ယူႏိုက္တက္ပရိသတ္ေပမယ့္ ေမာ္ရင္ညိဳ လက္ေအာက္ မကစားလိုတဲ့ ေဒါ့မြန္အသင္းသား

[Zawgyi] ေႏြအေျပာင္းအေရႊ႔မွာတုန္းက ယူႏိုက္တက္နဲ႔ ေဒါ့မြန္ခံစစ္သမား မန္ႏူရယ္ အခန္ဂ်ီတို႔ၾကား သတင္းထြက္မႈေတြ ရွိခဲ့ပါတယ္။ အသက္ 23 ႏွစ္အရြယ္ပဲ ရွိေသးတယ္ ဆြစ္ဇာလန္လက္ေရြးစင္ဟာ ငယ္စဥ္ကတည္းက ယူႏိုက္တက္ကို အမာခံ အားေပးခဲ့တဲ့ အသင္းပရိသတ္တစ္ဦးပါ။

သူကိုယ္တိုင္က ယူႏိုက္တက္ပရိသတ္ျဖစ္ျပီး တစ္ရက္ အိုထရတ္ဖိုဒ့္ကြင္းမွာ အနီေရာင္မန္ခ်က္စတာဂ်ာစီကို ဝတ္ဆင္ျပီး ပြဲထြက္ကစားလိုေၾကာင္းလည္း ပြင့္လင္းစြာ ဝန္ခံထားပါတယ္။ ဒါေပမယ့္လို႔ ေမာ္ရင္ညိဳ ယူႏိုက္တက္ကို ကိုင္တြယ္ေနသမွ်ေတာ့ သူ႔ကို မန္ခ်က္စတာကို ေျခခ်လာတာ ျမင္ေတြ႔ရဖို႔ မျဖစ္ႏုိင္ပါဘူး။

2018 ဇန္နဝါရီကမွ ဆြစ္ကလပ္ ေဘဆယ္ကေန ဘြန္ဒက္လီဂါကလပ္ကို ေျပာင္းလာခဲ့တဲ့ အခန္ဂ်ီဟာ ထူးခၽြန္တဲ့ ခံစစ္သမားေကာင္းအျဖစ္ ေတာက္ပလာေနပါျပီ။ ဒီရာသီ ဂ်ာမနီအမွတ္ေပးလိဂ္ကို ေဒါ့မြန္အသင္း ဦးေဆာင္ထားမႈမွာ အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ပါဝင္လာေနသူလည္းျဖစ္တယ္။ ဂ်ာမာန္သတင္းဌာနက သူ႔ရဲ႕အိပ္မက္အသင္းျဖစ္တဲ့ ယူႏိုက္တက္ကို ေျပာင္းျဖစ္မလားဆိုတဲ့ ေမးခြန္းကိုေတာ့ ခိုင္လံုတဲ့ အေၾကာင္းျပခ်က္ေပးျပီး အခန္ဂ်ီက ျငင္းဆန္ပါတယ္။

“ က်ေနာ္ ငယ္ဘဝက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အမာခံပရိသတ္ ျဖစ္ခဲ့တယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဒီေနာက္ပိုင္းေတာ့ ယူႏိုက္တက္ပြဲေတြကို မၾကည့္ျဖစ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ေမာ္ရင္ညိဳလက္ထက္ သူတို႔ကစားေနတဲ့ ကစားဟန္ကို က်ေနာ္ မၾကိဳက္ပါဘူး ” လို႔ အခန္ဂ်ီက ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

ဒီမွတ္ခ်က္ဟာ လူမႈကြန္ယက္မွာေတာ့ ဂရက္တစ္ခုျဖစ္ခဲ့ျပီး ငယ္စဥ္ကတည္းက ယူႏိုက္တက္ကို အားေပးတဲ့ ကိုယ္အသင္းပရိသတ္ကေတာင္ အသင္းအတြက္ ကစားေပးခြင့္ရမယ္ဆိုရင္လည္း ေမာ္ရင္ညိဳေၾကာင့္ ျငင္းဆန္မယ္ဆိုတာက နာက်င္စရာပဲျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ဒီရာသီမွာေတာ့ ဂ်ာမနီအင္အားၾကီးကလပ္ ဘိုင္ယန္ျမဴနစ္ရဲ႕ ေလွာင္ရိပ္ေအာက္ကေန ရုန္းထြက္လာျပီး အမွတ္ေပးဇယားကို ဦးေဆာင္ထားပါတယ္။ လိဂ္ပြဲ 13 ပြဲ ကစားျပီးခ်ိန္မွာ ဘိုင္ယန္ျမဴနစ္ကို 13 မွတ္ထိ ျဖတ္ထားႏိုင္ပါျပီ။ ေဒါ့မြန္အသင္းဟာ ခ်န္ပီယံလိဂ္မွာလည္း ရံွဴးထြက္အဆင့္ကို ေရာက္ခဲ့ျပီျဖစ္ျပီး အုပ္စုဗိုလ္ေနရာအတြက္ ၾကိဳးစားဖို႔ပဲ က်န္ရွိေတာ့တာပါ။

ယူႏိုက္တက္ကေတာ့ ရာသီစလာကတည္းက ရုန္းကန္ေနရျပီး လိဂ္ပြဲ 15 ပြဲ ကစားျပီးခ်ိန္မွာ အမွတ္ေပးဇယား ဦးေဆာင္သူ မန္စီးတီးေနာက္ 18 မွတ္ထိ ျပန္က်န္ေနခဲ့ပါျပီ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔လည္း 8 မွတ္ထိ ျပတ္က်န္ေနတာျဖစ္တယ္။ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ စိုးရိမ္ေနရတဲ့ ယူႏိုက္တက္အတြက္ အားရစရာဆိုလို႔ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္အဆင့္ကို တက္ထားႏိုင္တာ တစ္ခုပဲရွိပါတယ္။

Sports Home Time

[Unicode] နွေအပြောင်းအရွှေ့မှာတုန်းက ယူနိုက်တက်နဲ့ ဒေါ့မွန်ခံစစ်သမား မန်နူရယ် အခန်ဂျီတို့ကြား သတင်းထွက်မှုတွေ ရှိခဲ့ပါတယ်။ အသက် 23 နှစ်အရွယ်ပဲ ရှိသေးတယ် ဆွစ်ဇာလန်လက်ရွေးစင်ဟာ ငယ်စဉ်ကတည်းက ယူနိုက်တက်ကို အမာခံ အားပေးခဲ့တဲ့ အသင်းပရိသတ်တစ်ဦးပါ။

သူကိုယ်တိုင်က ယူနိုက်တက်ပရိသတ်ဖြစ်ပြီး တစ်ရက် အိုထရတ်ဖိုဒ့်ကွင်းမှာ အနီရောင်မန်ချက်စတာဂျာစီကို ဝတ်ဆင်ပြီး ပွဲထွက်ကစားလိုကြောင်းလည်း ပွင့်လင်းစွာ ဝန်ခံထားပါတယ်။ ဒါပေမယ့်လို့ မော်ရင်ညို ယူနိုက်တက်ကို ကိုင်တွယ်နေသမျှတော့ သူ့ကို မန်ချက်စတာကို ခြေချလာတာ မြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။

2018 ဇန်နဝါရီကမှ ဆွစ်ကလပ် ဘေဆယ်ကနေ ဘွန်ဒက်လီဂါကလပ်ကို ပြောင်းလာခဲ့တဲ့ အခန်ဂျီဟာ ထူးချွန်တဲ့ ခံစစ်သမားကောင်းအဖြစ် တောက်ပလာနေပါပြီ။ ဒီရာသီ ဂျာမနီအမှတ်ပေးလိဂ်ကို ဒေါ့မွန်အသင်း ဦးဆောင်ထားမှုမှာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်လာနေသူလည်းဖြစ်တယ်။ ဂျာမာန်သတင်းဌာနက သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ယူနိုက်တက်ကို ပြောင်းဖြစ်မလားဆိုတဲ့ မေးခွန်းကိုတော့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးပြီး အခန်ဂျီက ငြင်းဆန်ပါတယ်။

“ ကျနော် ငယ်ဘဝက မန်ချက်စတာယူနိုက်တက်ရဲ့ အမာခံပရိသတ် ဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းတော့ ယူနိုက်တက်ပွဲတွေကို မကြည့်ဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ မော်ရင်ညိုလက်ထက် သူတို့ကစားနေတဲ့ ကစားဟန်ကို ကျနော် မကြိုက်ပါဘူး ” လို့ အခန်ဂျီက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ဒီမှတ်ချက်ဟာ လူမှုကွန်ယက်မှာတော့ ဂရက်တစ်ခုဖြစ်ခဲ့ပြီး ငယ်စဉ်ကတည်းက ယူနိုက်တက်ကို အားပေးတဲ့ ကိုယ်အသင်းပရိသတ်ကတောင် အသင်းအတွက် ကစားပေးခွင့်ရမယ်ဆိုရင်လည်း မော်ရင်ညိုကြောင့် ငြင်းဆန်မယ်ဆိုတာက နာကျင်စရာပဲဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီရာသီမှာတော့ ဂျာမနီအင်အားကြီးကလပ် ဘိုင်ယန်မြူနစ်ရဲ့ လှောင်ရိပ်အောက်ကနေ ရုန်းထွက်လာပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ လိဂ်ပွဲ 13 ပွဲ ကစားပြီးချိန်မှာ ဘိုင်ယန်မြူနစ်ကို 13 မှတ်ထိ ဖြတ်ထားနိုင်ပါပြီ။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်မှာလည်း ရံှူးထွက်အဆင့်ကို ရောက်ခဲ့ပြီဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက် ကြိုးစားဖို့ပဲ ကျန်ရှိတော့တာပါ။

ယူနိုက်တက်ကတော့ ရာသီစလာကတည်းက ရုန်းကန်နေရပြီး လိဂ်ပွဲ 15 ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးနောက် 18 မှတ်ထိ ပြန်ကျန်နေခဲ့ပါပြီ။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း 8 မှတ်ထိ ပြတ်ကျန်နေတာဖြစ်တယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ စိုးရိမ်နေရတဲ့ ယူနိုက်တက်အတွက် အားရစရာဆိုလို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ရံှူးထွက်အဆင့်ကို တက်ထားနိုင်တာ တစ်ခုပဲရှိပါတယ်။

Sports Home Time