လံုးဝ မထင္မွတ္ထားသူကိုမွ အသင္းေခါင္းေဆာင္အျဖစ္ ယူႏုိက္တက္ ဂႏၱဝင္ ေရာဘ့္ဆင္ ေထာက္ခံ

[Zawgyi] မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂႏၱ၀င္ကစားသမားေဟာင္း ဘ႐ိုင္ယန္ေရာဘ့္ဆင္က ယူႏိုက္တက္အသင္းရဲ႕ ေနာက္လာမယ့္ရာသီအတြက္ အသင္းေခါင္းေဆာင္တစ္ဦးကုိ အံ့အားသင့္ဖြယ္ ေ႐ြးခ်ယ္ေပးလိုက္ပါၿပီ။

ယူႏိုက္တက္ရဲ႕ လက္႐ွိအသင္းေခါင္းေဆာင္ ဗလင္စီယာဟာ ဒဏ္ရာျပႆနာေၾကာင့္ ပြဲထြက္ခြင့္ မရႏိုင္ေသးပဲ ရာသီကုန္မွာလည္း အသင္းကေန ထြက္ခြာေတာ့မွာ ျဖစ္တဲ့အတြက္ ေနာက္ထပ္ အသင္းေခါင္းေဆာင္တစ္ေယာက္ကုိ ခန္႔အပ္ဖုိ႔ ႐ွိေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ အသင္းေခါင္းေဆာင္တာ၀န္ကုိ အက္ရွေလယန္းက တာ၀န္ယူထားတာပါ။ ဒါေပမယ့္ သူဟာလည္း ေနာက္ရာသီမွာ အသက္ (၃၄) ႏွစ္ ႐ွိလာမွာ ျဖစ္တဲ့အတြက္ အသင္းအတြက္ ပံုမွန္ပြဲထြက္ေပးႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္လုိ႔ မရႏိုင္ပါဘူး။ ယူႏိုက္တက္ ကစားသမားေဟာင္း ေရာဘ့္ဆင္ကေတာ့ ယူႏိုက္တက္အတြက္ အသင္းေခါင္းေဆာင္အျဖစ္ ခရစ္စေမာလင္းကုိ ေ႐ြးခ်ယ္ေပးလိုက္တာ ျဖစ္ပါတယ္။

ဘ႐ိုင္ယန္ေရာဘ့္ဆင္က စေမာလင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္႐ံႈးထြက္ပြဲစဥ္ ဒုတိယအေက်ာ့အျဖစ္ ျပင္သစ္ေျမမွာ PSG အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ပြဲစဥ္မွာ သူ႕ရဲ႕ အသင္းအေပၚ လႊမ္းမိုးႏိုင္စြမ္းကုိ ျပသႏိုင္ခဲ့တယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ အသင္းေခၚေဆာင္ တာ၀န္ကုိ (၁၉၈၂) ခုႏွစ္ကေန (၁၉၉၄) ခုႏွစ္အထိ (၁၂) ႏွစ္ၾကာ တာ၀န္ယူခဲ့ဖူးတဲ့ ဘ႐ိုင္ယန္ေရာဘ့္ဆင္က ယူႏိုက္တက္အတြက္ လက္႐ွိ ကြင္းလယ္ကစားသမား ဟာရဲရားဟာလည္း ဒီရာထူးအတြက္ သင့္ေတာ္မယ့္သူ တစ္ဦးျဖစ္တယ္လို႔ ထင္ျမင္ေၾကာင္း ေျပာၾကားသြားခဲ့ပါေသးတယ္။

” လက္႐ွိအသင္းမွာ အသင္းသားေတြကုိ စုစည္းေပးႏိုင္တဲ့ ပံုစံေတြနဲ႔ အသင္းသားအခ်င္းခ်င္းၾကားက ဆက္သြယ္မႈ ပံုစံေတြအရ အသင္းလူစာရင္းမွာ အသင္းေခါင္းေဆာင္ရာထူးနဲ႔ ထိုက္တန္ေလာက္မယ့္ ကစားသမား (၂) ဦးကုိပဲ ကၽြန္ေတာ္ျမင္ပါတယ္။ တစ္ေယာက္ကေတာ့ ခရစ္စေမာလင္းပါ။ သူဟာ ပြဲထဲမွာ အသင္းသားေတြကုိ စုစည္းေပးဖုိ႔ ႀကိဳးစားတတ္တဲ့ ကစားသမားပါ။ သူဟာ ကြင္းအတြင္းမွာ သူ႕လူေတြကုိ ဒီလိုစုစည္းႏိုင္ဖို႔ ေအာ္ဟစ္ေနေလ့ ႐ွိပါတယ္။

ေနာက္တစ္ဦးကေတာ့ အန္ဒါ ဟာရဲရားပါ။ သူ႔ကုိ အသင္းေလ့က်င့္ေရးကြင္းမွာ ကၽြန္ေတာ္ အၿမဲေစာင့္ၾကည့္ခဲ့ပါတယ္။ သူဟာ အဲဒီမွာ အသင္းသားေတြကုိ စုစည္းႏိုင္စြမ္း႐ွိသူပါ။ ဒါေတြဟာ အသင္းေခါင္းေဆာင္တစ္ေယာက္မွာ လိုအပ္တဲ့အရာေတြပါ။ ” လုိ႔ ေရာဘ့္ဆင္က ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

သူက ဆက္လက္ၿပီး ” ကုိယ့္ရဲ႕ အသင္းေဖာ္ေတြကုိ ပြဲအတြင္းမွာ စိတ္ဓာတ္တက္ၾကြလာေအာင္ အားေပးႏိုင္ဖုိ႔ အသင္းေခါင္းေဆာင္ဆိုတာ လိုကုိလိုအပ္ပါတယ္။ ကၽြန္ေတာ့္အတြက္ကေတာ့ စေမာလင္းနဲ႔ ဟာရဲရားတုိ႔ဟာ အဲဒါေတြကုိ စြမ္းေဆာင္ေပးႏိုင္မယ့္ ေခါင္းေဆာင္ေကာင္း (၂) ေယာက္လို႔ ထင္ပါတယ္ ” လို႔ ေျပာၾကားခဲ့ပါေသးတယ္။

ေရာဘ့္ဆင္က အသင္းေခါင္းေဆာင္ရာထူးအတြက္ စေမာလင္းကုိပါ ထည့္သြင္းေ႐ြးခ်ယ္ထားေပမယ့္ စေမာလင္းကေတာ့ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ရ႐ွိေနတာေတာ့ မဟုတ္ပါဘူး။ သူဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလနဲ႔ ဇန္န၀ါရီလေတြမွာ ဒဏ္ရာျပႆနာေၾကာင့္ အသင္းမွာ ပါ၀င္ခြင့္မရခဲ့ပါဘူး။

ဆိုး႐ွားလက္ထက္မွာေတာ့ အသင္းနဲ႔အတူ ပြဲထြက္ခြင့္ေတြ ျပန္လည္ရ႐ွိေနေပမယ့္ ယူႏိုက္တက္ဟာ Kalidou Koulibaly နဲ႔ Milan Skriniar တို႔ကုိ လာမယ့္ေႏြရာသီမွာ ခ်ိတ္ဆက္လာဖြယ္ ႐ွိေနသလို သူ႕ရဲ႕ေနရာမွာ လင္ဒီေလာဖ့္နဲ႔ ဖီလ္းဂ်ဳံးတို႔ကလည္း ပြဲထြက္ခြင့္ ပိုမိုရ႐ွိေနပါေသးတယ္။

ဒါေၾကာင့္ ေနာက္လာမယ့္ရာသီ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ လက္ပတ္ကုိ ဘယ္သူက ၀တ္ဆင္ခြင့္ရသြားမလဲဆိုတာက တကယ္ကုိ စိတ္၀င္စားဖုိ႔ ေကာင္းေနတာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဘရိုင်ယန်ရောဘ့်ဆင်က ယူနိုက်တက်အသင်းရဲ့ နောက်လာမယ့်ရာသီအတွက် အသင်းခေါင်းဆောင်တစ်ဦးကို အံ့အားသင့်ဖွယ် ရွေးချယ်ပေးလိုက်ပါပြီ။

ယူနိုက်တက်ရဲ့ လက်ရှိအသင်းခေါင်းဆောင် ဗလင်စီယာဟာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့် မရနိုင်သေးပဲ ရာသီကုန်မှာလည်း အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် နောက်ထပ် အသင်းခေါင်းဆောင်တစ်ယောက်ကို ခန့်အပ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အသင်းခေါင်းဆောင်တာဝန်ကို အက်ရှလေယန်းက တာဝန်ယူထားတာပါ။ ဒါပေမယ့် သူဟာလည်း နောက်ရာသီမှာ အသက် (၃၄) နှစ် ရှိလာမှာ ဖြစ်တဲ့အတွက် အသင်းအတွက် ပုံမှန်ပွဲထွက်ပေးနိုင်ဖို့တော့ မျှော်လင့်လို့ မရနိုင်ပါဘူး။ ယူနိုက်တက် ကစားသမားဟောင်း ရောဘ့်ဆင်ကတော့ ယူနိုက်တက်အတွက် အသင်းခေါင်းဆောင်အဖြစ် ခရစ်စမောလင်းကို ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘရိုင်ယန်ရောဘ့်ဆင်က စမောလင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် ပြင်သစ်မြေမှာ PSG အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အသင်းခေါ်ဆောင် တာဝန်ကို (၁၉၈၂) ခုနှစ်ကနေ (၁၉၉၄) ခုနှစ်အထိ (၁၂) နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ ဘရိုင်ယန်ရောဘ့်ဆင်က ယူနိုက်တက်အတွက် လက်ရှိ ကွင်းလယ်ကစားသမား ဟာရဲရားဟာလည်း ဒီရာထူးအတွက် သင့်တော်မယ့်သူ တစ်ဦးဖြစ်တယ်လို့ ထင်မြင်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

” လက်ရှိအသင်းမှာ အသင်းသားတွေကို စုစည်းပေးနိုင်တဲ့ ပုံစံတွေနဲ့ အသင်းသားအချင်းချင်းကြားက ဆက်သွယ်မှု ပုံစံတွေအရ အသင်းလူစာရင်းမှာ အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်လောက်မယ့် ကစားသမား (၂) ဦးကိုပဲ ကျွန်တော်မြင်ပါတယ်။ တစ်ယောက်ကတော့ ခရစ်စမောလင်းပါ။ သူဟာ ပွဲထဲမှာ အသင်းသားတွေကို စုစည်းပေးဖို့ ကြိုးစားတတ်တဲ့ ကစားသမားပါ။ သူဟာ ကွင်းအတွင်းမှာ သူ့လူတွေကို ဒီလိုစုစည်းနိုင်ဖို့ အော်ဟစ်နေလေ့ ရှိပါတယ်။

နောက်တစ်ဦးကတော့ အန်ဒါ ဟာရဲရားပါ။ သူ့ကို အသင်းလေ့ကျင့်ရေးကွင်းမှာ ကျွန်တော် အမြဲစောင့်ကြည့်ခဲ့ပါတယ်။ သူဟာ အဲဒီမှာ အသင်းသားတွေကို စုစည်းနိုင်စွမ်းရှိသူပါ။ ဒါတွေဟာ အသင်းခေါင်းဆောင်တစ်ယောက်မှာ လိုအပ်တဲ့အရာတွေပါ။ ” လို့ ရောဘ့်ဆင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

သူက ဆက်လက်ပြီး ” ကိုယ့်ရဲ့ အသင်းဖော်တွေကို ပွဲအတွင်းမှာ စိတ်ဓာတ်တက်ကြွလာအောင် အားပေးနိုင်ဖို့ အသင်းခေါင်းဆောင်ဆိုတာ လိုကိုလိုအပ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ စမောလင်းနဲ့ ဟာရဲရားတို့ဟာ အဲဒါတွေကို စွမ်းဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း (၂) ယောက်လို့ ထင်ပါတယ် ” လို့ ပြောကြားခဲ့ပါသေးတယ်။

ရောဘ့်ဆင်က အသင်းခေါင်းဆောင်ရာထူးအတွက် စမောလင်းကိုပါ ထည့်သွင်းရွေးချယ်ထားပေမယ့် စမောလင်းကတော့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာတော့ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ဒဏ်ရာပြဿနာကြောင့် အသင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

ဆိုးရှားလက်ထက်မှာတော့ အသင်းနဲ့အတူ ပွဲထွက်ခွင့်တွေ ပြန်လည်ရရှိနေပေမယ့် ယူနိုက်တက်ဟာ Kalidou Koulibaly နဲ့ Milan Skriniar တို့ကို လာမယ့်နွေရာသီမှာ ချိတ်ဆက်လာဖွယ် ရှိနေသလို သူ့ရဲ့နေရာမှာ လင်ဒီလောဖ့်နဲ့ ဖီလ်းဂျုံးတို့ကလည်း ပွဲထွက်ခွင့် ပိုမိုရရှိနေပါသေးတယ်။

ဒါကြောင့် နောက်လာမယ့်ရာသီ ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ်ကို ဘယ်သူက ဝတ်ဆင်ခွင့်ရသွားမလဲဆိုတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

Sports Home Time