လီဗာပူးကို ပြဲၾကိဳစိန္ေခၚစကား ပါးလိုက္တဲ့ ရစ္ဘာရီ

[Zawgyi] လီဗာပူးနဲ႕ ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ ေတြ႕ဆံုေနတဲ့ ဘိုင္ယန္ျမဴးနစ္ေတာင္ပံ တိုက္စစ္မွဴး ရစ္ဘာရီကေတာ့ လီဗာပူးအသင္းကို ေၾကာက္ရြံ႕ေနမွာ မဟုတ္ဘူးလို႔ ပြဲၾကိဳစကား ပါးလိုက္ပါတယ္။ ေဘာလံုးရာသီအစက အထေနွးခဲ့ေပမယ့္ ဂ်ာမန္အင္အားၾကီးကလပ္ ဘိုင္ယန္က ဘြန္ဒစ္လီဂါ အမွတေ္ပးဇယားမွာ ယခင္ဦးေဆာင္ထားသူ ေဒါ့မြန္နဲ႕ အမွတ္တူ အမွီလိုက္နိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ပထမအေက်ာ့ အန္းဖီးလ္မွာ ရင္ဆုိင္စဥ္က ဂိုးမရွိ သေရက်ခဲ့ၾကတဲ့ နွစ္သင္းဟာ ေနာက္တစ္ပတ္ ဗုဒၶဟူးေန႔မွာေတာ့ ဂ်ာမနီေျမမွာ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ကစားၾကေတာ့မွာပါ။ ပရီးမီးယားလိဂ္ ခ်န္ပီယံလမ္းေၾကာင္းမွာ ရွိေနတဲ့ လီဗာပူးကလည္း အိမ္ရွင္ ဘိုင္ယန္ကို ရင္ဆိုင္ရမွာက သူတို႔ရဲ႕ လက္တေလာ ပံုစံေကာင္း ေပ်ာက္ဆံုးေနမႈကေန ေပါက္ကြဲရုန္းထြက္ဖို႔ တာဆူေနပါတယ္။

ဒါေပမယ့္ ရစ္ဘာရီကေတာ့ လီဗာပူးကို ဘိုင္ယန္က ေၾကာက္ေနမွာ မဟုတ္ေၾကာင္းနဲ႕ ပြဲအတြက္ အသင့္ ျဖစ္ေနျပီ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

“က်ေန္ာတို႔က အိမ္ကြင္းမွာ ကစားရမွာ ျဖစ္လို႔ ခံစားမႈေတြ ေကာင္းေနပါတယ္။ လီဗာပူးက ေတာင့္တင္းတဲ့ အသင္းပါ ဒါေပမယ့္ က်ေန္ာတို႔က ဘိုင္ယန္ ျဖစ္တယ္။ က်ေန္ာတို႔ ကုိယ့္အရည္အခ်င္းကိုယ္ ယံုၾကည္မႈရွိျပီး လီဗာပူးကို ေၾကာက္ရြံ႕ေနမယ့္ အသင္း မဟုတ္ဘူး။ က်ေန္ာတို႔ အားလံုး အတူ တိုက္ပြဲ၀င္ၾကရင္ ကြာတားဖိုင္နယ္ တက္ေရာက္နိုင္ပါတယ္။ အဲဒီလို အခြင့္ေကာင္း ရွိေနတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။

ရစ္ဘာရီဟာ အန္းဖီးမွာ ကန္တဲ့ ပထမအေက်ာ့ ပြဲစဥ္မွာ ပြဲထြက္ခြင့္ေတာ့ မရခဲ့ဘဲ လူစား၀င္ ကစားခဲ့ပါတယ္။ ဒီပြဲမွာေတာ့ အခြင့္အေရးရဖြယ္ ရွိျပီး အသက္ ၃၅ နွစ္အရြယ္ ျပင္သစ္သာၾကီးက အသင္းအတြက္ သက္ေရာက္မႈေကာင္းရေအာင္ ကစားေပးနုိင္တယ္လို႔လည္း ဆိုပါတယ္။

“လီဗာပူးနဲ႕ ရင္ဆိုင္ရမယ္ဆိုတဲ့ ပြဲက သိပ္အေရးၾကီးပါတယ္။ က်ေနာ္လည္း စိတ္ဓာတ္ တက္ၾကြေနတယ္။ ခ်န္ပီယံလိဂ္ပြဲ ကစားရရင္ ထူးျခားတဲ့ စိတ္ခံစားမႈနဲ႕ အားေပးမႈေတြ ၾကံဳရေတာ့တာပဲ။ က်ေနာ္ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ အသင့္ ရွိေနပါတယ္.. က်ေန္ာ ကစားနုိင္ပါတယ္။ ကစားခြင့္ ရမရကေတာ့ နည္းျပ ကိုဗတ္ေပၚ မူတည္တာေပါ့။ က်ေနာ္တို႔ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႕ ယံုၾကည္မႈ ရွိထားတယ္။ ” လို႔ ရစ္ဘာရီက ေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ဟာ ခ်န္ပီယံလိဂ္ပြဲ မတိုင္ခင္ စေနေန႔မွာ ၀ုဘတ္နဲ႕ ကစားဖို႔ ရွိျပီး လီဗာပူးအသင္းကေတာ့ တနဂၤေႏြေန႔မွာ ဘန္ေလနဲ႕ ပရီးမီးယားလိဂ္ပြဲ ကစားဖို႔ ရွိေနပါတယ္။

Sports Home Time

[Unicode] လီဗာပူးနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ တွေ့ဆုံနေတဲ့ ဘိုင်ယန်မြူးနစ်တောင်ပံ တိုက်စစ်မှူး ရစ်ဘာရီကတော့ လီဗာပူးအသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပွဲကြိုစကား ပါးလိုက်ပါတယ်။ ဘောလုံးရာသီအစက အထနှေးခဲ့ပေမယ့် ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်က ဘွန်ဒစ်လီဂါ အမှတေ်ပးဇယားမှာ ယခင်ဦးဆောင်ထားသူ ဒေါ့မွန်နဲ့ အမှတ်တူ အမှီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပထမအကျော့ အန်းဖီးလ်မှာ ရင်ဆိုင်စဉ်က ဂိုးမရှိ သရေကျခဲ့ကြတဲ့ နှစ်သင်းဟာ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဂျာမနီမြေမှာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ ရှိနေတဲ့ လီဗာပူးကလည်း အိမ်ရှင် ဘိုင်ယန်ကို ရင်ဆိုင်ရမှာက သူတို့ရဲ့ လက်တလော ပုံစံကောင်း ပျောက်ဆုံးနေမှုကနေ ပေါက်ကွဲရုန်းထွက်ဖို့ တာဆူနေပါတယ်။

ဒါပေမယ့် ရစ်ဘာရီကတော့ လီဗာပူးကို ဘိုင်ယန်က ကြောက်နေမှာ မဟုတ်ကြောင်းနဲ့ ပွဲအတွက် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

“ကျနေ်ာတို့က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ခံစားမှုတွေ ကောင်းနေပါတယ်။ လီဗာပူးက တောင့်တင်းတဲ့ အသင်းပါ ဒါပေမယ့် ကျနေ်ာတို့က ဘိုင်ယန် ဖြစ်တယ်။ ကျနေ်ာတို့ ကိုယ့်အရည်အချင်းကိုယ် ယုံကြည်မှုရှိပြီး လီဗာပူးကို ကြောက်ရွံ့နေမယ့် အသင်း မဟုတ်ဘူး။ ကျနေ်ာတို့ အားလုံး အတူ တိုက်ပွဲဝင်ကြရင် ကွာတားဖိုင်နယ် တက်ရောက်နိုင်ပါတယ်။ အဲဒီလို အခွင့်ကောင်း ရှိနေတယ်။ ” လို့ ၎င်းက ဆိုပါတယ်။

ရစ်ဘာရီဟာ အန်းဖီးမှာ ကန်တဲ့ ပထမအကျော့ ပွဲစဉ်မှာ ပွဲထွက်ခွင့်တော့ မရခဲ့ဘဲ လူစားဝင် ကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ အခွင့်အရေးရဖွယ် ရှိပြီး အသက် ၃၅ နှစ်အရွယ် ပြင်သစ်သာကြီးက အသင်းအတွက် သက်ရောက်မှုကောင်းရအောင် ကစားပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

“လီဗာပူးနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ ပွဲက သိပ်အရေးကြီးပါတယ်။ ကျနော်လည်း စိတ်ဓာတ် တက်ကြွနေတယ်။ ချန်ပီယံလိဂ်ပွဲ ကစားရရင် ထူးခြားတဲ့ စိတ်ခံစားမှုနဲ့ အားပေးမှုတွေ ကြုံရတော့တာပဲ။ ကျနော် ကြံ့ခိုင်မှု အပြည့်နဲ့ အသင့် ရှိနေပါတယ်.. ကျနေ်ာ ကစားနိုင်ပါတယ်။ ကစားခွင့် ရမရကတော့ နည်းပြ ကိုဗတ်ပေါ် မူတည်တာပေါ့။ ကျနော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ယုံကြည်မှု ရှိထားတယ်။ ” လို့ ရစ်ဘာရီက ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ပွဲ မတိုင်ခင် စနေနေ့မှာ ဝုဘတ်နဲ့ ကစားဖို့ ရှိပြီး လီဗာပူးအသင်းကတော့ တနင်္ဂနွေနေ့မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။

Sports Home Time