[Zawgyi] လီဗာပူးဟာ အေဝးကြင္းပြဲအျဖစ္ ဘုန္းေမာက္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ 4-0 နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးပြဲ 16 ပြဲကစားျပီး ရမွတ္ 42 မွတ္ရကာ ခ်ယ္ဆီးနဲ႔ မန္စီးတီးပြဲ မတိုင္ခင္ အမွတ္ေပးဇယားကို ဦးေဆာင္လာခဲ့ပါျပီ။ ဒီမွတ္တမ္းဟာ လီဗာပူးအသင္းသမိုင္းမွာ အဆင့္ျမင့္တန္းမွာ က်င္လယ္တဲ့ ကာလတစ္ေလွ်ာက္ အဖြင့္ 16 ပြဲကစားျပီး အျမင့္ဆံုးေသာ ရမွတ္ရယူႏိုင္မႈ စံခ်ိန္သစ္ျဖစ္ပါတယ္။
ပထမပိုင္းမွာတင္ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ဆာလက္ဟာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ပြဲ 52 ပြဲ ကစားျပီး ရဂိုး 40 ျပည့္ခဲ့တာပါ။ ဒါဟာ လီဗာပူးသမိုင္းမွာ ပရီးမီးယားလိဂ္ဂိုး 40 ရဖို႔ အျမန္ဆံုး တိုက္စစ္သမားေတြျဖစ္တဲ့ ေတာရက္စ္ (ပြဲ 40) နဲ႔ စတားရစ္ (64 ပြဲ) ဆိုတဲ့ မွတ္တမ္းေတြကိုေတာင္ ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။
ေနာက္ထပ္ ထူးျခားမႈကေတာ့ ဝါရင့္ကစားသမား မီလ္နာဟာ ပရီးမီးယားလိဂ္ပြဲ 500 ျပည့္ေျမာက္ခဲ့တာပါပဲ။ သူဟာ လိဂ္သမိုင္းမွာ ဒုတိယေျမာက္ အသက္အငယ္ဆံုးနဲ႔ လိဂ္ပြဲ 500 ကို ဘယ္ရီ (32 ႏွစ္ 219 ရက္) ေနာက္ (32 ႏွစ္ 338 ရက္) နဲ႔ ျပည့္ခဲ့တာျဖစ္တယ္။ ဘုန္းေမာက္နဲ႔ပြဲမွာ Hat-trick ရခဲ့တဲ့ ဆာလက္က ဘုန္းေမာက္နဲ႔ပြဲမွာ သူရခဲ့တဲ့ ပြဲရဲ႕အေကာင္းဆံုး ကစားသမားဆုကို မီလ္နာထံ လြဲေျပာင္းေပးအပ္ကာ ဂုဏ္ျပဳခဲ့ပါေသးတယ္။
ဆာလက္က ေျပာဆိုရာမွာ ” က်ေနာ္ သံုးဂိုးသြင္းႏိုင္ခဲ့တယ္၊ အသင္းက ဇယားထိပ္ကို ေရာက္လာျပီး clean sheet လည္း ရခဲ့တယ္။ ဒါက သိပ္ေကာင္းတဲ့ ရလဒ္ပါပဲ။ ေနာက္ဆံုးသြင္းခဲ့တဲ့ သြင္းဂိုးအတြက္ အေက်နပ္ဆံုးပါပဲ။ က်ေနာ္ တည္တည္ျငိမ္ျငိမ္ သြင္းယူႏိုင္ခဲ့တယ္။ က်ေနာ္ အေပၚမွာ အားလံုးက ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထားရွိေနၾကတယ္ဆိုတာ နားလည္ပါတယ္။ အေရးၾကီးဆံုးကေတာ့ ပြဲတိုင္းကို အႏိုင္ရျပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖုိ႔ပါပဲ။
က်ေနာ္အေနနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ပြဲ 500 ျပည့္သြားတဲ့ မီလ္နာကိုလည္း ဂုဏ္ယူေၾကာင္း ေျပာခ်င္ပါတယ္။ က်ေနာ္ရဲ႕ ကစားသမားဘဝမွာလည္း မီလ္နာလိုပဲ ပြဲေတြအမ်ားၾကီး ကစားလိုပါတယ္။ ဒါေပမယ့္ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ မီလ္နာထံက က်ေနာ္ မယူလိုပါဘူး ” လို႔ ေျပာဆိုပါတယ္။
ဆာလက္က လိဂ္ပြဲ 16 ပြဲကစားျပီး သြင္းဂိုး 10 ဂိုးထိ ရရွိခဲ့ျပီျဖစ္ကာ ေရႊဖိနပ္ဆု ျပိဳင္ဆိုင္မႈထဲ ျပန္လည္ပါဝင္လာပါျပီ။ အသင္းေဖာ္ျဖစ္တဲ့ ဂိုးသမား အယ္လီဆန္ကေတာ့ လိဂ္ပြဲ 16 ပြဲကစားျပီး ေပးဂိုး 6 ဂိုးပဲရွိကာ လိဂ္ရဲ႕ အေကာင္းဆံုး ဂိုးသမားဆိုတဲ့ မွတ္တမ္းကို ဆက္ထိန္းသြားခဲ့တာျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးဟာ အဝေးကွင်းပွဲအဖြစ် ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ 4-0 နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးပွဲ 16 ပွဲကစားပြီး ရမှတ် 42 မှတ်ရကာ ချယ်ဆီးနဲ့ မန်စီးတီးပွဲ မတိုင်ခင် အမှတ်ပေးဇယားကို ဦးဆောင်လာခဲ့ပါပြီ။ ဒီမှတ်တမ်းဟာ လီဗာပူးအသင်းသမိုင်းမှာ အဆင့်မြင့်တန်းမှာ ကျင်လယ်တဲ့ ကာလတစ်လျှောက် အဖွင့် 16 ပွဲကစားပြီး အမြင့်ဆုံးသော ရမှတ်ရယူနိုင်မှု စံချိန်သစ်ဖြစ်ပါတယ်။
ပထမပိုင်းမှာတင် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဆာလက်ဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲ 52 ပွဲ ကစားပြီး ရဂိုး 40 ပြည့်ခဲ့တာပါ။ ဒါဟာ လီဗာပူးသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုး 40 ရဖို့ အမြန်ဆုံး တိုက်စစ်သမားတွေဖြစ်တဲ့ တောရက်စ် (ပွဲ 40) နဲ့ စတားရစ် (64 ပွဲ) ဆိုတဲ့ မှတ်တမ်းတွေကိုတောင် ချိုးဖျက်နိုင်ခဲံပါတယ်။
နောက်ထပ် ထူးခြားမှုကတော့ ဝါရင့်ကစားသမား မီလ်နာဟာ ပရီးမီးယားလိဂ်ပွဲ 500 ပြည့်မြောက်ခဲ့တာပါပဲ။ သူဟာ လိဂ်သမိုင်းမှာ ဒုတိယမြောက် အသက်အငယ်ဆုံးနဲ့ လိဂ်ပွဲ 500 ကို ဘယ်ရီ (32 နှစ် 219 ရက်) နောက် (32 နှစ် 338 ရက်) နဲ့ ပြည့်ခဲ့တာဖြစ်တယ်။ ဘုန်းမောက်နဲ့ပွဲမှာ Hat-trick ရခဲ့တဲ့ ဆာလက်က ဘုန်းမောက်နဲ့ပွဲမှာ သူရခဲ့တဲ့ ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို မီလ်နာထံ လွဲပြောင်းပေးအပ်ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။
ဆာလက်က ပြောဆိုရာမှာ ” ကျနော် သုံးဂိုးသွင်းနိုင်ခဲ့တယ်၊ အသင်းက ဇယားထိပ်ကို ရောက်လာပြီး clean sheet လည်း ရခဲ့တယ်။ ဒါက သိပ်ကောင်းတဲ့ ရလဒ်ပါပဲ။ နောက်ဆုံးသွင်းခဲ့တဲ့ သွင်းဂိုးအတွက် အကျေနပ်ဆုံးပါပဲ။ ကျနော် တည်တည်ငြိမ်ငြိမ် သွင်းယူနိုင်ခဲ့တယ်။ ကျနော်အပေါ်မှာ အားလုံးက မြင့်မားတဲ့ မျှော်လင့်ချက်တွေ ထားရှိနေကြတယ်ဆိုတာ နားလည်ပါတယ်။ အရေးကြီးဆုံးကတော့ ပွဲတိုင်းကို အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ပါပဲ။
ကျနော်အနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲ 500 ပြည့်သွားတဲ့ မီလ်နာကိုလည်း ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ ကျနော်ရဲ့ ကစားသမားဘဝမှာလည်း မီလ်နာလိုပဲ ပွဲတွေအများကြီး ကစားလိုပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ မီလ်နာထံက ကျနော် မယူလိုပါဘူး ” လို့ ပြောဆိုပါတယ်။
ဆာလက်က လိဂ်ပွဲ 16 ပွဲကစားပြီး သွင်းဂိုး 10 ဂိုးထိ ရရှိခဲ့ပြီဖြစ်ကာ ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုထဲ ပြန်လည်ပါဝင်လာပါပြီ။ အသင်းဖော်ဖြစ်တဲ့ ဂိုးသမား အယ်လီဆန်ကတော့ လိဂ်ပွဲ 16 ပွဲကစားပြီး ပေးဂိုး 6 ဂိုးပဲရှိကာ လိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဆိုတဲ့ မှတ်တမ်းကို ဆက်ထိန်းသွားခဲ့တာဖြစ်ပါတယ်။
Sports Home Time
