ဆောင်းပါး | မန်စီးတီးနဲ့ လီဗာပူး၊ ဘယ်အသင်းက ပိုခက်တဲ့ လိဂ်ပွဲစဉ်ဇယားကို ရင်ဆိုင်ရမလဲ

ဒီအပတ်ကစလို့ ပရီးမီးယားလိဂ် နောက်ဆုံးနေ့ကြားမှာ အမှတ်ပေးပွဲ 8 ပွဲပဲ ကစားဖို့ ကျန်ရှိပါတော့မယ်။ မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းထဲက တစ်သင်းဟာ ချန်ပီယံဖြစ်မှာဖြစ်ပြီး နှစ်သင်းကြား ရမှတ်က တစ်မှတ်ပဲ ကွာဟနေတာပါ။ ဒါပေမယ့်လို့ နှစ်သင်းလုံးက စပါးနဲ့ တွေ့ဆုံရမှာဖြစ်သလို မန်စီးတီးဟာ ယူနိုက်တက်နဲ့ တွေ့ဆုံဖို့ ရှိနေပါသေးတယ်။

ဒီတော့ နှစ်သင်း တွေ့ဆုံမယ့် အသင်း 8 သင်းရဲ့ ခက်ခဲမှုတွေကို အဆင့်သက်မှတ်ပေးထားမှုအား လေ့လာကြည့်ပါမယ်။

Sunday March 17

Fulham v Liverpool

အမှတ်ပေးဇယား ထိပ်ဆုံးကိုတက်ဖို့ လီဗာပူးအတွက် အခွင့်အရေးကောင်းပါ။ မန်စီးတီးက အက်ဖ်အေဖလား ကန်ရမှာဖြစ်ပြီး လီဗာပူးက ပွဲကြိုကန်ရမှာဖြစ်ကာ တန်းဆင်းဇုံက ဖူလ်ဟမ်နဲ့ပွဲကို ရမှတ် သုံးမှတ် ယူသွားဖို့ ရှိပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 1/5

Saturday March 30

Fulham v Man City

လီဗာပူးက အရင်ကန်ရမှာဖြစ်ပြီး ဒီရာသီ တတိယမြောက် မန်နေဂျာ ကိုင်တွယ်နေတဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူး (သို့) မန်စီးတီး တစ်သင်းသင်းက ခြေချော်ခဲ့မယ်ဆိုရင် အဲ့သည်အသင်းက ချန်ပီယံဖြစ်ဖို့လည်း မထိုက်တန်တော့ပါဘူး။

အန္တရာယ်အဆင့် သက်မှတ်ချက်: 1/5

Sunday March 31

Liverpool v Tottenham

ပြီးခဲ့တဲ့ စိန်နဲ့ပွဲ ရှူံးပွဲပြီးနောက် စပါးတို့ နောက်ထပ် အဝေးကွင်းပွဲ၊ ပိုချက်တီနို နောက်ထပ် ပွဲပယ်တစ်ပွဲဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ စပါးဟာ အန်ဖီးကွင်းမှာ လီဗာပူးကို တုန့်ပြန်မှုတွေ လုပ်ဖို့ကိုတော့ သံသယရှိစရာ မလိုပါဘူး။

အန္တရာယ်အဆင့် သက်မှတ်ချက်: 4/5

Friday April 5

Southampton v Liverpool

ကာဒစ်ကို တုန့်ပြန်ပြခဲ့ပြီးကတည်းက စိန့်ဟာ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဖြစ်လာပါတယ်။ တိုက်စစ်ပုံစံနဲ့ ကစားနေပြီး လီဗာပူးအတွက် ကံဆိုးမှုတစ်ခုကတော့ စိန့်ဟာ အဓိက ကစားသမားတွေ လက်လွတ်ရမှုအပေါ် လီဗာပူးကို အငြိုးကြီးတဲ့ အချက်ပါပဲ။

အန္တရာယ်အဆင့် သက်မှတ်ချက်: 3/5

Saturday April 6

Man City v Cardiff City

ကာဒစ်က ဒီရာသီ အဝေးကွင်းပွဲ 14 ပွဲမှာ 10 ပွဲထိ အရေးနိမ့်ထားတဲ့ အသင်းပါ။ ဒါပေမယ့် ကာဒစ်က တန်းဆင်းဇု့ တိုက်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ ရပ်တည်ချက်အတွက် တိုက်ခိုက်မလားဆိုတဲ့ တစ်ခုတည်းသော မေးခွန်းထုတ်စရာပဲ ရှိပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 1/5

Sunday April 14

Crystal Palace v Man City

ပဲလေစ့်က အန္တရာယ်ကြီးတဲ့ အသင်းပါ။ မန်စီးတီးကို အနိုင်ယူခဲ့ဖူးတာလည်း မေ့ထားလို့မရဘူး။ ပဲလေစ့်က အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ ရယူလေ့ရှိပြီး သူတို့ရဲ့ တိုက်စစ်စုဖွဲ့မှုက မန်စီးတီးကို အခက်တွေ့စေနိုင်ပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 3/5

Sunday April 14

Liverpool v Chelsea

ကြီး 6 ကြီးကြားက ထိပ်တိုက်တွေ့မှု တစ်ခုပါ။ ချယ်ဆီးက စွမ်းဆောင်ရည် မတည်ငြိမ်ပါဘူး။ သတိပြုစရာက သူတို့ဟာ ထိပ်သီးအသင်းကြား ရလဒ်မကောင်းတာကိုပါ။ အီသီဟတ်မှာ ဆိုးဆိုးဝါးဝါး အရေးနိမ့်ထားတဲ့ ချယ်ဆီးမှာ ဟာဇက်လို တိုက်စစ်သမားကောင်း ရှိနေတာကိုတော့ သတိပြုစရာပါ။

အန္တရာယ်အဆင့် သက်မှတ်ချက်: 4/5

Saturday April 20

Man City v Tottenham

မန်စီးတီးက စပါးကို အိမ်ကွင်းမှာ ကစားရမှာက ကံကောင်းခြင်း တစ်ရပ်ပါပဲ။ နှစ်သင်းက အစောပိုင်းတုန်းက ဆုဖလားအတွက် တိုက်ခိုက်ခဲ့ပေမယ့် အဲ့သည်အချိန်လောက်ဆိုရင် စပါးက ချန်ပီယံလိဂ်ဝင်ခွင့်ကို အားစိုက်နေမှာပါ။ စပါးက အီသီဟတ်မှာတော့ ရလဒ် သိပ်ကောင်းလေ့ မရှိပါဘူး။ ဒါပေမယ့် ဒါက ကြီး 6 ကြီကြား ထိပ်တိုက်တွေ့မှုဖြစ်လို့ ရလဒ်ကို မှန်းဆဖို့ ခက်ခဲပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 4/5

Sunday April 21

Cardiff City v Liverpool

ဒီအပတ်ကနေ အဲ့သည်နေ့ကြား ကာဒစ်ရဲ့ ရလဒ်ဟာ ပွဲရဲ့ အရှိန်ကို ပိုများမလား၊ နည်းမလားဆိုတာ ဆုံးဖြတ်ပေးပါမယ်။ ဝေလ်းမြို့တော် အခြေစိုက်ကလပ်ဟာ ရလဒ်တွေ ဆိုးရွားမှုနဲ့ တန်းဆင်းဖို့ ရေပန်းစားနေတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 2/5

Wednesday April 24

Man United v Man City

ဒီပွဲက ဒီရာသီ ချန်ပီယံအသင်းကို အဆုံးအဖြတ် ဖြစ်လာမယ်လို့တောင် ပြောလို့ ရနိုင်ပါတယ်။ လီဗာပူးက လက်ကျန် 8 ပွဲကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကလည်း လက်ကျန် 8 ပွဲမှာ ဒီပွဲကလွဲပြီး အနိုင်ရဖို့ မဖြစ်နိုင်စရာ မရှိပါဘူး။ မန်ချက်စတာဒါဘီမှာတော့ မန်စီးတီး အနိုင်ရမယ် ပြောဖို့က ခက်ပါလိမ့်မယ်။ နောက်ပြီး သရေဆိုတဲ့ ရလဒ်ဟာ လိဂ်ဦးဆောင်သူကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံကို အဆုံးအဖြတ်ပေးမှာက အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်လာမလား စိတ်လှုပ်ရှားစရာပါပဲ။

အန္တရာယ်အဆင့် သက်မှတ်ချက်: 5/5

Friday April 26

Liverpool v Huddersfield Town

ဟက်ဒါဖီးက တန်းဆင်းဖို့ သေချာနေပါပြီ။ မျှော်လင့်ချက်မရှိတဲ့ ဒီအသင်းဟာ အန်ဖီးကွင်းမှာ အရေးနိမ့်ဖို့ဆိုတာ မှန်းဆရ လွယ်ကူပါတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 1/5

Sunday April 28

Burnley v Man City

ဘန်လေက တန်းဆင်းဇုံ ရုန်းကန်နေရတဲ့ အသင်းစာရင်းက မလွတ်သေးပါဘူး။ ဒါကြောင့် အဲ့သည်နေ့ သူတို့ရဲ့ လိဂ်ရပ်တည်မှု အနေအထားက မန်စီးတီးကို ဘယ်လောက်ထိ ခက်ခဲမလဲရဲ့ အဖြေဖြစ်တယ်။ ဘန်လေဟာ လိဂ်မှာတော့ အဆိပ်ရှိတဲ့ အသင်းအဖြစ် သက်မှတ်ခံထားရတယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 3/5

Saturday May 4

Newcastle United v Liverpool

ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံးပွဲမှာ အိမ်ရှင်အသင်းတွေက ပရိသတ်တွေကို ရလဒ်ကောင်းနဲ့ နှုတ်ဆက်လိုလေ့ ရှိပါတယ်။ ဒါကပဲ လီဗာပူးအတွက် အခက်အခဲ ဖြစ်စေမှာပါ။ နယူးကာဆယ်ရဲ့ မန်နေဂျာက တစ်ပွဲတိုးတွေ အရမ်းကောင်းတဲ့ ဘင်နီတက်စ်ဖြစ်နေတာကလည်း ဒီပွဲကို မျှော်လင့်ထားတာထက် ပိုခက်စေပါလိမ့်မယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 4/5

Saturday May 4

Man City v Leicester

လက်စတာဟာ ထိပ်တန်း ကစားသမားကောင်းတွေ အများအပြား ပိုင်ဆိုင်တဲ့အသင်းပါ။ သူတို့ဟာ ဘရန်ဒန်ရော်ဂျာကို မန်နေဂျာအဖြစ် ခန့်အပ်မှုမှာ လာမယ့်ရာသီ မျှော်လင့်ချက်ကောင်းတွေ ရှိနေမှာလည်းဖြစ်တယ်။ မန်စီးတီးထံက ရလဒ်တစ်ခုခုကို မျှော်လင့်ပြီး လာမယ်ဆိုတာ သံသယမရှိပါနဲ့။

အန္တရာယ်အဆင့် သက်မှတ်ချက်: 3/5

Sunday May 12

Brighton v Man City

ပြောခဲ့သလိုပဲ လိဂ်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲတွေက အန္တရာယ်ကြီးပါတယ်။ အိမ်ရှင်အသင်းတွေက ပရိသတ်တွေကို ရလဒ်ကောင်းနဲ့ပဲ နှုတ်ဆက်လိုတတ်ကြပါတယ်။ ဒါက သူတို့ ဘယ်လောက် အသင်းကောင်းကောင်းနဲ့ ရင်ဆိုင်ရမယ် ဆိုတာနဲ့ မဆိုင်ပါဘူး။ နှစ်တစ်နှစ်ရဲ့ နိဂုံးချုပ်ဖြစ်နေလို့ပါပဲ။ ဒီပွဲမတိုင်ခင်ထိ ချန်ပီယံ အဖြေမပေါ်သေးရင် သိပ်ကောင်းတဲ့ပွဲကို မြင်ရဖို့ ရှိလာပါမယ်။

အန္တရာယ်အဆင့် သက်မှတ်ချက်: 3/5

Sunday May 12

Liverpool v Wolves

လီဗာပူးက အန်ဖီး အဆုံးသတ်ပွဲမှာ ကြီး 6 ကြီးကို အန္တရာယ်ကြီးကြီး ပေးထားနိုင်တဲ့ ဝုဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဝုဗ်ဟာ သူတို့ကွင်းမှာ ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာ အရေးနိမ့်ထားပြီး အက်ဖ်အေဖလားမှာ အနိုင်ယူထားတယ်။ ဆန်တို့နဲ့ အသင်းသားတွေ အန်ဖီးကွင်းမှာ ဘယ်လောက်ထိ ခြေစွမ်းပြမလဲဆိုတာနဲ့ တစ်ပြိုင်နက် နောက်ဆုံးအပတ်မှ ချန်ပီယံပေါ်မလားက စိတ်ဝင်စားစရာပါပဲ။

Danger rating: 3/5