ချန်ပီယံလိဂ် ကွာတားနဲ့ ဆီမီးဖိုင်နယ် မဲခွဲမှုတွေအကြောင်း သိကောင်းစရာများ
  • အေဂျက်
  • လီဗာပူး
  • မန်စီးတီး
  • ဘာစီလိုနာ
  • စပါး
  • ပေါ်တို
  • ဂျူဗင်တပ်
ဦးစားပေးတွေရှိလား
Sports Home Time
[Unicode] ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ကျော်လွန်ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း ၈ သင်း လုံး ထွက်ပေါ် လာခဲ့ပါပြီ။ ဒီနှစ်မှာတော့ မန်စီးတီး၊ ယူနိုက်တက်၊ စပါးနဲ့ လီဗာပူး ပရီးမီးယားလိဂ်အသင်း ၄သင်းလုံး ကွာတားတက်လာခဲ့ပြီး ဂျူဗင်တပ်၊ ဘာစီလိုနာ၊ အေဂျက်နဲ့ ပေါ်တိုတို့ ပါ ပါဝင်ပါတယ်။ ဒီတော့ ချန်ပီယံလိဂ် ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေအတွက် မဲခွဲမှုတွေအကြောင်း သိကောင်းစရာတွေကို ဖော်ပြမှာဖြစ်ပါတယ်။
ဘယ်အချိန် ဘယ်မှာ မဲခွဲမှာလဲ
လက်ကျန် ဒုတိယအကျော့တွေအပြီး မတ်လ ၁၅ ရက်နေ့ သောကြာနေ့မှာ မဲခွဲမှု ပြုလုပ်ပါမယ်။ အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ၊ ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်မှာပါ။ အဆိုပါ မဲခွဲမှုကိုတော့ BT Sport က ထုတ်လွင့်ပေးမှာပါ။ ဆီမီးဖိုင်နယ် အဆင့်အတွက်ပါ တစ်ခါတည်း အတွဲရွေးပေးသွားမှာဖြစ်တယ်။
ဘယ်အသင်းတွေ မဲခွဲမှုမှာ ပါဝင်မလဲ
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်လာတဲ့ အသင်းတွေကတော့ –
  • မန်ချက်စတာယူနိုက်တက်
  • အေဂျက်
  • လီဗာပူး
  • မန်စီးတီး
  • ဘာစီလိုနာ
  • စပါး
  • ပေါ်တို
  • ဂျူဗင်တပ်
ဦးစားပေးတွေရှိလား
ကွာတားဖိုင်နယ်အဆင့်မှာ မည့်သည် ဦးစားပေးမှ မရှိသလို နိုင်ငံတူ ကာကွယ်ပေးမှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် အင်္ဂလန်အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ရှိလာမှာပါ။ ပထမဆုံး မဲကျတဲ့ အသင်းက ပထမအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။
ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေ
  • ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ ၉-၁၀ ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ ၁၆-၁၇ ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။
  • ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ ၃၀- မေလ ၁၊ ဒုတိယအကျော့ကို မေလ ၇-၈ ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။
  • ဗိုလ်လုပွဲရဲ့ အိမ်ကွင်းအသင်းအဖြစ်တော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအတိုင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲကို ဘယ်အချိန် ယှဉ်ပြိုင်မလဲ
၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁ ရက်နေ့ အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ပါမယ်။
Sports Home Time