ေဘာလံုးတစ္ပြဲတည္းမွာ အသင္းနွစ္သင္းကို ရင္ဆိုင္ကစားဖို႔ မျဖစ္နုိင္ဘူး (ယာဂင္ကေလာ့ပ္)

[Zawgyi] လီဗာပူးအသင္းဟာ ကလပ္အသင္း သမိုင္းမွာ ၁၅ ပြဲကစားျပီး ရမွတ္အမ်ားဆံုး ေဘာလံုးရာသီကို ပိုင္ဆိုင္ထားျပီး အေကာင္းဆံုး စြမ္းေဆာင္ရည္ ျပေနသည့္တိုင္ လီဗာပူးထက္ ပိုေကာင္းေနတဲ့ မန္စီးတီးက အမွတ္ေပးဖလား ခ်န္ပီယံလမ္းေၾကာင္းမွာ ေျခတစ္လွမ္း သာလ်က္ရွိပါတယ္။ ဒါေပမယ့္ ယာဂင္ကေလာ့ပ္ကေတာ့ မန္စီးတီးအသင္းကို စိုးရိမ္ေနမွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးဟာ အဖက္ဖက္က ျပီးျပည့္စံုေနတဲ့ အသင္း တစ္သင္းအသြင္ ေဆာင္လာျပီး ေျခေခ်ာ္သြားဖို႔ မျဖစ္နိုင္သေလာက္ နီးပါး ျဖစ္ေနတာပါ။ မန္စီးတီးအသင္း လုပ္ေနတာကို ရပ္တန္႔ဖို႔ သူ႔အေနနဲ႕ ဘာမွ မလုုပ္နုိင္ဘူး .. ကိုယ္လုပ္စရာ ရွိတဲ့ အလုပ္ကိုပဲ လုပ္မယ္လို႔ ယာဂင္ကေလာ့ပ္က ေတြးထားပါတယ္။ ကေလာ့ပ္က ကိုယ့္အသင္းကိုယ္ပဲ အာရံုစိုက္ဖို႔ တစ္ပြဲျပီး တစ္ပြဲသြားမယ္လို႔ အသိေပးလိုက္တာပါ။

“မန္စီးတီးအသင္း ပရီးမီးယားလိဂ္မွာ လႊမ္းမိုးေနတဲ့အေပၚ ဘာလို႔ ေတြးပူေနမွာလဲ။ က်ေနာ္တို႔ လုပ္စရာ ရွိတာက ပြဲတိုင္း ရနုိင္သမွ် အမွတ္ မ်ားမ်ား ယူထားဖို႔ပဲ။ ေနာက္ျပီးရင္ ဘာေတြ ျဖစ္လာမလဲ ၾကည့္ၾကမွာေပါ့။ ဒါထက္ပိုျပီး က်ေန္ာတို႔ ဘာလုပ္နိုင္ေသးလို႔လဲ။ က်ေနာ္တို႔ အ၀တ္လဲခန္းထဲ ၀င္သြားတိုင္း မန္စီးတီးက တစ္ပြဲထပ္နုိင္ျပန္ျပီးဆိုတဲ့ ရလဒ္ေတြေတာ့ ၾကည့္ေနရတာပဲ.. ဒါက ျပႆနာ မဟုတ္ပါဘူး။”

“က်ေနာ္တို႔နဲ႕က လြဲျပီး သူတို႔ ပြဲတိုင္း နုိင္ေကာင္း နုိင္နိုင္တယ္လို႔ ေတြးထားတယ္။ ဒီေတာ့ ကိုယ့္အသင္းကိုယ္ အေကာင္းဆံုး ေဘာလံုးရာသီ ျဖစ္နုိင္သမွ် ျဖစ္ေအာင္ ကစားသြားဖို႔ပဲ ေတြးတယ္။ အၾကပ္တည္း ရွိတဲ့ အခ်ိ္န္ေတြမွာဆို ကိုယ့္ စြမ္းေဆာင္ရည္ကိုယ္ လံုး၀ အာရံုစိုက္ထားဖို႔ လိုတယ္။”

“တစ္ပြဲတည္းမွာ ေဘာလံုးအသင္း နွစ္သင္းကို ယွဥ္ျပိဳင္ကစားဖို႔ မျဖစ္နုိင္ဘူး။ တစ္သင္းက ကြင္းထဲမွာ တကယ့္ ရင္ဆုိင္ေနရတဲ့ ျပိဳင္ဘက္၊ ေနာက္တစ္သင္းက ေခါင္းထဲမွာ ထည့္ထားရတဲ့ ျပိဳင္ဘက္.. ဒီလိုသာဆို အလုပ္ျဖစ္မွာ မဟုတ္ဘူး။ ရာသီကုန္ရင္ သူလည္း သူတို႔ထိုက္တန္တဲ့ ေနရာ ရမွာ ျဖစ္သလို က်ေနာ္တို႔လဲ က်ေန္ာတို႔နဲ႕ ထိုက္တန္တဲ့ေနရာ ရသြားမွာပါ။” လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္း ဒီတပတ္ ဘုန္းေမာက္နဲ႕ေတြ႔ခ်ိန္မွာ မန္စီးတီးက ခ်ယ္ဆီးအသင္းကို စတန္းဖို႔ ဘရစ္ခ်္မွာ ရင္ဆုိင္ ကစားရမွာပါ။ စီးတီး ပြဲၾကပ္ရွိခ်ိန္မွာ လီဗာပူးအေနနဲ႕ အမွတ္ေပးဇယားထိပ္ကို တက္နုိင္ဖို႔ အမွတ္ျပည့္ ယူထားဖို႔ လိုအပ္ေနပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းဟာ ကလပ်အသင်း သမိုင်းမှာ ၁၅ ပွဲကစားပြီး ရမှတ်အများဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြနေသည့်တိုင် လီဗာပူးထက် ပိုကောင်းနေတဲ့ မန်စီးတီးက အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းမှာ ခြေတစ်လှမ်း သာလျက်ရှိပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်ကတော့ မန်စီးတီးအသင်းကို စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ အသင်း တစ်သင်းအသွင် ဆောင်လာပြီး ခြေချော်သွားဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်နေတာပါ။ မန်စီးတီးအသင်း လုပ်နေတာကို ရပ်တန့်ဖို့ သူ့အနေနဲ့ ဘာမှ မလုပ်နိုင်ဘူး .. ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်ကိုပဲ လုပ်မယ်လို့ ယာဂင်ကလော့ပ်က တွေးထားပါတယ်။ ကလော့ပ်က ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်ဖို့ တစ်ပွဲပြီး တစ်ပွဲသွားမယ်လို့ အသိပေးလိုက်တာပါ။

“မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနေတဲ့အပေါ် ဘာလို့ တွေးပူနေမှာလဲ။ ကျနော်တို့ လုပ်စရာ ရှိတာက ပွဲတိုင်း ရနိုင်သမျှ အမှတ် များများ ယူထားဖို့ပဲ။ နောက်ပြီးရင် ဘာတွေ ဖြစ်လာမလဲ ကြည့်ကြမှာပေါ့။ ဒါထက်ပိုပြီး ကျနေ်ာတို့ ဘာလုပ်နိုင်သေးလို့လဲ။ ကျနော်တို့ အဝတ်လဲခန်းထဲ ဝင်သွားတိုင်း မန်စီးတီးက တစ်ပွဲထပ်နိုင်ပြန်ပြီးဆိုတဲ့ ရလဒ်တွေတော့ ကြည့်နေရတာပဲ.. ဒါက ပြဿနာ မဟုတ်ပါဘူး။”

“ကျနော်တို့နဲ့က လွဲပြီး သူတို့ ပွဲတိုင်း နိုင်ကောင်း နိုင်နိုင်တယ်လို့ တွေးထားတယ်။ ဒီတော့ ကိုယ့်အသင်းကိုယ် အကောင်းဆုံး ဘောလုံးရာသီ ဖြစ်နိုင်သမျှ ဖြစ်အောင် ကစားသွားဖို့ပဲ တွေးတယ်။ အကြပ်တည်း ရှိတဲ့ အချိန်တွေမှာဆို ကိုယ့် စွမ်းဆောင်ရည်ကိုယ် လုံး၀ အာရုံစိုက်ထားဖို့ လိုတယ်။”

“တစ်ပွဲတည်းမှာ ဘောလုံးအသင်း နှစ်သင်းကို ယှဉ်ပြိုင်ကစားဖို့ မဖြစ်နိုင်ဘူး။ တစ်သင်းက ကွင်းထဲမှာ တကယ့် ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်၊ နောက်တစ်သင်းက ခေါင်းထဲမှာ ထည့်ထားရတဲ့ ပြိုင်ဘက်.. ဒီလိုသာဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ရာသီကုန်ရင် သူလည်း သူတို့ထိုက်တန်တဲ့ နေရာ ရမှာ ဖြစ်သလို ကျနော်တို့လဲ ကျနေ်ာတို့နဲ့ ထိုက်တန်တဲ့နေရာ ရသွားမှာပါ။” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်း ဒီတပတ် ဘုန်းမောက်နဲ့တွေ့ချိန်မှာ မန်စီးတီးက ချယ်ဆီးအသင်းကို စတန်းဖို့ ဘရစ်ချ်မှာ ရင်ဆိုင် ကစားရမှာပါ။ စီးတီး ပွဲကြပ်ရှိချိန်မှာ လီဗာပူးအနေနဲ့ အမှတ်ပေးဇယားထိပ်ကို တက်နိုင်ဖို့ အမှတ်ပြည့် ယူထားဖို့ လိုအပ်နေပါတယ်။

Sports Home Time