[Zawgyi] ” လီဗာပူး..။ လီဗာပူး..။ အမွတ္ေပးဇယားကို ဦးေဆာင္လာတဲ့ လီဗာပူး..။ ” အဲ့သည္ စာသားကို သီခ်င္းလုပ္ျပီး သီဆိုလာတာက ဘုန္းေမာက္အသင္း ပရိသတ္ေတြပါ။ 2018-2019 ေဘာလံုးရာသီအတြက္ ဂိုးအျပတ္ဆံုး ရံွဴးပြဲကို ရင္ဆိုင္ရျပီးတဲ့ေနာက္ ဘုန္းေမာက္ပရိသတ္ေတြက လီဗာပူးအသင္းကို ဂုဏ္ျပဳသြားခဲ့တာျဖစ္ပါတယ္။
အဂၤလန္မန္ေနဂ်ာၾကီး ေဆာက္ဂိတ္ကိုယ္တိုင္ လာၾကည့္ရတဲ့ ဒီပြဲမွာ လီဗာပူးက သြင္းဂိုး 4 ဂိုးထိ ရခဲ့ေပမယ့္ ဆက္သြင္းလိုတဲ့ အရိပ္အေယာင္ေတြ ျပသခဲ့ပါတယ္။ လန္ဒန္ကလပ္ေတြျဖစ္တဲ့ ေတာ္တင္ဟမ္ထက္ 16 ဂိုး၊ ခ်ယ္ဆီးထက္ 10 ဂိုးနဲ႔ အာဆင္နယ္ထက္ 14 ဂိုးျပတ္ခဲ့ေပမယ့္ လီဗာပူးဟာ မန္စီးတီးရဲ႕ ဂိုးကြာျခားခ်က္ကို လိုက္မွီဖို႔က 10 ဂိုးထိ လိုေနပါေသးတယ္။
ဘုန္းေမာက္နဲ႔ပြဲမွာ လီဗာပူးဟာ မႏွစ္ကပံုစံ ႏိုင္ပြဲအတြက္ေကာ ဂိုးေတြအတြက္ပါ ဆာေလာင္မႈေတြကို ျပသခဲ့တယ္။ ဆာလက္နဲ႔ ဖာမင္တို႔ပဲ တိုက္စစ္ကို ဦးေဆာင္လာျပီး ဧည္သည္အသင္းျဖစ္လို႔ ပြဲကို အျပည့္အဝ မခ်ဳပ္ကိုင္ႏိုင္ပဲ ဘုန္းေမာက္ဘက္ကိုလည္း အခြင့္အေရးေတြ ျပန္ေပးခဲ့ရတယ္။ ဒါေပမယ့္ လီဗာပူးရဲ႕ တည္ျငိမ္မႈ၊ စည္းစနစ္က်က် ပူးေပါင္းလုပ္ႏိုင္မႈနဲ႔ ႏိုင္ပြဲဆာေလာင္မႈကပဲ ရလဒ္ကို ျပတ္သားေစခဲ့တာပါ။
ယာဂင္ကေလာ့ပ္ဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္အျဖစ္ ေႏြအေျပာင္းအေရႊ႔မွာ ေပါင္ သန္း 90 နီးပါး အကုန္အက်ခံထားတဲ့ ဖာဘင္ညိဳ၊ ကိတ္တာ ကြင္းလယ္အတြဲကိုလည္း ထည့္သံုးခဲ့တယ္။ ဘယ္ျခမ္းက ကိတ္တာ၊ ေရာ္ဘတ္ဆန္၊ ဆာလက္ရဲ႕ တြဲဘက္မႈက အေတာ္ကိုေၾကာက္စရာ တြဲလံုးအျဖစ္ ျမင္ေတြ႔ခဲ့ရတယ္။ ေရာ္ဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာေတြက ထူးခၽြန္လွျပီး ဂီနီ အဆံုးသတ္ႏိုင္ခဲ့မယ္ဆိုရင္ 5-0 ဆိုတဲ့ ရလဒ္ကိုပါ ပိုင္ဆိုင္ႏိုင္ခဲ့မွာပါ။
ဆာလက္ရဲ႕ တိုက္စစ္ပိုင္း ပါနပ္မႈနဲ႔ အေကာင္းဆံုးပံုစံေတြ ျမင္ေတြ႔ခဲ့ရတယ္။ သူ႔ရဲ႕အဆံုးမဲ့ အားထုတ္မႈ၊ ေျပးလမ္းေတြမွာ တြန္႔ဆုတ္မေနပဲ ပူးေပါင္းပါဝင္မႈအျပင္ မႏွစ္က နာမည္ေက်ာ္ ဆာလက္ရဲ႕ လွ်င္ျမန္တဲ့ တိုက္စစ္ဆင္မႈေတြကို ျပန္ျမင္ေစခဲ့ျပီး hat-trick ရဖို႔ကလည္း ထိုက္တန္ပါတယ္။ ဘာပဲျဖစ္ျဖစ္ မန္စီးတီးမတိုင္ခင္မွာေတာ့ လီဗာပူးက အမွတ္ေပးဇယားကို ဦးေဆာင္သြားခဲ့ပါျပီ။
ထူးျခားမႈကေတာ့ ဘုန္းေမာက္ပရိသတ္ေတြဟာ လီဗာပူးအသင္းနဲ႔ ဆာလက္တို႔ကို အသိအမွတ္ျပဳသြားတာျဖစ္ျပီး ကြင္းထဲမွာေကာ ပြဲျပီးဆံုးခ်ိန္မွာပါ လက္ခုပ္ၾသဘာေတြနဲ႔ ဂုဏ္ျပဳခဲ့ၾကပါတယ္။ ဘုန္းေမာက္ ပရိသတ္ေတြ ေျပာသလိုပါပဲ။ ခ်ယ္ဆီးနဲ႔ မန္စီးတီးပြဲ မတိုင္ခင္မွာ လီဗာပူးကေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္သြားပါျပီ။
Sports Home Time

[Unicode] ” လီဗာပူး..။ လီဗာပူး..။ အမှတ်ပေးဇယားကို ဦးဆောင်လာတဲ့ လီဗာပူး..။ ” အဲ့သည် စာသားကို သီချင်းလုပ်ပြီး သီဆိုလာတာက ဘုန်းမောက်အသင်း ပရိသတ်တွေပါ။ 2018-2019 ဘောလုံးရာသီအတွက် ဂိုးအပြတ်ဆုံး ရံှူးပွဲကို ရင်ဆိုင်ရပြီးတဲ့နောက် ဘုန်းမောက်ပရိသတ်တွေက လီဗာပူးအသင်းကို ဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်မန်နေဂျာကြီး ဆောက်ဂိတ်ကိုယ်တိုင် လာကြည့်ရတဲ့ ဒီပွဲမှာ လီဗာပူးက သွင်းဂိုး 4 ဂိုးထိ ရခဲ့ပေမယ့် ဆက်သွင်းလိုတဲ့ အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ လန်ဒန်ကလပ်တွေဖြစ်တဲ့ တော်တင်ဟမ်ထက် 16 ဂိုး၊ ချယ်ဆီးထက် 10 ဂိုးနဲ့ အာဆင်နယ်ထက် 14 ဂိုးပြတ်ခဲ့ပေမယ့် လီဗာပူးဟာ မန်စီးတီးရဲ့ ဂိုးကွာခြားချက်ကို လိုက်မှီဖို့က 10 ဂိုးထိ လိုနေပါသေးတယ်။
ဘုန်းမောက်နဲ့ပွဲမှာ လီဗာပူးဟာ မနှစ်ကပုံစံ နိုင်ပွဲအတွက်ကော ဂိုးတွေအတွက်ပါ ဆာလောင်မှုတွေကို ပြသခဲ့တယ်။ ဆာလက်နဲ့ ဖာမင်တို့ပဲ တိုက်စစ်ကို ဦးဆောင်လာပြီး ဧည်သည်အသင်းဖြစ်လို့ ပွဲကို အပြည့်အဝ မချုပ်ကိုင်နိုင်ပဲ ဘုန်းမောက်ဘက်ကိုလည်း အခွင့်အရေးတွေ ပြန်ပေးခဲ့ရတယ်။ ဒါပေမယ့် လီဗာပူးရဲ့ တည်ငြိမ်မှု၊ စည်းစနစ်ကျကျ ပူးပေါင်းလုပ်နိုင်မှုနဲ့ နိုင်ပွဲဆာလောင်မှုကပဲ ရလဒ်ကို ပြတ်သားစေခဲ့တာပါ။
ယာဂင်ကလော့ပ်ဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် နွေအပြောင်းအရွှေ့မှာ ပေါင် သန်း 90 နီးပါး အကုန်အကျခံထားတဲ့ ဖာဘင်ညို၊ ကိတ်တာ ကွင်းလယ်အတွဲကိုလည်း ထည့်သုံးခဲ့တယ်။ ဘယ်ခြမ်းက ကိတ်တာ၊ ရော်ဘတ်ဆန်၊ ဆာလက်ရဲ့ တွဲဘက်မှုက အတော်ကိုကြောက်စရာ တွဲလုံးအဖြစ် မြင်တွေ့ခဲ့ရတယ်။ ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောတွေက ထူးချွန်လှပြီး ဂီနီ အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် 5-0 ဆိုတဲ့ ရလဒ်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့မှာပါ။
ဆာလက်ရဲ့ တိုက်စစ်ပိုင်း ပါနပ်မှုနဲ့ အကောင်းဆုံးပုံစံတွေ မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့အဆုံးမဲ့ အားထုတ်မှု၊ ပြေးလမ်းတွေမှာ တွန့်ဆုတ်မနေပဲ ပူးပေါင်းပါဝင်မှုအပြင် မနှစ်က နာမည်ကျော် ဆာလက်ရဲ့ လျှင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေကို ပြန်မြင်စေခဲ့ပြီး hat-trick ရဖို့ကလည်း ထိုက်တန်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးမတိုင်ခင်မှာတော့ လီဗာပူးက အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါပြီ။
ထူးခြားမှုကတော့ ဘုန်းမောက်ပရိသတ်တွေဟာ လီဗာပူးအသင်းနဲ့ ဆာလက်တို့ကို အသိအမှတ်ပြုသွားတာဖြစ်ပြီး ကွင်းထဲမှာကော ပွဲပြီးဆုံးချိန်မှာပါ လက်ခုပ်သြဘာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ဘုန်းမောက် ပရိသတ်တွေ ပြောသလိုပါပဲ။ ချယ်ဆီးနဲ့ မန်စီးတီးပွဲ မတိုင်ခင်မှာ လီဗာပူးကတော့ အမှတ်ပေးဇယားကို ဦးဆောင်သွားပါပြီ။
Sports Home Time
