မန္စီးတီးက အသင္းေကာင္းပါ ဒါေပမယ့္ သူတို႔အသင္းမွာ ဟာဇက္ မရွိပါဘူး

[Zawgyi] ခ်ယ္ဆီးနဲ႔ မန္စီးတီးပြဲမတိုင္ခင္ လန္ဒန္အသင္းရဲ႕ အဓိက ကစားသမား ဟာဇက္က အရႊင္ေဖာက္မႈ ျပဳလုပ္လာပါတယ္။ ဟာဇက္က “ အမွန္တရားက မန္စီးတီးမွာ ဟာဇက္ မရွိပါဘူး။ ဒါက ႏွစ္သင္းၾကား ျခားနားခ်က္ပါ ” လို႔ ဆိုလိုက္တာပါ။

စတမ္းဖိုဒ့္ဘရစ္ခ်္မွာ ရင္ဆိုင္ကစားရမယ့္ဆိုတဲ့ ကိစၥက မန္စီးတီးအတြက္ သတင္းေကာင္း မဟုတ္ပါဘူး။ ဒါေပမယ့္ ပံုစံေကာင္းေတြရေနတဲ့ လက္ရွိခ်န္ပီယံကို ရပ္တန္႔ဖို႔ဆိုတာကလည္း လြယ္ကူတဲ့ကိစၥ မဟုတ္ျပန္ပါဘူး။ မန္စီးတီးဟာ အသင္းေကာင္းအေနနဲ႔ အရာအားလံုးကို ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ျပီး အဲ့သည္လိုအသင္းကို လိုက္မွီဖို႔ဆိုရင္ ခ်ယ္ဆီးက ေနာက္ထပ္ ႏွစ္ႏွစ္ေလာက္ အခ်ိန္ယူရမယ္လို႔ ယူဆထားပါတယ္။

ဒါေပမယ့္ အထက္က ဟာဇက္ေျပာသလိုပါပဲ။ မန္စီးတီးက အသင္းေကာင္းျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းမွာက ဟာဇက္ရွိပါတယ္။ ဟာဇက္ အေကာင္းဆံုး ပံုစံမွာ ရွိေနမယ္ဆိုရင္ သူဘာလုပ္ႏိုင္တယ္ဆိုတာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ေတြက ေကာင္းေကာင္းၾကီး သိၾကပါတယ္။

မန္စီးတီးနဲ႔ ခ်ယ္ဆီးၾကား ကြာဟခ်က္ကို ဟာဇက္က ရွင္းျပရမွာ “ မန္စီးတီးရဲ႕ ကစားဟန္က အခြင့္အေရး ရွာေဖြႏိုင္စြမ္းမွာ က်ေနာ္တို႔ထက္ ပိုေကာင္းပါတယ္။ က်ေနာ္တုိ႔က ပိုင္ဆိုင္မႈပိုင္းမွာ ေကာင္းမြန္ေပမယ့္ ဂိုးေတြသြင္းဖို႔ကေတာ့ တစ္ဦးခ်င္း လႈပ္ရွားမႈေတြမွာ ေႏွာင့္ေႏွးမႈေတြ ရွိပါတယ္။

စီးတီးကေတာ့ အသင္းလိုက္ ေကာင္းေကာင္း ကစားႏိုင္တယ္။ သူတို႔ထံက လႈပ္ရွားမႈေတြ အမ်ားၾကီးလည္း ျမင္ေတြ႔ႏိုင္တယ္။ ေနရာလြတ္ေတြ ဖန္တီးႏိုင္တယ္၊ ျဖတ္တင္ေဘာေတြ အသံုးခ်ႏိုင္တယ္။ အခြင့္အေရး ရွာႏိုင္စြမ္းအတြက္ သူတို႔မွာက ပိုေကာင္းတဲ့ အေျခအေနေတြရွိပါတယ္။ အခြင့္အေရး ဖန္တီးႏိုင္စြမ္းတင္မကပဲ ဂိုးေတြလည္း သြင္းႏိုင္စြမ္းရွိတယ္ ” လို႔ ဆိုပါတယ္။

ဟာဇက္လို အေကာင္းဆံုးကစားသမားကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြကလည္း အမ်ားၾကီးပါ။ အဂၤလန္မီဒီယာေတြက ဟာဇက္နဲ႔ မန္စီးတီးၾကား အေျပာင္းအေရႊ႔ ဇာတ္လမ္းသစ္ေတြ စတင္ေစလိုဟန္ရွိတယ္။ ပြဲၾကိဳမွာ ဟာဇက္ကို ေခၚယူမလားဆိုတာနဲ႔ ပက္သက္ျပီး ဂြာဒီယိုလာကို ေမးျမန္းမႈေတြလည္း လုပ္ခဲ့ပါတယ္။

ဂြာဒီယိုလာက “ ဟာဇက္ကို ေခၚယူဖို႔ မရွိပါဘူး။ ဟာဇက္က က်ေနာ္တို႔ကို အမ်ားၾကီး ဒုကၡေပးႏိုင္မယ္သူပါ။ ဒါကို က်ေနာ္ သေဘာတူပါတယ္။ ဟာဇက္က သူ႔ဘာသာ ကစားသမားေကာင္းလို႔ ေျပာတယ္။ ဒါကိုလည္း က်ေနာ္လည္း သေဘာတူပါတယ္။ တီဗီကိုေျပာင္းျပီး သူကစားတာကို ၾကည့္ၾကည့္ပါ၊ သူရဲ႕ အရည္အခ်င္းကို ခ်က္ျခင္း သတိထားမိပါလိမ့္မယ္။ သူက က်ေနာ္ထက္ ပိုေကာင္းတယ္ဆိုတာ အားလံုးလည္း သိပါတယ္။ သူက သိပ္ေကာင္းတဲ့ ကစားသမားပါ။ ကမၻာအေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးလည္း ဟုတ္ပါတယ္ ” လို႔ ဝန္ခံပါတယ္။

ခ်ယ္ဆီးနဲ႔ မန္စီးတီးတို႔ ေနာက္ဆံုးအၾကိမ္ ေတြ႔ဆံုတုန္းကေတာ့ မန္စီးတီးက ခ်ယ္ဆီးကို အႏိုင္ယူခဲ့ပါတယ္။ ဒါေပမယ့္လို႔ ဟာဇက္က ပါဝင္ကစားခဲ့ျခင္း မရွိပါဘူး။ ဆာရီ ကိုင္တြယ္တာ 4 လၾကာလာခဲ့ျပီျဖစ္ျပီး ဟာဇက္ပါ ပါဝင္လာမယ့္ ခ်ယ္ဆီးအသင္းဟာ မန္စီးတီးကို အိမ္ကြင္းမွာ ရလဒ္ေကာင္း ယူျပႏုိင္မလာဆိုတာက မျဖစ္ႏုိင္ဘူးလို႔ ေျပာဖို႔ခက္တဲ့ အေနအထားျဖစ္လာေနျပီ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချယ်ဆီးနဲ့ မန်စီးတီးပွဲမတိုင်ခင် လန်ဒန်အသင်းရဲ့ အဓိက ကစားသမား ဟာဇက်က အရွှင်ဖောက်မှု ပြုလုပ်လာပါတယ်။ ဟာဇက်က “ အမှန်တရားက မန်စီးတီးမှာ ဟာဇက် မရှိပါဘူး။ ဒါက နှစ်သင်းကြား ခြားနားချက်ပါ ” လို့ ဆိုလိုက်တာပါ။

စတမ်းဖိုဒ့်ဘရစ်ချ်မှာ ရင်ဆိုင်ကစားရမယ့်ဆိုတဲ့ ကိစ္စက မန်စီးတီးအတွက် သတင်းကောင်း မဟုတ်ပါဘူး။ ဒါပေမယ့် ပုံစံကောင်းတွေရနေတဲ့ လက်ရှိချန်ပီယံကို ရပ်တန့်ဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ပြန်ပါဘူး။ မန်စီးတီးဟာ အသင်းကောင်းအနေနဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး အဲ့သည်လိုအသင်းကို လိုက်မှီဖို့ဆိုရင် ချယ်ဆီးက နောက်ထပ် နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ယူဆထားပါတယ်။

ဒါပေမယ့် အထက်က ဟာဇက်ပြောသလိုပါပဲ။ မန်စီးတီးက အသင်းကောင်းဖြစ်ပေမယ့် ချယ်ဆီးအသင်းမှာက ဟာဇက်ရှိပါတယ်။ ဟာဇက် အကောင်းဆုံး ပုံစံမှာ ရှိနေမယ်ဆိုရင် သူဘာလုပ်နိုင်တယ်ဆိုတာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေက ကောင်းကောင်းကြီး သိကြပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးကြား ကွာဟချက်ကို ဟာဇက်က ရှင်းပြရမှာ “ မန်စီးတီးရဲ့ ကစားဟန်က အခွင့်အရေး ရှာဖွေနိုင်စွမ်းမှာ ကျနော်တို့ထက် ပိုကောင်းပါတယ်။ ကျနော်တို့က ပိုင်ဆိုင်မှုပိုင်းမှာ ကောင်းမွန်ပေမယ့် ဂိုးတွေသွင်းဖို့ကတော့ တစ်ဦးချင်း လှုပ်ရှားမှုတွေမှာ နှောင့်နှေးမှုတွေ ရှိပါတယ်။

စီးတီးကတော့ အသင်းလိုက် ကောင်းကောင်း ကစားနိုင်တယ်။ သူတို့ထံက လှုပ်ရှားမှုတွေ အများကြီးလည်း မြင်တွေ့နိုင်တယ်။ နေရာလွတ်တွေ ဖန်တီးနိုင်တယ်၊ ဖြတ်တင်ဘောတွေ အသုံးချနိုင်တယ်။ အခွင့်အရေး ရှာနိုင်စွမ်းအတွက် သူတို့မှာက ပိုကောင်းတဲ့ အခြေအနေတွေရှိပါတယ်။ အခွင့်အရေး ဖန်တီးနိုင်စွမ်းတင်မကပဲ ဂိုးတွေလည်း သွင်းနိုင်စွမ်းရှိတယ် ” လို့ ဆိုပါတယ်။

ဟာဇက်လို အကောင်းဆုံးကစားသမားကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေကလည်း အများကြီးပါ။ အင်္ဂလန်မီဒီယာတွေက ဟာဇက်နဲ့ မန်စီးတီးကြား အပြောင်းအရွှေ့ ဇာတ်လမ်းသစ်တွေ စတင်စေလိုဟန်ရှိတယ်။ ပွဲကြိုမှာ ဟာဇက်ကို ခေါ်ယူမလားဆိုတာနဲ့ ပက်သက်ပြီး ဂွာဒီယိုလာကို မေးမြန်းမှုတွေလည်း လုပ်ခဲ့ပါတယ်။

ဂွာဒီယိုလာက “ ဟာဇက်ကို ခေါ်ယူဖို့ မရှိပါဘူး။ ဟာဇက်က ကျနော်တို့ကို အများကြီး ဒုက္ခပေးနိုင်မယ်သူပါ။ ဒါကို ကျနော် သဘောတူပါတယ်။ ဟာဇက်က သူ့ဘာသာ ကစားသမားကောင်းလို့ ပြောတယ်။ ဒါကိုလည်း ကျနော်လည်း သဘောတူပါတယ်။ တီဗီကိုပြောင်းပြီး သူကစားတာကို ကြည့်ကြည့်ပါ၊ သူရဲ့ အရည်အချင်းကို ချက်ခြင်း သတိထားမိပါလိမ့်မယ်။ သူက ကျနော်ထက် ပိုကောင်းတယ်ဆိုတာ အားလုံးလည်း သိပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမားပါ။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလည်း ဟုတ်ပါတယ် ” လို့ ဝန်ခံပါတယ်။

ချယ်ဆီးနဲ့ မန်စီးတီးတို့ နောက်ဆုံးအကြိမ် တွေ့ဆုံတုန်းကတော့ မန်စီးတီးက ချယ်ဆီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ ဟာဇက်က ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ ဆာရီ ကိုင်တွယ်တာ 4 လကြာလာခဲ့ပြီဖြစ်ပြီး ဟာဇက်ပါ ပါဝင်လာမယ့် ချယ်ဆီးအသင်းဟာ မန်စီးတီးကို အိမ်ကွင်းမှာ ရလဒ်ကောင်း ယူပြနိုင်မလာဆိုတာက မဖြစ်နိုင်ဘူးလို့ ပြောဖို့ခက်တဲ့ အနေအထားဖြစ်လာနေပြီ ဖြစ်ပါတယ်။

Sports Home Time