[Zawgyi] ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ မဲခြဲမႈကို ဆြစ္ဇလန္ႏုိင္ငံ ႏုိင္ယြန္ျမိဳ႕မွာ ျပဳလုုပ္ခဲ့ရာ ရလဒ္ေတြ ထြက္ေပၚလို႔လာပါျပီ။ ၁၆ သင္း ရွံဳးထြက္အဆင့္ကေန ကြာတားတက္လာတဲ့ အသင္းေတြကေတာ့ မန္စီးတီး၊ ယူနို္က္တက္၊ စပါးနဲ႕ လီဗာပူး ပရီးမီးယားလိဂ္အသင္း ၄ သင္း နဲ႕ ဂ်ဴဗင္တပ္၊ ဘာစီလုိနာ၊ ေအဂ်က္၊ ေပၚတိုတို႔ ပါ၀င္ထားခဲ့တယ္။
ကြာတားဖိုင္နယ္အဆင့္မွာ မည့္သည္ ဦးစားေပးမွ မရွိသလို ႏုိင္ငံတူ ကာကြယ္ေပးမႈေတြ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ နိုင္ငံတူ အသင္း အခ်င္းခ်င္း ထိပ္တိုက္ေတြ႔မႈေတြ ပါ၀င္နိုင္ပါတယ္။ မဲခြဲမႈရလဒ္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ ထိပ္တုိက္ေတြ႔ဆံုမႈ
- ေအဂ်က္ Vs ဂ်ဴဗင္တပ္
- လီဗာပူး Vs ေပၚတို
- စပါး Vs မန္စီးတီး
- ဘာစီလိုနာ Vs ယူနိုက္တက္
ဆီမီးဖိုင္နယ္အဆင့္
- ေအဂ်က္ Vs ဂ်ဴဗင္တပ္ (Vs) စပါး Vs မန္စီးတီး
- လီဗာပူး Vs ေပၚတို (Vs) ဘာစီလိုနာ Vs ယူနိုက္တက္
ကြာတား၊ ဆီမီးနဲ႔ ဖိုင္နယ္အဆင့္ေတြ
- ကြားတားဖိုင္နယ္အဆင့္ ပထမအေက်ာ့ကို ဧပရယ္လ ၉-၁၀ ရက္၊ ဒုတိယအေက်ာ့ကို ဧပရယ္လ ၁၆-၁၇ ရက္ေတြမွာ ယွဥ္ျပိဳင္ရမွာပါ။
- ဆီမီးဖိုင္နယ္အဆင့္ ပထမအေက်ာ့ေတြကေတာ့ ဧပရယ္လ ၃၀- ေမလ ၁၊ ဒုတိယအေက်ာ့ကို ေမလ ၇-၈ ရက္ေတြမွာ တစ္ခ်ိန္တည္း ယွဥ္ျပိဳင္ၾကပါမယ္။
ဗိုလ္လုပြဲကို ဘယ္အခ်ိန္ ယွဥ္ျပိဳင္မလဲ
၂၀၁၈-၁၉ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ ဇြန္လ ၁ ရက္ေန႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ အိမ္ကြင္းျဖစ္တဲ့ Wanda Metropolitano ကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပါ။
Sports Home Time

[Unicode] ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် မဲခွဲမှုကို ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ပြုလုပ်ခဲ့ရာ ရလဒ်တွေ ထွက်ပေါ်လို့လာပါပြီ။ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ကွာတားတက်လာတဲ့ အသင်းတွေကတော့ မန်စီးတီး၊ ယူနိုက်တက်၊ စပါးနဲ့ လီဗာပူး ပရီးမီးယားလိဂ်အသင်း ၄ သင်း နဲ့ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ အေဂျက်၊ ပေါ်တိုတို့ ပါဝင်ထားခဲ့တယ်။
ကွာတားဖိုင်နယ်အဆင့်မှာ မည့်သည် ဦးစားပေးမှ မရှိသလို နိုင်ငံတူ ကာကွယ်ပေးမှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် နိုင်ငံတူ အသင်း အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ပါဝင်နိုင်ပါတယ်။ မဲခွဲမှုရလဒ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ထိပ်တိုက်တွေ့ဆုံမှု
- အေဂျက် Vs ဂျူဗင်တပ်
- လီဗာပူး Vs ပေါ်တို
- စပါး Vs မန်စီးတီး
- ဘာစီလိုနာ Vs ယူနိုက်တက်
ဆီမီးဖိုင်နယ်အဆင့်
- အေဂျက် Vs ဂျူဗင်တပ် (Vs) စပါး Vs မန်စီးတီး
- လီဗာပူး Vs ပေါ်တို (Vs) ဘာစီလိုနာ Vs ယူနိုက်တက်
ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေ
- ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ ၉-၁၀ ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ ၁၆-၁၇ ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။
- ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ ၃၀- မေလ ၁၊ ဒုတိယအကျော့ကို မေလ ၇-၈ ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။
ဗိုလ်လုပွဲကို ဘယ်အချိန် ယှဉ်ပြိုင်မလဲ
၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁ ရက်နေ့ အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
Sports Home Time
