[Zawgyi] မေန႔က လီဗာပူးဟာ ဘိုင္ယန္ျမဴးနစ္ကို 3-1 နဲ႔ အႏိုင္ရကာ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ သမိုင္းမွာ 2008-2009 ရာသီေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ေနာက္ဆုံး 8 သင္းစာရင္းထဲ အဂၤလန္ ေလးသင္း ပါဝင္လာတာျဖစ္ပါတယ္။
တစ္ျခားေလးသင္းက မတူညီတဲ့ လိဂ္ေတြက ျဖစ္ေပမယ့္ ကြာတားအဆင့္ရဲ႕ ထက္ဝက္ကို အဂၤလိပ္ကလပ္ေတြ လႊမ္းမိုးခဲ့တဲ့ အေရအတြက္က ဥေရာပမွာ ပရီးမီးယားလိဂ္ဟာ တျဖည္းျဖည္း အင္အားႀကီးလာေနတာကို ျပသတာျဖစ္တယ္လို႔ စကိုင္းရဲ႕ အားကစားသံုးသပ္သူ တင္ရွားဝုဒ္က ဆိုပါတယ္။
” ပရီးမီးယားလိဂ္က အရမ္း အင္အားႀကီးပါတယ္။ ပပ္ဟာ စပိန္၊ ဂ်ာမနီတို႔ကို သြားခဲ့ၿပီးမွ ဒီကို ေရာက္လာတယ္။ ဒါကို သူ ႐ိုး႐ိုးသားသား ေျပာခဲ့ပါတယ္။ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပထမရာသီအၿပီးမွာ သူေျပာခဲ့တာက ပရီးမီးယားလိဂ္ဟာ ကမာၻေပၚမွာ အခက္ခဲဆုံး လိဂ္ပါတဲ့။ ဒီလို သူယုံၾကည္ထားျပီး သူေျပာတာ မွန္ပါတယ္။
ပရီးမီးယားလိဂ္က ၿပိဳင္ဆိုင္မႈ ျပင္းထန္ပါတယ္။ အဆုံးသတ္ထိေရာက္ဖို႔ ေျခစြမ္းတည္ၿငိမ္မႈ ရွိဖို႔လိုတယ္။ အၿမဲတမ္း တစ္ပြဲမဟုတ္ တစ္ပြဲက ကစားဖို႔ရွိေနတာပဲ။ ဇယားေအာက္ေျခက အသင္းေတြကလဲ တန္းမဆင္းရဖို႔ တိုက္ပြဲဝင္ေနရသလို ထိပ္ဆုံးေလးေနရာကလဲ တိုက္ပြဲေတြ ျပင္းထန္တယ္။ ေငြကိစၥကို အသာထား ကစားသမားေတြဟာ ပရီးမီးယားလိဂ္ကို လာေရာက္ ကစားလိုၾကတယ္။
ဒါက အႀကီးမားဆုံး ေဈးကြက္ပဲ။ လူတိုင္းက ဒါကိုၾကည့္ခ်င္တယ္။ ပရီးမီးယားလိဂ္က အင္အားႀကီးသထက္ ႀကီးလာပါတယ္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ေလးသင္းလုံး ေရာက္ေနတာကိုပဲၾကည့္” လို႔ ဆိုပါတယ္။
လီဗာပူး ေနာက္ခံလူေဟာင္း ဖီးဘတ္ကလဲ အဂၤလိပ္ကလပ္ေတြ ျပသခဲ့တဲ့ ထင္ရွားတဲ့ ေအာင္ျမင္မႈဟာ ရာသီေႏွာင္းပိုင္းအတြက္ ဥေရာပမွာေရာ ပရီးမီးယားလိဂ္မွာပါ စိတ္ဝင္စားစရာ ေကာင္းတယ္လို႔ ထင္ေနပါတယ္။
” သူတို႔အားလုံးအတြက္ ဒါက အမ်ားႀကီး အေရးပါပါတယ္။ သူတို႔ေတြက ဒါကို ေအာင္ျမင္ခ်င္တယ္။ ေအာင္ျမင္ဖို႔အတြက္လဲ သူတို႔မွာ တိက်တဲ့ အေၾကာင္းျပခ်က္ေတြရွိတယ္။ နည္းျပတစ္ေယာက္က (ေတာ့တင္ဟမ္ရဲ႕ ပိုခ်က္တီႏိုကို ဆိုလို) သူတို႔ရဲ႕ ပထမဆုံး ဆုဖလားကို လိုအပ္တယ္။ ေနာက္တစ္ေယာက္ အိုလီဂန္နာဆိုးရွား။ သူဟာ အၿမဲတမ္းနည္းျပ ရာထူး မရေသးေပမယ့္ ခ်န္ပီယံလိဂ္ပါ ေအာင္ျမင္မယ္ဆိုရင္ အရမ္းထူးျခားသြားမွာပါ။
ယာဂန္ကေလာ့ပ္က ေမွ်ာ္လင့္ခ်က္ေတြရွိတယ္။ ပရီးမီးယားလိဂ္ေရာ ခ်န္ပီယံလိဂ္ပါ ေအာင္ျမင္ရင္ အရမ္းႀကီးက်ယ္သြားပါလိမ့္မယ္။ သူတို႔အားလုံးမွာ ေအာင္ျမင္ဖို႔ ကိုယ္ပိုင္ တြန္းအားေပးမႈေတြရွိတယ္။ စီးတီးက ေကာင္းေကာင္းလုပ္ေဆာင္ေနတယ္။ ဒါက ဂြာဒီယိုလာနဲ႔ ပိုင္ရွင္ေတြ မန္ခ်က္စတာစီးတီးဆီ ေဆာင္ယူလာခ်င္တဲ့ ဖလားတစ္လုံးပါ။ ဒါကို ရယူႏိုင္ဖို႔ သူႀကိဳးစားပါလိမ့္မယ္ ” လို႔ ေျပာၾကားခဲ့ပါတယ္။
Sports Home Time

[Unicode] မနေ့က လီဗာပူးဟာ ဘိုင်ယန်မြူးနစ်ကို 3-1 နဲ့ အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် သမိုင်းမှာ 2008-2009 ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံး 8 သင်းစာရင်းထဲ အင်္ဂလန် လေးသင်း ပါဝင်လာတာဖြစ်ပါတယ်။
တစ်ခြားလေးသင်းက မတူညီတဲ့ လိဂ်တွေက ဖြစ်ပေမယ့် ကွာတားအဆင့်ရဲ့ ထက်ဝက်ကို အင်္ဂလိပ်ကလပ်တွေ လွှမ်းမိုးခဲ့တဲ့ အရေအတွက်က ဥရောပမှာ ပရီးမီးယားလိဂ်ဟာ တဖြည်းဖြည်း အင်အားကြီးလာနေတာကို ပြသတာဖြစ်တယ်လို့ စကိုင်းရဲ့ အားကစားသုံးသပ်သူ တင်ရှားဝုဒ်က ဆိုပါတယ်။
” ပရီးမီးယားလိဂ်က အရမ်း အင်အားကြီးပါတယ်။ ပပ်ဟာ စပိန်၊ ဂျာမနီတို့ကို သွားခဲ့ပြီးမှ ဒီကို ရောက်လာတယ်။ ဒါကို သူ ရိုးရိုးသားသား ပြောခဲ့ပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ် ပထမရာသီအပြီးမှာ သူပြောခဲ့တာက ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး လိဂ်ပါတဲ့။ ဒီလို သူယုံကြည်ထားပြီး သူပြောတာ မှန်ပါတယ်။
ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ အဆုံးသတ်ထိရောက်ဖို့ ခြေစွမ်းတည်ငြိမ်မှု ရှိဖို့လိုတယ်။ အမြဲတမ်း တစ်ပွဲမဟုတ် တစ်ပွဲက ကစားဖို့ရှိနေတာပဲ။ ဇယားအောက်ခြေက အသင်းတွေကလဲ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေရသလို ထိပ်ဆုံးလေးနေရာကလဲ တိုက်ပွဲတွေ ပြင်းထန်တယ်။ ငွေကိစ္စကို အသာထား ကစားသမားတွေဟာ ပရီးမီးယားလိဂ်ကို လာရောက် ကစားလိုကြတယ်။
ဒါက အကြီးမားဆုံး ဈေးကွက်ပဲ။ လူတိုင်းက ဒါကိုကြည့်ချင်တယ်။ ပရီးမီးယားလိဂ်က အင်အားကြီးသထက် ကြီးလာပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လေးသင်းလုံး ရောက်နေတာကိုပဲကြည့်” လို့ ဆိုပါတယ်။
လီဗာပူး နောက်ခံလူဟောင်း ဖီးဘတ်ကလဲ အင်္ဂလိပ်ကလပ်တွေ ပြသခဲ့တဲ့ ထင်ရှားတဲ့ အောင်မြင်မှုဟာ ရာသီနှောင်းပိုင်းအတွက် ဥရောပမှာရော ပရီးမီးယားလိဂ်မှာပါ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်နေပါတယ်။
” သူတို့အားလုံးအတွက် ဒါက အများကြီး အရေးပါပါတယ်။ သူတို့တွေက ဒါကို အောင်မြင်ချင်တယ်။ အောင်မြင်ဖို့အတွက်လဲ သူတို့မှာ တိကျတဲ့ အကြောင်းပြချက်တွေရှိတယ်။ နည်းပြတစ်ယောက်က (တော့တင်ဟမ်ရဲ့ ပိုချက်တီနိုကို ဆိုလို) သူတို့ရဲ့ ပထမဆုံး ဆုဖလားကို လိုအပ်တယ်။ နောက်တစ်ယောက် အိုလီဂန်နာဆိုးရှား။ သူဟာ အမြဲတမ်းနည်းပြ ရာထူး မရသေးပေမယ့် ချန်ပီယံလိဂ်ပါ အောင်မြင်မယ်ဆိုရင် အရမ်းထူးခြားသွားမှာပါ။
ယာဂန်ကလော့ပ်က မျှော်လင့်ချက်တွေရှိတယ်။ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ပါ အောင်မြင်ရင် အရမ်းကြီးကျယ်သွားပါလိမ့်မယ်။ သူတို့အားလုံးမှာ အောင်မြင်ဖို့ ကိုယ်ပိုင် တွန်းအားပေးမှုတွေရှိတယ်။ စီးတီးက ကောင်းကောင်းလုပ်ဆောင်နေတယ်။ ဒါက ဂွာဒီယိုလာနဲ့ ပိုင်ရှင်တွေ မန်ချက်စတာစီးတီးဆီ ဆောင်ယူလာချင်တဲ့ ဖလားတစ်လုံးပါ။ ဒါကို ရယူနိုင်ဖို့ သူကြိုးစားပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။
Sports Home Time
