[Zawgyi] ခ်ယ္ဆီးမန္ေနဂ်ာ ဆာရီကေတာ့ ကလပ္အသင္းက ကစားသမားတစ္ဦးကို အားျဖည့္ေခၚယူဖို႔ျဖစ္လာခဲ့မယ္ဆိုရင္ အေထာင္တိုက္စစ္သမားေနရာကို ဦးစားေပးမယ့္ သေဘာေတြ ထုတ္ေျပာလာပါတယ္။ ဒါေပမယ့္လို႔ အဲ့သည္အခ်ိန္ မတိုင္ခင္ထိ ကလပ္အသင္းရဲ႕ ကစားသမားေတြကို တိုးတက္လာေအာင္ လုပ္ဖို႔ အေရးၾကီးတယ္လို႔ မန္ေနဂ်ာက ဆိုပါတယ္။
အသင္းပရိသတ္ေတြၾကား ရွင္းလင္းစြာ သိထားၾကတာက ဇန္နဝါရီမွာ ကစားသမားသစ္ေခၚယူမႈ လုပ္ျပီး အသင္းကို အင္အားေတာင့္တင္းေစဖို႔ရာ ဦးစားေပး လုပ္ရမယ့္ေနရာတခုက အီဒင္ဟာဇက္ ႐ုန္းကန္ေနရခ်ိန္ အယ္ဗာ႐ို မိုရာတာ၊ အိုလီဗာဂ်ီ႐ူး တို႔နဲ႔ သြင္းဂိုးေတြရရွိေအာင္လုပ္ဖို႔ တိုက္စစ္ပိုင္းပဲ ျဖစ္ပါတယ္။ ဒါမွလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ ခ်ယ္ဆီးကို ေရပန္းစားအသင္းတစ္သင္းအျဖစ္ ျပန္ဝင္ေစမယ္လို႔ ယံုၾကည္ထားၾကတာျဖစ္တယ္။
ဆာရီက မန္စီးတီးပြဲၾကိဳ လန္ဒန္ကလပ္အသင္းမွ လိုအပ္ခ်က္ေတြအေၾကာင္း မီဒီယာေတြကို ေျဖၾကားေပးစဥ္မွာပဲ နာပိုလီမန္ေနဂ်ာဘဝ အေထာင္တိုက္စစ္မွဴးေကာင္း ပိုင္ဆိုင္ထားျခင္းက အသင္းကို ဝန္ေပ့ါေစခဲ့တာကို ေထာက္ျပခဲ့ပါတယ္။
ဆာရီက ” တကယ္လို႔ ပြဲတိုင္းဂိုးသြင္းနိင္တဲ့ ကစားသမားတစ္ေယာက္ ရွိတယ္ဆိုရင္ သူက အရမ္းအေရးပါပါတယ္။ ဒါေပမယ့္ အဲ့ဒါက မျဖစ္ႏိုင္ဘူးလို႔ က်ေနာ္ထင္တယ္။ လြန္ခဲ့တဲ့ 3 ႏွစ္ က်ေနာ္ ေနပယ္လ္မွာ ရွိတုန္းက အရမ္းကံေကာင္းခဲ့တယ္။ ဘာေၾကာင့္လဲဆိုရင္ ဂြန္ဇာလို ဟီဂြာအင္က 34 ပြဲမွာ 36 ဂိုးေတာင္ သြင္းခဲ့တာကိုး။ ဒါေပမယ့္ အဲ့ဒါက တစ္ခုခု ထူးျခားခဲ့ပါတယ္။ တိုက္စစ္ကစားသမားတေယာက္အတြက္ ပြဲတိုင္းဂိုးသြင္းဖို႔က အရမ္းခက္ခဲတယ္ ” လို႔ ရွင္းျပပါတယ္။
ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသင္းေတြမွာ အဓိက တိုက္စစ္သမားေတြျဖစ္တဲ့ စီးတီးရဲ႕ ဆာဂ်ီယို အဂြဲ႐ိုး၊ လီဗာပူး ရဲ႕ မိုဟာမက္ ဆာလက္၊ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ဟယ္ရီကိန္းနဲ႔ အာဆင္နယ္ရဲ႕ အူဘာမီယန္းတို႔က သူတို႔ရဲ႕ အသင္းေတြအတြက္ ဂိုးေတြမ်ားစြာ သြင္းယူေပးႏိုင္တာနဲ႔ ပတ္သက္ၿပီး ဆာရီက
” ပြဲတိုင္းေတာ့ မဟုတ္ဘူးေလ၊ ႏွစ္ပြဲေလာက္ဆို တစ္ခါသြင္းတယ္ေပါ့။ အဲ့ဒါက ျဖစ္ႏိုင္ေခ်ရွိတယ္။ ပြဲတိုင္းဆိုတာက လူတိုင္းအတြက္ အရမ္းခက္ခဲပါတယ္။ အဲ့လိုကစားသမားမ်ိဳးရွိရင္ေတာ့ ခင္ဗ်ားကံေကာင္းတာပဲ။ ဒါေပမယ့္ ပြဲတိုင္းဂိုးသြင္းႏိုင္တဲ့ ကစားသမားမ်ိဴး မရွိဘူးဆိုရင္ တစ္ခုခု လုပ္ဖို႔လိုအပ္တယ္ ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းဟာ တိုက္စစ္ပိုင္းအတြက္ အေထာင္တိုက္စစ္သမားေကာ၊ ေတာင္ပံတိုက္စစ္သမားေတြနဲ႔ပါ သတင္းေတြ ထြက္ေနတာပါ။ ေနာက္ဆံုးထြက္ေပၚမူေတြမွာေတာ့ ေဒါ့မြန္မွ ပူလာဆစ္၊ လိုင္ယြန္မွ ဖယ္ကီရာနဲ႔ ဂ်ီႏိုအာမွ ပီယာတက္တို႔နဲ႔လည္း သတင္းၾကီးေတြ ထြက္ရွိလာေနတာျဖစ္ပါတယ္။ ဆာရီရဲ႕ ထုတ္ေျပာမႈအရ ဇန္နဝါရီမွာ တိုက္စစ္မွဴး တစ္ဦးဦး ေခၚယူဖို႔ျဖစ္လာမလားက ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ချယ်ဆီးမန်နေဂျာဆာရီကတော့ ကလပ်အသင်းက ကစားသမားတစ်ဦးကို အားဖြည့်ခေါ်ယူဖို့ဖြစ်လာခဲ့မယ်ဆိုရင် အထောင်တိုက်စစ်သမားနေရာကို ဦးစားပေးမယ့် သဘောတွေ ထုတ်ပြောလာပါတယ်။ ဒါပေမယ့်လို့ အဲ့သည်အချိန် မတိုင်ခင်ထိ ကလပ်အသင်းရဲ့ ကစားသမားတွေကို တိုးတက်လာအောင် လုပ်ဖို့ အရေးကြီးတယ်လို့ မန်နေဂျာက ဆိုပါတယ်။
အသင်းပရိသတ်တွေကြား ရှင်းလင်းစွာ သိထားကြတာက ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူမှု လုပ်ပြီး အသင်းကို အင်အားတောင့်တင်းစေဖို့ရာ ဦးစားပေး လုပ်ရမယ့်နေရာတခုက အီဒင်ဟာဇက် ရုန်းကန်နေရချိန် အယ်ဗာရို မိုရာတာ၊ အိုလီဗာဂျီရူး တို့နဲ့ သွင်းဂိုးတွေရရှိအောင်လုပ်ဖို့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒါမှလည်း ချန်ပီယံလိဂ်ဝင်ခွင့်မှာ ချယ်ဆီးကို ရေပန်းစားအသင်းတစ်သင်းအဖြစ် ပြန်ဝင်စေမယ်လို့ ယုံကြည်ထားကြတာဖြစ်တယ်။
ဆာရီက မန်စီးတီးပွဲကြို လန်ဒန်ကလပ်အသင်းမှ လိုအပ်ချက်တွေအကြောင်း မီဒီယာတွေကို ဖြေကြားပေးစဉ်မှာပဲ နာပိုလီမန်နေဂျာဘဝ အထောင်တိုက်စစ်မှူးကောင်း ပိုင်ဆိုင်ထားခြင်းက အသင်းကို ဝန်ပေ့ါစေခဲ့တာကို ထောက်ပြခဲ့ပါတယ်။
ဆာရီက ” တကယ်လို့ ပွဲတိုင်းဂိုးသွင်းနိင်တဲ့ ကစားသမားတစ်ယောက် ရှိတယ်ဆိုရင် သူက အရမ်းအရေးပါပါတယ်။ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ လွန်ခဲ့တဲ့ 3 နှစ် ကျနော် နေပယ်လ်မှာ ရှိတုန်းက အရမ်းကံကောင်းခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ဂွန်ဇာလို ဟီဂွာအင်က 34 ပွဲမှာ 36 ဂိုးတောင် သွင်းခဲ့တာကိုး။ ဒါပေမယ့် အဲ့ဒါက တစ်ခုခု ထူးခြားခဲ့ပါတယ်။ တိုက်စစ်ကစားသမားတယောက်အတွက် ပွဲတိုင်းဂိုးသွင်းဖို့က အရမ်းခက်ခဲတယ် ” လို့ ရှင်းပြပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေမှာ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ စီးတီးရဲ့ ဆာဂျီယို အဂွဲရိုး၊ လီဗာပူး ရဲ့ မိုဟာမက် ဆာလက်၊ တော့တင်ဟမ်ဟော့စပါးရဲ့ ဟယ်ရီကိန်းနဲ့ အာဆင်နယ်ရဲ့ အူဘာမီယန်းတို့က သူတို့ရဲ့ အသင်းတွေအတွက် ဂိုးတွေများစွာ သွင်းယူပေးနိုင်တာနဲ့ ပတ်သက်ပြီး ဆာရီက
” ပွဲတိုင်းတော့ မဟုတ်ဘူးလေ၊ နှစ်ပွဲလောက်ဆို တစ်ခါသွင်းတယ်ပေါ့။ အဲ့ဒါက ဖြစ်နိုင်ချေရှိတယ်။ ပွဲတိုင်းဆိုတာက လူတိုင်းအတွက် အရမ်းခက်ခဲပါတယ်။ အဲ့လိုကစားသမားမျိုးရှိရင်တော့ ခင်ဗျားကံကောင်းတာပဲ။ ဒါပေမယ့် ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ ကစားသမားမျိူး မရှိဘူးဆိုရင် တစ်ခုခု လုပ်ဖို့လိုအပ်တယ် ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်သမားကော၊ တောင်ပံတိုက်စစ်သမားတွေနဲ့ပါ သတင်းတွေ ထွက်နေတာပါ။ နောက်ဆုံးထွက်ပေါ်မူတွေမှာတော့ ဒေါ့မွန်မှ ပူလာဆစ်၊ လိုင်ယွန်မှ ဖယ်ကီရာနဲ့ ဂျီနိုအာမှ ပီယာတက်တို့နဲ့လည်း သတင်းကြီးတွေ ထွက်ရှိလာနေတာဖြစ်ပါတယ်။ ဆာရီရဲ့ ထုတ်ပြောမှုအရ ဇန်နဝါရီမှာ တိုက်စစ်မှူး တစ်ဦးဦး ခေါ်ယူဖို့ဖြစ်လာမလားက စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Sports Home Time
