[Zawgyi] လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ဂိုးမက္စ္ကို ဒဏ္ရာေၾကာင့္ 6 ပတ္ေလာက္ထိ လက္လြတ္ရမယ့္ အခ်ိန္မွာ ညာအစြန္အတြက္ အသင္းလူစာရင္းထဲက မီလ္နာနဲ႔ ဖာဘင္ညိဳတို႔ကို ထားကစားႏိုင္တယ္လို႔ ထုတ္ေျပာထားတယ္။ ကေလာ့ပ္ကပဲ ဘုန္းေမာက္နဲ႔ပြဲမွာ ခံစစ္သမားေတြျဖစ္တဲ့ လိုဗရန္ေကာ၊ ကလိုင္းပါ ပါဝင္ႏိုင္ဖုိ႔ မရွိဘူးလို႔ အတည္ျပဳပါတယ္။
ယာဂင္ကေလာ့ပ္ကေတာ့ ထရန္႔တစ္ဦးတည္းရွိမယ့္ ညာအစြန္ေနရာအတြက္ အစီအစဥ္ရွိတယ္လို႔ သတင္းေပးထားတယ္။ လီဗာပူးရဲ႕ ခံစစ္ပိုင္းအတြက္ ေမးခြန္းထုတ္မႈေတြ ရွိမယ္ဆိုရင္ ကစားသမားတစ္ဦးကို မေမ့ဖို႔လိုပါတယ္။ သူကေတာ့ အနီေရာင္ ေက်ာနံပါတ္ 64 ဝတ္ဆင္ကစားတဲ့ ရာဖယ္ကမာခ်ိဳပါပဲ။
ကမာခ်ိဳကို ပထဆံုး ျမင္ေတြ႔ရတာကေတာ့ ဆယ္ေက်ာ္သက္ ေပၚတူဂီ ကစားသမားဟာ မႏွစ္က ဂူဒီဆင္ပါခ့္ကို သြားေရာက္တဲ့ ခရီးစဥ္မွာ စတင္ပါဝင္လာတာပါ။ သူဟာ ယာဂင္ကေလာ့ပ္ သေဘာေတြ႔ျခင္းကို လက္ခံရရွိခဲ့ပါတယ္။ လူငယ္အသင္းမွာ တိုက္စစ္အားသန္ ကြင္းလယ္လူတစ္ဦးအျဖစ္ နာမည္စာရင္း သြင္းထားေပမယ့္ ကရာဘီ အကယ္ဒမီမွာ ကမာခ်ိဳ တကယ္တမ္း တိုးတက္ေနတဲ့ ေနရာကို ဘယ္သူကမွ မသိရပါဘူး။
ေပၚတူဂီကလပ္ စပို႔တင္းကေန ပထမဆံုး ေျခခ်ခဲ့တဲ့ အဂၤလန္ကလပ္က မန္ခ်က္စတာအေျခစိုက္ကလပ္ ျဖစ္ေပမယ့္လည္း 2015 ခုႏွစ္မွာ မန္စီးတီးလူငယ္အသင္းကေန လီဗာပူးကို ေျပာင္းလာခဲ့တယ္။ သူဟာ ရာသီၾကိဳမွာလည္း ေျခစြမ္းျပခဲ့ျပီး စီနီယာပြဲကစားခြင့္ေတြပါ ရရွိလာမယ္လူလို႔ မွတ္ခ်က္ေကာင္းရထားသူျဖစ္ပါတယ္။
မႏွစ္ကရာသီ လူငယ္အသင္းအတြက္ သြင္းဂိုး 14 ဂိုးထိ သြင္းေပးႏိုင္ခဲ့တဲ့ ကမာခ်ိဳကို တိုက္စစ္သမားေနာက္က ေနာက္ခ်န္တိုက္စစ္မွဴးအျဖစ္ ကစားေနေစေပမယ့္ သူ႔ရဲ႕ အေကာင္းဆံုးေနရာကို ရွာမေတြ႔ေသးပါဘူး။ သိရသေလာက္ကေတာ့ ေနရာအေတာ္မ်ားမ်ားမွာ ေကာင္းမြန္မႈရွိျပီး ကြင္းလယ္အတြင္းလူနဲ႔ အစြန္ေနရာေတြကို ထုတ္ကစားဖို႔လည္း လီဗာပူးဘက္က ၾကိဳးစားထားမႈေတြရွိပါတယ္။

2017 ခုႏွစ္ ႏိုဝင္ဘာလမွာ ထိုစဥ္ လူငယ္အသင္းမန္ေနဂ်ာ စတီဗင္ဂ်ရတ္က ဆီးဗီးလားကို 4-0 နဲ႔ အႏိုင္ယူအျပီးမွာပဲ “ ကာမာခ်ိဳရဲ႕ အေကာင္းဆံုးေနရာကို မေျပာႏိုင္ေသးပါဘူး။ သူက အစြန္-ေတာင္ပံ ကစားသမားအျဖစ္လည္း ကစားဖို႔ကို ေရြးခ်ယ္ႏိုင္ပါတယ္ ” လို႔ ထုတ္ေဖာ္ေျပာဆိုထားဖူးပါတယ္။
2018-2019 ေဘာလံုးရာသီ ရာသီၾကိဳမွာ ပါဝင္ထားခဲ့တဲ့ ကမာခ်ိဳဟာ ထရန္မီရီအသင္းနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ သြင္းဂိုးတစ္ဂိုး ရယူခဲ့ပါတယ္။ ထပ္ျပီးလည္း နယူးဂ်ာစီမွာ ယွဥ္ျပိဳင္ကစားတဲ့ အသင္းေဟာင္း မန္စီးတီးကို ရင္ဆိုင္ရခ်ိန္မွာလည္း ဆာလက္ သြင္းဂိုးရဖို႔ ကူညီေပးႏိုင္ခဲ့တယ္။
ခံစစ္ပိုင္းနဲ႔ ပက္သက္ျပီး ကမာခ်ိဳက “ မန္ေနဂ်ာက သူ႔အတြက္ ညာအစြန္လူေနရာက ကစားေပးႏိုင္မလားလို႔ ေမးထားပါတယ္။ သူက ခံစစ္ပိုင္းမွာ က်ေနာ္ကို ပိုတိုးတက္လာေစခ်င္ေနတယ္။ က်ေနာ္ကလည္း ကလပ္အသင္းကို ကူညီႏိုင္ဖုိ႔ အစြမ္းကုန္ ၾကိဳးစားမွာပါ။ အသင္းကို ကူညီဖို႔နဲ႔ မန္ေနဂ်ာကို ကူညီဖို႔ ေန႔တိုင္း အစြမ္းကုန္ ၾကိဳးစားမွာပါ။ က်ေနာ္က လီဗာပူးလူစာရင္းမွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ခြင့္ရႏိုင္သူဆိုတာ ျပသပါမယ္ ” လို႔ ဆိုထားပါတယ္။
ထရန္႔ဟာ လီဗာပူးအသင္းရဲ႕ စီနီယာလူစာရင္းမွာ ညာအစြန္လူအျဖစ္ မကစားခဲ့စဥ္က လူငယ္အသင္းမွာ ကြင္းလယ္လူအျဖစ္ ကစားရသူျဖစ္ပါတယ္။ ဒါေပမယ့္ ယာဂင္ကေလာ့ပ္က ကစားရမယ့္ေနရာကို ေျပာင္းလဲေပးခဲ့တာပါ။ အကယ္လို႔ လာမတ္ သီတင္းပတ္ေတြမွာ ညာအစြန္လူအျဖစ္ (သို႔) ေတာင္ပံသမားအျဖစ္ ကမာခ်ိဳ ပြဲထြက္လာမယ္ဆိုရင္ အံ့ၾသသင့္စရာေတြ ျဖစ္လာမွာ မဟုတ္ပါဘူး။
Sports Home Time

[Unicode] လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ဂိုးမက်စ်ကို ဒဏ်ရာကြောင့် 6 ပတ်လောက်ထိ လက်လွတ်ရမယ့် အချိန်မှာ ညာအစွန်အတွက် အသင်းလူစာရင်းထဲက မီလ်နာနဲ့ ဖာဘင်ညိုတို့ကို ထားကစားနိုင်တယ်လို့ ထုတ်ပြောထားတယ်။ ကလော့ပ်ကပဲ ဘုန်းမောက်နဲ့ပွဲမှာ ခံစစ်သမားတွေဖြစ်တဲ့ လိုဗရန်ကော၊ ကလိုင်းပါ ပါဝင်နိုင်ဖို့ မရှိဘူးလို့ အတည်ပြုပါတယ်။
ယာဂင်ကလော့ပ်ကတော့ ထရန့်တစ်ဦးတည်းရှိမယ့် ညာအစွန်နေရာအတွက် အစီအစဉ်ရှိတယ်လို့ သတင်းပေးထားတယ်။ လီဗာပူးရဲ့ ခံစစ်ပိုင်းအတွက် မေးခွန်းထုတ်မှုတွေ ရှိမယ်ဆိုရင် ကစားသမားတစ်ဦးကို မမေ့ဖို့လိုပါတယ်။ သူကတော့ အနီရောင် ကျောနံပါတ် 64 ဝတ်ဆင်ကစားတဲ့ ရာဖယ်ကမာချိုပါပဲ။
ကမာချိုကို ပထဆုံး မြင်တွေ့ရတာကတော့ ဆယ်ကျော်သက် ပေါ်တူဂီ ကစားသမားဟာ မနှစ်က ဂူဒီဆင်ပါခ့်ကို သွားရောက်တဲ့ ခရီးစဉ်မှာ စတင်ပါဝင်လာတာပါ။ သူဟာ ယာဂင်ကလော့ပ် သဘောတွေ့ခြင်းကို လက်ခံရရှိခဲ့ပါတယ်။ လူငယ်အသင်းမှာ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ဦးအဖြစ် နာမည်စာရင်း သွင်းထားပေမယ့် ကရာဘီ အကယ်ဒမီမှာ ကမာချို တကယ်တမ်း တိုးတက်နေတဲ့ နေရာကို ဘယ်သူကမှ မသိရပါဘူး။
ပေါ်တူဂီကလပ် စပို့တင်းကနေ ပထမဆုံး ခြေချခဲ့တဲ့ အင်္ဂလန်ကလပ်က မန်ချက်စတာအခြေစိုက်ကလပ် ဖြစ်ပေမယ့်လည်း 2015 ခုနှစ်မှာ မန်စီးတီးလူငယ်အသင်းကနေ လီဗာပူးကို ပြောင်းလာခဲ့တယ်။ သူဟာ ရာသီကြိုမှာလည်း ခြေစွမ်းပြခဲ့ပြီး စီနီယာပွဲကစားခွင့်တွေပါ ရရှိလာမယ်လူလို့ မှတ်ချက်ကောင်းရထားသူဖြစ်ပါတယ်။
မနှစ်ကရာသီ လူငယ်အသင်းအတွက် သွင်းဂိုး 14 ဂိုးထိ သွင်းပေးနိုင်ခဲ့တဲ့ ကမာချိုကို တိုက်စစ်သမားနောက်က နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားနေစေပေမယ့် သူ့ရဲ့ အကောင်းဆုံးနေရာကို ရှာမတွေ့သေးပါဘူး။ သိရသလောက်ကတော့ နေရာအတော်များများမှာ ကောင်းမွန်မှုရှိပြီး ကွင်းလယ်အတွင်းလူနဲ့ အစွန်နေရာတွေကို ထုတ်ကစားဖို့လည်း လီဗာပူးဘက်က ကြိုးစားထားမှုတွေရှိပါတယ်။

2017 ခုနှစ် နိုဝင်ဘာလမှာ ထိုစဉ် လူငယ်အသင်းမန်နေဂျာ စတီဗင်ဂျရတ်က ဆီးဗီးလားကို 4-0 နဲ့ အနိုင်ယူအပြီးမှာပဲ “ ကာမာချိုရဲ့ အကောင်းဆုံးနေရာကို မပြောနိုင်သေးပါဘူး။ သူက အစွန်-တောင်ပံ ကစားသမားအဖြစ်လည်း ကစားဖို့ကို ရွေးချယ်နိုင်ပါတယ် ” လို့ ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။
2018-2019 ဘောလုံးရာသီ ရာသီကြိုမှာ ပါဝင်ထားခဲ့တဲ့ ကမာချိုဟာ ထရန်မီရီအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူခဲ့ပါတယ်။ ထပ်ပြီးလည်း နယူးဂျာစီမှာ ယှဉ်ပြိုင်ကစားတဲ့ အသင်းဟောင်း မန်စီးတီးကို ရင်ဆိုင်ရချိန်မှာလည်း ဆာလက် သွင်းဂိုးရဖို့ ကူညီပေးနိုင်ခဲ့တယ်။
ခံစစ်ပိုင်းနဲ့ ပက်သက်ပြီး ကမာချိုက “ မန်နေဂျာက သူ့အတွက် ညာအစွန်လူနေရာက ကစားပေးနိုင်မလားလို့ မေးထားပါတယ်။ သူက ခံစစ်ပိုင်းမှာ ကျနော်ကို ပိုတိုးတက်လာစေချင်နေတယ်။ ကျနော်ကလည်း ကလပ်အသင်းကို ကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ အသင်းကို ကူညီဖို့နဲ့ မန်နေဂျာကို ကူညီဖို့ နေ့တိုင်း အစွမ်းကုန် ကြိုးစားမှာပါ။ ကျနော်က လီဗာပူးလူစာရင်းမှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရနိုင်သူဆိုတာ ပြသပါမယ် ” လို့ ဆိုထားပါတယ်။
ထရန့်ဟာ လီဗာပူးအသင်းရဲ့ စီနီယာလူစာရင်းမှာ ညာအစွန်လူအဖြစ် မကစားခဲ့စဉ်က လူငယ်အသင်းမှာ ကွင်းလယ်လူအဖြစ် ကစားရသူဖြစ်ပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်က ကစားရမယ့်နေရာကို ပြောင်းလဲပေးခဲ့တာပါ။ အကယ်လို့ လာမတ် သီတင်းပတ်တွေမှာ ညာအစွန်လူအဖြစ် (သို့) တောင်ပံသမားအဖြစ် ကမာချို ပွဲထွက်လာမယ်ဆိုရင် အံ့သြသင့်စရာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
Sports Home Time
