[Zawgyi] တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရဦးမယ့္ တိုက္စစ္မွဴးဆန္းခ်က္ကို မိခင္တိုင္းျပည္ျဖစ္တဲ့ ခ်ီလီထံ ျပန္ခြင့္ေပးဖို႔ ယူႏိုက္တက္ဘက္က ခြင့္ျပုလိုက္ပါျပီ။ ကစားသမားရဲ႕ ၾကံ႕ခိုင္မႈပိုင္းကို ျပန္လည္ ပ်ိဳးေထာင္ႏိုင္ဖုိ႔ ျပန္ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။
အသက္ 29 ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားသမားေနရာက 7 ပြဲပဲ ပါဝင္ခြင့္ရထားပါတယ္။ မန္ခ်က္စတာဘက္က ခြင့္ျပဳေပးလိုက္လို႔ ဆန္းခ်က္ကို ကုသဖို႔ကိစၥကိုေတာ့ ခ်ီလီ လက္ေရြးစင္အသင္း ေဆးအဖြဲ႔က တာဝန္ယူေပးသြားေတာ့မွာပါ။ ဒီအပတ္ အစာပိုင္းမွာတင္ ဆန္တီေယဂိုကို ထြက္ခြာသြားခဲ့တဲ့ ဆန္းခ်က္ဟာ ဒဏ္ရာေၾကာင့္ ေနာက္ႏွစ္မတိုင္ခင္ထိ ေဘာလံုးကစားႏိုင္မွာ မဟုတ္ေၾကာင္းကိုလည္း ေမာ္ရင္ညိဳက အတည္ျပဳထားပါတယ္။
ေမာ္ရင္ညိဳကေတာ့ ” ဒဏ္ရာအေျခအေနအတြက္ စကန္ရလဒ္ မထြက္လာေသးေပမယ့္ ကစားသမားက ဒဏ္ရာနဲ႔ပက္သက္ျပီး အေတြ႔အၾကံဳရွိထားသူပါ။ ဘာလုပ္ရမယ္ဆိုတာ သူသိပါတယ္။ ဒါ့အျပင္ ကစားသမားေတြကို ကိုင္တြယ္လာတဲ့ က်ေနာ္ရဲ႕ အေတြ႔အၾကံဳအရ ဆန္းခ်က္ရလိုက္တဲ့ ဒဏ္ရာက အခ်ိန္ၾကာၾကီး အနားယူရမယ္ဆိုတာ က်ေနာ္ သိပါတယ္။ တစ္ပတ္ 10 ရက္အတြင္း ျပန္ေကာင္းႏိုင္မယ့္ ဒဏ္ရာ မဟုတ္ပါဘူး ” လို႔ ေျဖဆိုပါတယ္။
ဒဏ္ရာမရခင္ကတည္းက ဆန္းခ်က္ဟာ မန္ေနဂ်ာရဲ႕ ယံုၾကည္မႈကို ေပ်ာက္ဆံုးေနခဲ့သူပါ။ ဒဏ္ရာမတိုင္ခင္ ယန္းဘိြဳင္းနဲ႔ ခ်န္ပီယ့လိဂ္ပြဲမွာလည္း ပါဝင္ခြင့္မရပါဘူး။ ေမာ္ရင္ညိဳကေတာ့ ဆန္းခ်က္ကို ပြဲထြက္လူစာရင္းကေန ထုတ္ပယ္ထားျခင္းက အျခားအေၾကာင္းျပခ်က္ေၾကာင့္ မဟုတ္ပဲ အသင္းအတြက္ စြမ္းေဆာင္ရည္နဲ႔ပဲ သက္ဆိုင္တယ္လို႔ ေျပာဆိုပါတယ္။
ႏိုဝင္ဘာလဝက္ေလာက္မွာ မန္ခ်က္စတာကေန ထြက္ခြာမယ္လို႔ သတင္းၾကီးထြက္ထားတဲ့ ဆန္းခ်က္ရဲ႕ အနာဂတ္ ကိစၥအေပၚေတာ့ ယူႏိုက္တက္မန္ေနဂ်ာ ေမာ္ရင္ညိဳက ျငင္းဆိုမႈ လုပ္ထားခဲ့ပါတယ္။ အာဆင္နယ္မွာ ျပသခဲ့တဲ့ အေကာင္းဆံုးပံုစံေတြကို မျပသထားႏိုင္တဲ့ ဆန္းခ်က္ဟာ ေမာ္ရင္ညိဳရဲ႕ ကစားကြက္မွာ အံမဝင္လို႔ ပီအက္ဂ်ီ၊ ရီးရဲမက္ဒရစ္အသင္းေတြထံ ေျပာင္းလိုတယ္လို႔ သတင္းၾကီးေတြ ထြက္ထားခဲ့တာျဖစ္ပါတယ္။
ေဆာင္းရာသီေစ်းကြက္မွာ ဆန္းခ်က္ ယူႏုိက္တက္ကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြအေပၚ ေမာ္ရင္ညိဳက ‘ ဆန္းခ်က္ အသင္းကေန ထြက္လိုတယ္လို႔ က်ေနာ္ မထင္ပါဘူး။ သူက ယူႏိုက္တက္ကေန ထြက္သြားလိုတယ္ (သို႔) အသင္းမွာ မေပ်ာ္ဘူးလို႔ က်ေနာ္ကို မေျပာဖူးပါဘူး။
သူက ပြဲကစားခြင့္ရခ်ိန္ေတြမွာ အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားကစားေပးသူပါ။ က်ေနာ္တို႔ရဲ႕ ကစားဟန္မွာ အသားက်လာဖို႔လည္း ၾကိဳးစားေနပါတယ္။ သူ ဒီထက္ပိုေကာင္းလာႏိုင္မလား? က်ေနာ္ကေတာ့ က်ေနာ္တို႔အားလံုး ပိုေကာင္းေကာင္း လုပ္ႏိုင္တယ္လို႔ ထင္တယ္။ က်ေနာ္ေကာ၊ သူေကာ၊ အျခားအသင္းသားေတြေကာ ပိုေကာင္းေကာင္း လုပ္ႏိုင္ပါတယ္ ‘ လို႔ ေျပာထားခဲ့ပါတယ္။
Sports Home Time

[Unicode] တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည် အနားယူရဦးမယ့် တိုက်စစ်မှူးဆန်းချက်ကို မိခင်တိုင်းပြည်ဖြစ်တဲ့ ချီလီထံ ပြန်ခွင့်ပေးဖို့ ယူနိုက်တက်ဘက်က ခွင့်ပြုလိုက်ပါပြီ။ ကစားသမားရဲ့ ကြံ့ခိုင်မှုပိုင်းကို ပြန်လည် ပျိုးထောင်နိုင်ဖို့ ပြန်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
အသက် 29 နှစ်အရွယ် တိုက်စစ်သမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားသမားနေရာက 7 ပွဲပဲ ပါဝင်ခွင့်ရထားပါတယ်။ မန်ချက်စတာဘက်က ခွင့်ပြုပေးလိုက်လို့ ဆန်းချက်ကို ကုသဖို့ကိစ္စကိုတော့ ချီလီ လက်ရွေးစင်အသင်း ဆေးအဖွဲ့က တာဝန်ယူပေးသွားတော့မှာပါ။ ဒီအပတ် အစာပိုင်းမှာတင် ဆန်တီယေဂိုကို ထွက်ခွာသွားခဲ့တဲ့ ဆန်းချက်ဟာ ဒဏ်ရာကြောင့် နောက်နှစ်မတိုင်ခင်ထိ ဘောလုံးကစားနိုင်မှာ မဟုတ်ကြောင်းကိုလည်း မော်ရင်ညိုက အတည်ပြုထားပါတယ်။
မော်ရင်ညိုကတော့ ” ဒဏ်ရာအခြေအနေအတွက် စကန်ရလဒ် မထွက်လာသေးပေမယ့် ကစားသမားက ဒဏ်ရာနဲ့ပက်သက်ပြီး အတွေ့အကြုံရှိထားသူပါ။ ဘာလုပ်ရမယ်ဆိုတာ သူသိပါတယ်။ ဒါ့အပြင် ကစားသမားတွေကို ကိုင်တွယ်လာတဲ့ ကျနော်ရဲ့ အတွေ့အကြုံအရ ဆန်းချက်ရလိုက်တဲ့ ဒဏ်ရာက အချိန်ကြာကြီး အနားယူရမယ်ဆိုတာ ကျနော် သိပါတယ်။ တစ်ပတ် 10 ရက်အတွင်း ပြန်ကောင်းနိုင်မယ့် ဒဏ်ရာ မဟုတ်ပါဘူး ” လို့ ဖြေဆိုပါတယ်။
ဒဏ်ရာမရခင်ကတည်းက ဆန်းချက်ဟာ မန်နေဂျာရဲ့ ယုံကြည်မှုကို ပျောက်ဆုံးနေခဲ့သူပါ။ ဒဏ်ရာမတိုင်ခင် ယန်းဘွိုင်းနဲ့ ချန်ပီယ့လိဂ်ပွဲမှာလည်း ပါဝင်ခွင့်မရပါဘူး။ မော်ရင်ညိုကတော့ ဆန်းချက်ကို ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ထားခြင်းက အခြားအကြောင်းပြချက်ကြောင့် မဟုတ်ပဲ အသင်းအတွက် စွမ်းဆောင်ရည်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြောဆိုပါတယ်။
နိုဝင်ဘာလဝက်လောက်မှာ မန်ချက်စတာကနေ ထွက်ခွာမယ်လို့ သတင်းကြီးထွက်ထားတဲ့ ဆန်းချက်ရဲ့ အနာဂတ် ကိစ္စအပေါ်တော့ ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုက ငြင်းဆိုမှု လုပ်ထားခဲ့ပါတယ်။ အာဆင်နယ်မှာ ပြသခဲ့တဲ့ အကောင်းဆုံးပုံစံတွေကို မပြသထားနိုင်တဲ့ ဆန်းချက်ဟာ မော်ရင်ညိုရဲ့ ကစားကွက်မှာ အံမဝင်လို့ ပီအက်ဂျီ၊ ရီးရဲမက်ဒရစ်အသင်းတွေထံ ပြောင်းလိုတယ်လို့ သတင်းကြီးတွေ ထွက်ထားခဲ့တာဖြစ်ပါတယ်။
ဆောင်းရာသီဈေးကွက်မှာ ဆန်းချက် ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေအပေါ် မော်ရင်ညိုက ‘ ဆန်းချက် အသင်းကနေ ထွက်လိုတယ်လို့ ကျနော် မထင်ပါဘူး။ သူက ယူနိုက်တက်ကနေ ထွက်သွားလိုတယ် (သို့) အသင်းမှာ မပျော်ဘူးလို့ ကျနော်ကို မပြောဖူးပါဘူး။
သူက ပွဲကစားခွင့်ရချိန်တွေမှာ အသင်းအတွက် အစွမ်းကုန် ကြိုးစားကစားပေးသူပါ။ ကျနော်တို့ရဲ့ ကစားဟန်မှာ အသားကျလာဖို့လည်း ကြိုးစားနေပါတယ်။ သူ ဒီထက်ပိုကောင်းလာနိုင်မလား? ကျနော်ကတော့ ကျနော်တို့အားလုံး ပိုကောင်းကောင်း လုပ်နိုင်တယ်လို့ ထင်တယ်။ ကျနော်ကော၊ သူကော၊ အခြားအသင်းသားတွေကော ပိုကောင်းကောင်း လုပ်နိုင်ပါတယ် ‘ လို့ ပြောထားခဲ့ပါတယ်။
Sports Home Time
