ခ်န္ပီယံလိဂ္ဝင္ခြင့္ ႏွစ္ေနရာစာကို ဘယ္အသင္းေတြက အခြင့္သာလဲ စကိုင္းမွ သံုးသပ္ခ်က္

[Zawgyi] ေတာ့တင္ဟမ္က ေဆာက္သမ္တန္ကို ရႈံးၿပီး ခ်ယ္ဆီးက ဝုလ္ဗ္ကို သေရက်ခဲ့သလို အာဆင္နယ္က ယူႏိုက္တက္ကို အႏိုင္ရခဲ့တာေၾကာင့္ အဆင့္သုံး၊ ေလး ေနရာအတြက္ တိုက္ပြဲဟာ ပိုၿပီးၾကည့္ေကာင္းလာမွာပါ။ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႏွစ္ေနရာသာ က်န္ေတာ့တာနဲ႔အတူ အဆင့္သုံးနဲ႔ ေျခာက္ၾကားမွာ ေလးမွတ္သာ ကြာဟေနပါတယ္။

ဒါေပမယ့္ ဒီၿပိဳင္ပြဲမွာ ဘယ္သူက ပိုလြယ္ကူေနလဲ?

စကိုင္းစေပါ့ရဲ႕ အားကစားကေလာင္ရွင္ေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္၊ ဂေရမီ ေဆာင္းနက္နဲ႔ ဂ်င္မီ ကာေရဂါတို႔က သူတို႔အျမင္ေတြကို ေျပာျပထားပါတယ္။

ဂယ္ရီနဗီးလ္

မႏွစ္ကရာသီကို က်ေနာ္တို႔ ႐ုပ္သံလႊင့္သူေတြဘက္ကေန ၾကည့္ရင္ သေဘာမက်ခဲ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ရာသီကုန္ဖို႔ တစ္လေလာက္အလိုမွာ အားလုံးသိေနၿပီေလ။ ဒါေပမယ့္ ဒီရာသီမွာ က်ေနာ္တို႔ အဆုံးထိ ေစာင့္ၾကည့္ရမွာပါ။ လီဗာပူးကလဲ ပြဲေတြကို အႏိုင္ယူၿပီး စီးတီးေနာက္မွာ ထပ္ၾကပ္မကြာ လိုက္ေနတာမို႔ ဖလားၿပိဳင္ပြဲကလဲ စိတ္ဝင္စားစရာပါ။

အဆင့္သုံး၊ ေလး ေနရာတိုက္ပြဲကလဲ ပိုမိုျပင္းထန္လာခဲ့တယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က သုံးသင္းအတြက္ ဝင္ခြင့္တစ္ေနရာပဲ ရွိတယ္လို႔ က်ေနာ္ေျပာခဲ့တယ္။ ဒါေပမယ့္ အခု ေလးသင္းအတြက္ ႏွစ္ေနရာ ျဖစ္သြားၿပီ။ ေတာ့တင္ဟမ္က ဒီၿပိဳင္ပြဲထဲပါဝင္လာတယ္။ ဒါက သိပ္ေကာင္းပါတယ္။ ပြဲက ပိုလွသြားတာေပါ့။

မန္ခ်က္စတာယူႏိုက္တက္ကို ၾကည့္မယ္ဆိုရင္ သူတို႔ဟာ အက္ဖ္ေအဖလားရဲ႕ ကြာတားနဲ႔ ဆီမီး၊ ခ်န္ပီယံလိဂ္ႏွစ္ပြဲအျပင္ စီးတီး၊ ခ်ယ္ဆီး၊ အဲဗာတန္တို႔ကို ႏွစ္ပတ္အတြင္း ကစားရဖို႔ရွိတယ္။ ဒါက ႀကီးက်ယ္တဲ့ အခြင့္အေရးပဲ။ ဒါေပမယ့္ ျပည့္က်ပ္ေနတဲ့ပြဲေတြအတြက္ ႀကီးမားတဲ့စိန္ေခၚမႈလဲ ျဖစ္တယ္။

အာဆင္နယ္ကေတာ့ အေကာင္းဆုံးေပါ့။ က်ေနာ္ကေတာ့ သူတို႔အေပၚ ယုံၾကည္မႈရွိတယ္။ ယူႏိုက္တက္အတြက္ အႀကီးမားဆုံး စိုးရိမ္စရာက ဧၿပီလ ေလာက္မွာ ျဖစ္တယ္။ အထူးသျဖင့္ အခုရွိေနတဲ့ ဒဏ္ရာျပသနာေတြနဲ႔ အတူေပါ့။ ဒါေပမယ့္ အဲ့ဒါက စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ က်ေနာ္တို႔အပါအဝင္ မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြလိုပဲ က်ေနာ္တို႔ဟာ ကံေကာင္းတဲ့ ၾကယ္ပြင့္ေတြကို ေက်းဇူးတင္ရမယ္။ ဒီမတိုင္ခင္ ယူႏိူက္တက္ဟာ စိတ္ပ်က္စရာျဖစ္ခဲ့တာပါ။ အခုဆိုရင္ အနည္းဆုံးေတာ့ သူတို႔ တစ္ခုခု ေမွ်ာ္လင့္လို႔ရပါတယ္။

ဂေရမီေဆာင္းနက္စ္

ေနာက္ဆုံး ႏွစ္ပြဲသုံးပြဲေလာက္က်ရင္ လက္တင္ကုလားထိုင္ေပၚ တဝက္ထိုင္ၿပီး ကမ္းေျခအေၾကာင္း စဥ္းစားေနတဲ့ အသင္းေတြနဲ႔ ကစားရႏိုင္ပါတယ္။ ႀကိဳတင္စီစဥ္ထားတဲ့ ျဖစ္လာဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ၿပီးေတာ့ အရင္အပတ္ ရလဒ္ဟာ ခ်ယ္ဆီးအတြက္ ဒုကၡလဲ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဝုလ္ဗ္ဟာ အသင္းေကာင္းတစ္သင္းပါ။ က်ေနာ္တို႔ဟာ ပထမနဲ႔ ဒုတိယၾကားက ဖလားၿပိဳင္ဆိုင္မႈကို ၾကည့္ရမယ္။ ၿပီးေတာ့ အဆင့္သုံး၊ ေလး ေနရာမွာ ဘယ္သူေတြျဖစ္မလဲဆိုတာေပါ့။ ဒါကို က်ေနာ္တို႔ အဆုံးသတ္ထိ ေစာင့္ၾကည့္ရမွာပါ။

ေဂ်မီကာေရဂါ

ဒီအသင္းေတြထဲမွာ စပါးက အေကာင္းဆုံးလို႔ က်ေနာ္ထင္ေနဆဲပါ။ ယူႏိုက္တက္နဲ႔ အၿပိဳင္ ျဖစ္ေကာင္းျဖစ္ႏိုင္ျပီး မၾကာခင္မွာ အရွိန္ျမင့္ ယွဥ္ျပိဳင္မႈထဲ ပါဝင္လာႏုိင္တယ္။ အာဆင္နယ္ဟာ ရန္းနက္စ္ကို တုံ႔ျပန္ဖို႔ လိုအပ္ေနတာေတာင္မွ သူတို႔နဲ႔ ခ်ယ္ဆီးက ယူ႐ိုပါလိဂ္ ဖိုင္နယ္ေရာက္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ဒါေၾကာင့္ အသင္းတိုင္းက ျပႆနာ ျဖစ္ေစႏိုင္တယ္လို႔ ေတြးလို႔ရတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္က အဆုံးသတ္အထိ ေစာင့္ၾကည့္ရမယ့္ အရာျဖစ္တယ္လို႔ က်ေနာ္ထင္ပါတယ္။

Sports Home Time

[Unicode] တော့တင်ဟမ်က ဆောက်သမ်တန်ကို ရှုံးပြီး ချယ်ဆီးက ဝုလ်ဗ်ကို သရေကျခဲ့သလို အာဆင်နယ်က ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် အဆင့်သုံး၊ လေး နေရာအတွက် တိုက်ပွဲဟာ ပိုပြီးကြည့်ကောင်းလာမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်နေရာသာ ကျန်တော့တာနဲ့အတူ အဆင့်သုံးနဲ့ ခြောက်ကြားမှာ လေးမှတ်သာ ကွာဟနေပါတယ်။

ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဘယ်သူက ပိုလွယ်ကူနေလဲ?

စကိုင်းစပေါ့ရဲ့ အားကစားကလောင်ရှင်တွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ဂရေမီ ဆောင်းနက်နဲ့ ဂျင်မီ ကာရေဂါတို့က သူတို့အမြင်တွေကို ပြောပြထားပါတယ်။

ဂယ်ရီနဗီးလ်

မနှစ်ကရာသီကို ကျနော်တို့ ရုပ်သံလွှင့်သူတွေဘက်ကနေ ကြည့်ရင် သဘောမကျခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ရာသီကုန်ဖို့ တစ်လလောက်အလိုမှာ အားလုံးသိနေပြီလေ။ ဒါပေမယ့် ဒီရာသီမှာ ကျနော်တို့ အဆုံးထိ စောင့်ကြည့်ရမှာပါ။ လီဗာပူးကလဲ ပွဲတွေကို အနိုင်ယူပြီး စီးတီးနောက်မှာ ထပ်ကြပ်မကွာ လိုက်နေတာမို့ ဖလားပြိုင်ပွဲကလဲ စိတ်ဝင်စားစရာပါ။

အဆင့်သုံး၊ လေး နေရာတိုက်ပွဲကလဲ ပိုမိုပြင်းထန်လာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သုံးသင်းအတွက် ဝင်ခွင့်တစ်နေရာပဲ ရှိတယ်လို့ ကျနော်ပြောခဲ့တယ်။ ဒါပေမယ့် အခု လေးသင်းအတွက် နှစ်နေရာ ဖြစ်သွားပြီ။ တော့တင်ဟမ်က ဒီပြိုင်ပွဲထဲပါဝင်လာတယ်။ ဒါက သိပ်ကောင်းပါတယ်။ ပွဲက ပိုလှသွားတာပေါ့။

မန်ချက်စတာယူနိုက်တက်ကို ကြည့်မယ်ဆိုရင် သူတို့ဟာ အက်ဖ်အေဖလားရဲ့ ကွာတားနဲ့ ဆီမီး၊ ချန်ပီယံလိဂ်နှစ်ပွဲအပြင် စီးတီး၊ ချယ်ဆီး၊ အဲဗာတန်တို့ကို နှစ်ပတ်အတွင်း ကစားရဖို့ရှိတယ်။ ဒါက ကြီးကျယ်တဲ့ အခွင့်အရေးပဲ။ ဒါပေမယ့် ပြည့်ကျပ်နေတဲ့ပွဲတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုလဲ ဖြစ်တယ်။

အာဆင်နယ်ကတော့ အကောင်းဆုံးပေါ့။ ကျနော်ကတော့ သူတို့အပေါ် ယုံကြည်မှုရှိတယ်။ ယူနိုက်တက်အတွက် အကြီးမားဆုံး စိုးရိမ်စရာက ဧပြီလ လောက်မှာ ဖြစ်တယ်။ အထူးသဖြင့် အခုရှိနေတဲ့ ဒဏ်ရာပြသနာတွေနဲ့ အတူပေါ့။ ဒါပေမယ့် အဲ့ဒါက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကျနော်တို့အပါအဝင် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေလိုပဲ ကျနော်တို့ဟာ ကံကောင်းတဲ့ ကြယ်ပွင့်တွေကို ကျေးဇူးတင်ရမယ်။ ဒီမတိုင်ခင် ယူနိူက်တက်ဟာ စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ အခုဆိုရင် အနည်းဆုံးတော့ သူတို့ တစ်ခုခု မျှော်လင့်လို့ရပါတယ်။

ဂရေမီဆောင်းနက်စ်

နောက်ဆုံး နှစ်ပွဲသုံးပွဲလောက်ကျရင် လက်တင်ကုလားထိုင်ပေါ် တဝက်ထိုင်ပြီး ကမ်းခြေအကြောင်း စဉ်းစားနေတဲ့ အသင်းတွေနဲ့ ကစားရနိုင်ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အရင်အပတ် ရလဒ်ဟာ ချယ်ဆီးအတွက် ဒုက္ခလဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝုလ်ဗ်ဟာ အသင်းကောင်းတစ်သင်းပါ။ ကျနော်တို့ဟာ ပထမနဲ့ ဒုတိယကြားက ဖလားပြိုင်ဆိုင်မှုကို ကြည့်ရမယ်။ ပြီးတော့ အဆင့်သုံး၊ လေး နေရာမှာ ဘယ်သူတွေဖြစ်မလဲဆိုတာပေါ့။ ဒါကို ကျနော်တို့ အဆုံးသတ်ထိ စောင့်ကြည့်ရမှာပါ။

ဂျေမီကာရေဂါ

ဒီအသင်းတွေထဲမှာ စပါးက အကောင်းဆုံးလို့ ကျနော်ထင်နေဆဲပါ။ ယူနိုက်တက်နဲ့ အပြိုင် ဖြစ်ကောင်းဖြစ်နိုင်ပြီး မကြာခင်မှာ အရှိန်မြင့် ယှဉ်ပြိုင်မှုထဲ ပါဝင်လာနိုင်တယ်။ အာဆင်နယ်ဟာ ရန်းနက်စ်ကို တုံ့ပြန်ဖို့ လိုအပ်နေတာတောင်မှ သူတို့နဲ့ ချယ်ဆီးက ယူရိုပါလိဂ် ဖိုင်နယ်ရောက်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒါကြောင့် အသင်းတိုင်းက ပြဿနာ ဖြစ်စေနိုင်တယ်လို့ တွေးလို့ရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က အဆုံးသတ်အထိ စောင့်ကြည့်ရမယ့် အရာဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

Sports Home Time