စီးတီးရဲ႕ ေငြေၾကးသံုးစြဲမႈကို ရပ္တန္႔ေအာင္ လုပ္ေပးၾကဖို႔ တိုက္တြန္းသြားတဲ့ ေမာ္ရင္ညိဳ

[Zawgyi] မန္ခ်က္စတာစီးတီးရဲ႕ ေငြသုံးစြဲမႈကို မထိန္းခ်ဳပ္ႏိုင္ရင္ ယူႏိုက္တက္ရဲ႕ ဖလားလက္မဲ့ ျပႆနာမ်ိဳးေတြက ဆက္ျဖစ္ေနဦးမွာပဲလို႔ မန္ခ်က္စတာယူႏိုက္တက္ နည္းျပ ဟိုေဆးေမာ္ရင္ညိဳက သတိေပးလိုက္ပါတယ္။

2012-2013 ရာသီေနာက္ပိုင္းကစလို႔ ယခုခ်ိန္ထိ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ဖလား ရယူႏိုင္ခဲ့ျခင္း မရွိေသးပါဘူး။ ယခုရာသီ 15 ပြဲကစားၿပီးခ်ိန္မွာလည္း ဟိုေဆးေမာ္ရင္ညိဳရဲ႕ ယူႏိုက္တက္ဟာ အဆင့္ 8 ေနရာမွာ ရပ္တည္ေနၿပီး အမွတ္ေပးဇယား ထိပ္ဆုံးက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးနဲ႔ 18 မွတ္ထိ ကြာဟေနပါတယ္။

ေနာက္ဆုံး ပရီးမီးယားလိဂ္ 4 ပြဲလုံး အႏိုင္မရခဲ့တဲ့ သရဲနီေတြဟာ မႏွစ္ကလဲ စီးတီးရဲ႕ေနာက္မွာ 19 မွတ္ ကြာဟေနခဲ့ၿပီး စီးတီးရဲ႕ ေငြေၾကးသုံးစြဲမႈကို ထိန္းႏိုင္မွ ဖလားေမွ်ာ္လင့္လို႔ရမယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ဖလားကို ယူႏိုက္တက္ တို႔ တဖန္ျပန္ရယူႏိုင္ဖို႔ ဘယ္ေလာက္ ၾကာဦးမလဲလို႔ ေမးျမန္းရာမွာ ေမာ္ရင္ညိဳက

” က်ေနာ္မသိပါဘူး။ ဒါက က်ေနာ္တို႔ရဲ႕ တိုးတက္မႈအေပၚမွာလဲ မူတည္ေနသလို တျခားအသင္းေတြ အေပၚမွာလဲ မူတည္ေနပါတယ္။ က်ေနာ္တို႔အထက္က အသင္းက လမ္းေၾကာင္းတူတူကိုပဲ သြားေနလား။ သူတို႔ရဲ႕ ရည္မွန္းခ်က္ နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆက္လုပ္ေနလား။ ဒါက ပထမတခ်က္။

ေနာက္တခ်က္က သူတို႔ရပ္သြားမလား ဒါမွမဟုတ္ ဘ႑ာေရးဆိုင္ရာစည္းမ်ဥ္း (FFP) က သူတို႔ကို ရပ္ေအာင္ လုပ္မလားေပါ့။ ဒါဆို က်ေနာ္တို႔ၾကားက ကြာဟခ်က္ေတြကို က်ဥ္းေအာင္လုပ္လို႔ရတယ္။ တကမာၻလုံးက ေျပာဆိုေနတာေတြေတာ့ အမ်ားႀကီးေပါ့။ ဒါေပမယ့္ အဲ့ဒါေတြက မွန္လားမွားလား က်ေနာ္မသိဘူး။ ဒါကို သုံးသပ္ဖို႔က က်ေနာ့္အလုပ္မွ မဟုတ္တာ ” လို႔ စီးတီးရဲ႕ ေငြေၾကးအရႈပ္ေတာ္ပုံကိစၥနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ တားျမစ္ျခင္း ကိစၥအေၾကာင္းကို ေျပာဆိုခဲ့တာပါ။

လီဗာပူးက 1990 ကတည္းက ယခုထိ ပရီးမီးယားလိဂ္ မရေသးတာျဖစ္ၿပီး ယူႏိုက္တက္ကလဲ ဒီလိုျဖစ္သြားႏိုင္လားလို႔ ေမာ္ရင္ညိဳကို ေမးရာမွာတာ့ ” လီဗာပူးမွာ ဘာေတြျဖစ္ခဲ့လဲ က်ေနာ္ မသိပါဘူး။ ကိန္းဂဏန္း အခ်က္အလက္ေတြကိုပဲ က်ေနာ္သိတယ္။ ဘာေၾကာင့္လဲဆိုတာ မသိဘူး ” လို႔ ေျဖပါတယ္။

ဗုဒၶဟူးေန႔က အာဆင္နယ္နဲ႔ 2 ဂိုးစီ သေရက်ၿပီးတဲ့ေနာက္ ယူႏိုက္တက္ တို႔ဟာ ယေန႔ည ျမန္စာစံေတာ္ခ်ိန္ 9 နာရီခြဲအခ်ိန္ အိုးလ္ထရက္ဖို႔ဒ္ မွာ ဖူလ္ဟမ္အသင္းကို လက္ခံကစားရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာစီးတီးရဲ့ ငွေသုံးစွဲမှုကို မထိန်းချုပ်နိုင်ရင် ယူနိုက်တက်ရဲ့ ဖလားလက်မဲ့ ပြဿနာမျိုးတွေက ဆက်ဖြစ်နေဦးမှာပဲလို့ မန်ချက်စတာယူနိုက်တက် နည်းပြ ဟိုဆေးမော်ရင်ညိုက သတိပေးလိုက်ပါတယ်။

2012-2013 ရာသီနောက်ပိုင်းကစလို့ ယခုချိန်ထိ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ယခုရာသီ 15 ပွဲကစားပြီးချိန်မှာလည်း ဟိုဆေးမော်ရင်ညိုရဲ့ ယူနိုက်တက်ဟာ အဆင့် 8 နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးက မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ 18 မှတ်ထိ ကွာဟနေပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ် 4 ပွဲလုံး အနိုင်မရခဲ့တဲ့ သရဲနီတွေဟာ မနှစ်ကလဲ စီးတီးရဲ့နောက်မှာ 19 မှတ် ကွာဟနေခဲ့ပြီး စီးတီးရဲ့ ငွေကြေးသုံးစွဲမှုကို ထိန်းနိုင်မှ ဖလားမျှော်လင့်လို့ရမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဖလားကို ယူနိုက်တက် တို့ တဖန်ပြန်ရယူနိုင်ဖို့ ဘယ်လောက် ကြာဦးမလဲလို့ မေးမြန်းရာမှာ မော်ရင်ညိုက

” ကျနော်မသိပါဘူး။ ဒါက ကျနော်တို့ရဲ့ တိုးတက်မှုအပေါ်မှာလဲ မူတည်နေသလို တခြားအသင်းတွေ အပေါ်မှာလဲ မူတည်နေပါတယ်။ ကျနော်တို့အထက်က အသင်းက လမ်းကြောင်းတူတူကိုပဲ သွားနေလား။ သူတို့ရဲ့ ရည်မှန်းချက် နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်နေလား။ ဒါက ပထမတချက်။

နောက်တချက်က သူတို့ရပ်သွားမလား ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း (FFP) က သူတို့ကို ရပ်အောင် လုပ်မလားပေါ့။ ဒါဆို ကျနော်တို့ကြားက ကွာဟချက်တွေကို ကျဉ်းအောင်လုပ်လို့ရတယ်။ တကမ္ဘာလုံးက ပြောဆိုနေတာတွေတော့ အများကြီးပေါ့။ ဒါပေမယ့် အဲ့ဒါတွေက မှန်လားမှားလား ကျနော်မသိဘူး။ ဒါကို သုံးသပ်ဖို့က ကျနော့်အလုပ်မှ မဟုတ်တာ ” လို့ စီးတီးရဲ့ ငွေကြေးအရှုပ်တော်ပုံကိစ္စနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တားမြစ်ခြင်း ကိစ္စအကြောင်းကို ပြောဆိုခဲ့တာပါ။

လီဗာပူးက 1990 ကတည်းက ယခုထိ ပရီးမီးယားလိဂ် မရသေးတာဖြစ်ပြီး ယူနိုက်တက်ကလဲ ဒီလိုဖြစ်သွားနိုင်လားလို့ မော်ရင်ညိုကို မေးရာမှာတာ့ ” လီဗာပူးမှာ ဘာတွေဖြစ်ခဲ့လဲ ကျနော် မသိပါဘူး။ ကိန်းဂဏန်း အချက်အလက်တွေကိုပဲ ကျနော်သိတယ်။ ဘာကြောင့်လဲဆိုတာ မသိဘူး ” လို့ ဖြေပါတယ်။

ဗုဒ္ဓဟူးနေ့က အာဆင်နယ်နဲ့ 2 ဂိုးစီ သရေကျပြီးတဲ့နောက် ယူနိုက်တက် တို့ဟာ ယနေ့ည မြန်စာစံတော်ချိန် 9 နာရီခွဲအချိန် အိုးလ်ထရက်ဖို့ဒ် မှာ ဖူလ်ဟမ်အသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။

Sports Home Time