[Zawgyi] စေနေန႕ ဘုန္းေမာက္နဲ႕ပြဲမွာ လီဗာပူး တိုက္စစ္သမားေတြျဖစ္တဲ့ ဖာမီနုိနဲ႕ ဆာလက္တို႔က ဂိုးသြင္းမွတ္တမ္းသစ္ တင္သြားနုိင္ဖို႔ ရွိေနပါတယ္။ ဘုန္းေမာက္ကို ၃ ပြဲဆက္ ဂိုးသြင္းနုိင္တဲ့ လီဗာပူးကစားသမား မရွိေသးပါဘူး။ ဒါေၾကာင့္ ဖာမီနုိနဲ႕ ဆာလက္သာ ဂိုးသြင္းနုိင္ရင္ မွတ္တမ္းသစ္ တင္နုိင္မွာ ျဖစ္ပါတယ္။
မန္စီးတီးကို အမွီလိုက္ဖို႔ ဘုန္းေမာက္ကို အႏိုင္ယူဖို႔လိုတဲ့ လီဗာပူး စံခ်ိန္သစ္ေတြ ရသြားမလား
ဒီပြဲစဥ္ဟာ နွစ္ဘက္အသင္းၾကား ျပိဳင္ပြဲစံုမွာ ၁၄ ၾကိမ္ေျမာက္ ေတြ႔ဆံုမႈလည္း ျဖစ္ပါတယ္။ ထို ၁၄ ပြဲမွာ လီဗာပူးက ၉ပြဲနုိင္၊ သေရ ၃ ပြဲနဲ႕ ရွံဳးပြဲ ၁ပြဲ ရွိထားကာ လီဗာပူးက ဂိုး ၃၀ သြင္းျပီး ၁၁ ဂိုး ျပန္ေပးထားရပါတယ္။ လက္ရွိ အဆင့္ ၇ ေနရာမွာ ရွိေနတဲ့ ဘုန္းေမာက္နဲ႕ အဆင့္ ၂ ေနရာမွာ ရွိေနတဲ့ လီဗာပူးအသင္းရဲ႕ ဒီရာသီ ကစားထားျပီးတဲ့ ပရီးမီးယားလိဂ္ ၁၅ ပြဲ မွတ္တမ္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ထူးထူးျခားျခား ဒီရာသီ ပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၁၂ ပြဲ ဦးေဆာင္ဂိုး သြင္းထားပါတယ္။ အဲဒီထဲမွာမွ ၁၁ ပြဲက အနုိင္ျဖစ္ကာ ၁ပြဲသာ သေရက်ထားျပီး အာဆင္နယ္နဲ႕ပြဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၃ ပြဲအတြင္း ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးကို ၂ ဂိုးထက္ ပိုသြင္းနုိင္တာကလည္း ၀က္စ္ဘရြန္းအသင္း ျဖစ္ကာ ဧျပီလက ၂ဂိုးစီ သေရက်စဥ္ကပါ။ ဗန္ဒိုက္ေရာက္လာျပီးတည္းက က်စ္လစ္လာတဲ့ လီဗာပူးခံစစ္ေနာက္မွာ အယ္လစ္ဆန္ ေရာက္လာျပီးတဲ့ လီဗာပူးရဲ႕ ဂိုးေပါက္က အပ္ေပါက္ရာေတာင္ ထြင္းေဖာက္ရခက္ေနတဲ့ အေနအထားပါ။
ဘုန္းေမာက္ကို ဂိုးအမ်ားဆံုးသြင္းထားတဲ့ လီဗာပူးကစားသမားက ေဘာ္ဘီ ဖာမီနိုျဖစ္ျပီး ၃ ဂိုး သြင္းထားပါတယ္။ ဖာမီနို ဂိုးသြင္းထားတဲ့ ျပိဳင္ပြဲစံု အေ၀းကြင္းပြဲစဥ္ ၂၃ ပြဲလံုး လီဗာပူး မရွံဳးတဲ့ ထူးျခားမႈလည္း ရွိပါတယ္။ ၂၃ ပြဲမွာ ပြဲ ၂၀ အနုိင္နဲ႕ ၃ပြဲ သေရပါ။
ဒါ့အျပင္ ဒီပြဲမွာသာ ဂ်ိမ္းစ္ေမနာ ကစားခြင့္ရခဲ့ရင္ ၄င္းရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၅၀၀ ျပည့္မွာ ျဖစ္ျပီး ပရီးမီးယားလိဂ္ သမိုင္းမွာ ၁၃ ေယာက္ေျမာက္ ကစားသမား ျဖစ္ပါတယ္။ ေမနာ မတိုင္ခင္ ပြဲ ၅၀၀ ျပည့္ထားသူေတြက ကာေရဂါ ၅၀၈ ပြဲနဲ႕ စတီဗင္ဂ်ရတ္ ၅၀၄ ပြဲတို႔ပါ။
Sports Home Time

[Unicode] စနေနေ့ ဘုန်းမောက်နဲ့ပွဲမှာ လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ ဖာမီနိုနဲ့ ဆာလက်တို့က ဂိုးသွင်းမှတ်တမ်းသစ် တင်သွားနိုင်ဖို့ ရှိနေပါတယ်။ ဘုန်းမောက်ကို ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ လီဗာပူးကစားသမား မရှိသေးပါဘူး။ ဒါကြောင့် ဖာမီနိုနဲ့ ဆာလက်သာ ဂိုးသွင်းနိုင်ရင် မှတ်တမ်းသစ် တင်နိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ နှစ်ဘက်အသင်းကြား ပြိုင်ပွဲစုံမှာ ၁၄ ကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ထို ၁၄ ပွဲမှာ လီဗာပူးက ၉ပွဲနိုင်၊ သရေ ၃ ပွဲနဲ့ ရှုံးပွဲ ၁ပွဲ ရှိထားကာ လီဗာပူးက ဂိုး ၃၀ သွင်းပြီး ၁၁ ဂိုး ပြန်ပေးထားရပါတယ်။ လက်ရှိ အဆင့် ၇ နေရာမှာ ရှိနေတဲ့ ဘုန်းမောက်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းရဲ့ ဒီရာသီ ကစားထားပြီးတဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲ မှတ်တမ်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ထူးထူးခြားခြား ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၁၂ ပွဲ ဦးဆောင်ဂိုး သွင်းထားပါတယ်။ အဲဒီထဲမှာမှ ၁၁ ပွဲက အနိုင်ဖြစ်ကာ ၁ပွဲသာ သရေကျထားပြီး အာဆင်နယ်နဲ့ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၃ ပွဲအတွင်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကို ၂ ဂိုးထက် ပိုသွင်းနိုင်တာကလည်း ဝက်စ်ဘရွန်းအသင်း ဖြစ်ကာ ဧပြီလက ၂ဂိုးစီ သရေကျစဉ်ကပါ။ ဗန်ဒိုက်ရောက်လာပြီးတည်းက ကျစ်လစ်လာတဲ့ လီဗာပူးခံစစ်နောက်မှာ အယ်လစ်ဆန် ရောက်လာပြီးတဲ့ လီဗာပူးရဲ့ ဂိုးပေါက်က အပ်ပေါက်ရာတောင် ထွင်းဖောက်ရခက်နေတဲ့ အနေအထားပါ။
ဘုန်းမောက်ကို ဂိုးအများဆုံးသွင်းထားတဲ့ လီဗာပူးကစားသမားက ဘော်ဘီ ဖာမီနိုဖြစ်ပြီး ၃ ဂိုး သွင်းထားပါတယ်။ ဖာမီနို ဂိုးသွင်းထားတဲ့ ပြိုင်ပွဲစုံ အဝေးကွင်းပွဲစဉ် ၂၃ ပွဲလုံး လီဗာပူး မရှုံးတဲ့ ထူးခြားမှုလည်း ရှိပါတယ်။ ၂၃ ပွဲမှာ ပွဲ ၂၀ အနိုင်နဲ့ ၃ပွဲ သရေပါ။
ဒါ့အပြင် ဒီပွဲမှာသာ ဂျိမ်းစ်မေနာ ကစားခွင့်ရခဲ့ရင် ၎င်းရဲ့ ပရီးမီးယားလိဂ် ပွဲ ၅၀၀ ပြည့်မှာ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ၁၃ ယောက်မြောက် ကစားသမား ဖြစ်ပါတယ်။ မေနာ မတိုင်ခင် ပွဲ ၅၀၀ ပြည့်ထားသူတွေက ကာရေဂါ ၅၀၈ ပွဲနဲ့ စတီဗင်ဂျရတ် ၅၀၄ ပွဲတို့ပါ။
Sports Home Time
