ကြာတားဖိုင္နယ္မွာ မေတြ႔ခ်င္ေသးတဲ့ အသင္းအေၾကာင္း ဂ်ိမ္းစ္ေမနာ ေျပာၾကား

[Zawgyi] လီဗာပူး ကြင္းလယ္ကစားသမားၾကီး ဂ်ိမ္းစ္ ေမနာက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ အဆင့္မွာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အသင္းေတြ ခ်င္း မေတြ႔ခ်င္ေသးေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ လီဗာပူးအသင္းဟာ ျမဴးနစ္ျမဳိ႔ Allianz Arena မွာ အိမ္ရွင္ ဘိုင္ယန္ျမဴးနစ္ကို ၃ဂိုး ၁ဂိုးနဲ႕ အနုိင္ယူကာ ကြာတားအဆင့္ တက္ေရာက္သြားခဲ့တာပါ။

ကြာတားဖိုင္နယ္အဆင့္ကို ယူနိုက္တက္၊ မန္စီးတီး၊ စပါးအသင္းတုိ႔လည္း တက္ေရာက္ထားခဲ့တာေၾကာင္း ၂၀၀၈-၀၉ ေဘာလံုးရာသီ ေနာက္ပိုင္း ပထမဆံုး အၾကိမ္အျဖစ္ အဂၤလိပ္ အသင္း ၄ သင္း ကြာတားတက္ခဲ့တဲ့ အၾကိမ္လည္း ျဖစ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ခဲ့တဲ့ လီဗာပူးအသင္းဟာ ကြာတားအဆင့္မွာ မန္စီးတီးနဲ႕ ေတြ႔ဆံု ေက်ာ္ျဖတ္ခဲ့ဖူးပါတယ္။

“(ပရီးမီးယားလိဂ္ ၄သင္းလံုး တက္သြားတာက) အဂၤလိပ္ေဘာလံုး ေလာကအတြက္ ဒါက ေကာင္းတဲ့ လကၡဏာပါ။ ဒါကပဲ ခင္ဗ်ားတို႔ အလိုရွိတာ မဟုတ္လား။ က်ေနာ္တို႔အားလံုး ဒီအဆင့္မွာ တစ္သင္းနဲ႕ တစ္သင္း ရင္ဆိုင္ကစားခ်င္ၾကဦးမယ္ မထင္ဘူး။ ဘယ္အသင္းနဲ႕ က်မလဲက ေစာင့္ၾကည့္ရမွာေပါ့။ က်ေန္ာတို႔ အားလံုး ျပီးခဲ့တဲ့နွစ္က ေကာင္းမြန္တဲ့ ခြန္အားေတြ ရရွိေနတယ္လို႔ ခံစားမိပါတယ္။ ဒါကို သယ္ေဆာင္ျပီး ေ၀းနုိင္သမွ် ေ၀းေ၀း ခရီးဆက္မွာပါ။” လို႔ ၀ါရင့္ ကြင္းလယ္ကစားသမားၾကီး ဂ်ိမ္းစ္ ေမနာက ဆိုပါတယ္။

ေမနာက ဘိုင္ယန္နဲ႕ ပြဲစဥ္မွာ ပထမပိုင္း ၁၂ မိနစ္မွာတင္ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ ဖာဘင္ညိဳနဲ႕ လူစားလဲလိုက္ရတဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ေနရာ ၀င္ကစားျပီး လီဗာပူးကြင္းလယ္ကို စုစည္းဦးေဆာင္ေပးခဲ့ပါတယ္။

“ဒါက က်ေန္ာတို႔ အသင္းမွာ ရွိတဲ့ ကစားသမား အင္အားကို ျပတာပဲ။ အသင္းေခါင္းေဆာင္ကို ဒီေလာက္ ေစာေစာ လက္လႊတ္လိုက္ရတာက ခက္ခဲတယ္ ဒါေပမယ့္ ဒါကို က်ေန္ာတို႔ ေျဖရွင္း ေက်ာ္ျဖတ္နုိင္ခဲ့တယ္။ ဖာဘင္ညိဳ ၀င္လာကစားတယ္ အဲဒီေနာက္လည္း ေကာင္းစြာ ကစားနုိင္ခဲ့ျပီး က်ေန္ာတို႔ ဂိုးသြင္းနုိင္ခဲ့တယ္။ ဒီရလဒ္က ရလဒ္ေကာင္းပါပဲ။ က်ေနာ္တို႔ အေကာင္းဆံုး ပံုစံ မဟုတ္ေတာင္ ခံစစ္မွာ ေကာင္းစြာ စုဖြဲ႕ ကစားသြားခဲ့တယ္။” လို႔ ေမနာက ေျပာၾကားခဲ့ပါတယ္။

“ဗန္ဒိုက္လည္း တစ္ဂိုး သြင္းေပးခဲ့တယ္။ ဒါေပမယ့္ တကယ္တမ္း ေျပာရရင္ သူ႔အရပ္ အျမင့္နဲ႕ ဒိထက္ ဂိုးေတြ ပိုသြင္းေပးသင့္တာဗ်ာ။” လို႔ ေမနာက ဟာသလုပ္သြားပါေသးတယ္။

လီဗာပူးအသင္းဟာ ကြာတားဖိုင္နယ္မွာ ဘယ္အသင္းနဲ႕ ေတြ႔ဆံုမလဲ ဆိုတာ ေသာၾကာေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ ၅နာရီခြဲမွာ ျပဳလုပ္မယ့္ မဲခြဲပြဲမွာ အေျဖထြက္လာမွာပါ။

Sports Home Time

[Unicode] လီဗာပူး ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ် မေနာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေ ချင်း မတွေ့ချင်သေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ မြူးနစ်မြို့ Allianz Arena မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်ကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ယူကာ ကွာတားအဆင့် တက်ရောက်သွားခဲ့တာပါ။

ကွာတားဖိုင်နယ်အဆင့်ကို ယူနိုက်တက်၊ မန်စီးတီး၊ စပါးအသင်းတို့လည်း တက်ရောက်ထားခဲ့တာကြောင်း ၂၀၀၈-၀၉ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အင်္ဂလိပ် အသင်း ၄ သင်း ကွာတားတက်ခဲ့တဲ့ အကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ကွာတားအဆင့်မှာ မန်စီးတီးနဲ့ တွေ့ဆုံ ကျော်ဖြတ်ခဲ့ဖူးပါတယ်။

“(ပရီးမီးယားလိဂ် ၄သင်းလုံး တက်သွားတာက) အင်္ဂလိပ်ဘောလုံး လောကအတွက် ဒါက ကောင်းတဲ့ လက္ခဏာပါ။ ဒါကပဲ ခင်ဗျားတို့ အလိုရှိတာ မဟုတ်လား။ ကျနော်တို့အားလုံး ဒီအဆင့်မှာ တစ်သင်းနဲ့ တစ်သင်း ရင်ဆိုင်ကစားချင်ကြဦးမယ် မထင်ဘူး။ ဘယ်အသင်းနဲ့ ကျမလဲက စောင့်ကြည့်ရမှာပေါ့။ ကျနေ်ာတို့ အားလုံး ပြီးခဲ့တဲ့နှစ်က ကောင်းမွန်တဲ့ ခွန်အားတွေ ရရှိနေတယ်လို့ ခံစားမိပါတယ်။ ဒါကို သယ်ဆောင်ပြီး ဝေးနိုင်သမျှ ဝေးဝေး ခရီးဆက်မှာပါ။” လို့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ် မေနာက ဆိုပါတယ်။

မေနာက ဘိုင်ယန်နဲ့ ပွဲစဉ်မှာ ပထမပိုင်း ၁၂ မိနစ်မှာတင် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဖာဘင်ညိုနဲ့ လူစားလဲလိုက်ရတဲ့ ဂျော်ဒန် ဟန်ဒါဆန် နေရာ ဝင်ကစားပြီး လီဗာပူးကွင်းလယ်ကို စုစည်းဦးဆောင်ပေးခဲ့ပါတယ်။

“ဒါက ကျနေ်ာတို့ အသင်းမှာ ရှိတဲ့ ကစားသမား အင်အားကို ပြတာပဲ။ အသင်းခေါင်းဆောင်ကို ဒီလောက် စောစော လက်လွှတ်လိုက်ရတာက ခက်ခဲတယ် ဒါပေမယ့် ဒါကို ကျနေ်ာတို့ ဖြေရှင်း ကျော်ဖြတ်နိုင်ခဲ့တယ်။ ဖာဘင်ညို ဝင်လာကစားတယ် အဲဒီနောက်လည်း ကောင်းစွာ ကစားနိုင်ခဲ့ပြီး ကျနေ်ာတို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒီရလဒ်က ရလဒ်ကောင်းပါပဲ။ ကျနော်တို့ အကောင်းဆုံး ပုံစံ မဟုတ်တောင် ခံစစ်မှာ ကောင်းစွာ စုဖွဲ့ ကစားသွားခဲ့တယ်။” လို့ မေနာက ပြောကြားခဲ့ပါတယ်။

“ဗန်ဒိုက်လည်း တစ်ဂိုး သွင်းပေးခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ပြောရရင် သူ့အရပ် အမြင့်နဲ့ ဒိထက် ဂိုးတွေ ပိုသွင်းပေးသင့်တာဗျာ။” လို့ မေနာက ဟာသလုပ်သွားပါသေးတယ်။

လီဗာပူးအသင်းဟာ ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲ ဆိုတာ သောကြာနေ့ ညနေ မြန်မာစံတော်ချိန် ၅နာရီခွဲမှာ ပြုလုပ်မယ့် မဲခွဲပွဲမှာ အဖြေထွက်လာမှာပါ။

Sports Home Time