လီဗာပူး ခ်န္ပီယံလိဂ္ကထြက္သင့္ေၾကာင္း ရူးေၾကာင္ေၾကာင္ အေတြးရွိသူေတြကို ကေလာ့ပ္ ရႈံ႕ခ်

[Zawgyi] ယာဂင္ကေလာ့ပ္ကေတာ့ လီဗာပူးဟာ ထိပ္တန္းကစားသမားေတြကို ေခၚယူဖို႔ရာ ဆုလာဘ္ၾကီးအျဖစ္ အကူအညီရဖို႔ရာ ခ်န္ပီယံလိဂ္မွာ ေနာက္အဆင့္ေတြကို ထပ္မံျပီး ပါဝင္ယွဥ္ျပိဳင္ႏုိင္ဖုိ႔ လိုအပ္တယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

နာမည္ေက်ာ္ အဂၤလန္ အားကစားေဝဖန္ေရးသမား ဂယ္ရီနဗီး အပါအဝင္ မ်ားစြာေသာ ကေလာင္ရွင္ေတြက ခ်န္ပီယံလိဂ္ကေန ထြက္ခြာျခင္းဟာ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈလမ္းေၾကာင္းကို ပိုမို တြန္းအားျဖစ္ေစမယ္လို႔ သံုးသပ္ခဲ့တယ္။ ဒါေပမယ့္လို႔ ယာဂင္ကေလာ့ပ္က သူတို႔စကား နားေထာက္ဖုိ႔ မလိုျခင္းရဲ႕ အေရးပါတဲ့ အေၾကာင္းရင္းကို ထုတ္ေျပာပါတယ္။

ကေလာ့ပ္ေထာက္ျပတာက ခ်န္ပီယံလိဂ္မွာ ရရွိတဲ့ ဆုေၾကးေတြျဖစ္ျဖစ္ျပီး အနာဂတ္မွာ ၾကီးမားတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျပဳလုပ္ႏိုင္ဖုိ႔ ခ်န္ပီယံလိဂ္မွာ ပါဝင္ယွဥ္ျပိဳင္ႏိုင္ဖုိ႔ လိုအပ္တယ္လို႔ ဆိုတယ္။ မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ တက္ေရာက္ခဲ့တဲ့ လီဗာပူးဟာ ဆုေၾကး ေပါင္ 72 သန္းေလာက္ထိ ပိုင္ဆိုင္ခဲ့ျပီး ဒီရာသီမွာေတာ့ ယူအီးအက္ဖ္ေအက ဆုေၾကးကို မႏွစ္ကထက္ေတာင္ ပိုတိုးေပးသြားေတာ့မွာ ျဖစ္ပါတယ္။

ဒီဇင္ဘာတုန္းက နာပိုလီကို အႏုိင္ယူျပီး ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏိုင္လို႔ လီဗာပူးက ဆုေၾကး ေပါင္ 11 သန္းကို ရခဲ့ပါတယ္။ ဘိုင္ယန္ကို ေက်ာ္ျဖတ္ျပီး ကြာတားအဆင့္ကို တက္ေရာက္ႏုိင္မယ္ဆိုရင္ လီဗာပူးက ေပါင္ 9 သန္း ထပ္ရမွာပါ။ အျခားေသာ ပရီးမီးယားလိဂ္ျပိဳင္ဘက္ သံုးသင္းက ကြာတားကို တက္ေရာက္ႏုိင္ခဲ့လို႔ လီဗာပူးဟာ ဆုေၾကးေတြအတြက္ ဘိုင္ယန္ကို ေက်ာ္ျဖတ္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

“ ခ်န္ပီယံလိဂ္ကို ပံုမွန္ဝင္ေနဖို႔ လိုပါတယ္။ ဒါက ေနာက္ထပ္ အဆင့္ေတြ အဆင့္ေတြကို တိုးတက္လာဖို႔ ေငြေၾကး အကူအညီေတြ ေပးပါတယ္။ နာပိုလီကို အႏုိင္ရတုန္းက ဘယ္ေလာက္ရလဲ? ဘယ္ေလာက္လဲ မသိေပမယ့္ တစ္ပြဲတည္းနဲ႔ အေတာ္ေလး ရလိုက္ပါတယ္။

ပြဲမတိုင္ခင္မွာ ‘ အို႔ ဘရားသခင္..။ ကလပ္အတြက္ ပိုက္ဆံေတြ ဒီေလာက္ေတာင္ရေအာင္ လုပ္ေပးႏုိင္ခဲ့တာလား’ လို႔ စဥ္းစားဖို႔ က်ေန္ာမွာ စကၠန္႔ေလးေတာင္ အခ်ိန္မရပါဘူး။ က်ေန္ာတို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္လိုပါတယ္။ တက္ႏုိင္ခဲ့ျပီးမွ ဝိုး ဒီေလာက္ မ်ားသလား ဆိုျပီး အံ့ၾသခ်င္ပါတယ္။

အသင္း တိုးတက္လာဖို႔ အေျခအေနေတြအတြက္ က်ေန္ာတို႔ ဒီျပိဳင္ပြဲမွာ ျဖစ္ႏုိင္သေလာက္ အၾကာၾကီး ဆက္ရွိေနဖို႔ လိုပါတယ္။ က်ေန္ာတုိ႔ ေဘာလံုးကစားျပီး ကိုယ္ဘာသာ ဆုေၾကးေတြ အမ်ားၾကီးရေအာင္ ၾကိဳးစားဖို႔လိုပါတယ္။ က်ေန္ာတို႔က လူတိုင္းကို ပိုက္ဆံေတြအေၾကာင္း လိုက္ေမးေနရမွာ မဟုတ္ဘူး။ ဒါက ခ်န္ပီယံလိဂ္မွာ က်ေန္ာတို႔ ၾကိဳးစားေနတဲ့ အရာပါ ” လို႔ ကေလာ့ပ္က ေျပာပါတယ္။

အားကစားကေလာင္ရွင္ေတြက ခ်န္ပီယံလိဂ္ကေန ထြက္ခြာျခင္းဟာ ပရီးမီးယားလိဂ္ အႏိုင္ရဖို႔ အကူအညီျဖစ္မယ္လို႔ သံုးသပ္မႈကိုေတာ့ ကေလာ့ပ္က သိပ္သေဘာေတြ႔ဟန္ မရွိပါဘူး။ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔အတူ က်ဥ္းေျမာင္းတဲ့ ရမွတ္ကြာျခားမႈေၾကာင့္ ႏွစ္သင္းဟာ ရာသီကုန္ထိ ဆက္လက္ ယွဥ္ျပိဳင္ရဖို႔လည္း ရွိေနတာျဖစ္တယ္။

ကေလာ့ပ္က “ ကေလာင္ရွင္ေတြကေတာ့ အျမဲတမ္း ေျပာေနတာပါပဲ။ စတူဒီယိုမွာထိုင္ျပီး အဲ့သည္လို ေျပာေနဖို႔ဆိုတာ လြယ္ပါတယ္။ က်ေန္ာတုိ႔က ဖလား ယွဥ္ျပိဳင္မႈတိုင္းကို အေကာင္းဆံုး နည္းလမ္းနဲ႔ ေက်ာ္ျဖတ္ႏုိင္ဖုိ႔ ၾကိဳးစားေနတာပါ။

ျပိဳင္ပြဲတစ္ခုကေန ထြက္ခြာတဲ့အခါ လူတိုင္းက ကိုယ္ယွဥ္ျပိဳင္ရတဲ့ ျပိဳင္ပြဲကို မေလးစားဘူးလို႔ ေျပာၾကမွာပါ။ အခုကေတာ့ ရာသီသိမ္းဖို႔ ပိုနီးကပ္လာပါျပီ။ ခ်န္ပီယံလိဂ္ကေန ဘာတစ္ခုမွ ၾကိဳးစားျခင္းမရွိပဲ ထြက္ခြာသြငးသင့္လား? အဲ့တာက တကယ္ကို ရူးတာပါပဲ။ ျပိဳင္ပြဲတိုင္းမွာ က်ေန္ာတုိ႔က အရာအားလံုးကို အႏုိင္ယူႏုိင္သေလာက္ အႏုိင္ရေအာင္ ၾကိဳးစားျပီး ေဘာလံုးကို စစ္မွန္စြာ ကစားပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်ကတော့ လီဗာပူးဟာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ရာ ဆုလာဘ်ကြီးအဖြစ် အကူအညီရဖို့ရာ ချန်ပီယံလိဂ်မှာ နောက်အဆင့်တွေကို ထပ်မံပြီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

နာမည်ကျော် အင်္ဂလန် အားကစားဝေဖန်ရေးသမား ဂယ်ရီနဗီး အပါအဝင် များစွာသော ကလောင်ရှင်တွေက ချန်ပီယံလိဂ်ကနေ ထွက်ခွာခြင်းဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုလမ်းကြောင်းကို ပိုမို တွန်းအားဖြစ်စေမယ်လို့ သုံးသပ်ခဲ့တယ်။ ဒါပေမယ့်လို့ ယာဂင်ကလော့ပ်က သူတို့စကား နားထောက်ဖို့ မလိုခြင်းရဲ့ အရေးပါတဲ့ အကြောင်းရင်းကို ထုတ်ပြောပါတယ်။

ကလော့ပ်ထောက်ပြတာက ချန်ပီယံလိဂ်မှာ ရရှိတဲ့ ဆုကြေးတွေဖြစ်ဖြစ်ပြီး အနာဂတ်မှာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုတယ်။ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်ရောက်ခဲ့တဲ့ လီဗာပူးဟာ ဆုကြေး ပေါင် 72 သန်းလောက်ထိ ပိုင်ဆိုင်ခဲ့ပြီး ဒီရာသီမှာတော့ ယူအီးအက်ဖ်အေက ဆုကြေးကို မနှစ်ကထက်တောင် ပိုတိုးပေးသွားတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာတုန်းက နာပိုလီကို အနိုင်ယူပြီး ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်လို့ လီဗာပူးက ဆုကြေး ပေါင် 11 သန်းကို ရခဲ့ပါတယ်။ ဘိုင်ယန်ကို ကျော်ဖြတ်ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင် လီဗာပူးက ပေါင် 9 သန်း ထပ်ရမှာပါ။ အခြားသော ပရီးမီးယားလိဂ်ပြိုင်ဘက် သုံးသင်းက ကွာတားကို တက်ရောက်နိုင်ခဲ့လို့ လီဗာပူးဟာ ဆုကြေးတွေအတွက် ဘိုင်ယန်ကို ကျော်ဖြတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

“ ချန်ပီယံလိဂ်ကို ပုံမှန်ဝင်နေဖို့ လိုပါတယ်။ ဒါက နောက်ထပ် အဆင့်တွေ အဆင့်တွေကို တိုးတက်လာဖို့ ငွေကြေး အကူအညီတွေ ပေးပါတယ်။ နာပိုလီကို အနိုင်ရတုန်းက ဘယ်လောက်ရလဲ? ဘယ်လောက်လဲ မသိပေမယ့် တစ်ပွဲတည်းနဲ့ အတော်လေး ရလိုက်ပါတယ်။

ပွဲမတိုင်ခင်မှာ ‘ အို့ ဘရားသခင်..။ ကလပ်အတွက် ပိုက်ဆံတွေ ဒီလောက်တောင်ရအောင် လုပ်ပေးနိုင်ခဲ့တာလား’ လို့ စဉ်းစားဖို့ ကျနေ်ာမှာ စက္ကန့်လေးတောင် အချိန်မရပါဘူး။ ကျနေ်ာတို့ နောက်တစ်ဆင့်ကို တက်ရောက်လိုပါတယ်။ တက်နိုင်ခဲ့ပြီးမှ ဝိုး ဒီလောက် များသလား ဆိုပြီး အံ့သြချင်ပါတယ်။

အသင်း တိုးတက်လာဖို့ အခြေအနေတွေအတွက် ကျနေ်ာတို့ ဒီပြိုင်ပွဲမှာ ဖြစ်နိုင်သလောက် အကြာကြီး ဆက်ရှိနေဖို့ လိုပါတယ်။ ကျနေ်ာတို့ ဘောလုံးကစားပြီး ကိုယ်ဘာသာ ဆုကြေးတွေ အများကြီးရအောင် ကြိုးစားဖို့လိုပါတယ်။ ကျနေ်ာတို့က လူတိုင်းကို ပိုက်ဆံတွေအကြောင်း လိုက်မေးနေရမှာ မဟုတ်ဘူး။ ဒါက ချန်ပီယံလိဂ်မှာ ကျနေ်ာတို့ ကြိုးစားနေတဲ့ အရာပါ ” လို့ ကလော့ပ်က ပြောပါတယ်။

အားကစားကလောင်ရှင်တွေက ချန်ပီယံလိဂ်ကနေ ထွက်ခွာခြင်းဟာ ပရီးမီးယားလိဂ် အနိုင်ရဖို့ အကူအညီဖြစ်မယ်လို့ သုံးသပ်မှုကိုတော့ ကလော့ပ်က သိပ်သဘောတွေ့ဟန် မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့အတူ ကျဉ်းမြောင်းတဲ့ ရမှတ်ကွာခြားမှုကြောင့် နှစ်သင်းဟာ ရာသီကုန်ထိ ဆက်လက် ယှဉ်ပြိုင်ရဖို့လည်း ရှိနေတာဖြစ်တယ်။

ကလော့ပ်က “ ကလောင်ရှင်တွေကတော့ အမြဲတမ်း ပြောနေတာပါပဲ။ စတူဒီယိုမှာထိုင်ပြီး အဲ့သည်လို ပြောနေဖို့ဆိုတာ လွယ်ပါတယ်။ ကျနေ်ာတို့က ဖလား ယှဉ်ပြိုင်မှုတိုင်းကို အကောင်းဆုံး နည်းလမ်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေတာပါ။

ပြိုင်ပွဲတစ်ခုကနေ ထွက်ခွာတဲ့အခါ လူတိုင်းက ကိုယ်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲကို မလေးစားဘူးလို့ ပြောကြမှာပါ။ အခုကတော့ ရာသီသိမ်းဖို့ ပိုနီးကပ်လာပါပြီ။ ချန်ပီယံလိဂ်ကနေ ဘာတစ်ခုမှ ကြိုးစားခြင်းမရှိပဲ ထွက်ခွာသွငးသင့်လား? အဲ့တာက တကယ်ကို ရူးတာပါပဲ။ ပြိုင်ပွဲတိုင်းမှာ ကျနေ်ာတို့က အရာအားလုံးကို အနိုင်ယူနိုင်သလောက် အနိုင်ရအောင် ကြိုးစားပြီး ဘောလုံးကို စစ်မှန်စွာ ကစားပါတယ် ” လို့ ဆိုခဲ့ပါတယ်။

Sports Home Time