန်းစားသူ 10 ဦးစာရင်းကိုလည်း ဖော်ပြပါမယ်။
မန်စီးတီးရဲ့ အနာဂတ်ကောင်းရှိတဲ့ မျိုးဆက်သစ်များ
(ပုံမှာ နံပါတ်ထိုးပြထားပါတယ်)
1, Ian Carlo Poveda
အသက် 18 နှစ်အရွယ် တိုက်စစ်သမားဖြစ်ပြီး အင်္ဂလန် ယူ-18 အသင်းမှာ ပါဝင်သူပါ။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
2, Tom Scott
အသက် 17 နှစ်အရွယ် ဂိုးသမားဖြစ်ပြီး 2017 ခုနှစ် အင်္ဂလန် အမျိုးသား ဂိုးသမား လေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
3, Felix Nmecha
အသက် 17 နှစ်အရွယ် ကွင်းလယ်လူဖြစ်ပြီး အင်္ဂလန် ယူ-18 နဲ့ ဂျာမနီ သက်တမ်းအလိုက် လက်ရွေးစင်မှာ ပါဝင်ဖူးပါတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
4, Keyendrah Simmonds
အသက် 17 နှစ်အရွယ် တိုက်စစ်သမားဟာ အင်္ဂလန် ယူ-17 အသင်းမှာ ပါဝင်ထားပါတယ်။ မန်စီးတီး ယူ-18 ထဲက အသင်းသားတစ်ဦးဖြစ်ပါတယ်။
5, Tommy Doyle
အသက် 16 နှစ်အရွယ် ကွင်းလယ်လူဖြစ်ပြီး အင်္ဂလန် ယူ-17 အသင်းမှာ ပါဝင်ထားပါတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
6, Phil Foden
အသက် 18 နှစ်အရွယ် ကွင်းလယ်လူဖြစ်ပြီး အင်္ဂလန် ယူ-19 အသင်းမှာ ပါဝင်ကစားထားသူပါ။ စီနီယာ ကစားသမားဖြစ်လာခဲ့ပြီး အင်္ဂလန် ယူ-17 အသင်းနဲ့ ကမ္ဘာဖလား အနိုင်ရထားပါတယ်။
7, Joel Latibeaudiere
အသက် 18 နှစ်အရွယ် ခံစစ်သမားပါ။ အင်္ဂလန် ယူ-18 အသင်းအတွက် ကစားနေပြီး အင်္ဂလန် ယူ-17 အသင်းနဲ့ ကမ္ဘာဖလား အနိုင်ရထားပါတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
8, Nathaniel Ogbeta
အသက် 17 နှစ်အရွယ် ခံစစ်သမားပါ။ အင်္ဂလန် ယူ-17 အသင်းမှာ ပါဝင်ကစားထားသူပါ။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
9, Curtis Anderson
အသက် 17 နှစ်အရွယ် ဂိုးသမားပါ။ အင်္ဂလန် ယူ-18 အသင်းအတွက် ကစားနေပြီး အင်္ဂလန် ယူ-17 အသင်းနဲ့ ကမ္ဘာဖလား အနိုင်ရထားပါတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
10, Luke Bolton
အသက် 18 နှစ်အရွယ် တိုက်စစ်သမားဖြစ်ပြီး အင်္ဂလန် ယူ-19 အသင်းမှာ ပါဝင်ကစားထားတယ်။ သူဟာ မန်စီးတီးရဲ့ Elite Development Squad ထဲက တစ်ဦးဖြစ်ပါတယ်။
Sports Home Time