[Zawgyi] အာဆင္နယ္ခံစစ္မွဴး ကိုလာစီနက္က နည္းျပခ်ဳပ္ အမ္မရီရဲ႕ ျပိဳင္ဘက္ကင္း နည္းျပမႈေတြေၾကာင့္ ဂန္းနားေတြဟာ နည္းစနစ္ပိုင္း၊ ဗ်ဴဟာပိုင္း၊ ကိုယ္ရည္ကိုယ္ေသြးပိုင္းက အစ အဖက္ဖက္က တိုးတက္လာတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အမ္မရီဟာ အာဆင္နယ္ကို ၂၂ နွစ္ၾကာ လႊမ္းမိုးသြားတဲ့ သက္ေတာ္ရွည္နည္းျပ အာဆင္၀င္းဂါး ေနရာကို ဆက္ခံရသူ ျဖစ္ေပမယ့္ ေကာင္းမြန္စြာ အသင္းကို ေမာင္းနွင္ေနပါတယ္။
“ဒီေလာက္ၾကာၾကာ တစ္ပြဲမွ မရွံဳးတာ ၾကာလာေတာ့ အသင္းမွာ ရွိတဲ့ လူတိုင္းလူတိုင္း ယံုၾကည္မႈအျပည့္ ရွိလာတယ္။ ျပီးခဲ့တဲ့ ရာသီက ဒါမ်ိဳး မွတ္တမ္းေကာင္းမ်ိဳး မရွိခဲ့ဘူး။ ပြဲ ၂၀ ေလာက္ ရွံဳးပြဲမရွိဘဲ ခရီးဆက္ေနရင္ ယံုၾကည္မႈ သက္၀င္မႈေတြ အျပည့္ရွိေနျပီး ဒါေတြကပဲ အသင္းကို ဆက္လက္ သယ္ေဆာင္ သြားနုိင္ခဲ့တယ္။ က်ေန္ာတို႔က ကုိယ့္နည္းကိုယ့္ဟန္နဲ႕ ေတာင့္တင္းစြာ ဒီနွစ္မွာ အစြမ္းျပထားတယ္”
“မန္ေနဂ်ာက ပြဲတိုင္းအတြက္ အျမဲ ေကာင္းေကာင္း ျပင္ဆင္ေပးတယ္။ က်ေနာ္တို႔ ဗီဒီယိုေတြ အမ်ားၾကီး ၾကည့္တယ္.. ဗဟိုခံစစ္မွဴး အေနနဲ႕ဆို သူနဲ႕ သူ႔လူေတြက က်ေနာ္တို႔ ဘယ္ေနရာေတြမွာ ေကာင္းေကာင္း လုပ္နုိင္တယ္ဆိုတာ ခ်ီးက်ဴးသလို တိုးတက္ဖို႔ လိုအပ္ေနတာေတြကိုလည္း ေထာက္ျပ ရွင္းျပတယ္။ ဒါက အမ်ားၾကီး အေထာက္အကူ ျဖစ္တယ္.. ခ်က္နဲ႕ လက္နဲ႕ ရွင္းျပေပးတာဆိုေတာ့။”
“ဒီတစ္ပြဲမွာ သိပ္ေကာင္းေကာင္း မကစားနိုင္ခဲ့ဘူးဆိုရင္ ေနာက္ပြဲမွာ ဒါမ်ိဳး ထပ္မျဖစ္ေအာင္ ပိုေကာင္းေအာင္ အာရံုစိုက္ရတယ္.. ဒါက တစ္ပြဲထက္ တစ္ပြဲ သင္ယူရင္း ပိုေကာင္းေအာင္ လုပ္တာပဲ.. ဒါကပဲ ေအာင္ျမင္ဖို႔ ေသာ့ခ်က္ျဖစ္တယ္။”
“ပထမဆံုး နွစ္ပြဲ (မန္စီးတီးနဲ႕ ခ်ယ္ဆီးကို အာဆင္နယ္ ရွံဳးခဲ့တဲ့ ၂ ပြဲ) ကေန သင္ယူလာျပီး ပိုေကာင္းတဲ့ အေနအထားဆီ ဆက္သြားနုိင္ခဲ့တယ္.. က်ေနာ္တို႔ ျပန္လာနုိင္္ခဲ့ပံုက သိပ္အံ့အားသင့္စရာ ေကာင္းတယ္ မဟုတ္လား။ တစ္ပြဲျ႔ပီး တစ္ပြဲ က်ေနာ္တို႔ ပိုေကာင္းလာတယ္ ပိုေတာင့္တင္းလာတယ္.. က်ေနာ္တို႔ဟာ နည္းစနစ္ပိုင္း နည္းဗ်ဴဟာပိုင္းေတြ အျပင္ တစ္ေယာက္ခ်င္းစီ ကုိယ္ရည္ကိုယ္ေသြးပိုင္းပါ တိုးတက္လာတယ္လို႔ ခံစားရတယ္။ က်ေနာ္တို႔ ေကာင္းမြန္တဲ့ ပံုစံအတိုင္း ေရွ႕ဆက္သြားဖို႔နဲ႕ ရွံဳးပြဲ မရွိ မွတ္တမ္းေကာင္းကို ၾကာနုိင္သမွ် ၾကာၾကာ ထိန္းသြားနိုင္ဖို႔ ေမွ်ာ္လင့္တယ္။” လို႔ ကိုစီလာနက္က အသင္း တိုးတက္လာပံုအေၾကာင္း သူ႔အျမင္ကို ရွင္းလင္းေျပာၾကားသြားပါတယ္။
အာဆင္နယ္အသင္းဟာ ညက ဟက္ဒါဖီးနဲ႕ပြဲမွာ အေကာင္းဆံုးပံုစံ မရွိခဲ့ေပမယ့္ ေတာ္ရဲရားရဲ႕ ပြဲျပီးခါနီး သြင္းဂိုးေၾကာင့္ အနိုင္ ၃ မွတ္ရကာ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။
Sports Home Time

[Unicode] အာဆင်နယ်ခံစစ်မှူး ကိုလာစီနက်က နည်းပြချုပ် အမ်မရီရဲ့ ပြိုင်ဘက်ကင်း နည်းပြမှုတွေကြောင့် ဂန်းနားတွေဟာ နည်းစနစ်ပိုင်း၊ ဗျူဟာပိုင်း၊ ကိုယ်ရည်ကိုယ်သွေးပိုင်းက အစ အဖက်ဖက်က တိုးတက်လာတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမ်မရီဟာ အာဆင်နယ်ကို ၂၂ နှစ်ကြာ လွှမ်းမိုးသွားတဲ့ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါး နေရာကို ဆက်ခံရသူ ဖြစ်ပေမယ့် ကောင်းမွန်စွာ အသင်းကို မောင်းနှင်နေပါတယ်။
“ဒီလောက်ကြာကြာ တစ်ပွဲမှ မရှုံးတာ ကြာလာတော့ အသင်းမှာ ရှိတဲ့ လူတိုင်းလူတိုင်း ယုံကြည်မှုအပြည့် ရှိလာတယ်။ ပြီးခဲ့တဲ့ ရာသီက ဒါမျိုး မှတ်တမ်းကောင်းမျိုး မရှိခဲ့ဘူး။ ပွဲ ၂၀ လောက် ရှုံးပွဲမရှိဘဲ ခရီးဆက်နေရင် ယုံကြည်မှု သက်ဝင်မှုတွေ အပြည့်ရှိနေပြီး ဒါတွေကပဲ အသင်းကို ဆက်လက် သယ်ဆောင် သွားနိုင်ခဲ့တယ်။ ကျနေ်ာတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တောင့်တင်းစွာ ဒီနှစ်မှာ အစွမ်းပြထားတယ်”
“မန်နေဂျာက ပွဲတိုင်းအတွက် အမြဲ ကောင်းကောင်း ပြင်ဆင်ပေးတယ်။ ကျနော်တို့ ဗီဒီယိုတွေ အများကြီး ကြည့်တယ်.. ဗဟိုခံစစ်မှူး အနေနဲ့ဆို သူနဲ့ သူ့လူတွေက ကျနော်တို့ ဘယ်နေရာတွေမှာ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ ချီးကျူးသလို တိုးတက်ဖို့ လိုအပ်နေတာတွေကိုလည်း ထောက်ပြ ရှင်းပြတယ်။ ဒါက အများကြီး အထောက်အကူ ဖြစ်တယ်.. ချက်နဲ့ လက်နဲ့ ရှင်းပြပေးတာဆိုတော့။”
“ဒီတစ်ပွဲမှာ သိပ်ကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုရင် နောက်ပွဲမှာ ဒါမျိုး ထပ်မဖြစ်အောင် ပိုကောင်းအောင် အာရုံစိုက်ရတယ်.. ဒါက တစ်ပွဲထက် တစ်ပွဲ သင်ယူရင်း ပိုကောင်းအောင် လုပ်တာပဲ.. ဒါကပဲ အောင်မြင်ဖို့ သော့ချက်ဖြစ်တယ်။”
“ပထမဆုံး နှစ်ပွဲ (မန်စီးတီးနဲ့ ချယ်ဆီးကို အာဆင်နယ် ရှုံးခဲ့တဲ့ ၂ ပွဲ) ကနေ သင်ယူလာပြီး ပိုကောင်းတဲ့ အနေအထားဆီ ဆက်သွားနိုင်ခဲ့တယ်.. ကျနော်တို့ ပြန်လာနိုင်ခဲ့ပုံက သိပ်အံ့အားသင့်စရာ ကောင်းတယ် မဟုတ်လား။ တစ်ပွဲြ့ပီး တစ်ပွဲ ကျနော်တို့ ပိုကောင်းလာတယ် ပိုတောင့်တင်းလာတယ်.. ကျနော်တို့ဟာ နည်းစနစ်ပိုင်း နည်းဗျူဟာပိုင်းတွေ အပြင် တစ်ယောက်ချင်းစီ ကိုယ်ရည်ကိုယ်သွေးပိုင်းပါ တိုးတက်လာတယ်လို့ ခံစားရတယ်။ ကျနော်တို့ ကောင်းမွန်တဲ့ ပုံစံအတိုင်း ရှေ့ဆက်သွားဖို့နဲ့ ရှုံးပွဲ မရှိ မှတ်တမ်းကောင်းကို ကြာနိုင်သမျှ ကြာကြာ ထိန်းသွားနိုင်ဖို့ မျှော်လင့်တယ်။” လို့ ကိုစီလာနက်က အသင်း တိုးတက်လာပုံအကြောင်း သူ့အမြင်ကို ရှင်းလင်းပြောကြားသွားပါတယ်။
အာဆင်နယ်အသင်းဟာ ညက ဟက်ဒါဖီးနဲ့ပွဲမှာ အကောင်းဆုံးပုံစံ မရှိခဲ့ပေမယ့် တော်ရဲရားရဲ့ ပွဲပြီးခါနီး သွင်းဂိုးကြောင့် အနိုင် ၃ မှတ်ရကာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
Sports Home Time
